11th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံပြန်လည်လွတ်မြောက်ရေး မြန်မာပြည်သူများနဲ့အတူ ဆန္ဒပြင်းပြစွာရှိနေတယ်လို့ သားငယ်ကိုထိန်လင်းပြောကြား

📌 ⁨⁨⁨⁨⁨⁨၂။ မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး 

📌 ⁨⁨⁨⁨⁨⁨၃။ ယူကေပါလီမာန်ထဲ မြန်မာစစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်နေတဲ့ ပြစ်မှုလုပ်ရပ်တွေကို ဆွေးနွေးသွားမည်

📌 ⁨⁨⁨⁨⁨⁨၄။ ထောက်ပို့ထီ (၁၃)ကြိမ်မြောက်အတွက် ရောင်းရမှုမှ  တတိယအကြိမ်ထောက်ပို့မှု သိန်းပေါင်းသုံးထောင်ကျော်ရှိခဲ့


========================


၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ညီနောင်မဟာမိတ်ပီသစွာဖြင့် အခက်အခဲများကို စုစည်းကျော်ဖြတ်သွားရန်အမြဲသင့်နေတယ်လို့ MNDAAထံ TNLAနှင့် AA သဝဏ်လွှာပေးပို့

🚩၂။ နွားထိုးကြီးနယ် ဝက်လူးရဲစခန်းမှ ထွက်လာသော စစ်ကောင်စီအဖွဲ့အား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီ အဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိ

🚩၃။ ရန်ကုန်မြို့နေရာအနှံ့အပြား၌ တော်လှန်လူငယ်များမှ  ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025  စာသားပါ ရုပ်ပုံများအား ကိုင်ဆောင်၍ ဓာတ်ပုံကမ်ပိန်းဖြင့် လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံပြန်လည်လွတ်မြောက်ရေး မြန်မာပြည်သူများနဲ့အတူ ဆန္ဒပြင်းပြစွာရှိနေတယ်လို့ သားငယ်ကိုထိန်လင်းပြောကြား


မတ်လ၁၁ရက်

ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာပြည်သူများနဲ့အတူ ဆန္ဒပြင်းပြစွာရှိနေတယ်လို့ သားငယ်ကိုထိန်လင်းပြောကြားပါတယ်။မတ်လအတွင်းမှာ ရုပ်သံနဲ့တကွဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်းကပြောပါတယ်။


"မေမေ့ရဲ့ပုံစံတူရုပ်ထုကိုကြည့်ရင် မေမေရဲ့စိတ်အားထက်သန်မှုနဲ့ မလျော့တဲ့ အားမာန်တို့ကို ခံစားရတယ်။မေမေ့ကို အမြန်ဆုံးလွတ်မြောက်စေချင်တာ ကျွန်တော့်ရဲ့ ရင်ထဲက မီးတောက်လို ပြင်းပြတဲ့ဆန္ဒပါ။ မြန်မာပြည်သူတွေမှာလည်း အေးချမ်းလွတ်မြောက်တဲ့ မြန်မာနိုင်ငံကို ပြန်မြင်ယောင်ချင်တဲ့ မီးတောက်လို ပြင်းပြတဲ့ ဆန္ဒတွေရှိကြမယ််လို့ ထင်ပါတယ်။ကျွန်တော်တို့ရဲ့ မီးတောက်လို ပြင်းပြတဲ့ဆန္ဒဟာ ဘာကြောင့်မှ မငြိမ်းစေရဘူး"လို့ပြောပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်၏အသက်၈၀ပြည့်မွေးနေ့အမှတ်တရကမ်ပိန်းကို သားငယ်ကိုထိန်လင်းက ဦးစီးလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး 


မတ်လ၁၁ရက်


မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဥ်များ၊ ခရိုင်နှင့်မြို့နယ်ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စများ၊ အခက်အခဲများကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ ယူကေပါလီမာန်ထဲ မြန်မာစစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်နေတဲ့ ပြစ်မှုလုပ်ရပ်တွေကို ဆွေးနွေးသွားမည်


မတ်လ၁၁ရက်


ယူကေပါလီမာန်ထဲ မြန်မာစစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်နေတဲ့ ပြစ်မှုလုပ်ရပ်တွေကို ဆွေးနွေးသွားမယ်လို့သိရပါတယ်။

မတ်လ၁၄ရက်မှာ Stars of Myanmar Friendship အနေ နဲ့ UK ပါလီမန်ထဲတွင်  Members of London Assembly, Members of House of Lords, Human rights activists တွေနဲ့ အတူမြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်နေတဲ့ ပြစ်မှုလုပ်ရပ်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Stars of Myanmar Friendship ရဲ့ Founder တစ်ဦးဖြစ်တဲ့ မဂျူလီခိုင်အနေနဲ့ မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့လုပ်ရပ်တွေကို ခံစားနေရတဲ့သူတွေရဲ့အသံကို ကိုယ်စားပြုတဲ့ panelist အဖြစ် ပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ ထောက်ပို့ထီ (၁၃)ကြိမ်မြောက်အတွက် ရောင်းရမှုမှ  တတိယအကြိမ်ထောက်ပို့မှု သိန်းပေါင်းသုံးထောင်ကျော်ရှိခဲ့


မတ်လ၁၁ရက်


ထောက်ပို့ထီ (၁၃)ကြိမ်မြောက်အတွက် ရောင်းရမှုမှ  တတိယအကြိမ်ထောက်ပို့မှု သိန်းပေါင်း (၃၀၆,၇၁၄,၂၁၉)သုံးထောင့်ခြောက်ဆယ်ခုနစ်သိန်းတစ်သောင်းလေးထောင်နှစ်ရာ့တစ်ဆယ်ကိုးကျပ်တိတိရှိခဲ့တယ်လို့မတ်လ၁၁ရက်ထောက်ပို့ထီကအသိပေးကြေညာပါတယ်။

"ထောက်ပို့ထီမှ ပူးပေါင်းပါဝင်ခဲ့ကြသော တော်လှန်ပြည်သူများ၏ စုပေါင်းအင်အားကြောင့်သာ ထောက်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ကျန်ရှိနေသော ထောက်ပို့မှု မှတ်တမ်းများကိုလည်း ဆက်လက်တင်ပြပေးသွားပါမယ်"လို့ ထောက်ပို့ထီကဆိုထားပါတယ်။

ထောက်ပို့ထီ (၁၃)ကြိမ်မြောက်အတွက် ရောင်းရမှုမှ  ဒုတိယအကြိမ်ထောက်ပို့မှုတွင် သိန်းပေါင်း(၃၉၃,၆၁၄,၁၈၀)သုံးထောင့်ကိုးရာသုံးဆယ့်ခြောက်သိန်းတစ်သောင်းလေးထောင့်တစ်ရာရှစ်

ဆယ်ကျပ်တိတိနှင့်ပထမအကြိမ်ထောက်ပို့မှုတွင် သိန်းပေါင်း(၅၃၄,၃၆၁,၄၀၇)ငါးထောင့်သုံးရာလေးဆယ့်သုံးသိန်းခြောက်သောင်းတစ်ထောင့်လေးရာခုနစ်ကျပ်တိတိရှိခဲ့ပါတယ်။


ထောင်ပို့ထီလက်မှတ်များကိုလစဥ်ရောင်းချပေးနေပြီးထောက်ပို့ထီဆုကြေးများအနေနဲ့ပထမဆု သိန်း(၁၀၀၀)ကျပ်၊ဒုတိယဆု သိန်း(၂၀၀)ကျပ်နှင့်တတိယဆု သိန်း(၁၀၀)ကျပ် အပြင် ()သိန်းဆု၊()သောင်းဆုအပါဝင် ဆုမဲပေါင်း (၂၈၀၀)ကျော် တိုးမြှင့်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================



🚩🚩၁။ ညီနောင်မဟာမိတ်ပီသစွာဖြင့် အခက်အခဲများကို စုစည်းကျော်ဖြတ်သွားရန်အမြဲသင့်နေတယ်လို့ MNDAAထံ TNLAနှင့် AA သဝဏ်လွှာပေးပို့


မတ်လ၁၁ရက်


ညီနောင်မဟာမိတ်ပီသစွာဖြင့် အခက်အခဲများကို စုစည်းကျော်ဖြတ်သွားရန်အမြဲသင့်နေတယ်လို့ MNDAAထံ TNLAနှင့် AA သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော  အာရက္ခတပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က မတ်လ၁၁ရက်မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

 ကိုးကန့်အမျိုးသားထု တစ်ရပ်လုံးနှင့် (MNTJP/MNDAA) အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုအထိအထမြောက်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များအလုံးစုံအထမြောက်သည့် နည်းတူ ကိုးကန့် ဒေသ ယခုထက် အေးချမ်းသာယာ၊ စည်ပင်၊ ဖွံ့ဖြိုးတိုးတက်သည်အထိဆက်လက်ကြိုးပမ်းအားထုတ်

ကြရန် ညီနောင်မဟာမိတ် စိတ်ဓာတ်အပြည့်ဖြင့် တိုက်တွန်းလိုက်ကြောင်းဆိုထားပါတယ်။


လာလတ္တံ့သော ကာလများ၌ ရင်ဆိုင်ကြုံတွေ့ရမည့်အခက်အခဲများရှိလာပါကလည်း ညီနောင်နှစ်ဖွဲ့အနေဖြင့် ညီနောင်မဟာမိတ်ပီသစွာဖြင့် စုစည်းကျော်ဖြတ်သွားကြရန် အမြဲအသင့်ရှိတယ်လို့ သဝဏ်လွှာမှာဖော်ပြပါတယ်။


========================


🚩🚩၂။ နွားထိုးကြီးနယ် ဝက်လူးရဲစခန်းမှ ထွက်လာသော စစ်ကောင်စီအဖွဲ့အား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီ အဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိ


မတ်လ၁၁ရက်


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီ အင်အား (၂၀၀) ခန့်အား မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) နွားထိုးကြီးမြို့နယ် ပကဖနှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့မှ ကျတွင်းဘိုးရွာ အနောက်တောင်ဘက်၌ မတ်လ () ရက်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ အမှတ် () စစ်ဒေသကထုတ်ပြန်ပါတယ်။

တိုက်ပွဲတွင်းစစ်ကောင်စီ အဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိခဲ့ပါတယ်။


 စစ်ကောင်စီထံမှ လက်နက် (၄၄) လက် (MA-1 (၁၉) လက်၊ MA-2 () လက်၊ MA-3 () လက်၊ MA-5 () စတဲ့လက်များအပါအဝင် ၆၀ မမ ပြောင်းတို၊၈၁ မမ စိန်ပြောင်း 5.56 ကျည် (၁၂၀၀၀) တောင့်နှင့်ကျဥ် တောင့်မျိုးစုံ၊ ၆၀ မမ ကျည် (၂၈) လုံးနဲ့ကျဥ်မျိုးစုံ၊ RPG ပို့ကျည် () တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း () လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop () လုံး၊ ဆက်သွယ်ရေးစက် () လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း မိတ္ထီလာနှင့် တံတားဦးမှ တက်သော ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်း () ကြိမ် တိုက်ခိုက်ခဲ့ပြီး နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် () ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။


========================


🚩🚩၃။ ရန်ကုန်မြို့နေရာအနှံ့အပြား၌ တော်လှန်လူငယ်များမှ  ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025  စာသားပါ ရုပ်ပုံများအား ကိုင်ဆောင်၍ ဓာတ်ပုံကမ်ပိန်းဖြင့် လှုပ်ရှား


မတ်လ၁၁ရက်


မတ်လ၁၁ရက်ယနေ့တွင် စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့နေရာအနှံ့အပြား၌ တော်လှန်လူငယ်များမှ  ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025  စာသားပါ ရုပ်ပုံများအား ကိုင်ဆောင်၍ ဓာတ်ပုံကမ်ပိန်းဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။


ဤလှုပ်ရှားမှုသည် မြန်မာအလုပ်သမားထု၏ အခြေခံလွတ်လပ်ခွင့်၊လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများအပေါ်  မတရားဖိနှိပ်တားမြစ်ခြင်းများ ပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့်  Article 33  ဖြင့် ထိရောက်စွာ အရေးယူပေးပါရန် တောင်းဆိုတိုက်တွန်းလိုခြင်းဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment