8th Feb 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။ "မူနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်မှသာ ဆင်နွှဲနေတဲ့ တော်လှန်ရေးလည်း အားကောင်းမှာ ဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

📌 ⁨⁨⁨၂။ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီ၍ နိုင်ငံတကာက လက်မခံရန် အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ စောင့်ကြည့်အကူအညီပေးရေးအဖွဲ့ ခု ကြေညာ

📌 ⁨⁨⁨၃။ ကချင်ပြည်နယ်ရှိ ဘေးကင်းရာ တိမ်းရှောင်နေကြရသော နေရပ်စွန့်ခွာ မိသားစုအသစ်များအတွက် UNHCR က မိသားစုသုံး ရွက်ဖျင်တဲ ၂၂လုံး  ထောက်ပံ့ပေးခဲ့

📌 ⁨⁨⁨၄။ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စကစ   ထုတ်ကုန်ပစ္စည်း ကျပ်သိန်းတရာတန်ဘိုးရှိ မြန်မာဘီယာများကို မြို့နယ် ပအဖ၊ ပကဖ မှ ဖမ်းဆီး ဖျက်ဆီး

📌 ⁨⁨⁨၅။ နွေဦးထီ လက်မှတ် ၁၃ စောင် နှင့် အထက် ဝယ်ယူတိုင်း အမေစု ၈၀ ပြည့်နှစ် ပြက္ခဒိန် ကံစမ်းခွင့် ရရှိမယ်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားရာ ထိခိုက်နှင့် သေဆုံးမှု ၃၀ ဝန်းကျင်ခန့် ရှိ

🚩 ၂။ ဘုတလင်တွင် စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲများ ဖြစ်ပွားမှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

🚩 ၃။ KIA ထိန်းချုပ်နယ်မြေ ဆော့လော်မြို့နယ် လန်ဆယ်ရွာ စာသင်ကျောင်းနှင့် နေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ဦး ထိခိုက် ဒဏ်ရာရ

🚩 ၄။ နန်းဖဲကျေးရွာအနီး ထမင်းဆိုင် လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီး ဦး  သေဆုံး

🚩 ၅။ ရွှေဘို ဆိပ်ခွန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ဦး အပါအဝင် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရ

🚩 ၆။ ဆီဆိုင်မြို့နယ် လွယ်ချယ် - တပူးထိုရွာလမ်းခွဲအနီးတွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူ ဦးကို ဒရုန်းဖြင့် ဗုံးကြဲသတ်ဖြတ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨၁။ "မူနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်မှသာ ဆင်နွှဲနေတဲ့ တော်လှန်ရေးလည်း အားကောင်းမှာ ဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား


ဖေဖော်ဝါရီ၇ရက်

Radio NUG

"မူနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်မှသာ ဆင်နွှဲနေတဲ့ တော်လှန်ရေးလည်း အားကောင်းမှာဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်ထောင်စုလွှတ်တော်တွင်း ပြောကြားချက်ကို ဖေဖော်ဝါရီ ၇ရက် ဆိုရှယ်မီဒီယာမှာ ကောက်နုတ်ဖော်ပြမှုအရ သိရပါတယ်။


"ယခုတော်လှန်ရေးကာလအတွင်း စီမံဆောင်ရွက်နေကြရတဲ့ ဒေသန္တရအုပ်ချုပ်ရေး ကိစ္စရပ်တွေဟာဆိုရင်လည်း ဗျူရိုကရေစီ ကိစ္စရပ်တွေချည်း သက်သက်မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေး၊ တနည်းအားဖြင့် လူ/အဖွဲ့အစည်းတို့က အုပ်ချုပ်တဲ့ စနစ်မဟုတ်ဘဲ မူနဲ့ အုပ်ချုပ်တဲ့ စနစ်တွေကို တည်ဆောက်နေကြရတာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပေမယ့် အမှန်တကယ် မူနဲ့ အုပ်ချုပ်နိုင်ဖို့ဆိုရင်တော့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့ဆန္ဒနဲ့ အညီ ထိန်းကျောင်းနိုင်မှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီလို မူနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်မှသာ ကျွန်တော်တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးလည်း အားကောင်းမှာဖြစ်ပြီး လူထုအနေနဲ့လည်း အုပ်ချုပ်ရေးက ပေးတဲ့ ဝန်ထုပ်ဝန်ပိုးများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။


========================


📌📌 ⁨⁨⁨၂။ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီ၍ နိုင်ငံတကာက လက်မခံရန် အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ စောင့်ကြည့်အကူအညီပေးရေးအဖွဲ့ ခု ကြေညာ


ဖေဖော်ဝါရီ  

Radio NUG 


စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီ၍ နိုင်ငံတကာက လက်မခံရန် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေး အဖွဲ့အစည်း (International IDEA) လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက်(ANFREL)နှင့် ကလပ်ဒီမက်ဒရစ်အသင်း (Club de Madrid)တို့မှ ဖေဖော်ဝါရီ ၆ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။


စစ်ကောင်စီက နှစ်တာအတွင်း အကြမ်းဖက်မှုများ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်းနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များကို ဖိနှိပ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ လက်ရှိတွင် စစ်တပ်က စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း၊  အတိုက်အခံ နိုင်ငံရေးပါတီများကို တားမြစ်ပိတ်ပင်ထားသော ပြင်းထန်လွန်းသော ဥပဒေများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ မီဒီယာအပေါ် ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်ခြင်း ဆောင်ရွက်နေကြာင်း၊  စစ်ကောင်စီ၏ မဲဆန္ဒရှင်စာရင်းနှင့် သန်းခေါင်စာရင်းအတွက် ကောက်ယူနေသည့်အဖွဲ့အစည်းများမှာ ယုံကြည်စရာ လက်ခံနိုင်စရာ မရှိကြောင်း၊  လက်ရှိအခြေအနေအောက်တွင် မြန်မာနိုင်ငံတွင် စစ်မှန်သော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း အဆိုပါအဖွဲ့များက ဆိုပါတယ်။


အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် စစ်ကောင်စီက  ပြုလုပ်မည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ ရွေးကောက်ပွဲများဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမည်မဟုတ်ကြောင်း၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲသည်  တရားမဝင်သော အစိုးရတစ်ရပ်ကို တရားဝင်ဖြစ်စေရန်ကြိုးပမ်းမှုထက် မပိုကြောင်း ထောက်ပြထားပါတယ်။


ထို့ကြောင့် စစ်ကောင်စီ၏ တရားမ၀င် ရွေးကောက်ပွဲအတွက်  နည်းပညာ၊ ပစ္စည်း သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုများကို မပေးကြရန်  နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။


ထို့ပြင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်များကို ကာကွယ်ရန်၊ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်လည် ရောက်ရှိရေး အကူအညီပေးကြရန် တောင်းဆိုထားပါတယ်။


စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲက  မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး သို့မဟုတ် တည်ငြိမ်ရေးကို မယူဆောင်နိုင်ဘဲ  သဘောထားကွဲလွဲမှု၊ အကြမ်းဖက်မှုများကို နက်နက်ရှိုင်းရှိုင်း နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ အာဏာရှင် အုပ်ချုပ်မှုစနစ်နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ခုက သတိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨၃။ ကချင်ပြည်နယ်ရှိ ဘေးကင်းရာ တိမ်းရှောင်နေကြရသော နေရပ်စွန့်ခွာ မိသားစုအသစ်များအတွက် UNHCR က မိသားစုသုံး ရွက်ဖျင်တဲ ၂၂လုံး  ထောက်ပံ့ပေးခဲ့


ဖေဖော်ဝါရီ၇ရက်

Radio NUG

ကချင်ပြည်နယ်ရှိ ဘေးကင်းရာတိမ်းရှောင်နေကြရသော နေရပ်စွန့်ခွာမိသားစုအသစ်များအတွက် မြစ်ကြီးနားမြို့မှ Eid Ga နေရပ်စွန့်ခွာစခန်း တွင် UNHCR သည် မိသားစုသုံးရွက်ဖျင်တဲ ၂၂လုံး ထောက်ပံ့ပေးခဲ့တယ်လို့ ဖေဖော်ဝါရီ ၇ရက် UNHCR Myanmarက အသိပေးကြေညာပါတယ်။


အရေးပေါ်အခြေအနေများတွင် ထွက်ပြေးတိမ်းရှောင်လာရသူများအား အမိုးအကာ အထောက်အပံ့ပေးခြင်းသည် UNHCR အရေးပေါ်ထောက်ပံ့မှု လုပ်ငန်းများထဲမှ တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨၄။ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စကစ   ထုတ်ကုန်ပစ္စည်း ကျပ်သိန်းတရာတန်ဘိုးရှိ မြန်မာဘီယာများကို မြို့နယ် ပအဖ၊ ပကဖ မှ ဖမ်းဆီး ဖျက်ဆီး


ဖေဖော်ဝါရီလ ရက်

Radio NUG

ခင်ဦးမြို့နယ်၊ မြို့နယ် ပအဖ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ ရဲဘော်များမှ စစ်ကောင်စီ အကြမ်းဖက်အုပ်စုနှင့် မိသားစုများ၊ ၄င်းတို့၏ ဒေါက်တိုင်/အကျိုးတူစီးပွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စကစထုတ်  Myanmar Beer များ သယ်ဆောင်လာသည့် ကားကို ထိန်းသိမ်း စစ်ဆေးခဲ့ကြောင်း ဖေဖော်ဝါရီ ၇ရက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခင်ဦးမြို့နယ်က အသိပေးဆိုပါတယ်။


စုစုပေါင်း ကာလတန်ဘိုး ၁၀,၀၀၀,၀၀၀/- (သိန်းတစ်ရာကျပ်) နီးပါးတန်ဘိုးရှိသော စကစထုတ် Myanmar Beer ပုလင်း ဂျပ်ဖာပေါင်း (၇၁)ဖာ၊ ပုလင်းပေါင်း (၈၅၂)ပုလင်း နှင့် Myanmar Beer ဗူးတို ဂျပ်ဖာပေါင်း (၂၄)ဖာ၊ ဗူးပေါင်း (၅၇၆)ဗူး တို့ကို သိမ်းဆည်းခဲ့တယ်"လို့  သိရပါတယ်။


သိမ်းဆည်းရမိ ပစ္စည်များ အားလုံးကို မြို့နယ် ပအဖ၊ ပကဖ မှ အများပြည်သူများ၏ ရှေ့မှောက်တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨၅။ နွေဦးထီ လက်မှတ် ၁၃ စောင် နှင့် အထက် ဝယ်ယူတိုင်း အမေစု ၈၀ ပြည့်နှစ် ပြက္ခဒိန် ကံစမ်းခွင့် ရရှိမယ်


ဖေဖော်ဝါရီ၇ရက်

Radio NUG

"ဖေဖော်ဝါရီလရဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် မွေးနေ့ အမှတ်တရ အစီအစဉ်နဲ့ နွေဦးထီ ချစ်သူတွေကို တန်ဖိုးရှိတဲ့ လက်ဆောင်လေးတွေ ပေးဖို့ ရောက်ရှိလာပါပြီ။ နွေဦးထီ လက်မှတ် ၁၃ စောင်နှင့် အထက် ဝယ်ယူတိုင်း အမေစု ၈၀ ပြည့်နှစ် ပြက္ခဒိန် ကံစမ်းခွင့်  ရရှိမှာ ဖြစ်ပါတယ်"လို့ နွေဦးထီမိသားစုက ဖေဖော်ဝါရီ ၇ရက်မှာ အသိပေးဖော်ပြပါတယ်။


ကံစမ်းကာလမှာ ဖေဖော်ဝါရီလ ရက်နေ့ မှ ၁၃ ရက်နေ့ အတွင်း Agent, Ranger များမှတဆင့် ဖြစ်စေ၊ ကိုယ်တိုင် Spring Development Bank မှ ငွေသွင်းပြီး ဝယ်ယူသည်ဖြစ်စေ NOH Gift Card နဲ့ ဖြစ်စေ ကံစမ်းပါဝင်နိုင်ပြီး NOH (၁၃) စောင်ဝယ်လျှင်  (1) ကြိမ် ကံစမ်းခွင့်၊ NOH (၂၆) စောင် ( ရွက် )  ဝယ်လျှင်  (1) ကြိမ် ကံစမ်းခွင့်၊ NOH (၁၃) စောင် ( ရွက် ) ဝယ်လျှင်  (2) ကြိမ် ကံစမ်းခွင့်၊ ထီအစောင် ၅၀ အထိ ( ရွက် ) ဖြင့် ထိုးထားပါကလည်း ကံစမ်းခွင့် ()ကြိမ်သာ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။


အကျုံးဝင်တဲ့ ထီလက်မှတ် ID များထဲမှ ကံထူးရှင် ( ၁၀ ) ဦးကို ကျပန်း ရွေးချယ်သွားမှာ ဖြစ်ပြီး ကံထူးရှင်များအတွက် ပြက္ခဒိန်ဖြန့်ချိမှုကိုတော့ Suu 80 Birthday Campaign မှ တရားဝင်ကြေငြာထားသော ရက်အလိုက်သာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားရာ ထိခိုက်နှင့် သေဆုံးမှု ၃၀ ဝန်းကျင်ခန့် ရှိ


ဖေဖော်ဝါရီ  

Radio NUG 


ဖေဖော်ဝါရီလ ရက် မဲဇလီတံတား တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီလ ရက်နေ့တွင် ပုသိမ်-မုံရွာလမ်း မိုင်ပေါက်သို့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းမှ ကျားတက်တက်လာရာ နေ့လယ် နာရီ ၂၀ မိနစ်တွင် ရောက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ၃၀ မိနစ်ဝန်းကျင်ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။


မိုင်ပေါက်မှ တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရပြီး ဖေဖော်ဝါရီလ ရက်တွင် စစ်ကောင်စီမှ ရုန်းပင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့တွင် လက်နက်ကြီး ပစ်ကူများဖြင့် စစ်ကောင်စီသည် ကြီးအုံကြီးဝ တမံသို့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကာ ညနေ ၄နာရီ ၃၀ မိနစ်ဝန်းကျင်မှ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် ထိခိုက်နိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်ကာ စစ်ကောင်စီတပ်သားများ အထိနာသဖြင့် မဲဇလီရဲစခန်းနှင့် နောက်ချန် အင်အားများမှ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်သားများသည် လက်ရှိအချိန်ထိ ကြီးအုံကြီးဝ တမံကုန်းတွင်သာ ရှိသေးပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဘုတလင်တွင် စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲများ ဖြစ်ပွားမှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး


ဖေဖော်ဝါရီ  

Radio NUG 


ဖေဖော်ဝါရီလ ရက် မွန်းလွဲ နာရီ ၃၀ မိနစ်အချိန်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ မှ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်နှင့် စစ်ကားအကြီး စီးတို့သည် ဘုတလင်မြို့ဘက်သို့ မုံရွာ -ရေဦးလမ်းအတိုင်း ထွက်ခွာလာရာ ညောင်ပင်ကန်ကျေးရွာအနီးအရောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Ba Thu Kyawal(ဘသူကြွယ်) Column မှ သတင်းထုတ်ပြန်ပါတယ်။


ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်ရှိ စစ်သားများနှင့် တပ်အချိန်းအပြောင်းပြုလုပ်ရန် ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို North western People Defense Force ယင်းမာပင်ခရိုင် အမှတ် တပ် ရင်း၏ Ba Thu Kyawal Column ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ KIA ထိန်းချုပ်နယ်မြေ ဆော့လော်မြို့နယ် လန်ဆယ်ရွာ စာသင်ကျောင်းနှင့် နေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ဦး ထိခိုက် ဒဏ်ရာရ


ဖေဖော်ဝါရီ  

Radio NUG 


ဖေဖော်ဝါရီလ ရက်နေ့ မွန်းလွဲပိုင်းတွင်  ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ရွာ စာသင်ကျောင်းနှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


လန်ဆယ်ကျေးရွာ စာသင်ကျောင်း ဘောလုံးကွင်းနှင့် ရွာအစွန်တို့တွင် လေယာဉ်ဗုံး လုံးကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့ကာ ခြေထောက်ပြတ်ဒဏ်ရာနှင့် ရင်ဘတ်တွင် ထိမှန်ခဲ့သူ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။


အလားတူ ဖေဖော်ဝါရီလ ရက်နေ့ ညပိုင်းကလည်း အကြမ်းဖက် စစ်တပ်က လိုင်ဇာမြို့ အနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၄။ နန်းဖဲကျေးရွာအနီး ထမင်းဆိုင် လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီး ဦး  သေဆုံး


ဖေဖော်ဝါရီ  

Radio NUG 


ဖေဖော်ဝါရီလ ရက်နေ့၊ နာရီဝန်းကျင်တွင် ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ ထမင်းဆိုင်ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းကြောင့် ဒဏ်ရာရသူထဲမှ အမျိုးသမီးတစ်ဦး လမ်းတွင်သေဆုံးသွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ထိုလေကြောင်းတိုက်ခိုက်မှုတွင် အသက် ၅၀ ဝန်းကျင်အရွယ် ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီး ပွဲချင်းပြီး သေဆုံးပြီး ဒီမော့ဆို အနောက်ဘက်ခြမ်းရှိ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ () ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရွှေဘို ဆိပ်ခွန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ဦး အပါအဝင် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရ


ဖေဖော်ဝါရီ  

Radio NUG 


ဖေဖော်ဝါရီလ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဇီးဖြူကုန်းကျေးရွာတွင် ရောက်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဆိပ်ခွန်ရွာဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ဦးနှင့် လူကြီး ဦး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နွား ကောင် သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အင်ကြင်းတော ဘုရားမြောက်ဘက် လယ်တဲများနဲ့ ဘုန်းကြီးကျောင်းအနီးတဝိုက် လုံးကျတာကြောင့် ဘုရားစောင်းတန်၊ ဇရပ်နဲ့ ဘုန်းကြီးကျောင်းအဆောက်အအုံတွေလည်း လက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၃၀၀၀ ခန့် စစ်ဘေး တိမ်းရှောင်နေရပြီး ဇီးဖြူကုန်းရွာတွင် ရောက်နေသော ရိက္ခာပို့စစ်ကြောင်းသည်  ဖေဖော်ဝါရီလ ရက်နေ့တွင် ဇီးဖြူကုန်းရွာ၌ ဝင်ရောက်တပ်စွဲနေကာ နေ့စဉ် လက်နက်ကြီးများနှင့် ပစ်ခတ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဆီဆိုင်မြို့နယ် လွယ်ချယ် - တပူးထိုရွာလမ်းခွဲအနီးတွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူ ဦးကို ဒရုန်းဖြင့် ဗုံးကြဲသတ်ဖြတ် 


ဖေဖော်ဝါရီ  

Radio NUG 


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တောင်ယာမှ စပါးသယ်ပြန်လာသည့် ပအိုဝ်းဒေသခံ ဦးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပအိုဝ်းပြည်သူ ဦးသေဆုံးကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLAမှ သတင်းထုတ်ပြန်ပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ နေ့လည် နာရီအချိန်ခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာနေ ခွန်ဖါလိန် နန်းဆွေတို့ လင်မယား ဦးသည် တောင်ယာစပါးသယ်ပြန်လာစဥ် လွယ်ချယ် - တပူးထိုရွာလမ်းခွဲအနီးတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်  ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment