11th Mar 2025 - Morning Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGက ပံ့ပိုးပေးနိုင်ခဲ့

📌 ၂။ ကျောက်မဲတွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ()ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ

📌 ၃။ နိုင်ကျဉ်းဟောင်း LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

📌 ၄။ SUU 80 birthday Campaign ရဲ့ အမှတ်တရ ပြက္ခဒိန် စုစုပေါင်း ခုကို ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim ကိုယ်တိုင် လက်မှတ်ထိုးထားပြီး တစ်ပတ်ကို တစ်စောင် မဲဖေါက်ပေးမည်

📌 ၅။ ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးမှာ အကြမ်းဖက်စစ်အုပ်စုကို ILO က Article 33 နဲ့ထိရောက်ပြင်းထန်သည့် အရေးယူမှုများ ချမှတ်နိုင်ရေး FB profile picture campaign မှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်း


========================


၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်တပ်ရဲ့သပြေညွန့် စခန်း ကို သိမ်းပိုက်ရာမှာPDF ပူးပေါင်းတပ်များ ပါဝင်ခဲ့

🚩 ၂။ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်တဲ့ ဂျိုင်းတံတား ဖွင့်ပွဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

🚩 ၃။ ကျောက်ဖြူ နှင့် ဂွ မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဒရုန်းများဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၄။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား တစ်ဦး ဒဏ်ရာရ

🚩 ၅။ ကနီမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကြဲချမှုကြောင့် ပြည်သူ ဦးသေဆုံး၊ ကား ၂စီး မီးလောင်ပျက်စီး

🚩 ၆။ ကြို့ပင်ကောက်တွင် ဖမ်းဆီးထားတဲ့ ပျူစောထီးတစ်ဦး ထွက်ပြေးသွားခဲ့ရာ ပစ်ခတ်ရှင်းလင်းခဲ့ရ

🚩 ၇။ သပိတ်ကျင်းနှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို သပိတ်ကျင်း ပကဖ ကူ‌‌ညီထောက်ပံ့

🚩 ၈။ မုံရွာမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သား စုဆောင်းခံရတဲ့ တပ်သားတစ်ဦး အလင်းဝင်ရောက်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGက ပံ့ပိုးပေးနိုင်ခဲ့


မတ်လ ၁၀ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၄၉၈.၃၂) သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၄၉,၆၄၃) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၃၉၂.) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၂၀၀) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၅၄၃) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၅၂.) သန်း၊ CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (.) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.) သန်း၊ အထွေထွေ လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၄၆.) သန်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။


တော်လှန်ရေး () နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူအပ်တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။


========================


📌📌 ၂။ ကျောက်မဲတွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ()ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ


မတ် ၁၀ 

Radio NUG 


မတ်လ ၈ရက် ကျောက်မဲမြို့မှ မိုးကုတ်သို့ သွားမည့်လမ်းမပေါ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဥ် မီးသွေးတင်ဆောင်လာသည့် ကားတစ်စီးကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ()ဦးနှင့် ဆာလာအိတ်အဝါဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော စိတ်ကြွဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း PSLF/TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။


ထိုအမျိုးသား ()ဦးသည် ဦးကျော်ဇင်ထက်၊ ဦးဟိန်းမင်းလတ်၊ ဦးအေးကိုနှင့် ဦးထက်ထက်အောင်တို့ဖြစ်ကြပြီး ယာမစိတ်ကြွဆေးပြား အထုပ်ကြီး (၁၁)ထုပ် (A တံဆိပ်) အထုပ်ကြီး (၁၉၉)ထုပ် (၆၆၆ တံဆိပ်) (Ice) မူးယစ်ဆေးဝါး ()ထုပ်၊ (K) ထုပ်ကြီး ()ထုပ်၊ (RC)တံဆိပ်ပါ မူးယစ်ဆေးဝါး ()ထုပ်၊ EriMin 5(10)ကဒ်၊ FriMin 5(10)ကဒ် (ကာလတန်ဖိုး သိန်းပေါင်း ၁၅၀၀၀ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


၎င်းတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တာ်လို့ သိရပါတယ်။


========================


📌📌 ၃။ နိုင်ကျဉ်းဟောင်း LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်


မတ် ၁၀ 

Radio NUG 


မတ်လ ၁၀ရက်နေ့ မနက်ပိုင်းတွင် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ LGBT စာရေးဆရာမ  စောဟန်နွေဦးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။


ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ်သာ ရှိသေးပြီး  ချင်းမိုင်မြို့နဲ့ မဲဆောက်မြို့တွေမှာ ဆေးကုသမှု လကျော်ကြာ ခံယူပြီးနောက် ကွယ်လွန်သွားခဲ့ပြီး မတ်လ ၁၀ရက်နေ့ နေ့လယ်တွင် မဲဆောက်မြို့ရှိ သုဿန်တစ်ခုမှာ ဈာပနပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


စောဟန်နွေဦးသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလက လူမှုကွန်ရက်မှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ Post တွေ ရေးသားမှုအပြင် PDF တွေကို ထောက်ပံ့မှုတို့နဲ့ စွပ်စွဲခံခဲ့ရပြီး မန္တလေးမြို့ရှိ နေအိမ်အတွင်း စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးခံခဲ့ရသူ ဖြစ်ကာ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် လွတ်မြောက်နယ်မြေအတွင်း သွားရောက်ကာ စစ်ကောင်စီတပ် ဖမ်းဆီးခံခဲ့ရချိန်က စစ်ကြောရေးအတွင်း ကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကိုလည်း သတင်းမီဒီယာတွေမှာ ထုတ်ဖော်ပြောကြားခဲ့သလို လူအခွင့်အရေး၊ တရားမျှတမှုအရေး၊ LGBT အရေးတွေကို တက်တက်ကြွကြွ တောင်းဆိုပါဝင်လှုပ်ရှားခဲ့ပါတယ်။


တော်လှန်ရေးအတွက် ကျရာနေရာက စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ ကျရှုံးရေးအတွက် တတ်ကျွမ်းတဲ့ အနုပညာ လက်ရာများနဲ့ အားဖြည့်ပါဝင်ပေးခဲ့တဲ့ စာရေးဆရာမ စောဟန်နွေဦး အသက် (၂၈) နှစ်သည် မဲဆောက်မြို့တွင် ကွယ်လွန်သွားပါသဖြင့် မိသားစု ချစ်ခင်ရသူများ တော်လှန် မောင်နှမများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း၊ စာရေးဆရာမ စောဟန်နွေဦး သက်ရှိထင်ရှားစဉ် ကာလအတွင်း အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် ပူးပေါင်း ဆောင်ရွက် ကူညီခဲ့သည်များကို ကျေးဇူးတင် ဂုဏ်ပြုပြီး တော်လှန်ရေး အောင်မြင်သည်အထိ ကြွေလွင့်ခဲ့ရသော ကြယ်ပွင့်များအတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှလည်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ SUU 80 birthday Campaign ရဲ့ အမှတ်တရ ပြက္ခဒိန် စုစုပေါင်း ခုကို ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim ကိုယ်တိုင် လက်မှတ်ထိုးထားပြီး တစ်ပတ်ကို တစ်စောင် မဲဖေါက်ပေးမည်


မတ်လ၁၀ရက်

Radio NUG

SUU 80 birthday Campaign ရဲ့ အမှတ်တရ ပြက္ခဒိန် စုစုပေါင်း ခုကို ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်Kim ကိုယ်တိုင် လက်မှတ်ထိုးထားပြီး တစ်ပတ်ကို တစ်စောင် မဲဖေါက်ပေးမည်ဖြစ်ကြောင်း မတ်လ ၁၀ရက် SUU 80 birthday Campaign ဆိုရှယ်မီဒီယာက ကြေညာအသိပေးပါတယ်။


" SUU 80 birthday Campaign လေးရဲ့ အမှတ်တရ ပြက္ခဒိန် စုစုပေါင်း ခုကို Kim ကိုယ်တိုင် လက်မှတ်ထိုးထားပြီး တစ်ပတ်ကို တစ်စောင် စီ မဲဖေါက်ပေးမည့်အစီအစဉ်လေးဘဲဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာနေ့တိုင်းတွင် စတင်ပြီး တနင်္ဂနွေနေ့တိုင်း ကံထူးသူကိုကြော်ငြာပေးပါမည်ခင်ဗျာ တစ်ပတ်ကို ကံထူးသူတစ်ဦးနှုန်းနှင့် ပတ်အတွက် ဦးရှိမှာဖြစ်ပါတယ်။ ဘယ်လိုပါဝင်လို့ရမလည်းဆိုရင် ယခု တင်သည့် SUU 80 birthday campaign facebook ရဲ့ post မှစပြီး တော့ တစ်ပတ်အတွင်းတင်သည့် Post တွေအားလုံးကို Reaction ပေးComment တစ်ခုနှင့် share လုပ်ပေးသည့်သူများထဲမှ မဲနှိုက်ရွေးချယ်ပေးမှာဖြစ်ပါတယ်" လို့ ဖော်ပြပါတယ်။


တစ်ကမ္ဘာလုံးမှာ ၈၀၀၀ သာရှိတဲ့ ပြက္ခဒိန်ထဲမှ ကင်မ် လက်မှတ်ပါသည့် စောင်ကို ကံထူးခွင့် ရမည့် အခွင့်အရေးလည်း ဖြစ်ပါတယ်။


========================


📌📌 ၅။ ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးမှာ အကြမ်းဖက်စစ်အုပ်စုကို ILO က Article 33 နဲ့ထိရောက်ပြင်းထန်သည့် အရေးယူမှုများ ချမှတ်နိုင်ရေး FB profile picture campaign မှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်း


မတ် ၁၀ 

Radio NUG 


၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည့် ILO အုပ်ချုပ်မှုအဖွဲ့ (ILO Governing Body) အစည်းအဝေးမှာ အကြမ်းဖက်စစ်အုပ်စုကို ILO က Article 33 နဲ့ အရေးယူဖို့ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ပြည်သူလူထုအနေနဲ့ ထိရောက်ပြင်းထန်သည့် အရေးယူမှုများ ချမှတ်နိုင်ရေး FB profile picture campaign မှာ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။


" Recognize NUG's Tripartite Delegations at 113th ILC !

NUG သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြုပေး!


ILO implement Article 33 on Myanmar Junta Now!!

အကြမ်းဖက်စစ်အုပ်စုကို ILO ပုဒ်မ ၃၃အရ  ချက်ချင်း အရေးယူပေး!" 

စသည့် စာသားများနှင့်အတူ profile ပြောင်း ကမ်ပိန်းတွင် ပါဝင်ရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ အကြမ်းဖက်တပ်ရဲ့သပြေညွန့် စခန်း ကို သိမ်းပိုက်ရာမှာPDF ပူးပေါင်းတပ်များ ပါဝင်ခဲ့


မတ်လ၁၀ရက်

Radio NUG


ပဲခူးတိုင်း နဲ့ ကရင်ပြည်နယ် အစပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို PDF ပူးပေါင်းတပ်တွေက မတ် ရက် မနက် ၇နာရီ ၃၀ မိနစ်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ သပြေညွန့်စခန်းက တောင်ငူခရိုင်းအတွင်း ပဲခူးတိုင်း နဲ့ ကရင်ပြည်နယ် အစပ်မှာ တည်ရှိတာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲကို PDF အထူးကွန်မန်ဒိုတပ်ရင်း KNLA တပ်မဟာ နဲ့ တို့က ဖော်ဆောင်ခဲ့တာ ဖြစ်တယ်။


ဒရုန်းတိုက်ခိုက်ရေးကို ယောနသံဒရုန်းတပ်ဖွဲ့နှင့် တပ်မဟာ() တပ်မဟာ() ဒရုန်းတပ်ဖွဲ့တွေနဲ့အတူ တာဝန်ယူခဲ့တာဖြစ်ပြီး ဖြတ်တောက်ရေးအဖြစ်နဲ့ တပ်ရင်း ၃၅၀၂ အာဠာဝက ဧရာဝတီ ဖြူး၊ ရန်ကုန်၊ အုတ်တွင်း ပကဖအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က သေဆုံးသူများပြားခဲ့သလို လက်နက်ကြီး လက်နက်ငယ် ခဲယမ်းအများအပြားအပြင် ဆက်သွယ်ရေးပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့ပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်တဲ့ ဂျိုင်းတံတား ဖွင့်ပွဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်


မတ်လ ၁၀ 

Radio NUG


စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီး၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ရတခ ဒု-တိုင်းမှူးတို့ တက်ရောက်ခဲ့တဲ့ ဂျိုင်းတံတားဖွင့်ပွဲကို Fixed-wing ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) က ထုတ်ပြန်ထားပါတယ်။


မတ်လ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ တံတားဖွင့်ပွဲကို မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) Spring UAV Force - G3 Fixed-wing ဒရုန်းအဖွဲ့တို့က မနက် နာရီ ၃၈ မိနစ်၊ ၄၃ မိနစ်နဲ့ နာရီခွဲ တို့မှာ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တံတားဖွင့်ပွဲကို စစ်ကောင်စီရဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးညီညီဇော်တို့ တက်ရောက်ဖဲကြိုးဖြတ်ခဲ့ကြပြီး ပြီးပြီးခြင်း ကသုတ်ကရက် ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားဖြင့် သယ်ထုတ်သွားခဲ့ပြီး စစ်ကောင်စီရဲ့ Jammer များကြောင့် ဗုံးသီးတစ်လုံး လွင့်စင်သွားခဲ့ရာ တံတားဟောင်း အောက်ဘက်ခြမ်း မူလတန်း ကျောင်းအနီးက အရပ်သား ပြည်သူ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထိခိုက်သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ဆိုထားပြီး မိဘပြည်သူများ အနေနဲ့ စစ်ကောင်စီ ပြုလုပ်တဲ့ ပွဲလမ်းသဘင် အခမ်းအနားများနဲ့ နီးကပ်စွာမနေကြဖို့  မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) က အသိပေး ပြောကြားထားပါတယ်။


========================


🚩🚩 ၃။ ကျောက်ဖြူ နှင့် ဂွ မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဒရုန်းများဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


မတ်လ ၁၀ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ဂွ မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ တစ်ဦး သေဆုံးပြီး ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


မတ်လ ရက်နေ့တွင် ဂွမြို့နယ်၊ ဘဝင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနဲ့ မနက် နာရီ ၃၉ မိနစ်မှာ တစ်ကြိမ်၊ ၄၉ မိနစ်မှာ တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ်ရှိ ဦးထွန်းအောင်သိန်း သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူ မမေသဇင် (အသက် ၂၆ နှစ်) နဲ့ သားဖြစ်သူ မောင်ဖြိုးဝေစိုး (အသက် ၁၂ နှစ်) တို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။


အလားတူ ကျောက်ဖြူ မြို့နယ်၊ ကပ်သပြေ ရွာကို မတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်ဖြူ အခြေစိုက် ဓညဝတီရေတပ်စခန်း ဌာနချုပ်က ဒရုန်းဖြင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


နေ့လည် ၁၁ နာရီကနေ နာရီအတွင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ၁၀ လုံး ထက်မနည်း မီးလောင်ပျက်စီး သွားခဲ့ကာ အသက် ၆၅ နှစ်အရွယ် ဦးဘသိန်းအောင် ဆိုသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ကျောက်ဖြူ မြို့နယ်၊ စနဲမြို့ရှိ တိုက်နယ် ပြည်သူ့ဆေးရုံကို မတ်လ ၁၀ ရက်နေ့ မနက် နာရီ ၄၀ မိနစ်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် (၁၈) တောင်မော်ကြီး ရေတပ်စခန်းက အသေခံ ဒရုန်း စင်းဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စနဲ တိုက်နယ်ဆေးရုံ ခွဲစိတ်ခန်းမှာ လုံးဝပြိုကျ ပျက်စီးသွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား တစ်ဦး ဒဏ်ရာရ


မတ်လ ၁၀ ရက်၊ 

Radio NUG


ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


မတ်လ ရက် မနက် နာရီ ၄၀ အချိန်မှာ ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၄ တပ်ရင်းမှ ဆောထိမြို့နယ်၊ ထောလူခို ကျေးရွာအတွင်းကို လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၀ အရွယ်ရှိ နောဧပရာယ်ဝါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ထို့အပြင် မတ်လ ရက်၊ နေ့လယ် ၁၁ နာရီ ၅၅ မိနစ်မှာ စစ်ကောင်စီရဲ့ တောင်ငူ လေတပ်မှ မူးမြို့နယ် ကျောက်ကြီးပေါက် ကျေးရွာကို Y-12 လေယာဉ်ဖြင့် ဗုံး လုံး ကြဲချခဲ့ရာ အရပ်သား နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။


လယ်ဒိုမြို့နယ်၊ တောင်ခင်ကျေးရွာကိုလည်း ပိန်းဇလုတ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်းက မတ်လ ရက် ညနေ နာရီ မိနစ်ခန့်မှာ ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့ပြီး ထင်းစင် စင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ကနီမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကြဲချမှုကြောင့် ပြည်သူ ဦးသေဆုံး၊ ကား ၂စီး မီးလောင်ပျက်စီး


မတ် ၁၀ 

Radio NUG 


မတ်လ ၁၀ ရက်နေ့ မွန်းလွဲ နာရီကျော်အချိန်မှစပြီး ညနေ ၅နာရီအတွင်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းရှိ နတ်ကြီးရွာနှင့် မုဋ္ဌောအရှေ့ရွာသို့ တိုက်လေယာဉ်ဖြင့် ဗုံး လုံး ကြဲချခဲ့မှုကြောင့် နွား ကောင် သေဆုံးကာ ကား စီး မီးလောင်ပြီး ၁စီး ပျက်စီးသလို ပြည်သူ ၁ဦးသေဆုံးသွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။


မုဋ္ဌောဘက်အခြမ်း မြစ်ကမ်းဘေးမှာ ဗုံး  လုံး၊  နတ်ကြီးဘက်အခြမ်း မြစ်ကမ်းဘေးမှာ ဗုံး ၄လုံး စုစုပေါင်း ဗုံး ၅လုံး ကြဲချသွားတယ်လို့ သိရပါတယ်။


ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် စက်သေနတ်ဖြင့်ပါ ပတ်၍ ပစ်ခတ်သွားတာကြောင့် နတ်ကြီးကျေးရွာနှင့် မုဋ္ဌောကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ကြို့ပင်ကောက်တွင် ဖမ်းဆီးထားတဲ့ ပျူစောထီးတစ်ဦး ထွက်ပြေးသွားခဲ့ရာ ပစ်ခတ်ရှင်းလင်းခဲ့ရ


မတ်လ ၁၀ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ကျွန်းနက်ကုန်း အုပ်စု၊ ရွှေပန်းတော ကျေးရွာမှ စစ်တပ် သတင်းပေး ပျူစောထီး တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ထွက်ပြေးသွားခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ Black Dragon PDF ကထုတ်ပြန်ထားပါတယ်။


မတ်လ ရက်နေ့ မနက် နာရီခန့်မှာ အလယ်ကုန်း ကျေးရွာနဲ့ ကျစွာ ဘုရားကြားက ဆက်သွယ်ရေး လမ်းပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ ရွှေပန်းတော ပျူစောထီး မြင့်လွင် ဆိုသူကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ Black Dragon (GBK-PDF) အဖွဲ့က ဖမ်းဆီးရမိ ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းပျူစောထီးကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် စခန်းမှာ ထိန်းသိမ်းထားစဉ် မတ်လ ၁၀ ရက် မနက် နာရီခန့်တွင် စခန်းစောင့် ရဲဘော် အိပ်ပျော်နေချိန်မှာ ကြိုးကိုဖြတ်ပြီး ထွက်ပြေးသွားခဲ့ရာ ကင်းပတ်နေတဲ့ ရဲဘော်များက တောစပ်မှာ တွေ့ရှိသဖြင့် ပြန်လည်ဖမ်းဆီးတာကို လက်မခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ပျူစောထီး မြင့်လွင်ဟာ ရွှေပန်းတောရွာ အထက်တန်းကျောင်းမှာ ကျောင်းစောင့်အဖြစ် လုပ်ကိုင်ကာ တော်လှန်ရေး ရဲဘော်များရဲ့ သွားလာလှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီထံ သတင်းပေးခြင်း၊ စစ်ကောင်စီကို မမှန်သတင်းပေးကာ အရပ်သား ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ ဒေသခံပြည်သူများရဲ့ ဆိုင်ကယ်များကို စစ်ကောင်စီနှင့်အတူ ဖမ်းဆီးခြင်း၊ အလယ်ကုန်း ရဲစခန်းမှာ ဖွဲ့စည်းထားတဲ့ ပျူစောထီး အဖွဲ့ထဲဝင်ပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ကြောင်း စစ်ဆေးမေးမြန်းချိန်မှာ ထွက်ဆို ထားတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ သပိတ်ကျင်းနှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို သပိတ်ကျင်း ပကဖ ကူ‌‌ညီထောက်ပံ့


မတ်  

Radio NUG 


သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု (၆၀) ကျော်ကို တစ်အိမ်ထောင် ဆန် () ပြည်၊ ဆီ (၅၀) ကျပ်သား ထောက်ပံ့ပြီး ကျန်းမာရေးချို့တဲ့ တဲ့ပြည်သူ (၄၀) ကျော်ကိုလည်း မြို့နယ်ပကဖ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးခဲ့တယ်လို့ ပကဖအသံမှာ ဖော်ပြထားပါတယ်။


အလားတူ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၃၀၀ အား ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)မှ ဆန် သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


လုံခြုံံရေးအခြေအနေအရ စစ်ဘေးရှောင် နေရာကိုပဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးဝေလှူဒါန်းနိုင်ခဲ့ပြီး တချို့စစ်ကြောင်းနဲ့ နီးကပ်တဲ့ နေရာတွေကိုတော့ ဒေသခံတွေကို လှူဒါန်းပေးဖို့ အကူညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ မုံရွာမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သား စုဆောင်းခံရတဲ့ တပ်သားတစ်ဦး အလင်းဝင်ရောက်လာ


မတ် ၁၀ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ တပ်သား တစ်ဦးကို ပခုက္ကူခရိုင် ပကဖရဲ့ ကူညီပေးမှုနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရွှေဗန့်ဂျီရွာပေါင်းစုံ သပိတ်စစ်ကြောင်း (ဆားလင်းကြီးမြို့နယ်) ထံမှ သိရပါတယ်။


အလင်းဝင်ရောက်လာတဲ့ တပ်သားက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ရက် အလုပ်မှ ပြန်လာစဉ် မုံရွာမြို့ပေါ်မှာ  အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းရေး အပတ်စဉ် အတွက် ပေါ်တာဆွဲရာမှာ ပါဝင်သွားခဲ့ရသူ တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ရေစကြိုမြို့နယ် ခလရ ၂၅၉ တပ်ရင်းကနေ ထွက်ပြေးအလင်းဝင်လာတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment