19th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။ ချင်းအမျိုးသားတပ်ဦးအနေနဲ့ အခုနှစ်ထဲမှာ နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး အရှိန်မြှင့်မယ်လို့ ကြေညာ 

📌 ⁨⁨⁨⁨⁨⁨⁨၂။ ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကို ဖမ်းလိုက်တာဟာ မင်းအောင်လှိုင် နဲ့ တသိုက်ကို ICC ပို့ဖို့ ပိုမို သေချာစေခဲ့

📌 ⁨⁨⁨⁨⁨⁨⁨၃။ ဖမ်းမိထားတဲ့ ARSA ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာတရားစီရင်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights အဖွဲ့ တိုက်တွန်း


========================


၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေကြောင်း၊ ဒရုန်းများ၊ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွှေကျင်နဲ့ ကျိုက်ထိုမြို့နယ်များမှာ အရပ်သားများ ဒဏ်ရာရ၊ အဆောက်အဦးများနဲ့ စိုက်ခင်းများ ပျက်စီး

🚩၂။ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝန်တိုင် စခန်းကုန်းအားတော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စကစဘက်က (၁၂) ဦး သေဆုံး

🚩၃။ မြင်းမူရှိ ဆေးခြောက်စိုက်ခင်းကို ပကဖက မီးရှို့ဖျက်ဆီး

🚩၄။ ပြည်မြို့ဟာ ဝန်းရံ ပိတ်ဆို့ခံရတော့မှာ ဖြစ်တယ်လို့ PDFInsight ဆို

🚩၅။ (၂၀၂၅) ခုနှစ် မတ်လ ပထမပတ်အတွင်း အလင်းဝင်လာသူ၊ အဖမ်းခံရသူ စကစအဖွဲ့ဝင် စစ်သား၊ ပြည်သူ့စစ်နဲ့ ရဲ စုစုပေါင်း (၂၇) ဦး ရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။ ချင်းအမျိုးသားတပ်ဦးအနေနဲ့ အခုနှစ်ထဲမှာ နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး အရှိန်မြှင့်မယ်လို့ ကြေညာ 


အခု (၂၀၂၅) အတွင်းမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားတွေ အရှိန်တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ချင်းအမျိုးသား တပ်ဦး - CNF က ကြေညာပြီး မတ်လ (၂ဝ) ရက်နေ့မှာ ကျရောက်မယ့် ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား (၇၂) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီကထုတ်ပြန်ကြေညာလိုက်ပါတယ်။

မတ်လ (၂ဝ) ရက်နေ့ဟာ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသား တန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့တာ (၃၇) နှစ်ပြည့်မြောက်တဲ့ ချင်းတော်လှန်ရေးနေ့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

CNF အနေနဲ့ အခုနှစ် () လတာအတွင်းမှာ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့သလို ရန်သူ့အင်အား (၃၀) ခန့်ကို ရှင်းလင်းနိုင်ကာ စစ်သုံ့ပန်း (၂၀) ဦး ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက် (၈ဝ) ခန့် သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးနဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာသက်ရောက်မှုမှန်သမျှ အဆုံးသတ်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ လက်တွဲပြီး အဆုံးတိုင်တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး - CNF က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူလူထုဆုံးရှုံးခဲ့ရတဲ့ လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများ၊ စေတနာရှင်များက ဝိုင်းဝန်းပံ့ပိုးကူညီကြဖို့လည်း CNF က တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကို ဖမ်းလိုက်တာဟာ မင်းအောင်လှိုင် နဲ့ တသိုက်ကို ICC ပို့ဖို့ ပိုမို သေချာစေခဲ့


ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကို ဖမ်းလိုက်တာဟာ မင်းအောင်လှိုင် နဲ့ တသိုက်ကို ICC ပို့ဖို့ ပိုမို သေချာစေခဲ့တယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက မတ်လ (၁၉) ရက်မှာ ဆိုလိုက်ပါတယ်။

"ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကို ဖမ်းလိုက်တာဟာ မင်းအောင်လှိုင်နဲ့ တသိုက်ကို ICC ပို့ဖို့ ပိုမို သေချာစေခဲ့တာ ဖြစ်သလို AA နဲ့ ဘဂ်လားဒေ့ရှ် အစိုးရတို့အကြားက ဆက်ဆံရေး အတိုင်းအတာကိုလည်း ဖော်ပြနေပါတယ်။ စစ်အုပ်စုက သူ့အကျိုးအတွက် ရိုဟင်ဂျာတွေကို လိုသလို အသုံးချနေတာ ရပ်သွားစေမယ့် အလွန်အရေးပါတဲ့ ကြိုးပမ်းအားထုတ်မှုတခု ဖြစ်သလို၊ ဘဂ်လားဒေ့ရှ် ကြားကာလအစိုးရ ခေါင်းဆောင် ပါမောက္ခယူနွတ်စ် ကြိုးစားနေတဲ့ ရိုဟင်ဂျာအရေး ပြေလည်စေဖို့ ကြိုးပမ်းနေမှုမှာ အရေးပါတဲ့ ခြေလှမ်းတရပ်လို့ မြင်မိပါတယ်" လို့ ဆိုထားပါတယ်။

ARSA ထိပ်သီးခေါင်းဆောင် အာတာအူလာ (Ataullah) အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် () ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတ်လ (၁၇) ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ ဖမ်းမိထားတဲ့ ARSA ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာတရားစီရင်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights အဖွဲ့ တိုက်တွန်း


ဖမ်းဆီးရမိထားတဲ့ ARSA ခေါင်းဆောင်တွေရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ထားမှုတွေကို အရေးယူနိုင်ရေး နိုင်ငံတကာ တရားမျှတမှုယန္တရားတွေနဲ့ ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights အဖွဲ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မတ်လ (၁၇) ရက်နေ့က ARSA ထိပ်တန်းခေါင်းဆောင် () ဦးအပါအဝင် ပတ်သက်ဆက်နွယ်သူ စုစုပေါင်း (၁၀) ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ဖမ်းဆီးနိုင်ခဲ့ပြီး (၁၈) ရက်နေ့မှာ ရုံးထုတ်ခဲ့တာကြောင့် အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ARSA ရဲ့ အဓိကခေါင်းဆောင် အာတာအူလာ၊ ခေါင်းဆောင်အဖွဲ့ဝင် မိုစတတ် အာမက်၊ ဆလီမွတ်လာ၊ အက်စ်မွလ် ဟုစ်နာ၊ ဟာဆန်နဲ့ မိုနီရူဇူမန်းတို့အပါအဝင် သူတို့ရဲ့ဇနီးမယား ဦးနဲ့ ကလေးငယ်တဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ARSA အဖွဲ့ဝင်တွေဟာ မွတ်ဆလင် ဒုက္ခသည်တွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ ခြိမ်းခြောက်တာတွေ စတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ပြုလုပ်ခဲ့တယ်လို့ Fortify Rights အဖွဲ့က မတ်လ (၁၈) ရက်နေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။

ဒီအစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက မွတ်ဆလင် အမျိုးသားများ၊ အမျိုးသမီးတွေနဲ့ ကလေးငယ် တွေအပေါ် ARSA အဖွဲ့က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ ဖော်ပြ ထားပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား - IIMM နိုင်ငံတကာရာဇဝတ်ခုံရုံး - ICC စတာတွေပါဝင်တဲ့ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ Fortify Rights က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ လက်ရှိမှာ ဖမ်းဆီးထားတဲ့ ARSA ထိပ်တန်းခေါင်းဆောင် () ဦးအပါအဝင် (၁၀) ဦးကို နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှု၊ ပြစ်မှုများကျူးလွန်မှု စတဲ့ အမှု () ခုနဲ့ တရားရုံးတင် စစ်ဆေးနေတယ်လို့  တရားလိုရှေ့နေတွေက ပြောဆိုထားတာရှိပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ်ဥပဒေတွေနဲ့ တရားစီရင်တာဟာ လုံလောက်မှုမရှိဘဲ ကျူးလွန်ခံရသူတွေ တရားမျှတမှုရဖို့အတွက် နိုင်ငံတကာ တရားစီရင်ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ Fortify Rights က တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၄။ ကလေးဒေသရှိ တင်သားစစ်ဘေးရှောင်များအတွက် မိသားစု (၁၀၀) စာ ဆန်အတင်း (၅၀) လှူဒါန်းနိုင်ခဲ့


ကလေးဒေသရှိ တင်သားစစ်ဘေးရှောင်များအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ စုပေါင်းအားနဲ့ မိသားစု (၁၀၀) အတွက် ဆန်အတင်း (၅၀)  ဒုတိယအကြိမ်မြောက် လှူဒါန်းနိုင်ခဲ့တယ်လို့ lighthouse စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး - ကလေးမြို့က အသိပေးဆိုပါတယ်။

တင်သားကျေးရွာဟာ အိမ်ထောင်စု (၁၅၀၀) ဝန်းကျင်ခန့် ရှိနေပြီး ခန့်မှန်း လူဦးရေ (၇၀၀၀) ကျော် ခန့် ရှိနေတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================





🚩🚩၁။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေကြောင်း၊ ဒရုန်းများ၊ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွှေကျင်နဲ့ ကျိုက်ထိုမြို့နယ်များမှာ အရပ်သားများ ဒဏ်ရာရ၊ အဆောက်အဦးများနဲ့ စိုက်ခင်းများ ပျက်စီး


ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ () နယ်မြေထဲက ရွှေကျင်မြို့နယ်လို့ခေါ်တဲ့ ဆောထိမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား တဦး ဒဏ်ရာရခဲ့ပြီး အိမ် () လုံးနဲ့ ကျောင်းဆောင် တဆောင် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကနေ ဆောထိမြို့နယ် သက်တူးကုန်းရွာကို မတ်လ (၁၅) ရက် နေ့လည်ပိုင်းမှာ ပေါင် (၃၀၀) ဗုံးသီး () လုံးကို လေယာဉ်နဲ့ လာရောက်ကြဲချခဲ့တာကြောင့် အသက် (၅၀) အရွယ် အမျိုးသားတဦးဒဏ်ရာရခဲ့ပြီး အိမ် တလုံးနဲ့ ကျေးရွာ စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ (၁၄) ရက်ကလည်း စစ်ကောင်စီရဲ့ ခလရ - ၂၆၄ တပ်ရင်းက (၁၂၀) မမ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာမှာ ကညင်ကျွန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူပိုင် အိမ် () လုံး ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဘက်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာကြောင့် ညောင်လေးပင်ခရိုင်လို့ခေါ်တဲ့ ခလယ်လွထူခရိုင်မှာ နေထိုင်တဲ့အရပ်သားပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့စွာနဲ့ ရုန်းကန်နေထိုင်နေကြရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အခုလဆန်းပိုင်းမှာပဲ KNU တပ်မဟာ - နယ်မြေ ကျိုက်ထိုမြို့နယ်ကိုလည်း ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တွေနဲ့ စိုက်ပျိုးပင်တွေ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။ 

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူလူထုနေထိုင်ရာ ရွာတွေကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေထိခိုက်ဒဏ်ရာရပြီး အိမ်နဲ့ စိုက်ခင်းတွေ ပျက်စီးသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

မတ်လ () ရက်နေ့က ကျိုက်ထိုမြို့နယ် ပျဥ်းကတုံးကုန်းရွာ သုသာန်နဲ့ ဧက (၁၀၀) ကျောက်မိုင်း နေရာတွေကို ကွာလီ ရေကန်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတပ်ဖွဲ့က ဗုံးသီး () လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၃၁၀) အမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ (၁၀) လုံး ပစ်ခတ်ခဲ့သလို အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ အမှတ် (၂၀၇) ခြေမြန်တပ်ရင်းကလည်း လက်နက်ကြီးနဲ့ () လုံး ပစ်ခတ်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒီတိုက်ခိုက်တွေကြောင့် ပျဥ်းကတုံးကုန်းရွာက အိမ်တလုံး၊ သုသာန်အုတ်ဂူတွေနဲ့ စိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့သလို ကျိုက်ထိုမြို့နယ် ခရဲကျေးနယ်အုပ်စုမှာပါတဲ့ စစ်ကွင်းရွာ၊ မုက္ခမော့ရွာ၊ သုံးခွရွာအနောက်ဘက်ခြမ်းတို့မှာနေတဲ့ အရပ်သား ပြည်သူတွေပိုင်တဲ့ စိုက်ပျိုးပင်တွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ () ရက်နေ့ကနေ မတ်လ () ရက်နေ့အထိ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အမြောက်အများပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူထိခိုက်မှုတွေရှိခဲ့ပြီး စိုက်ပျိုးထားတဲ့အပင်တွေ အများအပြား ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကိုပစ်မှတ်ထားပြီး လေကြောင်း လက်နက်ကြီး ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်နေရတယ်လို့ သိရှိရပါတယ်။


========================


🚩🚩၂။ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝန်တိုင် စခန်းကုန်းအားတော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စကစဘက်က (၁၂) ဦး သေဆုံး


မတ်လ (၁၃) ရက်၊ နံနက် (:၀၀) နာရီ ခန့်တွင် ရန်သူ့စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့်လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝန်တိုင် စခန်းကုန်းအား ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ဒူရက စစ်ကြောင်း၊ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် () တပ်ရင်း ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုဆိုပါတယ်။

() နာရီခန့် အပြန်အလှန် ထိတွေ့ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၂) ဦးသေဆုံးခဲ့ပြီး လက် နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။


========================


🚩🚩၃။ မြင်းမူရှိ ဆေးခြောက်စိုက်ခင်းကို ပကဖက မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်းမြင်းမူရှိ ဆေးခြောက်စိုက်ခင်းကို ပကဖ ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပကဖအသံက ဖော်ပြပါတယ်။

မြင်းမူမြို့နယ်၊ အမျိုးသားညီညွတ်ရေး အစိုးရ စိုးမိုးနယ်မြေ တခု မှာတွေ့ရှိတဲ့ ဆေးခြောက် (ဝိ) စိုက်ခင်းတခုကို သက်ဆိုင်ရာတိုက်နယ် ပကဖအဖွဲ့တွေ  ဦးဆောင်ပြီး ပညာပေးကာ စိုက်ခင်းကို ဖျက်ဆီးခဲ့တာလို့ သိရှိရပါတယ်။


========================


🚩🚩၄။ ပြည်မြို့ဟာ ဝန်းရံ ပိတ်ဆို့ခံရတော့မှာ ဖြစ်တယ်လို့ PDFInsight ဆို


အာရက္ခတပ်တော်ထိုးစစ် နဲ့ ပြည်မြို့ ပတ်ချာလည်ဒေသမှာရှိတဲ့ NUG တပ်ဖွဲ့တွေ ပူးပေါင်းသွားရင် ပြည်မြို့ဟာ ဝန်းရံ ပိတ်ဆို့ခံရတော့မှာ ဖြစ်တယ်လို့ စစ်ရေးသုံးသပ်ချက်များ ဖော်ပြနေတဲ့ PDFInsight က မတ်လအတွင်းမှာ သုံးသပ်ထားပါတယ်။

"အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ပြည်မြို့နယ်ဘေးက ပန်းတောင်းမြို့နယ်ထဲကိုရောက်လာပြီ ဖြစ်ပါတယ်။ မကြာခင်မှာ ပြည်မြို့နားကို ရောက်လာတော့မှာဖြစ်ပါတယ်။ ပြည်မြို့ ပတ်ချာလည်ဒေသတွေဖြစ်တဲ့ ပေါက်ခေါင်း၊ ပေါင်းတည်၊ နတ်တလင်း၊ အုတ်ဖို၊ လက်ပံတန်း၊ သာယာဝတီ မြို့နယ်တွေမှာ မူလကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ပြောက်ကျားစစ်ဆင် တိုက်ခိုက်နေပြီးဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်က ဝင်ရောက်လာမယ် အေအေ ထိုးစစ် နဲ့ ပြည်မြို့ ပတ်ချာလည်ဒေသမှာရှိတဲ့ NUG တပ်ဖွဲ့တွေ ပူးပေါင်းသွားရင် ပြည်မြို့ဟာ ဝန်းရံ ပိတ်ဆို့ခံရတော့မှာ ဖြစ်ပါတယ်။ ပြည်မြို့ပတ်ချာလည်ဒေသတွေ စိုးမိုးဒေသအဖြစ် ပေါ်ထွက်လာပြီးရင် ပဲခူးတိုင်း အနောက်ခြမ်းမှာ ဖော်ဆောင်နေတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွေနဲ့ တဆက်စပ်တည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်" လို့ ဖော်ပြပါတယ်။

ပြည်မြို့ပတ်ချာလည်ဒေသဟာ မကြာခင်မှာ စိုးမိုးနယ်မြေအဖြစ် ပေါ်ထွက်လာတော့မှာ ဖြစ်သလို ဧရာဝတီတိုင်းဒေသမှာလည်း ရိုးမဧရာစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည်ဖော်လျက်ရှိပါတယ်။


========================


🚩🚩၅။ (၂၀၂၅) ခုနှစ် မတ်လ ပထမပတ်အတွင်း အလင်းဝင်လာသူ၊ အဖမ်းခံရသူ စကစအဖွဲ့ဝင် စစ်သား၊ ပြည်သူ့စစ်နဲ့ ရဲ စုစုပေါင်း (၂၇) ဦး ရှိခဲ့


ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ (၂၀၂၅) ခုနှစ် မတ်လ ပထမပတ်အတွင်း အလင်းဝင်လာသူ၊ အဖမ်းခံရသူ စကစအဖွဲ့ဝင် စစ်သား၊ ပြည်သူ့စစ်နဲ့ ရဲ စုစုပေါင်း (၂၇) ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူ စုစုပေါင်း (၂၄) ဦးရှိခဲ့ပြီးစစ်သား (၂၁) ဦးမှာ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊နေပြည်တော်နှင့် မန္တလေးတိုင်းတို့မှ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ် () ဦးမှာ စစ်ကိုင်းတိုင်းကဖြစ်ကြပြီး အလင်းဝင်သူ (၂၄) ဦးအနက် (၁၈) ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြပြီး စစ်သုံ့ပန်း ဖမ်းဆီးခံရသူ () ဦးအနက် () ဦးမှာ စစ်မှုထမ်း တပ်သားသစ် ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment