17th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။⁨⁨ မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုက ဖန်တီးကျူးလွန်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ အမြင့်ဆုံးကိုရောက်ရှိနေ

📌 ⁨⁨⁨⁨⁨⁨⁨၂။ နယူးယောက်မြို့မှ မြန်မာအသိုင်းအဝိုင်းအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းအသိပေး

📌 ⁨⁨⁨⁨⁨⁨⁨၃။ အပူချိန် အလွန်အမင်းမြင့်တက်ခြင်းနှင့်စပ်လျဉ်းသည့် သတိပေးချက်ကို NUGကသတိပေးထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨၄။ သြစတြေးလျနိုင်ငံကင်ဘာရာမြို့တော်၊ Yarralumla သံတမန်ရပ်ကွက်က NUG ဆက်ဆံရေးရုံးမှာ လူထုတွေ့ဆုံပွဲကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨⁨၅။ ”ILO ထံ... လူထုအသံ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်း ပြုလုပ်မည်

📌 ⁨⁨⁨⁨⁨⁨⁨၆။ မြန်မာစစ်အုပ်စုနှင့် ၎င်း၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းနိုင်ခြင်းမရှိဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အဆုံးသတ်ပပျောက်နိုင်မည် မဟုတ်


========================


၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှု ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရ

🚩၂။ စစ်ကောင်စီ တပ်ကြပ်တစ်ဦး နှင့် တပ်သား နှစ်ဦးတံတားဦး ပကဖ သို့ အလင်းဝင်

🚩၃။ ရန်သူဟာ နိုင်ငံရဲ့နယ်မြေ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲ ချုပ်ကိုင်ထားနိုင်တော့တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။⁨⁨ မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုက ဖန်တီးကျူးလွန်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ အမြင့်ဆုံးကိုရောက်ရှိနေ


မတ်လ၁၇ရက်


မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုက ဖန်တီးကျူးလွန်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာအမြင့်ဆုံးကိုရောက်ရှိနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက  မတ်လအတွင်းမှာ ဆိုထားပါတယ်။


"မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အခုကာလအတွင်း စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့ အထူးဆိုးရွားတဲ့အခြေအနေ၊ အစားအစာလုံခြုံမှုနဲ့ ပတ်သက်ပြီးတော့ အထူးအဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီးတော့ လက်ရှိမြန်မာနိုင်ငံမှာ (၁၉.)သန်းသော ပြည်သူတွေက လူသားချင်းစာနာမှုအကူအညီကို လိုအပ်နေပြီးတော့၊ ၂၀၂၅ ခုနှစ်မှာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ပြည်သူ စုစုပေါင်း (၁၅.)သန်း၊ တနည်းအားဖြင့် လူဦးရေရဲ့ ()ပုံ ()ပုံက အစားအစာမလုံခြုံမှုနဲ့ ဆိုးရွားတဲ့ အစားအစာမလုံခြုံမှုနဲ့ ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ဒီအစီရင်ခံစာတွေ၊ ထုတ်ပြန်ကြေညာချက်တွေ ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုက ဖန်တီးကျူးလွန်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ အမြင့်ဆုံးကိုရောက်ရှိနေပြီး နိုင်ငံတကာက ဖြစ်နိုင်တဲ့ လမ်းကြောင်းအကုန်ကနေ ဝိုင်းဝန်းအရေးယူဖို့ ရောက်ရှိနေပြီဆိုတဲ့အကြောင်း ဖော်ပြနေပါတယ်"လို့ဆိုပါတယ်။


ယခုနှစ်ထုတ်ပြန်မယ့် လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ်ထဲမှာ ထိရောက်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံးဖယ်ရှားနိုင်မယ့် လုပ်ငန်းစဉ်တွေပါဝင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျှက်လည်းရှိတယ်လို့လူ့အခွင့်ရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ နယူးယောက်မြို့မှ မြန်မာအသိုင်းအဝိုင်းအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းအသိပေး


မတ်လ၁၇ရက်


နယူးယောက်မြို့မှ မြန်မာအသိုင်းအဝိုင်းအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက မတ်လ၁၇ရက်မှာ ဆိုရှယ်မီဒီယာမှတဆင့် ရုပ်သံနဲ့တကွ အသိပေးဆိုလိုက်ပါတယ်။

"နယူးယောက်မြို့က မြန်မာပြည်သူတွေရဲ့ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှု၊ ကြင်နာမှုတွေနဲ့ ရက်ရောကူညီတဲ့စေတနာတွေကို ကျွန်တော် ကြည်နူးစွာခံစားမိပါတယ်။ ဓမ္မဘက်က ရပ်တည်ပြီး  ပံ့ပိုးကူညီနေကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်သားများကို ကျွန်တော် လေးစားမိပါတယ်။ ခိုင်မာပြင်းပြတဲ့ စိတ်ဓာတ်ရှိသူတွေကို ကြည့်ပြီး မေမေ့အတွက်ရော မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ မျှော်လင့်ချက်ဖြစ်စေပါတယ်။ ဒီိခရီးစဉ်ကို အဆင်ပြေပြေအောင်မြင်ဖြစ်မြောက်အောင် စီစဉ်ပေးသူများနဲ့ ပံ့ပိုးကူညီပေးတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်း၊ဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ Sean Turnell တို့ကို အထူးကျေးဇူးတင်ရှိပါတယ်"လို့ ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းဟာ မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ UN Event မှာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးသင့်အမျိုးသမီးများ၊ ကလေးများခံစားရတဲ့ Post Trauma Stress Disorder (PTSD) အကြောင်းကို အလေးပေး ဆွေးနွေးခဲ့ပါတယ်။ 

မတ်လ ၁၄ ရက်နေ့ မှာတော့  ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ် ဦးကျော်မိုးထွန်းနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီးနောက်၊ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ကနေဒါသံအမတ် Mr. Bob Rae နဲ့လည်း သွားရောက်ဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ အပူချိန် အလွန်အမင်းမြင့်တက်ခြင်းနှင့်စပ်လျဉ်းသည့် သတိပေးချက်ကို NUGကသတိပေးထုတ်ပြန်


မတ်လ၁၇ရက်


မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့အများစုသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါဝင်လျက်ရှိပြီး အပူလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များမှာ မြို့ကြီးအများစုတွင် ဖြစ်ပွားလျက်ရှိတယ်လို့  NUGက သတိပေးထုတ်ပြန်ထားပါတယ်။

မိုးလေဝသ ခန့်မှန်းချက်များအရ လာမည့်ရက်သတ္တပတ် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ပုံမှန် အပူချိန်ထက် မြင့်တက်နိုင်တယ်လို့အသိပေးဆိုပါတယ်။

ယင်းကဲ့သို့ အပူချိန်အလွန်အမင်း မြင့်တက်မှုများကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ အပူချိန် အလွန်အမင်းမြင့်တက်ခြင်းကြောင့် အရေပြားနေလောင်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အပူလွန်၍ သတိလစ်ခြင်းတို့အပြင် ပိုမိုပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၄။ သြစတြေးလျနိုင်ငံကင်ဘာရာမြို့တော်၊ Yarralumla သံတမန်ရပ်ကွက်က NUG ဆက်ဆံရေးရုံးမှာ လူထုတွေ့ဆုံပွဲကျင်းပမည်


မတ်လ၁၇ရက်


သြစတြေးလျနိုင်ငံကင်ဘာရာမြို့တော်၊ Yarralumla သံတမန်ရပ်ကွက်က NUG ဆက်ဆံရေးရုံးမှာ Canberra Town Hall Meetingကိုမတ်လ (၂၂) စနေနေ့မှာ ကျင်းပမယ်လို့သိရပါတယ်။

"စနေနေ့ ကင်ဘာရာမြို့တော်၊ Yarralumla သံတမန်ရပ်ကွက်က NUG ရုံးမှာ ဖြစ်ပါတယ်၊ NUG ဝန်ကြီးဌာနအသီးသီးရဲ့ လုပ်ဆောင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ ပြီးမြောက် အောင်မြင်မှုတွေကို တင်ပြသွားမှာ ဖြစ်ပြီး  အထူးသဖြင့် "" သုံးလုံး ကိစ္စရပ်တွေကို ရှင်းပြဖို့ မြေပြင်မှာ ဦးဆောင်နေတဲ့ အမြဲတမ်းအတွင်းဝန်ကလည်း အွန်လိုင်းကနေ တက်ရောက် ရှင်းပြ ဆွေးနွေးမှာ ဖြစ်သလို လူတွေ သိပ်မသိကြတဲ့ NUG ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို ရှင်းပြဖို့ သူ့ရဲ့ အမြဲတမ်းအတွင်းဝန်ကလည်း လူကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပါတယ်"လို့ သြစတြေးလျနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကအသိပေးဆိုထားပါတယ်။

အဆိုပါအခမ်းအနားကို သြစတြေးလျရောက်မြန်မာအင်အားစုများတက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၅။ ”ILO ထံ... လူထုအသံ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်း ပြုလုပ်မည်


မတ်လ၁၇ရက်


"ILO ထံ... လူထုအသံ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်း ပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။အဆိုပါစကားဝိုင်းကို မတ်လ၁၉ရက် မနက်ပိုင်းတွင် Radio NUGနဲ့သတင်းဌာနများကထုတ်လွှင့်မှာဖြစ်ပါတယ်။

စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ စကစရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်မှုများ၊ အဓမ္မစစ်သားစုဆောင်းမှုများကြောင့် အလုပ်သမားများအပါအဝင် ပြည်သူတစ်ရပ်လုံး ထိခိုက်ခံစား အတိဒုက္ခရောက်နေမှုများအပေါ် ILO က ပြင်းထန် ထိရောက်သည့် အပြစ်ပေးအရေးယူမှုများ ပြုလုပ်နိုင်ရေး၊ ILO ယန္တရားမှတဆင့် အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းရေးတို့နှင့်စပ်လျဉ်း၍ကျင်းရခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၆။ မြန်မာစစ်အုပ်စုနှင့် ၎င်း၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းနိုင်ခြင်းမရှိဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အဆုံးသတ်ပပျောက်နိုင်မည် မဟုတ်


မတ်လ၁၇ရက်


မြန်မာစစ်အုပ်စုနှင့် ၎င်း၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းနိုင်ခြင်းမရှိဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အဆုံးသတ်ပပျောက်နိုင်မည် မဟုတ်ကြောင်း JusticeForMyanmarက ဖော်ပြပါတယ်။

Justice For Myanmar သုတေသနတွင် ဆိုက်ဘာငွေလိမ်လုပ်ငန်းများသည် ထိုင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ မြန်မာစစ်အုပ်စု၊ ၎င်း၏ပြည်သူ့စစ်များနှင့် အပေါင်းအပါများ၏ အားပေးကူညီမှုကြောင့် ပို၍ပင် ချဲ့ထွင်များပြားလာကြောင်း တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။


မြန်မာစစ်အုပ်စုနှင့် ၎င်း၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းနိုင်ခြင်းမရှိဘဲ ယင်းနိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အဆုံးသတ်ပပျောက်နိုင်မည် မဟုတ်ကြောင်းလည်းဖော်ပြပါတယ်။

မြန်မာစစ်အုပ်စု၊ ကရင်နယ်ခြားစောင့်တပ်နှင့် ၎င်း၏ အပေါင်းအပါများ အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်နေမှုအား အဆုံးသတ်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပို၍ကျယ်ပြန့်သော ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုများ အပါအဝင် ပစ်မှတ်ထားအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်တယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် လောင်စာဆီနှင့် လျှပ်စစ်မီးပေးပို့မှုများနှင့် တည်ရှိပြီး စွမ်းအင်ရောင်းချမှုသဘောတူစာချုပ်များကို အရေးတကြီး ပြန်လည်သုံးသပ်သင့်ပြီး၊ မည်သည့် ရောင်းချမှုများက ရာဇဝတ်လုပ်ငန်းများအား အားပေးကူညီခဲ့ကြောင်းကိုလည်း ပွင့်လင်းမြင်သာစွာ အစီရင်ခံ တင်ပြသင့်တယ်လို့ JusticeForMyanmarကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩၁။ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှု ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရ


မတ်လ၁၇ရက်


အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု နှစ်ထောင်ကျော်ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း သုံးရာကျော်အသက်ဆုံးရှုံးခဲ့ရကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ မတ်လ၁၇ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။


၂၀၂၅ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ညနေ ၅း၃၀ အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို အကြမ်းဖက်စစ်အုပ်စုမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော် () ပါး၊ အသက် (၁၈) နှစ်အောက် ကိုရင် () ပါး၊ အရပ်သား ပြည်သူ အမျိုးသား () ဦးနှင့် အမျိုးသမီး () ဦး၊ စုစုပေါင်း (၁၀) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။ 

ထိုတိုက်ခိုက်မှု မတိုင်ခင် () ရက်အလို မတ်လ (၁၄) ရက်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်အုပ်စုအနေဖြင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် () လသား ကလေးသူငယ် တဦးအပါအဝင် ကလေးသူငယ် စုစုပေါင်း () ဦးနှင့် အရပ်သားပြည်သူ (၂၁) ဦး အသက်ဆုံးရှုံးခဲ့ရသည်။ 

အကြမ်းဖက်စစ်အုပ်စုသည် အများပြည်သူသွားလာနေသည့် ဈေးနှင့် သာသနိက အဆောက်အဦများကိုရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှတိုက်ခိုက်သည့် ထိုလုပ်ရပ်အား အပြင်းအထန်ရှုံ့ချသည်။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အများပြည်သူဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ကို မဟာဗျူဟာ တရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေပြီး၊ ထိုသို့တိုက်ခိုက်ခြင်းကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ပြည်သူများ၏ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ (၁၆) ရက်နေ့အထိ  မှတ်တမ်းတင်ထားသော အချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို တိုက်ခိုက်မှုနှင့် ကလေးသူငယ် များအပေါ် ထိခိုက်သေကြေစေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) က တားမြစ်ထားသည့် အချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ် ပေးရမည့်အချက်များကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်များအပေါ် ကြီးမားသည့် ကျူးလွန်မှု () မျိုးတွင် အပါအဝင်ဖြစ်သည့် ကလေးသူငယ်များကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုသည့်အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်သည်။ ထို့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်ပါ ကလေးသူငယ်များ၏ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်မှု ရရှိပိုင်ခွင့်များကို ချိုးဖောက်ရာရောက်သည်။

၆။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ရုံတင်မက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာစံချိန် စံနှုန်းများ၊ နိုင်ငံတကာစာချုပ်များကို ပြင်းထန်စွာချိုးဖောက်နေသည့် အကြမ်းဖက် စစ်အုပ်စုအား နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် နိုင်ငံတကာ တရားစီရင်မှုယန္တရားများမှ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြပါရန် လူ့အခွင့်အရေးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကို ကြိုးပမ်းလုပ်ဆောင်နေသောနိုင်ငံများအား တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ စစ်ကောင်စီ တပ်ကြပ်တစ်ဦး နှင့် တပ်သား နှစ်ဦးတံတားဦး ပကဖ သို့ အလင်းဝင်


မတ်လ၁၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်()စစ်ဒေသ၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တံတားဦး ပကဖ) သို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး (လက်နက်နှင့်တကွ) တပ်သား နှစ်ဦး စုစုပေါင်း ()ဦး အလင်းဝင်ရောက်လာကြောင်းသိရပါတယ်။

၂၀၂၅ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်()စစ်ဒေသ၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တံတားဦး ပကဖ) သို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ် အောင်မိုးသည် MA1 တစ်လက် ကျည် ၁၆၂ တောင့်၊ ဗုံးသီး ၂လုံး၊ နင်းမိုင်း လုံး၊ G3 ကျည် ၁၀တောင့်၊ MA1 ကျည်ဘောက် ၃ဘောက်တို့နှင့်တကွ အလင်းဝင်ရောက်လာခဲ့ကာ ထိုနေ့တွင်ပင် စစ်မှုထမ်း အပတ်စဉ်() ခေါ်ချိန်တွင် ပေါ်တာဆွဲ ခံရသောအကြမ်းဖက်စစ်ကောင်စီ ခလရ(၂၅၃)မှ တပ်သား ကျော်အောင်၊တပ်သား ဗြားကြီးတို့ နှစ်ဦးသည်လည်း အကြမ်းဖက် စစ်ကောင်စီထံမှ လက်နက်မပါ၊ ကိုယ်လွတ်ရုန်းကာ တံတားဦးမြို့နယ် ပကဖ သို့ အလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။


 တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(တံတားဦး ပကဖ)အနေဖြင့် အလင်းဝင် ရောက်လာသော ၎င်းတို့()ဦးကို နွေးထွေးစွာ ကြိုဆိုပြီး လက်နက်ခဲယမ်းများ ယူဆောင်ပေးနိုင်ခဲ့သော တပ်ကြပ်အောင်မိုး သာမက ကိုယ်လွတ်ရုန်းကာ အလင်းဝင်နိုင်ခဲ့သော တပ်သား ၂ဦးကိုလည်း ထိုက်သင့်သော ချီးမြှင့်ငွေများ ပေးအပ်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေ များသို့ ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩၃။ ရန်သူဟာ နိုင်ငံရဲ့နယ်မြေ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲ ချုပ်ကိုင်ထားနိုင်တော့တယ်လို့ဆို


မတ်လ၁၇ရက်


ရန်သူဟာ နိုင်ငံရဲ့နယ်မြေ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲ ချုပ်ကိုင်ထားနိုင်တော့တယ်လို့ စစ်ရေးသတင်းများကိုသုံးသပ်ဖော်ပြနေတဲ့ PDFInsightက ဖော်ပြပါတယ်။

"တူမီးနဲ့စခဲ့လို့ နိုင်ငံတကာစစ်ရေးအကဲခတ်များ အထင်သေးပြီး ဟာသဖြစ်ခဲ့တဲ့ တော်လှန်ရေးဟာ ၄နှစ်ဆိုတဲ့ တိုတောင်းလှတဲ့ ကာလအတွင်းမှာ တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အခြေအနေရောက်လာပါပြီ။ တိုက်ပွဲတွေဟာ တိုင်းပြည်မြောက်ဖျားကနေတောင်ဖျားအထိ၊ နိုင်ငံရဲ့ အနောက်ကြော ချင်း ရခိုင်ပြည်နယ်တွေကနေ အရှေ့မြောက်ခြမ်း နဲ့အရှေ့တောင်ခြမ်း အထိ(တရုတ်နယ်စပ်နဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့နေရာများမှအပ)  အနှံ့အပြားဖော်ဆောင်နေကြတာဖြစ်တယ်။ ရန်သူဟာ နိုင်ငံရဲ့နယ်မြေ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲ ချုပ်ကိုင်ထားနိုင်တော့တာပါ။  ဒီလိုအခြေအနေ ရောက်လာတဲ့ အဓိက အကြောင်းရင်းကတော့ တိုင်းပြည်ကို ဆယ်စုနှစ်များစွာ ကြီးစိုး ခွတုတ်လာတဲ့ ဖက်ဆစ်စစ်တပ်ကို အပြုတ်တိုက်မှ ရတော့မယ်ဆိုတဲ့ ပြည်သူတရပ်လုံးရဲ့ အလွန်ခိုင်မာတဲ့ သံန္နိဌာန်ကြောင့်ပါပဲ။"လို့ PDFInsightကသုံးသပ်ဆိုထားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးဟာ စာတွေ့မဟုတ်သော လက်တွေ့ဘဝအတွေ့အကြုံများစွာနဲ့ ဖြတ်သန်းတည်ဆောက်လာခဲ့တာဖြစ်ပြီး ကမ္ဘာ့အဆင့် ၃၈ လို့ဆိုတဲ့ စစ်တပ်ကို တူမီးနဲ့စပြီးတိုက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သက်တမ်း နှစ်ရောက်လာချိန်မှာ အတော်ပြည့်ဝတဲ့ အတွေအကြုံတွေရရှိလာခဲ့ပြီလို့လည်းဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment