18th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအားလုံး ခြွင်းချက်မရှိရပ်ဆိုင်းထားရန် NUGသတိပေး

📌 ⁨⁨⁨⁨⁨⁨⁨၂။ ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ထိုက်တန်စွာ ဂုဏ်ပြုခံရခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိနေမှုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉၀ ဖွဲ့ကအိတ်ဖွင့်ပေးစာပေးပို့


========================


၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ KNU တပ်မဟာ() ဌာနချုပ်နေရာသို့ ဒရုန်း()လုံးထပ်မံကျရောက်ပေါက်ကွဲ

🚩၂။ (BPLA) တပ်တည်ထောင်ခြင်း ()နှစ်ပြည့် သင်တန်းတခုစာလူဦးရေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ကမ်ပိန်းစတင်

🚩၃။ မြန်မာစစ်အုပ်စုနဲ့ ရက်စက်ယုတ်မာမှုတွေကို ရပ်တန့်ရေး Airbusအပေါ် အရေးတကြီးတောင်းဆိုချက်မှာ ပါဝင်ဖို့နှိုးဆော်

🚩၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၀၀)ကျော် ရှိခဲ့ပြီဖြစ်

🚩၅။ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မြန်မာ့အရေး ဆွေးနွေးပွဲကို ဒေါက်တာမီမီဝင်းဘတ်နဲ့ဒေါက်တာတေဇာဆန်းတို့ပါဝင်ဆွေးနွေးမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအားလုံး ခြွင်းချက်မရှိရပ်ဆိုင်းထားရန် NUGသတိပေး


မတ်လ၁၈ရက်


စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြုပ်နှံမှုကော်မရှင် MICထံမှ ခွင့်ပြုမိန့်၊အတည်ပြုမိန့်များတောင်းခံကာ ဆောင်ရွက်ဆဲတရားမဝင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအားလုံး ခြွင်းချက်မရှိရပ်ဆိုင်းထားရန် NUGက သတိပေးပြောကြားလိုက်ပါတယ်။


ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် /၂၀၂၅"မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်မှ ပြောဆိုလိုက်တာဖြစ်ပါတယ်။

"ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းမှုမတိုင်မီက နိုင်ငံများအကြား ချုပ်ဆိုထားတဲ့နယ်နမိတ်သဘောတူညီချက်များအပါအဝင် စာချုပ်များနဲ့ သဘောတူညီချက်များကိုသာ အသိအမှတ်ပြုတာဝန်ယူဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် တရားမဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြုပ်နှံမှုကော်မရှင် MICထံမှ ခွင့်ပြုမိန့်၊အတည်ပြုမိန့်များ တောင်းခံကာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကိုဆောင်ရွက်ခြင်းလုံးဝ မပြုလုပ်ကြရန်ပါနှင့် ဆောင်ရွက်ဆဲတရားမဝင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကိုလည်း ချွင်းချက်မရှိရပ်ဆိုင်းထားရန် အထူးသတိပေးအကြောင်းကြားလိုပါတယ်"လို့ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ တရားမဝင်ဘဲ နိုင်ငံတော်သယံဇာတများကိုရောင်းစားလျက်ရှိပြီးတော့ နိုင်ငံပိုင်လုပ်ငန်းများမှရရှိငွေများအား စစ်ရေးအသုံးစရိတ်အဖြစ်အသုံးချလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ထိုက်တန်စွာ ဂုဏ်ပြုခံရခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်


မတ်လ (၁၈) ရက်


ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ထိုက်တန်စွာ ဂုဏ်ပြုခံရခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနှင့် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ပါတယ်။

 မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်အား ၂၀၂၅ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ကကျင်းပသော နရီစူဝမ်တက္ကသိုလ်၏ ၂၀၂၃ ပညာသင်နှစ်အတွက် ဘွဲ့နှင်းသဘင်တွင် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (အာဆီယံလေ့လာမှု)ကို  ချီးမြှင့်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

 ဒေါက်တာစင်သီယာမောင်သည် မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်တွင် မြန်မာ-ထိုင်းနယ်စပ် မဲဆောက်၌ တည်ထောင်ခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများ ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင် လာသော မြန်မာဒုက္ခသည်များကို ဆေးကုသမှုများ သာမက လူမှုရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို အစဉ်တစိုက်ပံ့ပိုးပေးနေခဲ့သူတစ်ဦး ဖြစ်ပါတယ်။


 ဒေါက်တာစင်သီယာမောင် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ထိုက်တန်စွာ ဂုဏ်ပြုခံရခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနှင့် အထူး ဂုဏ်ယူဝမ်းမြောက် ကြောင်း ထုတ်ပြန်အပ်တယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံ Nareasuan University က ဒေါက်တာစင်သီယာမောင်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပြီးအခမ်းအနားကို မတ်လ (၁၁)ရက်နေ့ကထိုင်းဘုရင့်တော်ဝင်မိသားစုက Princess Maha Chakri Sirindhorn ကိုယ်တိုင် လာရောက်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိနေမှုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉၀ ဖွဲ့ကအိတ်ဖွင့်ပေးစာပေးပို့


မတ်လ၁၈ရက်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိနေမှုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉၀ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

မတ်လ၊ ၁၇ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ထံ ပေးပို့ခဲ့တာလို့သိရပါတယ်။

ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antnio Guterres) အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ (Julie Bishop) စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိ၊ မရှိကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တွေ့ရှိချက်များကို အများပြည်သူသို့ အသိပေးချပြရန် လက်မှတ်ရေးထိုးထားသော မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၉၀ ဖွဲ့တို့က တောင်းဆိုလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။

အထူးကိုယ်စားလှယ်၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော Shenghe Resources နှင့် China Communications Construction Company အပါအဝင် ဖြစ်နိုင်ခြေရှိသော သို့မဟုတ် အတည်ပြုထားသော သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများ ရှိနေကြောင်းကို  အံ့ဩဖွယ်သိရှိရပြီးသူမ၏ တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်နေမှုသည် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦး အနေဖြင့် ရှိရမည့် သမာသမတ်ကျမှုနှင့် လွတ်လပ်အမှီအခိုကင်းမှုအပေါ် အလွန်ပင်ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေတယ်လို့ဖော်ပြပါတယ်။


ယခုအချိန်သည် မြန်မာနိုင်ငံအကျပ်အတည်းအပေါ် ကုလသမဂ္ဂ၏ အဆင့်နှိမ့်တာဝန်လွှဲအပ်မှုကို နောက်ဆုံး အဆုံးသတ်ရမည့်အချိန်ဖြစ်ကာလက်ရှိဖြစ်ပေါ်နေသည့် အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာပဋိပက္ခကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် အန္တရာယ်ကျရောက်စေသည့် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရုပ်သိမ်းရန် UNGA အား မိမိတို့မှ တိုက်တွန်းတောင်းဆိုအပ်တယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ KNU တပ်မဟာ() ဌာနချုပ်နေရာသို့ ဒရုန်း()လုံးထပ်မံကျရောက်ပေါက်ကွဲ


မတ်လ၁၈ရက်


ထိုင်း - မြန်မာ နယ်စပ်က ခြေကုပ်စခန်းကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ (မတ်လ  ၁၈ရက်  ) မနက်ပိုင်းအစောပိုင်း နာရီကျော်က ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟိုဌာနချုပ်ကို ဒရုန်းနဲ့ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ယနေ့နံနက် ထိုင်းစံတော်ချိန် နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ နာရီ မိနစ်တစ်ကြိမ်၊ နာရီ ၁၄ မိနစ် တစ်ကြိမ် စုစုပေါင်း ဒရုန်း()ကြိမ်၊ တပ်မဟာ()ဌာနချုပ်အခြေစိုက်သည့် ဌာနဆိုင်ရာရုံးနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးကလည်း အတည်ပြုထားပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း KIC သတင်းတွင် ဖော်ပြထားသည်။

ဒရုန်း လုံးလာရာလမ်းကြောင်းအရ ဖားအံခရိုင်နယ်မြေ၊ လှိုင်းဘွဲမြို့နယ်ရှိ ရှမ်းရွာသစ်မြို့ဘက်မှ လွှတ်တင်တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ခရိုင်ဥက္ကဋ္ဌဖြည့်စွက်ပြောပြသည်။

၁၀ မိနစ်ဝန်းကျင်ခန့်ခြား၍ ဒရုန်း()လုံးဆက်တိုက်ကျရောက်ပေါက်ကွဲပြီး ပေါက်ကွဲမှု အားပြင်းထန်သောကြောင့် ၎င်းပတ်ဝန်းကျင်ရှိ လူထုစိုးရိမ်ထိတ်လန့်ကာ နေအိမ်ပေါ်မှတိမ်းရှောင်နေထိုင်ခဲ့ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။


ယခုတိုက်ခိုက်မှုမှာ တပ်မဟာ () ဌာနချုပ်ကို တတိယအကြိမ်မြောက် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ယခင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နှင့် ယခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် (ကရင်အမျိုးသားတော်လှန်ရေးနေ့) တို့တွင်လည်း အလားတူ အသေခံဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။

၀၂၄ ခုနှစ်အတွင်းမှစကာ တပ်မဟာ()နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများဖြစ်လာသလို ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏တပ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအထူးသတိထားရသည့် အနေအထားဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။


========================


🚩🚩၂။ (BPLA) တပ်တည်ထောင်ခြင်း ()နှစ်ပြည့် သင်တန်းတခုစာလူဦးရေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ကမ်ပိန်းစတင်


မတ်လ၁၈ရက်


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း ()နှစ်ပြည့်မှာ သင်တန်းတခုစာလူဦးရေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ကမ်ပိန်းစတင်လိုက်ပါတယ်။


ကျနော်တို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာ နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတာဖြစ်ပြီး နောက်လဆိုရင် တပ်တည်ထောင်ခြင်း ()နှစ်ပြည့်ပါတော့မယ်။ ဒီကာလအတွင်းမှာပဲ ပြည်သူများရဲ့ ထောက်ပို့မှုနဲ့အတူ အညာစစ်ဒေသအသစ်တခုလည်း ထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ကျန်စစ်ဒေသနှစ်ခုမှာလည်း မဟာမိတ်များနဲ့အတူ တိုက်ပွဲပေါင်းများစွာကို အောင်မြင်စွာတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။နှစ်စဉ်တိုင်း တပ်တော်မွေးနေ့ကိုရောက်တဲ့အခါ ပြည်သူများထံကနေ မေတ္တာလက်ဆောင်တောင်းခံလျက်ရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း တပ်တော်ရဲ့ ရှေ့လုပ်ငန်းစဉ်များထဲက တော်လှန်ရေးရဲဘော်များမွေးထုတ်မယ့် လေ့ကျင့်ရေးအတွက် ရန်ပုံငွေကမ်ပိန်းလေးတခုပြုလုပ်သွားပါမယ်လို့BPLAက ဖော်ပြထားပါတယ်။


ယခုပြုလုပ်မယ့် တပ်တော်()နှစ်ပြည့်ကမ်ပိန်းမှာ သင်တန်းတခုစာလူဦးရေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်မှန်းထားပြီးကမ်ပိန်းကာလမှာမတ်လ - ၁၇ရက် မှ ဧပြီလ၁၇ရက် အထိဖြစ်ပါတယ်။

ဒီထဲမှာ ခေါင်းအစခြေအဆုံး ဝတ်ဆင်ရတဲ့ ယူနီဖောင်း၊ တကိုယ်ရည်သုံးပစ္စည်းနဲ့ ရိက္ခာဖိုးတွေ စသဖြင့် သင်တန်းသားတဦးကို သုံးလသင်တန်းတခုအတွက် ဖြည့်ဆည်းပေးရတဲ့ ကုန်ကျစရိတ်က မြန်မာငွေ (၁၀)သိန်းကျပ်ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။


========================


🚩🚩၃။ မြန်မာစစ်အုပ်စုနဲ့ ရက်စက်ယုတ်မာမှုတွေကို ရပ်တန့်ရေး Airbusအပေါ် အရေးတကြီးတောင်းဆိုချက်မှာ ပါဝင်ဖို့နှိုးဆော်


မတ်လ၁၈ရက်


မြန်မာစစ်အုပ်စုနဲ့ ရက်စက်ယုတ်မာမှုတွေကို ရပ်တန့်ရေး Airbus အပေါ်  အရေးတကြီးတောင်းဆိုချက်မှာပါဝင်ဖို့ မတ်လ၁၈ရက်မှာ JusticeForMyanmarက အသိပေးနှိုးဆော်လိုက်ပါတယ်။


"ပြင်သစ် လေကြောင်းကုမ္ပဏီကြီး Airbus ဟာ မြန်မာစစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေအပေါ် သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် ပံ့ပိုးအားပေးနေပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ငန်းတွေကို နောက်ဆုတ်ရပ်တန့်လိုက်ရုံနဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရပ်အမြောက်အများကို ဖြတ်တောက်ပစ်နိုင်ပါတယ်။အခုအချိန်မှာတော့ လေကြောင်းလုပ်ငန်းဟာ ရုန်းကန်နေရပြီး Airbus အတွက် နောက်ဆုံး လိုအပ်နေတာကတော့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေမှုအပေါ်  ပြည်သူလူထုတွေရဲ့ တညီတညွတ်တည်း ပြစ်တင်ရှုတ်ချသံတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးစုရုန်းပြီး တညီတညွတ်တည်း တသံတည်း တိုက်တွန်းပြောကြရအောင်ပါ"လို့ဆိုထားပါတယ်။


အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ရပ်တန့်ရေး Airbus အပေါ် အရေးတကြီး တောင်းဆိုချက်မှာ  လက်မှတ်ရေးထိုးတောင်းဆိုမှုတွင် ပါဝင်ရန်

JusticeForMyanmarက၄င်းလူမှုကွန်ရက်မှာဖော်ပြထားပါတယ်။


========================


🚩🚩၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၀၀)ကျော် ရှိခဲ့ပြီဖြစ်


မတ်လ၁၈ရက်


 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၀၆) ဦး ရှိခဲ့ပြီဖြစ်တယ်လို့  AAPPကဖော်ပြပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၈၆၁) ဦးရှိပြီး ထိုအထဲမှ (၂၂၀၇၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၆၄၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


🚩🚩၅။ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မြန်မာ့အရေး ဆွေးနွေးပွဲကို ဒေါက်တာမီမီဝင်းဘတ်နဲ့ဒေါက်တာတေဇာဆန်းတို့ပါဝင်ဆွေးနွေးမည်


မတ်လ (၁၈) ရက်


ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မြန်မာ့အရေး ဆွေးနွေးပွဲကို ဒေါက်တာမီမီဝင်းဘတ်နဲ့ဒေါက်တာတေဇာဆန်းတို့ ပါဝင်ဆွေးနွေးမယ်လို့သိရပါတယ်။

မတ်လ (၂၇) ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မြန်မာ့အရေး ဆွေးနွေးပွဲကိုမတ်လ ၂၉ ရက်(စနေနေ့) မြန်မာစံတော်ချိန် နံနက် နာရီခွဲမှာ CRPH/NUG Support Group (Australia) က ကမကထ လုပ်ကျင်းပမယ်လို့သိရပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ ဒေါက်တာမီမီဝင်းဘတ်၊ CDM ဗိုလ်ကြီးဇင်ယော်နဲ့ ဒေါက်တာတေဇာဆန်းတို့ ဆွေးနွေး ဟောပြောကြမှာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် နွေဦးရွှေဝါနှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment