08 Feb 2025 - (Ethnic language program-CHO_DAAI) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - Daai α€’ိုင်α€›် α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€–ေα€–ော်ဝါα€›ီα€œ ( ၈ ) α€›α€€်α€”ေ့α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ တိုα€€်ပွဲပြင်းထန်α€”ေတဲ့ α€–α€œα€™်းα€™ှာ α€…α€…်α€€ူα€œာတဲ့α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေα€€ို α€–α€™်းဆီးα€›α€™ိ။

 

ချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးα€–ော်ဆောင်တဲ့ α€–α€œα€™်းα€˜α€€် α€…α€…်α€€ူα€žွားတဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တချို့α€€ို α€–α€™်းဆီးα€›α€™ိတဲ့ထကြောင်းချင်းα€Šီα€”ောင်α€€ α€›ုပ်α€žံα€–ိုင် ထုတ်ပြα€”်α€œာပါα€α€š်။

၂၀၂၄ α€’ီဇင်α€˜ာα€”ှောင်းပိုင်းα€€ ထင်ထား ၁၀၀ α€”ီးပါးα€›ှိတဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေα€Ÿာ α€€α€œေးα€™ြို့α€€α€”ေ α€…α€…်α€€ူထဖြα€…်α€–α€œα€™်းα€™ြို့α€€ို α€žွားα€›ောα€€်စဉ် ထခုα€œိုα€–α€™်းဆီးခံရတာα€œို့ချင်းα€Šီα€”ောင်ထုတ်ပြα€”်တဲ့ α€›ုပ်α€žံα€–ိုင်ထရ α€žိရပါα€α€š်။

α€€ျα€”ော်တို့ α€€α€œေးα€™ြို့α€€α€”ေ α€›α€Ÿα€်α€šာဉ် ၂ စင်းα€”ဲ့ ၄ ခေါα€€်ပို့α€α€š်၊ တောင်α€€ုα€”်းပေါ်α€›ောα€€်တော့ α€’ါα€–α€œα€™်းပဲ ဆင်းα€€ြဆိုα€œို့ ဆင်းပြီး α€žိရတာ။ α€€ျα€”ော်ဆို α€œေα€šာဉ်α€€ ဆင်းဆင်းချင်း ဒဏ်α€›ာα€›α€α€š်၊ ၁၀ ပေα€œောα€€်ထမြင့်α€€α€”ေ ခုα€”်ရတာ။α€œို့ α€–α€™်းဆီးခံရတဲ့ α€…α€…်α€žုံ့ပန်းတစ်ဦးα€€ ထွα€€်ဆိုပါα€α€š်။

α€”ှα€…်α€–α€€်တိုα€€်ပွဲထတွင်း α€…α€…်α€€ောင်α€…ီα€€ α€œူထင်ထားα€†α€š်ဂဏန်းα€œောα€€်α€”ဲ့ α€œေα€€ြောင်းထကူα€‘α€Šီပေးα€”ိုင်α€™ှာ α€™α€Ÿုတ်α€˜ူးဆိုတဲ့ ပြောဆိုချα€€်α€™ျိုးα€›ှိα€α€š်α€œို့α€œα€Š်း α€žူတို့α€€ ထွα€€်ဆိုထားပါα€α€š်။

α€–α€™်းဆီးခံα€›α€žူတွေ α€€ောင်းα€€ောင်းα€™ွα€”်α€™ွα€”်ထိα€”်းα€žိα€™်းခံထားα€œို့ α€œα€€်α€”α€€်ချ α€‘α€œα€„်းဝင်α€œိုα€žူတွေ ထမြα€”်α€œာα€”ိုင်α€α€š်α€œို့ α€žူတို့α€€ α€–ိတ်ခေါ်α€€ြပါα€α€š်။

α€™ြို့α€žိα€™်းα€…α€…်ဆင်α€›ေးα€€ြေα€Šာထားတဲ့ α€–α€œα€™်းα€™ြို့α€™ှာ ၂၀၂၄ α€”ိုဝင်α€˜ာα€’ုတိα€šα€‘α€•α€်α€€α€œα€Š်း α€…α€…်α€€ောင်α€…ီα€œα€€်ထောα€€်ခံ α€›ဲတပ်α€–ွဲ့ဝင် ၄၃ ဦးα€€ို α€–α€™်းဆီးα€›α€™ိတဲ့ α€–ြα€…်စဉ်α€›ှိခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ ချင်းပြα€Š်α€žα€…်ပါတီ ပေါ်ပေါα€€်α€œာ။

 

α€…α€…်α€€ောင်α€…ီထဖွဲ့ဝင် α€’ေါα€€်တာα€™ှုထန်α€€ ချင်းပြα€Š်α€žα€…်ဆိုတဲ့ ပါတီတစ်ခုထူထောင်ပြီး ထဲα€’ီပါတီα€€α€”ေ α€…α€…်α€€ောင်α€…ီပြုα€œုပ်α€™α€š့်α€›ွေးα€€ောα€€်ပွဲα€™ှာ ဝင်ပြိုင်α€–ို့ α€œုပ်α€”ေα€α€š်α€œို့ α€žိရပါα€α€š်။

α€›α€”်α€€ုα€”်ခေတ်α€žα€…် α€žα€α€„်းα€Œာα€”α€›ဲ့ ဇန်နဝါα€›ီ ၃၁ရက်α€”ေ့ α€–ော်ပြချα€€်ထရ ထဲα€’ီပါတီα€™ှာ ပါဝင်α€žူတွေα€Ÿာ ချင်းပြα€Š်α€”α€š်ထစိုးရထဖွဲ့ဝန်α€€ြီးချုပ်α€Ÿောင်း ဦးα€Ÿုα€”်းငိုင်း၊ α€›ာထူးဝန် ထဖွဲ့ဝင်α€Ÿောင်း ဦးငွα€”်α€™ောင်း၊ α€œူα€™ှုα€›ေးဝန်α€€ြီးα€Ÿောင်း α€’ေါα€€်တာα€˜α€™ောင်α€”ဲ့ ချင်းထမျိုးα€žားα€’ီα€™ိုα€€α€›ေα€…ီထဖွဲ့ချုပ် - CNLD ပါတီα€›ဲ့ ထတိုင်ပင်ခံ ဦးα€”ိုးထန်ကပ်စတဲ့ ပုဂ္ဂိုα€œ်တွေ ပါဝင်ပါα€α€š်။

α€žူတို့ထဲα€™ှာ CNLD ပါတီ ထတိုင်ပင်ခံ ဦးα€”ိုးထန်ကပ်α€Ÿာ ထာဏာα€žိα€™်းα€€ာα€œα€™ှာ α€…α€…်α€€ောင်α€…ီα€›ဲ့ α€›ွေးα€€ောင်ပွဲα€€ော်α€™α€›ှင်α€€ို α€žွားα€›ောα€€်တွေ့ဆုံခဲ့α€–ူးα€α€š်α€œို့ CNLD ပါတီα€‘α€žိုင်းထဝန်းα€€ ပြောပါα€α€š်။

α€…α€…်α€€ောင်α€…ီထဖွဲ့ဝင် α€’ေါα€€်တာα€™ှုထန်α€€ α€›ွေးα€€ောα€€်ပွဲဝင်ပြိုင်α€–ို့ ချင်းပြα€Š်α€žα€…်ဆိုတဲ့ ပါတီတခုထူထောင်α€α€š်ဆိုတဲ့α€žα€α€„်းα€”ဲ့ပတ်α€žα€€်ပြီး CNLD α€”ဲ့ α€”ီးစပ်α€žူα€€ို α€™ေးα€™ြα€”်းα€›ာα€Ÿုတ်α€α€š်၊ ထဲα€’ီα€žα€α€„်းထမှα€”်ပါ။α€œို့ ပြောα€€ြောင်း The Mindat Postα€™ှာ α€–ော်ပြα€α€š်။

ချင်းပြα€Š်α€žα€…်ပါတီထနေα€”ဲ့ ချင်းပြα€Š်α€›ဲ့ α€˜α€š်ထရပ်α€’ေα€žα€€α€”ေ α€›ွေးα€€ောα€€်ပွဲဝင်ပြိုင်α€€ြα€™α€š်ဆိုတာ α€™α€žိရပါα€˜ူး။

တဖက်α€™ှာ α€…α€…်α€€ောင်α€…ီα€€ α€›ွေးα€€ောα€€်ပွဲပြုα€œုပ်α€”ိုင်α€–ို့ဆိုတဲ့ ထကြောင်းပြချα€€်α€”ဲ့ ထရေးပေါ်α€€ာα€œ ၆ α€œ α€žα€€်တမ်း ထပ်တိုးα€α€š်α€œို့ α€€ြေα€Šာပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ မင်းတပ်α€™ှာ ဝမ်းပျα€€်၊ ဝမ်းα€œျှော ထဖြα€…်α€™ျား၊ α€‘α€žα€€်ဆုံးα€›ှုံးα€™ှုထထိ α€–ြα€…်α€”ေ။

 

မင်းတပ်၊ မတူပီ၊ α€€α€”်ပက်α€œα€€်၊ α€•α€œα€€်ဝမြို့α€”α€š်တွေα€™ှာ ဝမ်းပျα€€်၊ ဝမ်းα€œျှော ထဖြα€…်α€™ျားα€”ေပြီး α€‘α€žα€€်ဆုံးα€›ှုံးα€™ှုထထိ α€–ြα€…်ပွားα€”ေα€α€š်α€œို့ Chin Telehealthα€€α€–ော်ပြပါα€α€š်။

၂၀၂၄ α€’ီဇင်α€˜ာα€œ α€œα€œα€š်α€€α€”ေ ထခုα€›α€€်ပိုင်းထထိ မင်းတပ်α€™ြို့α€”α€š်ထတွင်း ၁၄၃ ဦး၊ မတူပီα€™ြို့α€”α€š်ထတွင်း ၁၉၀ ဦး၊ α€€α€”်α€•α€œα€€်α€™ြို့α€”α€š်ထတွင်း ၂၄ ဦးα€”ဲ့ α€•α€œα€€်ဝမြို့α€”α€š်ထတွင်း ၁၂၄ ဦး၊ α€…ုα€…ုပေါင်း α„αˆα ဦးထထိ ဝမ်းα€›ောဂါα€–ြα€…်ပွားα€”ေα€α€š်α€œို့ ပြောပါα€α€š်။

α€›ောဂါခံα€…ားα€”ေα€›α€žူ α„αˆα α€šောα€€်ထဲα€€ α€•α€œα€€်ဝမြို့α€”α€š်ထတွင်း ၁ α€”ှα€…်ထောα€€်α€€α€œေး ၂ ဦးα€”ဲ့ မင်းတပ်α€™ြို့α€”α€š်ထတွင်း ၁ α€”ှα€…်ထောα€€်α€€α€œေး ၁ ဦး၊ α€œူα€€ြီး ၁ ဦး α€…ုα€…ုပေါင်း ၄ ဦး α€‘α€žα€€်ဆုံးα€›ှုံးပြီα€œို့α€œα€Š်း ဆိုပါα€α€š်။

၂၀၂၄ ဇွα€”်α€œα€ုα€”်းα€€α€œα€Š်း မင်းတပ်α€™ြို့α€”α€š် တိုα€€်α€”α€š်တချို့α€™ှာ ဝမ်းပျα€€်၊ ဝမ်းα€œျှောα€–ြα€…်ပွားခဲ့ပြီး ပြα€Š်α€žူ α€‘α€žα€€်ဆုံးα€›ှုံးα€™ှု α€›ှိခဲ့α€–ူးပါα€α€š်။

ပြα€Š်α€žူ့α€€ျα€”်းα€™ာဆောင်α€›ွα€€်α€”ေα€žူထဖွဲ့α€‘α€…α€Š်းတွေကတော့ ဝမ်းα€›ောဂါα€”ဲ့ ပတ်α€žα€€်ပြီး ထစာα€€ို α€šα€„်α€œုံထောင် α€žိα€™်းα€†α€Š်း α€…ားα€–ို့၊ α€”ို့တိုα€€်α€€α€œေးတွေα€€ို α€™ိခင်α€”ို့တစ်α€™ျိုးα€α€Š်း တိုα€€်α€–ို့၊ α€šα€„်α€œုံထိα€™်α€žာ α€žုံးα€€ြα€–ို့၊ ထိα€™်α€žာα€žွားပြီးတိုင်းထစာα€™α€…ားခင်၊ မပြင်ခင်၊ မချα€€်ခင် α€œα€€်α€€ို ဆပ်ပြာα€”ဲ့ စင်ထောင် ဆေးα€–ို့ ဝမ်းα€œျှောတာα€”ဲ့ α€€ျα€”်းα€™ာα€›ေးဝန်ထမ်းဆီ ပြα€žα€–ို့၊ ဓာတ်ဆားα€™α€›ှိရင် ဆားα€”ဲ့ α€žα€€ြားα€€ို ဆတူα€›ောα€žုံးပြီး α€–ျော်α€žောα€€်α€€ြα€–ို့α€”ဲ့ ထရေးα€€ြီးဆုံးα€€ α€›ေα€€ို α€€ျိုချα€€်ပြီး α€žောα€€်α€žုံးα€–ို့ တိုα€€်တွα€”်းထားα€€ြပါα€α€š်။


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment