20th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨၁။ (၆၉) ကြိမ်မြောက် အမျိုးသမီးအချေပြုကော်မရှင် Commission on Status of Women -CSW69 မှာ မြန်မာအမျိုးသမီးများ၏ အခြေအနေ အစီရင်ခံစာအားပြည်ထောင်စုဝန်ကြီးမှ ဖတ်ကြားတင်သွင်း

📌 ⁨⁨⁨⁨⁨⁨⁨၂။ အကြမ်းဖက်စစ်ကောင်စီမှ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (,၆‌၀၀) ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း (၃၆၅) ခု ထိခိုက်ပျက်စီးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံသား ဦးအောင်မြင့်သေဆုံးမှု တရားမျှတမှုရရှိရေးနှင့် ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည်များ အမြန်လွှတ်ပေးရန် တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨၅။ ဧရာဝတီအမှတ် ( )တပ်ရင်းမှ လမ်းပိုင်းလုံခြုံရေးစစ်ဆေးမူများအားအမျိုးသမီး ရဲမေများကိုတာဝန်ပေးထားလျှက်ရှိ

📌 ⁨⁨⁨⁨⁨⁨⁨၆။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - ၁မှတပ်သားသစ်များ လက်ခံခေါ်ယူမည်


========================


၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။မင်းကွန်းဒေသကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ဘာသာရေးအဆောက်အအုံအချို့ပျက်စီး

🚩၂။အင်းစိန်မြို့နယ်မှာရှိတဲ့ အမှတ် မှုခင်းရဲတပ်ဖွဲ့ CID ရုံးကို ဖောက်ခွတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့  ထိခိုက်ဒဏ်ရာရ

🚩 ⁨⁨⁨⁨၃။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေနဲ့ပတ်သက်တဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးသိက္ခာချတဲ့ ယုတ်မာမှုသာဖြစ် တယ်လို့ AA တုံ့ပြန်

🚩၄။ မုံရွာ-မန္တလေးလမ်းအတိုင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨၁။ (၆၉) ကြိမ်မြောက် အမျိုးသမီးအချေပြုကော်မရှင် Commission on Status of Women -CSW69 မှာ မြန်မာအမျိုးသမီးများ၏ အခြေအနေ အစီရင်ခံစာအားပြည်ထောင်စုဝန်ကြီးမှ ဖတ်ကြားတင်သွင်း


မတ်လ၂၀ရက်


အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပလျက်ရှိသော (၆၉) ကြိမ်မြောက် အမျိုးသမီးအချေပြုကော်မရှင် Commission on Status of Women -CSW69 သို့ အမျိုးသမီး ၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှတက်ရောက်၍ မြန်မာအမျိုးသမီးများ၏အခြေအနေ အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးဟာ အမေရိကန်ပြည်ထောင်စုသို့ အလုပ်သဘောခရီးစဥ်အဖြစ် ရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၂။ အကြမ်းဖက်စစ်ကောင်စီမှ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (,၆‌၀၀) ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း (၃၆၅) ခု ထိခိုက်ပျက်စီးခဲ့


မတ်လ၂၀ရက်


လေးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (,၆‌၀၀) ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း (၃၆၅) ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ၁၉ရက်နေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မတ်လ၁၀ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ကပ်သပြေကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ဆေးရုံအဆောက်အအုံများ အပါအဝင် နေအိမ် (၂၀) ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ဖော်ပြပါတယ်။

မတ်လ၈ရက်နေ့တွင်မူ Free Burma Ranger (FBR) အဖွဲ့မှ ဆေးတပ်သား (medic) များ သည် ကရင်ပြည်နယ်၊ ထောတထူးမြို့နယ်၌ ဒဏ်ရာရပြည်သူများကို ဆေးကုသမှုပေးနေစဉ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးတပ်သားတစ်ဦးမှာ နေရာတွင် ကျဆုံးခဲ့ပြီး ဆေးတပ်သား () ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ဆေးတပ်သား နော်ဆေးမူးဖော၊ အသက် (၂၅) နှစ်မှာ ရရှိခဲ့သော မီးလောင်ဒဏ်ရာများဖြင့်မတ်လ၁၀ ရက်နေ့တွင် ကျဆုံးခဲ့ပါတယ်။

လေးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (,၆‌၀၀) ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း (၃၆၅) ခု ထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေးဝန်ထမ်းပေါင်း (၁၃၇) ဦးကို အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ () နှစ်တာကာလအတွင်း ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပ


မတ်လ၊ ၂၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး(/၂၀၂၅)ကို မတ်လ ၁၉ ရက် နေ့လယ်(:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။

အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံသား ဦးအောင်မြင့်သေဆုံးမှု တရားမျှတမှုရရှိရေးနှင့် ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည်များ အမြန်လွှတ်ပေးရန် တောင်းဆို


မတ်လ၂၀ရက်


မတရားဖမ်းဆီးထောင်ချခံ မြန်မာနိုင်ငံသား ဦးအောင်မြင့်သေဆုံးမှုတွင် တရားမျှတမှုရရှိရေးနှင့် မဏိပူရ်နှင့် အာသံပြည်နယ်များအတွင်း ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည်များ အမြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပါတယ်။

မတ်လ၂၀ရက်နေ့ India For Myanmarမှ အရပ်ဖက်အဖွဲ့အစည်းများနဲ့အတူ အိန္ဒိယနိုင်ငံဗဟိုအစိုးရထံ  အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။တောင်းဆိုချက်စာကို မြန်မာနိုင်ငံနှင့် အိန္ဒိယနယ်စပ်တလျှောက်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၉၆ ဖွဲ့နှင့် တော်လှန်ရေးအစုအဖွဲ့များက လက်မှတ်ရေးထိုးထားပါတယ်။


လက်ရှိမှာ မဏိပူရပြည်နယ်နဲ့အာသံပြည်နယ်များတွင် မြန်မာစစ်ဘေးရှောင်ကလေးငယ်၅၂ဦးအပါအဝင် ၁၄၇ဦးအကျဥ်းချခံထားရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၅။ ဧရာဝတီအမှတ် ( )တပ်ရင်းမှ လမ်းပိုင်းလုံခြုံရေးစစ်ဆေးမူများအားအမျိုးသမီး ရဲမေများကိုတာဝန်ပေးထားလျှက်ရှိ


မတ်လ၂၀ရက်


ဧရာဝတီအမှတ် ( )တပ်ရင်းမှ လမ်းပိုင်းလုံခြုံရေးစစ်ဆေးမူများအားအမျိုးသမီး ရဲမေများကိုတာဝန်ပေးထားလျှက်ရှိတယ်လို့သိရပါတယ်။မိမိတို့စိုးမိုးနယ်မြေတွင် ဒေသအလိုက်စစ်ရေး လုံခြုံရေး စစ်ဆေးမူများအား. အမျိုးသမီးရဲမေများလည်းတာဝန်ယူထားလျှက်ရှိပြီး အမျိုးသမီးရဲမေများ၏ အခန်းကဏ္ဏကိုလည်း အလေးပေးဆောင်ရွက်တာဝန်ပေးလျှက်ရှိပါတယ်"လို့ဖော်ပြပါတယ်။

မတ်လ၁၃ရက်နေ့မှာ ဧရာဝတီအမှတ် ( )တပ်ရင်းရဲဘော်များမှ လမ်းပိုင်းစစ်ဆေးရေးများပြုလုပ်ခဲ့ပြီး မြို့ပြတွေနဲ့အနီးဆုံးမှာ ဧရာဝတီအမှတ် ( )တပ်ရင်းအမြဲတမ်းရှိနေတယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨၆။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - ၁မှတပ်သားသစ်များ လက်ခံခေါ်ယူမည်


မတ်လ၂၀ရက်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - ၁မှတပ်သားသစ်များ လက်ခံခေါ်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းလိုသည့် ယုံကြည်ချက်ခိုင်မာသော လူငယ်လူရွယ်များကို တပ်သားသစ်များအဖြစ် လက်ကမ်းကြိုဆိုလျက်ရှိတယ်လို့ မတ်လ၂၀ရက်မှာ ထုတ်ပြန်ထားပါတယ်။

လာရောက်တော်လှန်တိုက်ပွဲဝင်လိုပါက  ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ထားသည့် တပ်သားသစ်ခေါ်ယူရေး စည်းကမ်းချက်များကို သေချာစွာ ဖတ်ရှု၍နားလည်လက်ခံပါက ကတိခံဝန်နှင့်တကွ လာရောက်ရမှာဖြစ်ပါတယ်။

အခြေခံ စစ်သင်တန်းများ ပို့ချသွားမည်ဖြစ်ပြီး ပြည်သူ့စစ်သားများအဖြစ် လေ့ကျင့်သွားမည်ဖြစ်သောကြောင့် ဆင်းရဲပင်ပန်းမှုဒဏ်နှင့် ကျင့်ဝတ်များကို အထူးလေးစားလိုက်နာရမည် ဖြစ်ကာတပ်သားသစ်အဖြစ် ဝင်ရောက်လိုသော ရဲဘော်များအနေဖြင့် သင်တန်းကာလအတွင်းသော်လည်းကောင်း သင်တန်းကာလပြီးလျှင်သော်လည်းကောင်း ကတိခံဝန်ချက်နှင့် ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်ပါက တပ်ဖွဲ့မှ ချမှတ်ထားသော စည်းကမ်းနှင့်အညီ အရေးယူခြင်းခံရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩၁။မင်းကွန်းဒေသကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ဘာသာရေးအဆောက်အအုံအချို့ပျက်စီး


မတ်လ၂၀ရက်


စစ်ကိုင်းတိုင်း မင်းကွန်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ စစ်ကောင်စီက လေ‌ကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံအချို့ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မနေ့ မတ်လ ၁၉ ရက်နေ့ ၁၁ နာရီခန့်မှာ မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်စေတီကြား နေရာကို လေယာဉ်နဲ့ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အနီးမှာရှိတဲ့ ဘုးန်းကြီးကျောင်းနဲ့သီလရှင် ကျောင်း အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ဒေသနေပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ မင်းကွန်းဒေသမှာ အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်ခဲ့တာရှိပေမယ့် မနေ့ကတော့ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က လာရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့နေရာဟာ မင်းကွန်းပုထိုးတော်ကြီးအနောက်ဘက် မနောမယတောင်ကုန်းဖြစ်ပြီး စစ်ကောင်စီစခန်းဟောင်းနေရာလို့ သိရပါတယ်။ 

မင်းကွန်းဒေသမှာ စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ရှိနေပြီး မင်းကွန်းရဲစခန်းနဲ့ မြသိန်းတန်စေတီအနီးမှာ အထိုင်ချ တပ်စွဲနေတဲ့အတွက် လုံခြုံရေးစိတ်မချရတဲ့အနေအထားဖြစ်နေကာ သတိနဲ့နေရတယ်လို့ ဒေသနေပြည်သူတွေက ပြောဆို နေကြပါတယ်။


========================


🚩🚩၂။အင်းစိန်မြို့နယ်မှာရှိတဲ့ အမှတ် မှုခင်းရဲတပ်ဖွဲ့ CID ရုံးကို ဖောက်ခွတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့  ထိခိုက်ဒဏ်ရာရ


မတ်လ၂၀ရက်


ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်မင်္ဂလာဒုံလမ်းမကြီးဘေးက အမှတ် မှုခင်းရဲတပ်ဖွဲ့ခွဲ မှုခင်းရဲတပ်ဖွဲ့ CID ရုံးကို အကြီးစား အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ကင်းသမားအချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ Rangoon Urban Column အဖွဲ့က ဒီနေ့ မတ်လ ၂ဝ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အင်းစိန် CID ရုံးကို မနေ့ မတ်လ ၁၉ ရက် နာရီခန့်အချိန်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြင်းထန်ဒဏ်ရာရသွားသူကို ဆေးရုံခေါ်သွားတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာ အောက်မင်္ဂလာဒုံလမ်းမကြီးတလျောက် ရဲနဲ့စစ်သားတွေ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အန္တရာယ်ကင်းတယ်လို့လည်း သိရပါတယ်။ 

မြေပြင်သတင်းပေးအင်အားကောင်းစေဖို့ ရန်ကုန်မြို့တော်မှာ နေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့ Rangoon Urban Column တယ်လီဂရမ်ဖြစ်တဲ့ @RUC_info ကိုဆက်သွယ်ပြီး မြေပြင်သတင်းအချက်အလက်တွေ ပေးပို့ကြဖို့ Rangoon Urban Column အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨၃။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေနဲ့ပတ်သက်တဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးသိက္ခာချတဲ့ ယုတ်မာမှုသာဖြစ် တယ်လို့ AA တုံ့ပြန်


မတ်လ၂၀ရက်


ရန်ကုန်မြို့တော်မှာ ကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးသိက္ခာချတဲ့ ထိုးနှက်တိုက်ခိုက် ယုတ်မာမှုသာဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။ 

အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးရုပ်သံတွေနဲ့သတင်းစာ၊ သတင်းဂျာနယ်တွေမှာ မတ်လ ၁၈ ရက် နဲ့ ၁၉ ရက်နေ့မှာဖော်ပြခဲ့တဲ့ မူးယစ်ဆေးဖမ်းဆီးရမိတဲ့သတင်းနဲ့ပတ်သက်လို့ AA က တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ မူးယစ်မှောင်ခိုဂိုဏ်းတွေဆီကနေ ကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ အိုက်စ်လို့ခေါ်တဲ့ မက်သ်အဖက်တမင်း တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေး ဗဟိုကော်မတီ CCDAC-Myanmar က စွပ်စွဲထားတာကို AA က တုံ့ပြန်လိုက် တာလည်းဖြစ်ပါတယ်။

စစ်ရေးအရ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး AA အမည်နာမကို ထည့်သွင်းထားရုံတင်မဟုတ်ဘဲ  ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲနေတယ်လို့ AA ဘက်က ဆိုပါတယ်။ 

ဒီမူးယစ်ဆေးဝါးသတင်းနဲ့ AA အကြား ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးဆိုတာ အတိအလင်းပြောလိုကြောင်းလည်း AA က ရှင်းပြထားပါတယ်။ စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ ယုတ်တိမရှိတဲ့အပြင် နိုင်ငံရေးသိက္ခာချတဲ့ စွပ်စွဲချက်တခုသာဖြစ်တယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။လက်ရှိအချိန်မှာ ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီဟာ AA ကို စစ်ရှုံးတဲ့ကာလဖြစ်တဲ့အပြင် အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာအလယ်မှာ အရှက်ရနေချိန်လည်း ဖြစ်နေတာကြောင့် ရှက်ရမ်းရမ်းပြီး ULA/AA အဖွဲအစည်းကို အငြိုးအတေးနဲ့ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတခုသာဖြစ်တယ်လို့ AA က သုံးသပ်ထားပါတယ်။ 

မူးယစ်ဆေးဝါး၊ ဒုစရိုက်မှုတွေနဲ့ ခေတ်သစ် အွန်လိုင်းလောင်းကစား ကျားဖြန့်ကိစ္စတွေဟာ အကြမ်းဖက်စစ်အုပ်စု ဖက်ဆစ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် သူတို့လက်သပ်မွေးထားတဲ့ ပြည်သူ့စစ်တွေ ကြီးစိုးထိန်းချုပ်ရာနယ်မြေတွေနဲ့ အကျင့်ပျက် အဂတိလိုက်စား လာဘ်ပေးလာဘ်ယူလုပ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပိုင်ဆိုင်တဲ့နေရာမှာ အဓိက တွေ့ရလေ့ရှိတယ်လို့လည်း AA က အသိပေးထားပါတယ်။လောင်းကစားမှုတွေနဲ့ မူးယစ်ဆေးကိစ္စအားလုံးမှာ လာဘ်စားနေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပါဝင်ပတ်သက်နေတဲ့အတွက် သူတို့ လက်ချက်ဖြစ်တယ်ဆိုတာ ငြင်းမရတဲ့အထောက်အထားတွေက သက်သေခံနေတယ်လို့ AA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ရှုံးကောင်စီ စိုးမိုးနယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ ရန်ကုန်လိုနေရာတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ထိန်းမနိုင် သိမ်းမရဖြစ်နေပြီး ကျားဖြန့်ကိစ္စတွေမှာလဲ စစ်ဗိုလ်ချုပ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ နိုင်ငံတကာအသိ ဖြစ်နေ ပေမယ့် စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ဟာ စစ်ရေးအရ တော်လှန်ရေးတပ်တွေကို မယှဥ်နိုင်တော့တဲ့အချိန်မှာ တော်လှန်ရေး တပ်တွေကပဲ မူးယစ်ဆေးဝါးဖြန့်ဝေနေသယောင် ဝါဒဖြန့်နေတာလို့ နိုင်ငံရေး စစ်ရေးလေ့လာနေသူတွေကလည်း သုံးသပ် ပြောဆိုနေကြပါတယ်။


========================


🚩🚩၄။ မုံရွာ-မန္တလေးလမ်းအတိုင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ


မတ်လ၂၀ရက်


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ကိုဖြတ်သန်းသွားတဲ့ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရသွားတယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ- က ပြောပါတယ်။

ချောင်းဦးမြို့ နယ် နတ်ရေကန် အကြမ်းဖက်စစ်စခန်းကနေ အင်အား ၆၀ ခန့်နဲ့ထွက်လာတဲ့ စစ်ကြောင်းနဲ့ ချောင်းဦးမြို့တွင်း က ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကြောင်း မုံရွာ- မန္တလေး လမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာတာကို မတ်လ ၁၆ ရက်နေ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီစစ်ကြောင်း ချောင်းဦးမြို့ အရှေ့ဘက် မိုင်ခန့်အကွာကိုရောက်လာချိန်မှာ တော်လှန်ရေးရဲဘော်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်ဒဏ်ရာရသွားပြီး ထွက်ပြေးသွားတဲ့စစ်သားတွေနဲ့ စစ်ကြောင်းပြန်စုဖွဲ့နေချိန် မှာ တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ 

ဒရုန်းဗုံးကြဲတိုက်ခိုက်ချိန်မှာ နီးစပ်ရာအဆောက်အအုံတခုထဲ ဝင်ရောက်ပုန်းခိုနေတဲ့ စစ်သားတွေကို တော်လှန်ရေး ရဲဘော် တွေက RPG တလုံး၊ ၄၀ မမ ဗုံးသီး လုံး ပစ်သွင်းတိုက်ခိုက်ရာမှာလည်း စစ်သားတွေ ထိခိုက်သေဆုံးတွေရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားတွေဟာ မုံရွာ-မန္တလေး လမ်းပိုင်းမှာသွားလာနေတဲ့ ပြည်သူပိုင်ကားတွေကိုတားပြီး ချောင်းဦးမြို့တွင်းနဲ့ နတ်ရေကန် စစ်တပ်အထိုင်စခန်းကို ပြန်ဆုတ်သွားတယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ- က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် .က. ဒရုန်းလက်ရုံးတပ်ဖွဲ့၊ ငမိုးရိပ်စစ်ကြောင်း - မုံရွာခရိုင် .က. လက်ရုံး စစ်ကြောင်း၊ Nway Oo Brothers Column နဲ့ Anyarthium - အညာမြေ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment