15th Mar 2025 - Morning Daily News by Radio NUG

 

၂၀၂၅ မတ်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။  နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အလုပ်သမားဒုဝန်ကြီးဦးကျော်နီတို့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ အလုပ်သမားအရေးအခက်အခဲများ အပြန်အလှန်ဆွေးနွေး

📌 ၂။ ကနေဒါ လွှတ်တော်အမတ်နှင့် သမ္မတရုံး ပြောခွင့်ရတို့ တိုရွန်တို မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံ

📌 ၃။ ရန်ပုံငွေမလုံလောက်တော့၍ မြန်မာ့ လူဦးရေ သန်းကျော်အတွက် WFP စားနပ်ရိက္ခာ အကူအညီရပ်ဆိုင်းတော့မယ်လို့ဆို

📌 ၄။ အာဏာရှင် ဘီလာရုစ်သမ္မတရဲ့ ရာဇဝတ်ကောင် စစ်အုပ်စုကို ကူညီထောက်ပံ့နေမှုအား ရှုံ့ချပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ ဘီလာရုစ်ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ထုတ်ပြန်

📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂၅) ဦးနှင့် အမျိုးသား (၁၄၉) ဦး စုစုပေါင်း (၂၇၄) ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ (၅၉) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်


========================


၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ကျင်းပ

🚩 ၂။ ရေတာရှည် ရွာသစ်ကျေးရွာကို မီးရှို့နေတဲ့ စစ်သားများကို သွားရောက်တိုက်ခိုက်

🚩 ၃။ မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ထွက်ပြေးရင်း သေဆုံးခဲ့တဲ့ ကလေးငယ် ဦး၊ အမျိုးသမီး ၁ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရိုးစု ၁၅ စုခန့် တွေ့ရှိ

🚩 ၄။ မြောင်နယ် ပန်းညိုရွာမှာ စကစတပ်က မီးရှို့ဖျက်ဆီး၍ နေအိမ် ၅၀ကျော်ခန့်မီးလောင်ဆုံးရှုံး

🚩 ၅။ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ပြည်သူ (၁၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင် ရှိခဲ့

🚩 ၆။ ရေးမြို့ စကခ ၁၉ တပ်မ တပ်ကြပ်ကြီး အပါအဝင် ၆ဦး လက်နက်နှင့်တကွ အလင်းဝင်

🚩 ၇။ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးငယ် သင်တန်းဆင်းပွဲ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။  နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အလုပ်သမားဒုဝန်ကြီးဦးကျော်နီတို့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ အလုပ်သမားအရေးအခက်အခဲများ အပြန်အလှန်ဆွေးနွေး


မတ်လ ၁၅

Radio NUG

မတ်လ၁၃ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီနှင့် တာဝန်ရှိသူများမှ ထိုင်းရောက် မြန်မာပြည်သူများ၏ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲ၊ အကြပ်အတည်း များအား တိုက်ရိုက်ကြားနာပြီး အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲတရပ်ကို Online ဖြင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် အလုပ်သမားရေးရာကိစ္စရပ်များနှင့် ပက်သက်၍ Work permit  သက်တမ်းတိုးခြင်းကိစ္စတွင် စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး၏ ပါဝင်ပတ်သက်မှု မရှိစေဘဲ ထိုင်းဘက်ခြမ်းမှသာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးရေး၊ ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အကြောင်းအမျိုးမျိုးပြ၍ စီမံချက်ဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးခြင်း၊  စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ များကို နယ်စပ်တလျောက် ဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပြန်လည်အပ်နှံသည့် ကိစ္စရပ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ကြားနိုင်ရေးကိစ္စရပ်များ စသည့် လက်တလော ကြုံတွေ့နေရသည့် အကြပ်အတည်းများ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို တက်ရောက်သူများမှ အပြန်အလှန် အကြံပြုညှိနှိုင်း ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကနေဒါ လွှတ်တော်အမတ်နှင့် သမ္မတရုံး ပြောခွင့်ရတို့ တိုရွန်တို မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံ


မတ် ၁၄ 

Radio NUG 


မြန်မာ့ဒီမိုကရေစီရေး ကနေဒါ လွှတ်တော်မိတ်ဆွေများအဖွဲ့ (Parliamentary Friends of a Democratic Burma - PFODB) ပူးတွဲဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Shadow Minister ကနေဒါ Conservative ပါတီ၏ လွှတ်တော်အမတ် Garnett Geniusနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် မြန်မာ-ကနေဒါ အသိုင်းအဝိုင်းနှင့် မတ်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။


တွေ့ဆုံပွဲအတွင်း ပြောခွင့်ရ ဦးကျော်ဇော်က မြန်မာနိုင်ငံရှိ အကူအညီ လိုအပ်နေသူများအတွက် လူသားစာနာမှုဆိုင်ရာ သက်ကယ်အကူအညီများ၊ အထူးသဖြင့် စစ်ဘေးရှောင်များအတွက် အကူအညီများ တိုးမြှင့်ပေးအပ်ရန် တိုက်တွန်း ပြောဆိုခဲ့ပါသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ကနေဒါအစိုးရက အသိအမှတ်ပြုရေး ဆက်လက် တိုက်တွန်း လှုံ့ဆော်ပေးကြရန်လည်း ပန်ကြားခဲ့တယ်လို့ သိရပါတယ်။


ကနေဒါတွင် ရောက်နေသည့် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများထဲမှ အကျပ်အတည်းတွေ့နေသူများကို အကူအညီပေးရန်လည်း တိုက်တွန်းပြောဆိုခဲ့ပြီး ကနေဒါ လွှတ်တော်အမတ်မှလည်း မြန်မာ-ကနေဒါ အသိုင်းအဝိုင်းနှင့် ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ ရန်ပုံငွေမလုံလောက်တော့၍ မြန်မာ့ လူဦးရေ သန်းကျော်အတွက် WFP စားနပ်ရိက္ခာ အကူအညီရပ်ဆိုင်းတော့မယ်လို့ဆို


မတ်လ၁၄ရက်

Radio NUG

ရန်ပုံငွေမလုံလောက်တော့၍ မြန်မာ့ လူဦးရေ သန်းကျော်အတွက် WFP စားနပ်ရိက္ခာ အကူအညီရပ်ဆိုင်းတော့မယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က မတ်လ၁၄ရက်မှည အသိပေးကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။


ထုတ်ပြန်ချက်အရ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလမှစတင်၍ မြန်မာ့လူဦးရေ ,၀၀၀,၀၀၀ ကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများစတင်ရပ်ဆိုင်းရတော့မယ်လို့အသိပေးဆိုပါတယ်။


ရန်ပုံငွေသစ်မရရှိပါက WFP နေဖြင့် ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြသည့် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများပါဝင်သော လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ဒါ့အပြင် ယခုနှစ်တွင် မြန်မာပြည်သူပြည်သားများအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားနိုင်ရန်  အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ကဆိုထားပါတယ်။


========================


📌📌 ၄။ အာဏာရှင် ဘီလာရုစ်သမ္မတရဲ့ ရာဇဝတ်ကောင် စစ်အုပ်စုကို ကူညီထောက်ပံ့နေမှုအား ရှုံ့ချပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ ဘီလာရုစ်ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ထုတ်ပြန်


မတ် ၁၄ 

Radio NUG 


အာဏာရှင် ဘီလာရုစ်သမ္မတ အလက်ဆန်းဒါး လူကာရှင်ကိုရဲ့ ရာဇဝတ်ကောင်စစ်အုပ်စုကို ထောက်ပံ့ကူညီနေတာတွေကို ရှုံ့ချပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရုန်းကန်နေကြတဲ့ ပြည်သူတွေကို ကူညီပြီး ရာဇဝတ်ကောင်စစ်အုပ် အားထုတ်ဖော်ဆောင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှန်သမျှကို ငြင်းပယ်ဆန့်ကျင်ဖို့ တိုက်တွန်းကာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့  ဘီလာရုစ်ပြည်သူတွေနဲ့လည်း  တစ်သားတည်း ရပ်တည်ကြောင်း Defend Myanmar Democracy မှ ထုတ်ပြန်ပါတယ်။


ဘီလာရုစ်တွင် မင်းအောင်လှိုင်ကသမ္မတအလက်ဆန်းဒါး လူကာရှင်ကိုအား ၄င်းစစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲသို့ ရွေးကောက်ပွဲ စောင့်ကြည့်သူများ လွှတ်ပေးရန် ဖိတ်ကြားခဲ့မှုကို လူကာရှင်ကိုက လက်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လူကာရှင်ကိုသည် ဒီမိုကရေစီကို ထောက်ခံသူ မဟုတ်ဘဲ ၁၉၉၄ ခုနှစ်တွင်ရွေးကောက်ခံပြီးကတည်းက နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ လေ့လာတွေ့ရှိချက်အရ ဘီလာရုစ်နိုင်ငံတွင် ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲမှ လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


၂၀၂၀ ခုနှစ် ဘီလာရုစ် အထွေထွေရွေးကောက်ပဲတွင် အတိုက်အခံပါတီက မဲ ၆၀ ရာခိုင်နှုန်း အနိုင်ရထားကြောင်း ထုတ်ပြန်ပြီးနောက် အဓိက အတိုက်အခံခေါင်းဆောင်များ ဖမ်းဆီးခံရခြင်း၊ ထွက်ပြေးရခြင်းတို့ ရင်ဆိုင်ခဲ့ရကာ တစ်နိုင်ငံလုံးဆန္ဒပြမှုများ ဖြစ်ပွားခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း ရှုံ့ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

  

၂၀၂၅ ခုနှစ် ဘီလာရုစ်နိုင်ငံ အထွေထွေရွေးကောက်ပွဲရလဒ်များအရ လူကာရှင်ကိုက ထောက်ခံမဲ ၈၇ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ကြေညာခဲ့ပြီးနောက် အတုအယောင်ရလဒ်ကို ငြင်းပယ်သည့် ဆန္ဒပြပွဲများ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်ခဲ့ပြီး အနောက်တိုင်း နိုင်ငံများကလည်း လူကာရှင်ကိုအစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။


 Defend Myanmar Democracy ပြောရေးဆိုခွင့်ရှိသူ နော်အောင်ကအကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ရတဲ့အကြောင်းရင်းက သူတို့ရဲ့ တရားမဝင်အာဏာ အတင်းသိမ်းဖို့ကြိုးပမ်းခဲ့တာကို တရားဝင်မှုရအောင် အားထုတ်မှုတစ်ရပ်သာဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောချင်ပါတယ်လို့ ပြောဆိုထားပါတယ်။


လူကာရှင်ကိုရဲ့ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံလာပြီး ရွေးကောက်ပွဲစောင့်ကြည့်မယ်ဆိုတာဟာ တရားမဝင် ရွေးကောက်ပွဲ တစ်ခုမှာ အာဏာရှင်တစ်စုက ရာဇဝတ်ကောင်စစ်အုပ်စုကို ထောက်ခံကူညီပေးခြင်း၊ တရားမဝင်တဲ့ အာဏာကို ဆုပ်ကိုင်ထားဖို့ ကြံစည်နေကြတဲ့ အာဏာရှင်တွေ အချင်းချင်း အပြန်အလှန်ဖေးမနေကြခြင်းပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂၅) ဦးနှင့် အမျိုးသား (၁၄၉) ဦး စုစုပေါင်း (၂၇၄) ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ (၅၉) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်


မတ်လ၁၄ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂၅) ဦးနှင့် အမျိုးသား (၁၄၉) ဦး စုစုပေါင်း (၂၇၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် မကွေးတိုင်းမှာ (၅၉) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ဆိုပါတယ်။


အဆိုပါ (၂၇၄) ဦးတွင် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၁၈၄) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၁) ဦးနှင့် အမျိုးသား (၄၂) ဦး စုစုပေါင်း (၅၃) ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်းမှာ (၁၃) ဦးဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ကျင်းပ


မတ် ၁၄ 

Radio NUG 


ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အခမ်းအနားကို PNDF-KK တပ်ဖွဲ့ရဲ့ မဟာမိတ်ခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ PNDF-KK ရဲ့ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) နိုင်ငံရေးဦးဆောင်မှုနဲ့ တော်လှန်တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ရေတာရှည် ရွာသစ်ကျေးရွာကို မီးရှို့နေတဲ့ စစ်သားများကို သွားရောက်တိုက်ခိုက်


မတ် ၁၄ 

Radio NUG 


မတ်လ (၁၃)ရက်နေ့၊ ()နာရီ (၁၀) မိနစ်အချိန်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေထိုင်နေသည့် အင်အား (၆၀)ကျော်ခန့်ရှိသော အကြမ်းဖက်စကစတပ်သားများသည် ရွာသစ်ကျေးရွာအတွင်းရှိ အရပ်သားပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ပူးပေါင်းအဖွဲ့မှ ရဲဘော်များ သွားရောက်ပစ်ခတ်ရာမှ စတင်ကာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ထိတွေ့ တိုက်ပွဲကြာချိန် (၄၅)မိနစ်ခန့်မျှရှိခဲ့ကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။


ပူးပေါင်းအဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက်စကစတပ်သားများ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပြီး အရေအတွက်အတိအကျကို ဆက်လက် စုံစမ်းထောက်လှမ်းဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါထိတွေ့တိုက်ပွဲအား RTC စစ်ကြောင်း နှင့်အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ ဗိုလ်မုတ်ဆိတ်ဦးဆောင်သော ရေတာရှည်ပကဖအဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ထွက်ပြေးရင်း သေဆုံးခဲ့တဲ့ ကလေးငယ် ဦး၊ အမျိုးသမီး ၁ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရိုးစု ၁၅ စုခန့် တွေ့ရှိ


မတ် ၁၄  

Radio NUG 


မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့ မိသားစုဝင်များ၏ အရိုးစုများကို လအကြာမှာ ရှာဖွေ့တွေ့ရှိခဲ့ပြီး ကလေး၊ အမျိုးသမီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရိုးစု ၁၅ စုထက်မနည်းကို တွေ့ရှိခဲ့ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်ထံမှ သိရပါတယ်။


အရိုးစုတွေ ကျွန်တော်ကိုယ်တိုင် မျက်မြင် မြင်တွေ့ခဲ့တာက ၁၅ ခုလောက် တွေ့ခဲ့ပါတယ်။ ဒေသခံတွေ ပြောတာကတော့ ၁၂၀ လောက် ရှိနိုင်တယ်ပေါ့။ ရှာဖို့ကလည်း ခက်သွားပြီ။ အချိန်ကလည်း ကြာသွားပြီးဆိုတော့ တချို့က တောမီးလောင်တဲ့အထဲ ပါတယ်။ တချို့က ချောင်းထဲမှာ ရှိတယ်။ ရေထဲမှာ တွေ့ရှိတယ်။ တချို့က စခန်းဘေးနားက တွေ့ရှိခဲ့တာတော့ ပုံစံမျိုးစုံပေါ့လို့ ပြောဆိုထားပါတယ်။


သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ အရိုးစုများ၊ ကျည်ကာအင်္ကျီ၊ ကြယ်ပွင့်ပါသော အရာရှိအမှတ်တံဆိပ်များ၊ ဦးပိုင်ကုမ္ပဏီမှ စစ်သားများအတွက် စုဆောင်းထားသည့် အစုရှယ်ယာငွေရပြေစာများနှင့် လူအသုံးဆောင်ပစ္စည်းများကို တွေ့ရတယ်လို့ သိရပါတယ်။


တောထဲမှာ သောက်ရေမရှိ စားစရာတွေ ပြတ်လပ်ပြီး တစ်လကျော် ထွက်ပြေးကြရင်းနဲ့ ကြမ်းတမ်းတဲ့ရာသီဥတုအောက်မှာ ဝမ်းရောဂါဖြစ်ပြီး သေကြတာ၊ ကျွန်တော်တွေ့ခဲ့တဲ့အထဲမှာ ကလေးလေးတွေလည်း ပါတယ်။ ကလေးရုပ်အလောင်းက ခုတွေ့ခဲ့တယ်။ အမျိုးသမီး သေချာတဲ့ ရုပ်အလောင်းက ခုတွေ့ခဲ့တယ်" လို့ ကိုလောရင့်စ်က ပြောဆိုပါတယ်။


အရိုးစုအလောင်းများ တွေ့ရှိရသော နေရာသည် လူနေရပ်ရွာများနှင့် ဝေးကွာသောကြောင့် မီးရှို့သဂြိုလ်ပေးရန် ဆန္ဒရှိသော်လည်း ခက်ခဲနေကြောင်း၊ အရိုးစုများကို ရှာဖွေနိုင်ရန် လူင်အား ၂၀ ကျော်၊ ၃၀ နီးပါးဖြင့် တောနင်းရှာဖွေမှုကို ရက်၊ ရက် လုပ်ရမည့် အနေအထားဖြစ်ကြောင်း၊ ရန်သူပဲ ဖြစ်ဖြစ်၊ မိတ်ဆွေပဲ ဖြစ်ဖြစ် အဲလို ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့ရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်ပေးတာဖြစ်ဖြစ်၊ မြေမြုပ်ပေးတာဖြစ်ဖြစ် လုပ်ပေးချင်ကြောင်း ကိုလောရင့်စ်က ပြောဆိုထားပါတယ်။


========================


🚩🚩 ၄။ မြောင်နယ် ပန်းညိုရွာမှာ စကစတပ်က မီးရှို့ဖျက်ဆီး၍ နေအိမ် ၅၀ကျော်ခန့်မီးလောင်ဆုံးရှုံး


မတ်လ၁၄ရက်

Radio NUG

မြောင်နယ် ပန်းညိုရွာမှာ စကစတပ်က မီးရှို့ဖျက်ဆီး၍ နေအိမ် ၅၀ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။


မတ်လ၁၄ရက်မှာ စကစတပ်ရဲ့ လုပ်ရပ်ကို Ko Nway Oo - Myaung Myaung Pdf Cdsomက အသိပေးဆိုထားပါတယ်။


မတ်လ၁၄ရက်မနက်မှာပဲ စစ်ကြောင်းဟာ မြောင်နယ် ပန်းညိုရွာမှ ရေစကြိုနယ် မြေတော်ရွာကိုရောက်သွားကြပါတယ်။ပန်းညိုရွာကိုတော့ စစ်ဘေးရှောင်များ အများစုနေပြီး ကြားကလပညာရေးအတွက် ပညာသင်ပေးနေသော စာသင်ကျောင်း အဓိကထားမီးရှို့သွားတာကိုတွေ့ရပါတယ်။ စုစုပေါင်း ပြည်သူနေအိမ် ၅၀ကျော်ခန့်လည်း မီးလောင်ဆုံးခဲ့ပါတယ်လို့ဆိုပါတယ်။


စကစစစ်ကြောင်းဟာ မြေတော်ရွာကို ရောက်တာနဲ့ မနက်၈နာရီကစတင်မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။


========================


🚩🚩 ၅။ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ပြည်သူ (၁၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင် ရှိခဲ့


မတ်လ (၁၄)ရက်

Radio NUG

၂၀၂၅ ခုနှစ် မတ်လ (၁၄)ရက်နေ့ နေ့လယ် ()နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီသည် စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ()ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင် ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အတည်ပြုထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ()ရက်နေ့တွင်လည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ ()ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။


တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေများတွင် ပြည်သူကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို အကြမ်းဖက် စစ်ကောင်စီမှ တစ်စထက်တစ်စ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၆။ ရေးမြို့ စကခ ၁၉ တပ်မ တပ်ကြပ်ကြီး အပါအဝင် ၆ဦး လက်နက်နှင့်တကွ အလင်းဝင်


မတ် ၁၄ 

Radio NUG 


မတ်လ ၁၄ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့ စကခ (၁၉) တပ်မ မိခင်တပ်ရင်းမှ တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးတစ်ဦး အပါအဝင် တပ်သား ()ဦး ပေါင်း( )ဦး ရေးဘီလူးတပ်ရင်းထံတွင် တပ်ကြပ်ကြီး ကိုင်ဆောင်ထားသော MA3 လက်နက်တစ်လက်နှင့် ကျည်ဘောက် ()ဘောက်၊  ကျည် (၆၀) နှင့်အတူ လာရောက်အလင်းဝင်ခဲ့ကြောင်း ရေးဘီလူးမှ သတင်းထုတ်ပြန်ထားပါတယ်။


တပ်သား စောပြည့်ဟိန်း၊ တပ်သား ဝေယံထွဋ်၊ တပ်သား ခွန်အေးနိုင်စိုး၊ တပ်သား ကျော်သက်ဦးနှင့် တပ်သား ဝေမင်းပိုင်တို့ အလင်းဝင်ခဲ့ကြပြီး တပ်ကြပ်ကြီး ကိုဇူလိုင်ဌေးအား ဆုငွေကျပ်သိန်း  (၃၀) ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မွန်ပြည်နယ်ထဲတွင် တာဝန်ထမ်းဆောင်နေသော ရဲနှင့် စကစအပေါင်းအပါများ ရေးဘီလူးတပ်ရင်းနှင့်အတူ မိဘပြည်သူများ လိုလားသော ဒီမိုကရေစီ နိုင်ငံတော်အသစ်တစ်ရပ်ကို ထူထောင်နိုင်ရန်အတွက် လာရောက်ပူးပေါင်းကြရန် ဖိတ်ခေါ်ထားပါတယ်။


========================


🚩🚩 ၇။ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးငယ် သင်တန်းဆင်းပွဲ ပြုလုပ်


မတ် ၁၄ 

Radio NUG 


မတ်လ ၁၄ရက်နေ့တွင် နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ကြောင်း KPV သတင်းဌာနမှ ဖော်ပြထားပါတယ်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ဗျူဟာအမှတ် (၁၇) လက်အောက်ရှိ အမှတ်  (၈၀၄) (၉၀၁) (၉၀၂) နှင့် (၉၀၃) တပ်ရင်းတို့က ရဲဘော် ၇၇ ဦးကို () လကြာ စစ်သင်တန်းပို့ချခဲ့ပြီး တပ်မှူးငယ် သင်တန်းဆင်းရဲဘော်များသည် နေပြည်တော် PDF စစ်ခွင်နယ်မြေများတွင် တပ်စိပ်မှူး တာဝန်ထမ်းဆောင်ကာ တိုက်ပွဲဝင်ကြမည့် ရဲဘော်များဖြစ်တယ်လို့ သိရပါတယ်။


" မဟာမိတ်အဖွဲ့အစည်းတွေရဲ့ သင်တန်းနည်းပြတွေကို အကူအညီတောင်းပြီးတော့မှ ဒီသင်တန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အခုကာလမှာ စစ်ပုံစစ်နည်းသဏ္ဍာန်ကျကျနဲ့ တပ်ကို ပြင်ဆင်ဖို့ လိုအပ်လာပြီ ဖြစ်တဲ့အတွက် ဒီလိုသင်တန်းတွေကို ပြုလုပ်ရခြင်းဖြစ်တယ် " ဟု သင်တန်းမှူး ရဲဘော်နေသမိုင်းက ပြောဆိုထားပါတယ် 


အဆိုပါ သင်တန်းဆင်းပွဲတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားခြင်း နေပြည်တော် PDF စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ ဗျူဟာ (၁၇) တာဝန်ရှိသူနှင့် Karenni - Free Burma Ranger ဒုတာဝန်ခံတို့က အမှာစကားပြောကြားခဲ့ပြီး မဟာမိတ်တပ်ဖွဲ့အသီးသီးက ပေးပို့သည့် သဝဏ်လွှာများအား ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment