25th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ စစ်ကိုင်းနှင့်မကွေးဒေသများရှိ လူ့အခွင့်အရေးတာဝန်ခံများက၎င်းတို့ကြုံတွေ့ရသည့်မြေပြင်အခြေအနေများအား NUGပြည်ထောင်စုဝန်ကြီးများထံတင်ပြဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသောကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံရဲ့အခြေအနေကို လူ့အခွင့်အရေးကောင်စီမှာ ပါဝင်နေကြတဲ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီအားလုံး မျက်ကွယ်မပြုဖို့ တိုက်တွန်းထား

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ နမ္မတူမြို့နယ်တွင် () အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၃၀)ဦး ဖမ်းဆီးရမိခဲ့တယ်လို့TNLAထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းအနေဖြင့် "ဒဏ်ရာရရဲဘော်များအတွက် အရေးပေါ်အသက်ကယ်ယာဉ်"ကမ်ပိန်းစတင်

📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ မြန်မာတော်လှန်သင်္ကြန် ကိုရီးယားမှာကျင်းပမည်


========================


၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ပြည်သူ့မျက်နှာမညိုးနွမ်းရလေအောင်၊ပြည်သူလူထုချစ်ခင်လေးစားအောင် ချမှတ်ထားတဲ့စည်းမျဥ်း၊စည်းကမ်းများကို လေးစားလိုက်နာကြဖို့ ကာကွယ်ရေးဝန်ကြီးတိုက်တွန်းပြောကြား

🚩၂။ မိုးဗြဲမြို့၊ ကုန်းသာ ကျေးရွာ တောင်ကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်မှရဲဘော်တဦးကျဆုံး

🚩၃။ ရေဖြူမြို့နယ်၊ အမှတ် ပြည်ထောင်စုလမ်း တွင် လမ်း ကင်းထွက်လာသော စကစစစ်ကြောင်းကိုတော်လှန်ရေးတပ်များတိုက်ခိုက်၍ စကစဘက်က ဗိုလ်မှူး ဦး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံး

🚩၄။ ပေါက်မြို့နယ် နယ်သတ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူလေးဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီး 

🚩၅။ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေတော်ကျေးရွာကိုအကြမ်းဖက်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ရာ နေအိမ် (၂၇၂) လုံး မီးလောင်ပျက်စီးခဲ့

🚩၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပကဖတွေ အနေနဲ့ ၂၀၂၅ ခုနစ် အတွင်း စစ်ရေးစွမ်းရည် သိသိသာသာ တိုးမြင့်လာပြီး ရန်သူ့စစ်ကြောင်းတွေ အထိနာအောင် တိုက်ခိုက်နိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ စစ်ကိုင်းနှင့်မကွေးဒေသများရှိ လူ့အခွင့်အရေးတာဝန်ခံများက၎င်းတို့ကြုံတွေ့ရသည့်မြေပြင်အခြေအနေများအား NUGပြည်ထောင်စုဝန်ကြီးများထံတင်ပြဆွေးနွေး


မတ်လ၂၅ရက်


စစ်ကိုင်းနှင့်မကွေးဒေသများရှိ လူ့အခွင့်အရေးတာဝန်ခံများက ၎င်းတို့ကြုံတွေ့ရသည့် မြေပြင်အခြေအနေများအား NUGပြည်ထောင်စုဝန်ကြီးများထံ တင်ပြဆွေးနွေးခဲ့ပါတယ်။

 တွေ့ဆုံဆွေးနွေးပွဲတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လူ့အခွင့်ရေးရာတာဝန်ခံများက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြခြင်း၊အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။

ထိုသို့ တင်ပြချက်များတွင် လူ့အခွင့်ရေးရာတာဝန်ခံများက တရားစီရင်ရေးဆိုင်ရာတွေ့ကြုံရသည့် အခြေအနေများ၊ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာတွေ့ကြုံရသည့်အခြေအနေများ၊လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် လူ့အခွင့်အရေးပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

တက်ရောက်လာသည့် ဝန်ကြီးဌာနများဘက်မှလည်း လိုအပ်သည့် သတင်းအချက်အလက်မျှဝေမှုများ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ တရားရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ အစရှိသည့် အကြောင်းအရာများကို ကြေလည်စွာပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့တယ်လို့သိရပါတယ်။


ထို့နောက် လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသောကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိ


မတ်လ၂၅ရက်


အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသောကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိတယ်လို့ AAPPကဖော်ပြပါတယ်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေး(အိုးဘို)အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသီဟသည် အကျဉ်းထောင်အတွင်း၌ လည်ပင်းအကျိတ်ကင်ဆာရောဂါကို ခံစားခဲ့ရပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ နံနက် နာရီခန့်အချိန်တွင် သေဆုံးခဲ့ခြင်းကို မိသားစုအား အကြောင်းကြားခဲ့သော်လည်း ရုပ်အလောင်းကို မိသားစုထံသို့ ပြန်ပေးခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

ကိုသီဟသည် ၂၀၂၃ ခုနှစ်အတွင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ၅၀() တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်းခံခဲ့ရပါတယ်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၂၄) ဦးရှိပြီး ထိုအထဲမှ (၂၂၁၃၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၀၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံရဲ့အခြေအနေကို လူ့အခွင့်အရေးကောင်စီမှာ ပါဝင်နေကြတဲ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီအားလုံး မျက်ကွယ်မပြုဖို့ တိုက်တွန်းထား


မတ်လ၂၅ရက်


မြန်မာနိုင်ငံရဲ့အခြေအနေကို လူ့အခွင့်အရေးကောင်စီမှာ ပါဝင်နေကြတဲ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီအားလုံး မျက်ကွယ်မပြုဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးကတိုက်တွန်းထားတယ်လိူ့သိရပါတယ်။

"လူ့အခွင့်အရေးကောင်စီမှာ ဖတ်ကြား၊ တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာကတော့ ထုံးစံအတိုင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း၊ ကွက်ကွက်ကွင်းကွင်း တင်ပြထားသလို ခွန်အားပါတဲ့စကားလုံးတွေနဲ့ နိုင်ငံတကာကို တောင်းဆိုထားတာ တွေ့နိုင်ပါတယ်။အခုလက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို တင်ပြပြီးတော့ မြန်မာနိုင်ငံရဲ့အခြေအနေကို လူ့အခွင့်အရေးကောင်စီမှာ ပါဝင်နေကြတဲ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီအားလုံး မျက်ကွယ်မပြုဖို့ တိုက်တွန်းသွားပါတယ်"လို့လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကအသိပေးဆိုထားပါတယ်။

NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့တဲ့အတိုင်းပဲ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ၂၀၂၄ ခုနှစ် နောက်ပိုင်းကနေစတင်ပြီးတော့ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တဲ့အကြောင်း၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦးတွေကို ပိုမိုဆိုးရွားစွာ တိုက်ခိုက်တဲ့အကြောင်း ဒါတွေကိုမြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးကတင်ပြခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ နမ္မတူမြို့နယ်တွင် () အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၃၀)ဦး ဖမ်းဆီးရမိခဲ့တယ်လို့TNLAထုတ်ပြန်


မတ်လ၂၄ရက်


နမ္မတူမြို့နယ်တွင် () အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၃၀)ဦး ဖမ်းဆီးရမိခဲ့တယ်လို့TNLAကထုတ်ပြန်ပါတယ်။အလားတူတအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ နမ္မတူမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ ()ဦးကို မတ်လအတွင်းဖမ်းဆီးရမိခဲ့ပါတယ်။

မတ်လ ၁၃ ရက်နေ့၌ အသက် (၃၃)နှစ်အရွယ် ဦးအလှဆိုသူကို မြို့အထွက်ရှိ ကြူဆော့ဂိတ်တွင် စစ်ဆေးမေးမြန်းစဥ် ဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။

အလားတူ မတ်လ ၁၇ ရက်နေ့တွင်လည်း ပန်လုံအုပ်စု၊ မာန်ဆာကျေးရွာတွင် စိုင်းခမ်းပန်၊ ဦးမောင်ကျော်၊ ဦးအိုက်အောင်နှင့် အိုက်ကံမ်တို့သည် ယာမစိတ်ကြွဆေးသုံးစွဲသည့်သတင်းရရှိသောကြောင့် တအာင်းပြည် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများမှ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

၎င်းတို့ကို  တအာင်းပြည် ရဲ့တပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းအနေဖြင့် "ဒဏ်ရာရရဲဘော်များအတွက် အရေးပေါ်အသက်ကယ်ယာဉ်"ကမ်ပိန်းစတင်


မတ်လ၂၅ရက်


ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းအနေဖြင့် "ဒဏ်ရာရရဲဘော်များအတွက် အရေးပေါ်အသက်ကယ်ယာဉ်"ကမ်ပိန်းစတင်နေပြီဖြစ်ကြောင်းသိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ်၂တပ်ရင်း(T5-Zone)မှ ရှေ့တန်းတွင် ဒဏ်ရာရရဲဘော်များကို အရေးပေါ်အခြေနေတွင် အမြန်သယ်ယူပို့ဆောင်နိုင်ရေးအတွက် တပ်တွင်တာဝန်ထမ်းဆောင်ရန် ကားတစ်စီးလိုအပ်နေတယ်လို့ဖော်ပြပါတယ်။ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းအနေဖြင့် "ဒဏ်ရာရရဲဘော်များအတွက် အရေးပေါ်အသက်ကယ်ယာဉ်"ကမ်ပိန်းမှာမတ်လ၂၅ရက်မှဧပြီလ၂၅ရက်အထိကမ်ပိန်းကာလကို တစ်လတိတိ သတ်မှတ်ထားတာဖြစ်ပြီး ရရှိလာသော မိဘပြည်သူများ၏ ကူညီထောက်ပံ့ငွေများဖြင့် ထိုင်းဘတ်ငွေ ၅သိန်းဝန်းကျင်တန်ဖိုးရှိသော ရဲဘော်များအတွက် အသက်ကယ်ယာဉ် ကားတစ်စီးဝယ်ယူသွားမယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ မြန်မာတော်လှန်သင်္ကြန် ကိုရီးယားမှာကျင်းပမည်


မတ်လ၂၅ရက်


မြန်မာတော်လှန်သင်္ကြန်ကို၂၀၂၅ ဧပြီ ၁၃ ရက်နေ့၊ ဘူဖျောင်းဘူတာရှေ့ ရင်ပြင်မှာ ကျင်းပမယ်လို့သိရပါတယ်။စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က ကမကထပြု ကျင်းပပြီး တော်လှန်သင်္ကြန်ပွဲမှ ရရှိသော ရန်ပုံငွေများကို စစ်ရှောင်ပြည်သူများသို့ ထောက်ပံ့သွားမှာဖြစ်တယ်လို့သိရပါတယ်။

"မနှစ်ကလိုပဲ အရသာရှိတဲ့ မြန်မာမုန့်မျိုးစုံကို အလှူရှင်များနဲ့ တော်လှန်ရေးအဖွဲ့များက ပြုလုပ်ပြီး၊ ရန်ပုံငွေအဖြစ် ရောင်းချမှာ ဖြစ်ပါတယ်။ Rainbow တီးဝိုင်း၊ ပင်တိုင်အဆိုရှင်များနဲ့အတူ သင်္ကြန် အဆို, အက, ယိမ်း, သံချပ် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်မယ်။ ကိုရီးယား လူငယ်တွေရဲ့ ဆန်းသစ်တဲ့ တင်ဆက်မှုတွေလည်း ပါဝင်မယ်"လို့ဆိုထားပါတယ်။အစားအသောက် ရောင်းရငွေ အားလုံးအနက်မှ ပွဲကုန်ကျစရိတ် နုတ်ပြီးပါက ပိုငွေအားလုံးကို တော်လှန်ရေးအတွက် စစ်ရှောင်ပြည်သူများသို့ ထောက်ပံ့မှာ ဖြစ်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကို မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩၁။ပြည်သူ့မျက်နှာမညိုးနွမ်းရလေအောင်၊ပြည်သူလူထုချစ်ခင်လေးစားအောင် ချမှတ်ထားတဲ့စည်းမျဥ်း၊စည်းကမ်းများကို လေးစားလိုက်နာကြဖို့ ကာကွယ်ရေးဝန်ကြီးတိုက်တွန်းပြောကြား


မတ်လ၂၅ရက်


ပြည်သူ့မျက်နှာမညိုးနွမ်းရလေအောင်၊ပြည်သူလူထုချစ်ခင်လေးစားအောင် ချမှတ်ထားတဲ့စည်းမျဥ်း၊စည်းကမ်းများကို လေးစားလိုက်နာကြဖို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) မှ အရာရှိသင်တန်း အပတ်စဥ် () နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနားအားပေးပို့တဲ့ သဝဏ်လွှာမှာပြောကြားထားပါတယ်။"လာမယ့်ကာလဟာ ရဲဘော်တို့တိုက်စွမ်းရည်ကိုအထူးပြသရမယ့်ကာလဖြစ်တယ်း။ရဲဘော်တို့အနေနဲ့ ပြည်သူ့တော်လှန်ရေးအတွက်အောင်မြင်မှုတွေ အရယူပေးနိုင်မယ်လို့ ယုံကြည်တယ်။ပြည်သူ့မျက်နှာမညိုးနွမ်းရလေအောင်၊ပြည်သူလူထုချစ်ခင်လေးစားအောင် ချမှတ်ထားတဲ့စည်းမျဥ်း၊စည်းကမ်းများကို လေးစားလိုက်နာကြဖို့ အဆင့်ဆင့်သောတာဝန်ရှိသူများအနေနဲ့ အထူးကြပ်မတ်ကြဖို့ ဒီနေရာကတိုက်တွန်း လိုပါတယ်"လို့ ဝန်ကြီးကပြောပါတယ်။


ဒါ့အပြင် ရန့်သူ့တပ်ကိုပြတ်ပြတ်သားသားချေမှုန်းဖို့နဲ့ တိုက်ဖော်တိုက်ဖက်ရဲဘော်ရဲဘက်တွေအပေါ်မှာ ညီရင်းအကိုပမာ စိတ်ဓာတ်မွေးမြူကြဖို့ ဝန်ကြီးကတိုက်တွန်းပါတယ်။


========================


🚩🚩၂။ မိုးဗြဲမြို့၊ ကုန်းသာ ကျေးရွာ တောင်ကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်မှရဲဘော်တဦးကျဆုံး


မတ်လ၂၅ရက်


၂၀၂၅ ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် မိုးဗြဲမြို့၊ ကုန်းသာ ကျေးရွာ တောင်ကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ရှိ အလယ်ပိုင်းတိုင်း ၊ကယား(ကရင်နီ)စစ်ဒေသ၊ ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်း တွင် တပ်သားအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော  ရဲဘော်ရောဘတ် () ဘက် သည်  ၎င်း တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးခဲ့ရတယ်လို့သိရပါတယ်။

 စစ်အာဏာရှင်ကျရှုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးခဲ့သော ရဲဘော် ရောဘတ် ()ဘက် အား မိမိတို့ ဒီးမော့ဆို အမှတ် ၁၁၀၂ တပ် ရင်းမှ ကျန်ရစ်သူမိသားစု ညီကိုမောင်နှမများနှင့်အတူ ထပ်တူ၀မ်းနည်းကျေကွဲရပြီး ပြည်သူ့ အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဦးညွတ်အပ်တယ်လို့ဖော်ပြထားပါတယ်။


========================


🚩🚩၃။ ရေဖြူမြို့နယ်၊ အမှတ် ပြည်ထောင်စုလမ်း တွင် လမ်း ကင်းထွက်လာသော စကစစစ်ကြောင်းကိုတော်လှန်ရေးတပ်များတိုက်ခိုက်၍ စကစဘက်က ဗိုလ်မှူး ဦး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံး


မတ်လ၂၅ရက်


ရေဖြူမြို့နယ်၊ အမှတ် ပြည်ထောင်စုလမ်း တွင် လမ်း ကင်းထွက်လာသော စကစစစ်ကြောင်းကိုတော်လှန်ရေးတပ်များတိုက်ခိုက်၍ စကစဘက်က ဗိုလ်မှူး ဦး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်းကိုမတ်လ၂၅ရက်မှာ ဒူရကစစ်ကြောင်းက အတည်ပြုထုတ်ပြန်ပါတယ်။

မတ်လ ၂၄ ရက်နေ့ နံနက် နာရီခန့်အချိန် ရေဖြူမြို့နယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာအကြား ရေး-ထားဝယ်အမှတ် ပြည်ထောင်စုလမ်း မကြီးတစ်လျှောက်တွင် လမ်းကင်း ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုဖော်ပြပါတယ်။

စစ်ဆင်ရေးတွင်း စကစဘက်က ဗိုလ်မှူးအဆင့်ရှိသူ ဦးအပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့ပြီး RPG 7 အမျိုးအစား လက်နက် လက်၊ MA4 အမျိုးအစား သေနတ် လက်၊ MA3 အမျိုးအစား သေနတ် လက်၊ MA1 အမျိုးအစား သေနတ်၂ လက် နှင့် ဆက်စပ် ပစ္စည်း အချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ဆင်ရေးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ဒူရကစစ်ကြောင်းအပါအဝင် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့မှ တိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩၄။ ပေါက်မြို့နယ် နယ်သတ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူလေးဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီး 


မတ်လ၂၅ရက်


မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် ပေါက်မြို့နယ်၊ နယ်သတ်ရွာနဲ့ နယ်သတ်ရွာအနီးကို မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီး မကွေးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး စုစုပေါင်းဂျက်ဖိုက်တာ နှစ်စီးနဲ့ မတ်လ၂၄ရက်မှာစုစုပေါင်းသုံးကြိမ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ We Love Myaingကသိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နယ်သတ်ရွာမှ ပြည်သူနေအိမ်တစ်လုံးနဲ့ ဆိုင်ကယ်တစ်စီးမီးလောင်ပျက်စီးပြီး ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။အကြမ်းဖက်စကစတပ်များဟာ လေထီးစက်တပ်ယာဥ်များနဲ့လည်း အရပ်ဘက်နေရာများကို လိုက်လံပစ်ခတ်လျက်ရှိနေပါတယ်။


========================


🚩🚩၅။ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေတော်ကျေးရွာကိုအကြမ်းဖက်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ရာ နေအိမ် (၂၇၂) လုံး မီးလောင်ပျက်စီးခဲ့


မတ်လ၂၅ရက်


ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေတော်ကျေးရွာကိုအကြမ်းဖက်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ရာ နေအိမ် (၂၇၂)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေတော်ကျေးရွာကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ပြီး မတ်လ ၁၅ ရက်နေ့အထိ ရက်ဆက်တိုက် နေအိမ်များကို မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့I nfoCommitteeYesagyoက အတည်ပြုထားပါတယ်။စကစတပ်များဟာပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူလုယက် ယူဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် (၂၇၂) လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။စကစတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရေစကြို၊ ရေလယ်ကျွန်းဒေသတွင် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ရသော မြေစွန်းတော်ရွာ၊ ဇရပ်နီရွာနှင့် မြေတော်ရွာများမှ ဒေသခံပြည်သူများ စားရေး၊ ဝတ်ရေး၊ နေရေး ဆေးဝါးကအစ လိုအပ်နေတယ်လို့သိရပါတယ်။


========================


🚩🚩၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပကဖတွေ အနေနဲ့ ၂၀၂၅ ခုနစ် အတွင်း စစ်ရေးစွမ်းရည် သိသိသာသာ တိုးမြင့်လာပြီး ရန်သူ့စစ်ကြောင်းတွေ အထိနာအောင် တိုက်ခိုက်နိုင်


မတ်လ၂၅ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပကဖတွေ အနေနဲ့ ၂၀၂၅ ခုနစ် အတွင်း စစ်ရေးစွမ်းရည် သိသိသာသာ တိုးမြင့်လာပြီး ရန်သူ့စစ်ကြောင်းတွေ အထိနာအောင် တိုက်ခိုက်နိုင်တယ်လို့ မတ်လအတွင်း PDFInsightက ဖော်ပြပါတယ်။

၂၀၂၅ ခုနစ်၊ မတ်လ (၁၉) ရက်နေ့မှာ ကသာက အင်းတော်ကို ထွက်ခွာလာတဲ့ ခမရ (၃၁၃) ခမရ (၁၀၆) ခလရ () လက်အောက်ခံ စုပေါင်းစပ်ပေါင်း အင်အား (၁၅၀) ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ က တိုက်ခိုက်ရာ ရန်သူ (၄၇) ဦး သေဆုံးခန့် သေဆုံးပြီး (၃၁) ဦး အရှင်ဖမ်းမိခဲ့ပါတယ်။ ဗိုလ်မှူး () ဦး နဲ့ ဗိုလ်ကြီး () ဦးလည်း သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။မန္တလေးတိုင်း၊ နွားထိုးကြီး မြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ တပ်မ (၁၀၁) လက်အောက်ခံ အင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းကိုလဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း (/၁၀) နွားထိုးကြီး မြို့နယ် ပကဖ၊ မဟာမိတ်အဖွဲ့တွေ မတ်လ () ရက်နေ့တွင်း ပူးပေါင်း တိုက်ခိုက်ရာ ရန်သူ (၂၅) ဦး သေဆုံး၊ ဗိုလ်မှူး ဝင်းလှိုင်ဦး၊ ဗိုလ်ကြီး‌ အောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းမိခဲ့ပါတယ်။

စစ်ကြောင်း ချေမှုန်းရေး ဖြစ်စဉ် () ခု မှာတင် ရန်သူ့ဘက်က သေဆုံး၊ ဖမ်းမိ အင်အားပြုန်းတီးမှု (၃၇၆) ဦးထိရှိပြီး တပ်ရင်း () ကျော် ပမာဏ ထိရှိပါတယ်။ လက်နက်သိမ်းဆည်းရရှိမှုလဲ ရာချီ ရှိတဲ့အတွက် ရန်သူ့ လက်နက်ဖြုတ်သိမ်းရေးလုပ်ဆောင်နိုင်ခဲ့သလို ကိုယ့်တပ်လက်နက်တပ်ဆင်ရေးကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment