18th Mar 2025 - Morning Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ တွေ့ဆုံဆွေးနွေး

📌 ၂။ နွေဦးတော်လှန်ရေးရဲ့ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို

📌 ၃။ "၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့်စပ်လျဉ်း၍  ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များထုတ်ပြန်

📌 ၄။ အမေရိကန်နိုင်ငံ ဘော့စတွန်ရှိ မြန်မာအင်အားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်း တွေ့ဆုံ

📌 ၅။ မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ လေကြောင်းကိုသာ အဓိကထား အသုံးပြုနေ

📌 ၆။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိ


========================


၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကသာမှ အင်းတော်ဘက်ကို စစ်ကူဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ဖွဲ့စည်းပုံ ပျက်တဲ့ထိ ကြားဖြတ် တိုက်ခိုက်ခံရ

🚩 ၂။ လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွား

🚩 ၃။ ပခုက္ကူ၊ ညောင်ဂျစ်ပင် ပျူရွာကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၄။ လက်ပန်လှရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်ရာ အမျိုးသမီး ၃ဦးသေဆုံး

🚩 ၅။ စဉ့်ကိုင်မြောက်ရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦး အပါအဝင် ဦးသေဆုံး 

🚩 ၆။ ဒေါနစစ်ကြောင်း () ရေးပြောက်ကျားတပ် (YGF) မှ ရဲဘော် ဦး ကျဆုံး

🚩 ၇။ စဉ့်ကူးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ဖမ်းဆီး

🚩 ၈။ ပျူစောထီး တစ်ဦးနဲ့ အဓမ္မ တပ်သားသစ် စုဆောင်းခံထားရသူ ဦး နတ်စစ်သည် တပ်ဖွဲ့ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ တွေ့ဆုံဆွေးနွေး


မတ်လ၁၇ရက်

Radio NU


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့်  ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း Federal Net အင်တာနက်ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆက်သွယ်ရေး၊သတင်းအချက်အလတ်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် ဝန်ကြီးဌာနတာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးရဲ့ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို


မတ်လ၁၇ရက်

Radio NUG

နွေဦးတော်လှန်ရေးရဲ့ mandate ကတော့ ရှင်းလင်းပြတ်သားလှပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး ပေတံနဲ့ပဲ အဖွဲ့အစည်း သင်းပင်းလုပ်ဆောင်မှုတွေကို တိုင်းတာရမှာဖြစ်တယ်လို့ မတ်လ ၁၇ရက်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်ထွန်းအောင်က အသိပေးဆိုထားပါတယ်။


"မင်းအောင်လှိုင်ရဲ့ မိစ္ဆာတပ်ဟာ သူ့အင်စတီကျူးရှင်း ရှိသေးတာမို့ ဝိတ်တန်းတူ ယှဉ်ပြိုင်နိုင်ဖို့ ဆိုရင် ကိုယ့်အင်စတီကျူးရှင်း တွေကလည်း တောင့်တင်းခိုင်မာယုံသာမက၊ သူ့ထက်သာလွန် ကောင်းမွန်တဲ့ အဖွဲ့အစည်း အစီအမံများလိုအပ်မှာပါ။ ကျနော့် အနေနဲ့ကတော့ အဲ့လို အင်စတီကျူးရှင်း အစိတ်အပိုင်းတွေ ပိုမို ကောင်းမွန်လာရေး၊ process evaluation များကိုပဲ ပိုအာရုံစိုက်လုပ်ဆောင်မှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


========================


📌📌 ၃။ "၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့်စပ်လျဉ်း၍  ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များထုတ်ပြန်


မတ်လ ၁၇

Radio NUG

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့်စပ်လျဉ်း၍  ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသိရှိရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း စစ်ဆေးခြင်းအစီအစဥ်တွင် မိမိတို့ပါဝင်ဖြေဆိုလိုသော ဘာသာတွဲအလိုက် ဖြေဆိုခွင့်ကို မတ်လ ၂၂ရက်မှ ဧပြီ ၃၀ရက်အထိ ဖြေဆိုလျှောက်ထားနိုင်ကြောင်း ဖော်ပြပါတယ်။


ပါဝင်ဖြေဆိုခွင့်ကို ကိုယ်တိုင်လျှောက်ထားနိုင်ပြီး မည်သည့်အခကြေးငွေမှ ပေးရန်မလိုကြောင်း ကြေညာထားပါတယ်။


ဒါ့အပြင် ဖြေဆိုနေစဥ်အတွင်း အရေးပေါ်အခြေအနေပေါ်ပေါက်ခဲ့ပါက နောင်တစ်ကြိမ်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ အမေရိကန်နိုင်ငံ ဘော့စတွန်ရှိ မြန်မာအင်အားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်း တွေ့ဆုံ


မတ်လ ၁၇ရက်

Radio NUG

အမေရိကန်နိုင်ငံ ဘော့စတွန်ရှိ မြန်မာအင်အားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းတို့ တွေ့ဆုံခဲ့ကြောင်း မတ်လ၁၇ရက်မှာ အသိပေးဆိုထားပါတယ်။


"ဘော့စတွန်မှာရှိတဲ့ မိတ်ဆွေများ နွေးထွေးကြင်နာစွာ ကြိုဆိုပေးကြလို့ လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရောက်တာနဲ့ အရင်ထဲက ရင်းနှီးသိကျွမ်းသလို ခံစားရပြီး အိမ်ပြန်ရောက်သလိုပါဘဲ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် တစိုက်တမတ် ကူညီထောက်ပံ့ပေးမှုတွေဟာ အားရစရာကောင်းလှပါတယ်။ မေမေ့ နိုဘယ်လ်ဆုကနေ မတည်ထားတဲ့ Prospect Burma ရဲ့ ပညာသင်ဆုရရှိထားတဲ့ သူတွေရဲ့ အောင်မြင်မှုတွေကို မြင်ရကြားရတာ အရမ်းကို ဝမ်းသာပီတိဖြစ်တယ်။ မေမေက မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ဖို့ဆို ပညာရေးဟာ အရေးကြီးအချက်တွေထဲက တခုလို့ အမြဲယုံကြည်တဲ့သူပါ။ အခုလိုအောင်မြင်နေတဲ့ ညီမငယ်တွေရဲ့ စကားကိုကြားရတော့ မေမေ့ယုံကြည်ချက်တွေ အကောင်အထည်ပေါ်လာတာလို့ တွေးမိတယ်၊ ပိုပြီးမျှော်လင့်လို့ရလာတယ်"လို့ ဆိုပါတယ်။


ဒါ့အပြင် အားလုံးရဲ့ ပြင်းပြတဲ့ဆန္ဒအတွက် ကြိုးပမ်းနေမှုတွေက အားတက်စေပြီး  မြန်မာနိုင်ငံအတွက် အားမာန်အပြည့်နဲ့ ကြိုးစားကြဖို့လည်း ကိုထိန်လင်းက ဆိုပါတယ်။


အဆိုပါတွေ့ဆုံပွဲကို  ပြည်သူ့ဂုဏ်ရည်အသင်း New England က ဦးစီးပြီးပြုလုပ်ခဲ့တာဖြစ်ပြီး ကင်အဲရစ်မှ လက်ရှိမြန်မာနိုင်ငံရှိ စစ်ဘေးသင့်ပြည်သူများ၊ နေရပ်စွန့်ခွာလာရသည့်သူများအား အရေးပေါ်အကူအညီပေးနိုင်သည့် အထောက်ပံ့များ အပူတပြင်း လိုအပ်လျက်ရှိပုံကို ပြောဆိုဆွေးနွေးခဲ့၍ မြေပြင်အထောက်အပံ့များ ပံ့ပိုးပေးလျက်ရှိသော ပရောဂျက်များအ‌ကြောင်းကိုလည်း မိတ်ဆက်မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ဒေါ်‌အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား ချပ်ကို တချပ်လျှင် အမေရိကန်ဒေါ်လာ ,၀၀၀ ဖြင့် နွေဦးတော်လှန်‌ရေး ထောက်ပို့သူများက အားဖြည့်ပါဝင်ခဲ့ကြခြင်းကို ကင်မ်အဲရစ်မှ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပြီး ကင်အဲရစ်လက်မှတ်ရေးထိုးထားသော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပြက္ခဒိန် (Suu 80th Birthday Calendar ) ကိုလည်း လေလံတင်ခဲ့ရာ အမေရိကန်‌ဒေါ်လာ ,၅၀၀ ဖြင့် လေလံအောင်မြင်ခဲ့‌တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ လေကြောင်းကိုသာ အဓိကထား အသုံးပြုနေ


မတ်လ၁၇ရက်

Radio NUG

မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ လေကြောင်းကိုသာ အဓိကထား အသုံးပြုနေတယ်လို့ မတ်လ၁၇ရက်မှာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု ကမ်ပိန်းက အသိပေးဖော်ပြပါတယ်။


"မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ လေကြောင်းကိုသာ အဓိကထား အသုံးပြုနေတာပါ။ လေကြောင်းလို့ပြောရင် လေယာဉ်အပြင် ဒရုန်း (drone) ကိုပါ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေတာ ဖြစ်ပါတယ်။ လေယာဉ်နဲ့တိုက်ဖို့အတွက် လေယာဉ်ဆီ၊ လေယာဉ်တပ်လက်နက်၊ လေယာဉ်ပြန်လည်ပြုပြင်မှု အစရှိတာတွေအတွက် ငွေကြေးလိုအပ်ပါတယ်။ ဒရုန်းနဲ့တိုက်ဖို့အတွက်လည်း နည်းပညာနဲ့ ဒရုန်းဆိုင်ရာပစ္စည်းတွေကို ဝယ်ယူရပါတယ်။ ဒီ မျိုးလုံးအတွက် စစ်အုပ်စုကို ထိုင်းအစိုးရပိုင် PTT (PTTEP) က ရေနံငွေနဲ့ ထောက်ပံ့နေတာပါ။ ရေနံငွေတွေကို စစ်အုပ်စုကို မပေးဘဲ Escrow အကောင့်မှာ သိမ်းထားသည့်တိုင် လုပ်ငန်းကို ဆက်လုပ်လို့ရသော်လည်း ထိုင်းအစိုးရကတော့ စစ်အုပ်စုကို နှစ်စဉ် ဒေါ်လာ ဘီလီယျံချီ ထောက်ပံ့နေတာပါ။ ဒီငွေတွေနဲ့ပဲ စစ်အုပ်စုဟာ လေယာဉ်ဆီအပါအဝင် လေကြောင်းတိုက်ခိုက်နိုင်ဖို့ လိုအပ်တာတွေကို ဝယ်ယူရရှိနိုင်နေတာဖြစ်တယ်"လို့ဆိုပါတယ်။


လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ဖို့ ငွေကြေးရရှိနေမှုကို ဖြတ်တောက်ဖို့ ကမ်ပိန်းတွေမှာလည်းပါဝင်ဖို့နှိုးဆော်ထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိ


မတ်လ၁၇ရက်

Radio NUG

အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိတယ်လို့ AAPPကထုတ်ပြန်ပါတယ်။


မတ်လ ၁၂ ရက်နေ့ တစ်ရက်တည်းမှာပင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာကိုလည်းကောင်း၊ မကွေးတိုင်း၊ စလင်းမြို့နယ်၊ နေပူခံကျေးရွာကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကြပ်တိန်ကျေးရွာကိုလည်းကောင်း မြေပြင်မှ စီးနင်းပြီး မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၁၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ မတ်လ ၁၄ ရက်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ၂၇ ဦးသေဆုံးခဲ့ရပါတယ်။


ထိုနေ့တွင်ပင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဆူးဝင်းကျေးရွာနှင့် ဝယ်တောင်ကျေးရွာကို လေကြောင်းဖြင့် မီးလောင်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုရင်တပါးနှင့် ပြည်သူ ဦးသေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့ရပါတယ်။


 အလားတူ မတ်လ ၁၆ ရက်နေ့တွင်လည်း စစ်အုပ်စုက ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို ဗုံးကြဲခဲ့သောကြောင့် ဘုန်းတော်ကြီး၊ ကိုရင်များအပါအဝင် ပြည်သူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ ကသာမှ အင်းတော်ဘက်ကို စစ်ကူဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ဖွဲ့စည်းပုံ ပျက်တဲ့ထိ ကြားဖြတ် တိုက်ခိုက်ခံရ


မတ်လ ၁၇ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း ကသာဘက်ကနေ အင်းတော်ဘက်ကို စစ်ကူသွားဖို့ တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၀၉ တပ်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။


အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ မတ်လ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့ နေ့လည်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်သား ၃၀ ခန့်ကို အရှင် ဖမ်းမိထားပြီး ထိခိုက်ဒဏ်ရာရခဲ့သူ အများအပြား ရှိခဲ့ကာ စစ်ကြောင်းဖွဲ့စည်းပုံပျက်ပြီး ကသာဘက်ကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို KIA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေက ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။


အင်းတော်မြို့ကို KIA PDF နဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့က ၂၀၂၄ ခုနှစ် ဩဂုတ်လကနေ မြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင် ခဲ့တာဖြစ်ပြီး အင်းတော်မြို့နဲ့ လေးမိုင်ခန့် အကွာက နဘားလမ်းဆုံ စစ်ကောင်စီ စခန်း၊ နဘားကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းနဲ့ အင်းတော် မြိုမရဲစခန်းတို့ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။


========================


🚩🚩 ၂။ လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွား


မတ် ၁၇ 

RadioNUG 


လေးမျက်နှာမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေကြောင်း People's Spring မှာ ဖော်ပြထားပါတယ်။


ပုသိမ်-မုံရွာလမ်းဘေးရှိ စက်စက်ယိုရွာနှင့် ချင်းလယ်ရွာပတ်ဝန်းကျင်ရှိ ရိုးမတောတွင်းနေရာအချို့၌ PDF တွေ ဝင်လာတယ်ဆိုပြီး စစ်တပ်ဖက်က စပြီး စစ်ကြောင်းထိုးတာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ရေကြည်မြို့နယ်တွင်းရှိ ရေနံသာလမ်းဆုံ၊ စက်စက်ယိုလမ်းဆုံတို့ကို စစ်ကောင်စီက မတ် ၁၇ ရက်မနက်ပိုင်းတွင် ပိတ်ခဲ့ပြီးနောက် ရေနံသာလမ်းဆုံကို ပြန်ဖွင့်ပေးသော်လည်း  စက်စက်ယိုလမ်းဆုံအား ဆက်လက်ပိတ်ထားတာကြောင့် ဒေသခံပြည်သူများ သတိထားသွားလာကြရန် ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ထားပါတယ်။


အမတ (၃၄၄)ကိုလည်း စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေပြီး ဘန်ကာအသစ်များတူးနေကာ အမတ (၃၄၄)သည် တိုက်ပွဲများဖြစ်နေသော သာပေါင်းမြို့နယ်ဘက်သို့ ပစ်ကူပေးနေသည့်အမြောက်တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူ၊ ညောင်ဂျစ်ပင် ပျူရွာကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်


မတ်လ ၁၇ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူရွာကို Rocket လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


မတ်လ ၁၆ ရက်၊ နေ့လည် နာရီခန့်တွင် ညောင်ဂျစ်ပင် ပျူရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို  Rocket လက်နက်ကြီးများဖြင့် ၁၀ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ချက် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


လက်နက်ကြီးများဟာ စစ်ကောင်စီ တပ်သားများ တည်ရှိရာ အဆောက်အဦးများနဲ့ ကာကင်းတွေနားကို ကျရောက် ပေါက်ကွဲခဲ့ကာ အထိအခိုက်များခဲ့တယ်လို့ သိရပြီး အတိအကျကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ဘာမထီ၊ ကိုဆုံကြီးအဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု PLC, Black Cobra Force Pakokku, ကမ္မတပ်ပေါင်းစုနဲ့ နယ်ခံ ပကဖ များက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း မြိုင်မြို့နယ်မှာ အထိုင်ချတပ်စွဲထားတဲ့ တွင်းမရွာ ပျူစခန်းကို RC Plane စီးဖြင့် ခေါက် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၄။ လက်ပန်လှရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်ရာ အမျိုးသမီး ၃ဦးသေဆုံး


မတ် ၁၇ 

Radio NUG 


မတ်လ ၁၇ရက် ၇နာရီခန့်တွင် စ‌‌ဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦးသေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီမြို့နယ်တာဝန်ရှိသူတွေဆီက သိရပါတယ်။


 "လက်ပန်လှရွာ သဥ္ဇာဆန်စက် အရှေ့မြောက်ဘက် ချောင်းရိုးထဲကို စစ်တပ်က ဂျက်ဖိုက်တာ စီးနဲ့ လေကြောင်း တိုက်ခိုက်သွားတာပါ။ ပြည်သူ ဦးသေဆုံးတယ်။ ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ အရေးပေါ် ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်" ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုထားပါတယ်။


========================


🚩🚩 ၅။ စဉ့်ကိုင်မြောက်ရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦး အပါအဝင် ဦးသေဆုံး 


မတ်လ ၁၇ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စဉ့်ကိုင်မြောက်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းထံက သိရပါတယ်။


မတ်လ ၁၆ ရက်နေ့ ၁၀ နာရီ ၁၃ မိနစ်နဲ့ ၁၉ မိနစ်တို့မှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီလေတပ်က လေကြောင်းကနေ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း လသားအရွယ် ကလေးငယ် တစ်ဦး၊ ၈၅ နှစ်အရွယ် အဖွားအို တစ်ဦး၊ ၈၂ နှစ်အရွယ် အဖိုးတစ်ဦးနဲ့ ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ဦး သေဆုံးခဲ့ကာ ပြည်သူ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ လေကြောင်း တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦးက "ကလေးလေး သနားပါတယ်ဗျာ၊ မိခင်ကတော့ ရူးမလား မသိဘူး။ ညကတော့ ကလေးလေး ပွေ့ချီထားပြီး ပတ်အော်နေတာဘဲ" လို့ The voice of wetlet madayar သတင်းဌာနကို ဖြေဆိုထားပါတယ်။


========================


🚩🚩 ၆။ ဒေါနစစ်ကြောင်း () ရေးပြောက်ကျားတပ် (YGF) မှ ရဲဘော် ဦး ကျဆုံး


မတ်လ ၁၇ ရက်၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း () ရေးပြောက်ကြားတပ် (YGF) မှ ရဲဘော် ဦး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတောင်သစ် တည်ဆောက်ရေး တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ YGF က ထုတ်ပြန်ထားပါတယ်။


မတ်လ ၂၅ ရက်နေ့မှာ ရေးပြောက်ကြားတပ်က ရဲဘော် ရဲဇာနည်ကျော် () ဇာနည်နဲ့ ရဲဘော် လင်းလင်း () မင်းမွန်တို့ နှစ်ဦးဟာ  ရှေ့တန်း စစ်မြေပြင် တနေရာမှာ ရဲရင့် မြင့်မြတ်စွာ တိုက်ပွဲဝင်ရင်း အသက် ပေးလှူသွားခဲ့တယ်လို့ ဆိုပါတယ်။


ကျဆုံး ရဲဘော်တို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုကို လေးစားစွာ ဦးညွတ်အပ်ပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေး ခရီးလမ်းကို ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြုကြောင်း ရေးပြောက်ကြားတပ်က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ စဉ့်ကူးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ဖမ်းဆီး


မတ် ၁၇ 

RadioNUG 


မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖထံမှ သတင်းရရှိပါတယ်။


စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာမှာ နေထိုင်သူမှ စိတ်ကြွဆေးပြား WY တွေ ရောင်းဝယ်နေတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် မြို့နယ် ပကဖ တာဝန်ခံ ညွှန်ကြားချက်နဲ့ စဉ့်ကူးမြို့နယ် ပကဖ ရဲဘော်တွေက မတ်လ ၁၄ ရက်မှာ နေအိမ်အတွင်း သွားရောက် ရှာဖွေခဲ့တယ်လို့ သိရပါတယ်။


ဝင်ရောက်ရှာဖွေချိန်မှာ WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ မူးယစ်ဆေးဝါး ရောင်းဝယ်သူကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးဌာနကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။


အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်နေမှုနဲ့ ပတ်သက်တဲ့ တရားခံတွေကိုလည်း ဆက်လက် စုံစမ်းဖော်ထုတ် အရေးယူသွားမှာ ဖြစ်ပြီး စဉ့်ကူးမြို့နယ်အတွင်း ဒုစရိုက်မှု ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ပျူစောထီး တစ်ဦးနဲ့ အဓမ္မ တပ်သားသစ် စုဆောင်းခံထားရသူ ဦး နတ်စစ်သည် တပ်ဖွဲ့ထံ အလင်းဝင်


မတ်လ ၁၇ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ () နတ်စစ်သည် တပ်ဖွဲ့ထံကို ပျူစောထီး တစ်ဦးနဲ့ အဓမ္မ တပ်သားသစ် စုဆောင်းခံထားရသူ ဦး အလင်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


အင်းမတပ်တွင်း စုဆောင်းရေး ဌာနမှာ အဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းထိန်းသိမ်း ခံထားရသူ ဦးဟာ နတ်စစ်သည် တပ်ဖွဲ့ထံ ဆက်သွယ်အကူအညီ တောင်းခံလာတာကြောင့် ရွေတောင် ပကဖ တပ်ဖွဲ့ နှင့် ပူးပေါင်းချိတ်ဆက် ကယ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ သာပျဉ်ပုံ ပျူရွာက ပျူစောထီး တစ်ဦးဟာ 7.62 ကျည်များကို ယူဆောင်လာပြီး နတ်စစ်သည် တပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။


အလင်းဝင်လာသူ ဦးလုံးဟာ စစ်ကောင်စီတပ်ကို ပြန်လည် တိုက်ခိုက်ဖို့ တော်လှန်ရေး တပ်ဖွဲ့တွေထဲ ဝင်ရောက်သွားမယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment