26th Mar 2025 - Evening Daily News by Radio NUG

 


၂၀၂၅ မတ်လ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ဖြိုလှဲချနိုင်ဖို့ အရှိုက်ထိစေမယ့် စစ်ရေးကဏ္ဍ အားကောင်းစေရေးအတွက် အားလုံးပူးပေါင်းအားဖြည့်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ ကိုဇေယျာသော် (Nitric Acid) မွေးနေ့အမှတ်တရအဖြစ် ABSDFသို့ မသဇင်ညွန့်အောင်မှ ထောက်ပို့ကူညီ

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း Kim ဦးဆောင်သော Aid to Burma မြေပြင်အဖွဲ့က ရေသန့်စက် လုံးကို အောင်မြင်စွာတပ်ဆင်

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ လက်ရှိ ဖက်ဆစ်တပ်ဟာ မကြာခင်ကာလမှာ မရှုမလှ ရှုံးနိမ့်ပြီး လက်နက်ချရတော့မှာ အသေအချာဖြစ်တယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို BIMSTEC ညီလာခံတက်ရန် ဖိတ်ကြားမှုကို ပြန်ရုပ်သိမ်းဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို  

📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ ကဘော်ညီနောင်  Project ဟာတမူးမြို့သိမ်းစစ်ဆင်ရေးအတွက် အလွန်အရေးကြီးတဲ့ Projectဖြစ်တယ်လို့ဆို


========================


၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်မိသားစုဝင် ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

🚩 ⁨⁨၂။ တနိုင်း လီဒိုလမ်းမပေါ်က လဝါးရွာမှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေ

🚩၃။မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ခလယ့်ဒေးစစ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိ

🚩၄။ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးတွေဖမ်းဆီးရမိမှုမှာ မိမိတို့အဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့ KNLA စစ်ရုံးချုပ် ထုတ်ပြန် 

🚩၅။ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းစေရန်အတွက် ကလေးပကဖမှ ဗုံးခိုကျင်းတူးဖော်ပေးကာကူညီ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ဖြိုလှဲချနိုင်ဖို့ အရှိုက်ထိစေမယ့် စစ်ရေးကဏ္ဍ အားကောင်းစေရေးအတွက် အားလုံးပူးပေါင်းအားဖြည့်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မတ်လ၂၆ရက်


အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ဖြိုလှဲချနိုင်ဖို့ အရှိုက်ထိစေမယ့် စစ်ရေးကဏ္ဍ အားကောင်းစေရေးအတွက် အားလုံးပူးပေါင်းအားဖြည့်ပေးကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ၂၀၂၅ခုနှစ်၊မတ်လ၂၅ရက်မှာ ကျင်းပပြုလုပ်တဲ့ ( /၂၀၂၅) အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

တစ်ဘက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့တွေ အားလုံးပြင်ဆင်နေကြတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ လုပ်ငန်းစဥ်ကို လည်း တွန်းတွန်းတိုက်တိုက်နဲ့ သွားနိုင်ဖို့လိုမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ ဖက်ဒရယ် ယူနစ်တွေဟန်ချက်ညီညီ အချိတ်အဆက်မိမိ သွားနိုင်ဖို့ကလည်း အင်မတန် အရေးကြီးတာမို့ ဒီအတွက်လည်း အစိုးရတာဝန်ရှိသူတွေအနေနဲ့ AFTA ရေးဆွဲရေးလုပ်ငန်းစဥ်မှာ ပါဝင်နေကြတဲ့ အဖွဲ့တွေကို သေသေချာချာ တိုက်တွန်းပြောကြား ပေးစေချင် ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတ ဒူဝါလရှီးလက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အစည်းအဝေးသို့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ ကိုဇေယျာသော် (Nitric Acid) မွေးနေ့အမှတ်တရအဖြစ် ABSDFသို့ မသဇင်ညွန့်အောင်မှ ထောက်ပို့ကူညီ


မတ်လ၂၆ရက်


ကိုဇေယျာသော် (Nitric Acid) မွေးနေ့အမှတ်တရ အဖြစ် ABSDFသို့ မသဇင်ညွန့်အောင်မှ ထောက်ပို့ကူညီခဲ့တယ်လို့ မတ်လ၂၆ရက်မှာ ABSDFကအသိပေးကြေညာထားပါတယ်။

ကိုဇေယျာသော် (Nitric Acid) မွေးနေ့အမှတ်တရ အဖြစ်ကူညီထောက်ပံ့ ပေးပါသော  မသဇင်ညွန့်အောင်အား အထူးကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။

ဒါ့အပြင် တော်လှန်ရေးမှာ ကြွေလွင့်သွားခဲ့တဲ့ သူရဲကောင်းတဦးလည်းဖြစ်အနုပညာရှင်တဦးလည်းဖြစ်တဲ့ ကိုဇေယျာသော်ရဲ့ ဒီနေ့မှာကျရောက်တဲ့ (၄၄)နှစ်မြောက် မွေးနေ့ရက်မြတ်ကို နွေဦးတော်လှန်ရေးမှ အဖွဲ့အစည်းများ၊မိတ်ဆွေသူငယ်ချင်းများနဲ့ တော်လှန်ပြည်သူများမှ ဆိုရှယ်မီဒီယာအသီးသီး၌ မွေးနေ့ဆုတောင်းနှင့်အတူ ဆုတောင်းမေတ္တာများပို့သ၍ ရေသားခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း Kim ဦးဆောင်သော Aid to Burma မြေပြင်အဖွဲ့က ရေသန့်စက် လုံးကို အောင်မြင်စွာတပ်ဆင်


မတ်လ၂၆


ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်း Kim ဦးဆောင်သော Aid to Burma မြေပြင်အဖွဲ့က ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတနေရာတွင် သောက်သုံးရေအတွက် ရေသန့်စက် လုံးကို အောင်မြင်စွာတပ်ဆင်ခဲ့ပါတယ်။Kim ဦးဆောင်သော Aid to Burma  မြေပြင်အဖွဲ့သည် ယခုလတွင် ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတနေရာတွင် သောက်သုံးရေအတွက် ရေသန့်စက် လုံးကို အောင်မြင်စွာတပ်ဆင်ပေးခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

ဘုန်းဘုန်း Ashin Htavara ဆောင်ရွက်သော အဝီစိတွင်း၊ Solar Pump & pipe line  Installation လုပ်ငန်းများအားလည်း Aid to Burma Ground Team နှင့်အတူ ပူးပေါင်းကူညီ တပ်ဆင်ဆောင်ရွက် ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ လက်ရှိ ဖက်ဆစ်တပ်ဟာ မကြာခင်ကာလမှာ မရှုမလှ ရှုံးနိမ့်ပြီး လက်နက်ချရတော့မှာ အသေအချာဖြစ်တယ်လို့ဆို


မတ်လ၂၆ရက်


လက်ရှိ ဖက်ဆစ်တပ်ဟာ မကြာခင်ကာလမှာ မရှုမလှ ရှုံးနိမ့်ပြီး လက်နက်ချရတော့မှာ အသေအချာဖြစ်တယ်လို့ နော်ဝေဆိုင်ရာNUGကိုယ်စားလှယ် ဦးမောင်မောင်မြင့်က မတ်လအတွင်းမှာ ရေးသားဆိုထားပါတယ်။

"အခြေခံဥပဒေနဲ့နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပြီး အကြိမ်ကြိမ် အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ ဒီကနေ့မှာ ကိုယ့်ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ ဖက်ဆစ်စစ်တပ် ဖြစ်သွားခဲ့ပါပြီ။ တခါက ဖက်ဆစ်ဂျပန်တွေကို မြန်မာပြည်သူက တော်လှန်ခဲ့သလိုပဲ၊ လက်ရှိ ဖက်ဆစ်စစ်တပ်ကိုလည်း မြန်မာပြည်သူတွေက တခဲနက် တော်လှန်နေကြပြီ ဖြစ်ပါတယ်။ တခါက မြန်မာပြည်ကို စိုးမိုးအုပ်ချုပ်ခဲ့ကြတဲ့ ဖက်ဆစ်ဂျပန်တွေ မရှုမလှ ရှုံးနိမ့်သွားခဲ့ကြသလိုပဲ လက်ရှိ ဖက်ဆစ်တပ်ဟာလည်းပဲ မကြာခင် ကာလမှာ မရှုမလှ ရှုံးနိမ့်ပြီး လက်နက်ချရတော့မှာ အသေအချာပါပဲ"လို့ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ရန်ကုန် မန္တလေးအမြန်လမ်းမကြီးပေါ်မှာပင်တော်လှန်ရေးတပ်များ၏တိုက်ခိုက်မှုကို မကြာခဏခံနေရပြီး စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ စတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နယ်မြေစိုးမိုးမှုမရှိတော့ဘူးဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို BIMSTEC ညီလာခံတက်ရန် ဖိတ်ကြားမှုကို ပြန်ရုပ်သိမ်းဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို  


မတ်လ၂၆ရက်


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက် - BIMSTEC ညီလာခံတက်ဖို့ ဖိတ်ကြားထားတာကို ပြန်ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေတဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီ ရက်နဲ့ ရက်မှာကျင်းပမယ့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားတယ်လို့ ထိုင်းသတင်းဌာနအချို့က ဖော်ပြခဲ့တာနဲ့ပတ်သက်လို့ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ 

ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဥ် - ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲကို စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဥ်ဟာ မြန်မာပြည်သူတို့ရဲ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမျှော်မှန်းချက်တွေအပေါ် ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ထို့အတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ Defend Myanmar Democracy – DMD အဖွဲ့ကလည်း ရှုတ်ချထား ပါတယ်။

စစ်ရာဇ၀တ်ကောင်ကိုဖိတ်ခေါ်ပြီး ကော်ဇောနီခင်းကာကြိုဆိုခဲ့မယ့်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ သံခင်းတမန်ခင်းလုပ်ဆောင် တာမျိုးမဟုတ်တော့ဘဲ ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်သွားနိုင်တယ်လို့ Defend Myanmar Democracy က ထောက်ပြ ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်ရာရောက်သွားနိုင်သလို ဒေသတွင်း တရားမျှတမှုနဲ့ ဒီမိုကရေစီအရေး ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အခြေခံမူတွေကိုလည်း ဖျက်ဆီးရာရောက်သွားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

အိန္ဒိယ၊နီပေါ၊ဘူတန်၊ဘင်္ဂလားဒေ့ရှ်၊မြန်မာ၊ထိုင်းနဲ့သီရိလင်္ကာတို့ပါဝင်တဲ့ ဘင်းမ်စတက်အဖွဲ့ဆိုတာ ဘင်္ဂလားပင်လယ်အော် ဒေသတွင်းမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား ငြိမ်းချမ်းရေး၊ စီးပွားရေး တိုးတက် မှုနဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေး အားပေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်တာကြောင့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာ စစ်အုပ်စုကို အသိအမှတ်မပြုဖို့၊ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးတွေကဖယ်ရှားဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းတောင်းဆိုနေတာပဲဖြစ်ပါတယ်။ 

အာဆီယံအနေနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်ကို ဖယ်ရှားထားပေမယ့် ဘင်းမ်စတက်အဖွဲ့က မြန်မာစစ်အုပ်စုကို အသိအမှတ်ပြု ဆက်လက်ဆက်ဆံနေပြီး ၂၀၂၂ ခုနှစ်ထဲမှာ အဖွဲ့ရဲ့ ပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးဖို့ မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်တုန်းက သီရိလင်္ကာနိုင်ငံမှာကျင်းပခဲ့တဲ့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခွင့်ပြုခဲ့သလို ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အဖွဲ့ နိုင်ငံတော်လုံခြုံရေး အကြီးအကဲများအစည်းအဝေးကို မြန်မာစစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းလည်းရှိခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ ကဘော်ညီနောင်  Project ဟာတမူးမြို့သိမ်းစစ်ဆင်ရေးအတွက် အလွန်အရေးကြီးတဲ့ Projectဖြစ်တယ်လို့ဆို


မတ်လ၂၆ရက်


ကဘော်ညီနောင် Project ကိုမတ်လ၂၂ရက်နေ့ကစတင်ပြီး ကံစမ်းမဲရောင်းချခြင်းဖြင့် လိုအပ်နေတဲ့ ရံပုံငွေ ( သိန်းတစ်သောင်း )ကို ရှာဖွေသွားမှာဖြစ်ပါတယ်။ကံစမ်းမဲ တစ်စောင်ကို ပြည်တွင်းမှာရှိကြတဲ့ တော်လှန်ပြည်သူ တစ်ဦးစီတိုင်းပါဝင်နိုင်အောင် ကံစမ်းမဲလက်မှတ်တစ်စောင် - ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ပြည်ပရောက် တော်လှန်ပြည်သူများ အနေဖြင့် သတ်မှတ်ထားတဲ့နိုင်ငံတကာ စျေးနှုန်း အတိုင်း ဝယ်ယူပေးကြဖို့ကို အသိပေးထားပါတယ်။ကဘော်ညီနောင်ကမ်ပိန်းဟာလက်ရှိတမူးမြို့သိမ်း စစ်ဆင်ရေးကို ဆင်နွှဲနေကြတဲ့ အမှတ် () စစ်ဒေသ၊ *ကလေးခရိုင် နဲ့ တမူးခရိုင်* တို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ပြုလုပ်တဲ့  နှစ်ခရိုင်ပေါင်းကမ်ပိန်း  ဖြစ်ပါတယ်။

ဒီကမ်ပိန်းမှာ ပါဝင်ကြတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာဆိုရင် အမှတ်()စစ်ဒေသ ရဲ့ COC အောက်မှာ  အပြည့်အဝ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်ရင်းတပ်ဖွဲ့တွေပဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကို မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================



========================



🚩🚩၁။ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်မိသားစုဝင် ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ


မတ်လ၂၆ရက်


ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တာ် AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာ ဘုန်းကြီး‌ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်မိသားစုဝင် ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

မနေ့ မတ်လ ၂၅ ရက် နာရီကျော်အချိန်မှာ အောင်ဖြူပြင်ရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ စစ်ရှောင်ပြည်သူတွေ ထိခိုက်‌သေဆုံးရတာလို့ ဆိုပါတယ်။ 

ပုဏ္ဏားကျွန်းမြို့ခံတွေအဆိုအရ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက အောင်ဖြူပြင်ရွာကို ဗုံးသီး လုံးထက်မနည်း ကြဲချသွားတာ လို့ သိရပါတယ်။ 

သေဆုံးသူတွေဟာ အသက် ၅၃ နှစ်အရွယ် ဦးသန်းမောင်၊ ဇနီးဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မရီနဲ့ သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုမောင်သက်နိုင်တို့ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်ဒဏ်ရသူတွေလည်း ပါဝင်နေတာကြောင့် ဆေးကုသမှုခံနေတယ်လို့လည်း သိရပါတယ်။ 

စစ်ကောင်စီဟာ မိတ်လ ၁၁ ရက်နေ့တုန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာကို ပေါင် ၅ဝဝ ဗုံးသီးတွေ ကြဲချခဲဲ့ တာရှိပြီး အိမ် လုံးထက်မနည်း ပျက်စီးခဲ့သလို မတ်လ ၂၂ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်က ကျော်ဇံရွာနဲ့ ပေါက်တောညမို့နယ်က သဲခုံရွာကို လေ‌ကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တွေ ပျက်စီးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ရခိုင့်တပ်တော် AA က စစ်တွေမြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီက မြို့ပတ်ဝန်းကျင်နေရာတွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်က စစ်တွေနဲ့ကျောက်ဖြူမြို့ကို သိမ်းယူနိုင်ရေး တိုက်ပွဲဖော်ဆောင်နေသလို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းအတွင်းက စစ်ကောင်စီစခန်းအချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေချိန်လည်း ဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨၂။ တနိုင်း လီဒိုလမ်းမပေါ်က လဝါးရွာမှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေ


မတ်လ၂၆ရက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် တနိုင်း လီဒိုလမ်းမပေါ်က လဝါးကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တို့ကြား မတ်လ ၂၅ ရက်အထိ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေ တနိုင်း-လီဒိုလမ်းပိုင်းက လဝါးကျေးရွာဘက် ထိုးစစ်ဆင်လာ တဲ့အတွက် တိုက်ပွဲတွေဖြစ်နေပြီး မရန်ကထောင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကားမိုင်းဗျူဟာမှာရှိတဲ့ စစ်ကောင်စီတပ် တွေ အင်အားတိုးချဲ့နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်လောက်ကစပြီး မရန်ကထောင်ဂိတ်ကိုပိတ်ကာ စစ်ရေးလှုပ်ရှားလာသလို မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဟာလည်း လဝါးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့တာလို့ ဖော်ပြပါတယ်။ 

လက်ရှိမှာ KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ ၂၉၇၊ ဒွန်ပေါင်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ ၃၊ မင်းဇေသန့်ပြည်သူစစ်အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်းနေဆဲလို့ သိရပါတယ်။

တိုက်ပွဲကြောင့် လဝါးကျေးရွာနဲ့အနီးအနားက ဒေသနေပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်ထဲက တနိုင်း-လီဒိုလမ်းတလျောက် ပူတာအို - ဆွမ်ပရာဘွမ် လမ်းပိုင်းနဲ့ ဝိုင်းမော် - လမြန်ဒေသဘက်မှာလည်း စစ်ရေးလှုပ်ရှားနေပြီး ဒေသနေပြည်သူတွေကို အတင်းအကြပ်စစ်ဆေးမေးမြန်းတာ၊ အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတွေလည်းရှိနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေကလည်း အသိပေးပါတယ်။

KIA ပူးပေါင်းတပ်ကလည်း ဗန်းမော်မြို့ကို အပြီးအစီးသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေတယ်လို့ ရှေ့တန်းသတင်းရင်း မြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။


========================


🚩🚩၃။မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ခလယ့်ဒေးစစ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိ


မတ်လ၂၆ရက်


မြန်မာ-ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလယ့်ဒေးတပ်စခန်းကို KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ မနေ့ မတ်လ ၂၅  ညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

KNU တပ်မဟာ နယ်မြေဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ ခလယ့်ဒေးတပ်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ မတ်လ ၂၂ ရက်က စတင်တိုက်ခိုက်တာဖြစ်ပြီး ရက်အကြာမှာ စခန်းသိမ်းနိုင်တာလို့ သိရပါတယ်။

ဒီစခန်းဟာ မြန်မာ-ထိုင်းနယ်စပ်မှာရှိပြီးတော့ နယ်စပ်စည်းနဲ့ ကီလိုမီတာသာကွာဝေးတာမို့ တိုက်ပွဲဖြစ်နေချိန်မှာ ထိုင်းဘက်က လုံခြုံရေးမြှင့်တင်ထားပြီး စခန်းသိမ်းတိုက်ပွဲကို အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဒီစခန်းမကျဖို့ စစ်ကောင်စီလေတပ်က YAK 130 MIG 29 စတဲ့တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတာ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးတာတွေရှိခဲ့ပေမယ့် ထိရောက်မှုမရှိတာကြောင့် KNU က စခန်းကိုသိမ်းယူနိုင်ခဲ့တာလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ခလယ့်ဒေးတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတာရှိသလို အနီးတဝိုက်မှာရှိတဲ့ ခလယ့်ဒေးနဲ့ နို့လော်ဖလိုးကျေးရွာတွေကဒေသခံတွေ ထိုင်းဘက်ခြမ်းကို စစ်ရှောင်နေရတယ်လို့လည်း နယ်စပ်သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

စခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ KNU ဘက်ကတော့ ဒီနေ့ မတ်လ ၂၆ ရက် မနက် ၁၁ နာရီ ဝန်းကျင်အထိ ထုတ်ပြန် ပြောဆိုတာမရှိသေးပါဘူး။ 

မတ်လ ၁၄ ရက်နေ့တုန်းကလည်း KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဟာ KNU တပ်မဟာ နယ်မြေထဲက စစ်ကောင်စီ ရဲ့ ပူးလူးတူးတပ်စခန်းကို သိမ်းယူနိုင်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွား တယ်လို့ KNU ဗဟိုက ထုတ်ပြန်ခဲ့ပါတယ်။


========================


🚩🚩၄။ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးတွေဖမ်းဆီးရမိမှုမှာ မိမိတို့အဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့ KNLA စစ်ရုံးချုပ် ထုတ်ပြန် 


မတ်လ၂၆ရက်


ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လို့ စပ်ဆိုင်ပတ်သက်မှုမရှိလို့ ကရင်အမျိုသားအစည်းအရုံး -KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA စစ်ရုံးချုပ်က ဒီနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်‌ကြေညာပါတယ်။

မတ်လ ၂၁ ရက်က ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်မှာ ကရင်အဖွဲ့အစည်းတခုခုနဲ့ ပတ်သက်နေတယ် ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် အခုလိုကြေညာချက် ထုတ်ပြန်ရတာလို့ KNLA စစ်ရုံးချုပ်က ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ ကုန်တင်ကားနဲ့တင်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၈ သန်းနဲ့ မူးယစ်ဆေးတွေကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၁ ရက် နေ့လယ်ပိုင်းမှာ နခွန်စဝမ်မြို့မှာ ဖမ်းမိခဲ့တာရှိပါတယ်။  

KNLA ထုတ်ပြန်ချက်ထဲမှာ မူးယစ်ဆေးဝါးထုတ်လုပ်တာ ဖြန့်ဖြူးတာ ရောင်းဝယ်ဖောက်ကားတာ စတဲ့လုပ်ငန်းတွေကို နိုင်ငံတကာက ဆန့်ကျင်ရှုတ်ချနေသလို KNU/KNLA အနေနဲ့လည်း အားပေးထောက်ခံတာမျိုးမရှိဘဲ နိုင်ငံတကာနဲ့အတူ ဆန့်ကျင့်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ခံယူကျင့်သုံးနေတဲ့ လက်နက်ကိုင်အဖွဲ့တခုဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် KNU/KNLA ဟာ တော်လှန်ရေးသမိုင်းတလျှောက် ကင်းရှင်းစွာရပ်တည်လာခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်လို့ အသိပေးထားပါတယ်။

KNU အုပ်ချုပ်တဲ့နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့ပြစ်မှု ကျူးလွန်သူတွေကိုလည်း အဖွဲ့ရဲ့ တည်ဆဲဥပဒေ နဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်ကို ပို့မယ်လို့ယူဆရတဲ့ မူးယစ်ကုန်ကြမ်း ဓာတုဆေးဝါးတွေကို ဂိုထောင်တခုအတွင်းကနေ မတ်လ ၂၅ ရက် မနက်ပိုင်းမှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းစေရန်အတွက် ကလေးပကဖမှ ဗုံးခိုကျင်းတူးဖော်ပေးကာကူညီ


မတ်လ၂၆ရက်


ကလေးမြို့နယ်အတွင်းရှိ ကျေးရွာနေလူထုနဲ့ NUG မြေပြင်စာသင် ကျောင်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းစေရန်အတွက် ကလေးပကဖမှ ဗုံးခိုကျင်းတူးဖော်ပေးကာ ကူညီခဲ့ပါတယ်။

ကလေးမြို့နယ်အတွင်းရှိ ကျေးရွာနေလူထုနဲ့ NUG မြေပြင်စာသင် ကျောင်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းစေရန်အတွက် ဘေးကင်းရိပ်မြုံအစီအစဉ်အဖြစ် ဗုံးခိုကျင်းတူးဖော်ရန် ထောက်ပံ့ငွေပေးခြင်း၊ ဘေးအန္တရာယ် လျော့ကျရေးဇာတ်တိုက် လေ့ကျင့်ခြင်းတွေ ပြုလုပ်ပေးနေတယ်လို့ မတ်လ၂၆ရက်မှာ ပကဖအသံက ဖော်ပြပါတယ်။

အဆိုပါ ဘေးကင်းရိပ်မြုံအစီအစဉ်ကို ကလေးမြို့နယ် ပကဖ၊ ပအဖ၊ ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့ (အခြေခံ) သက်မွေးပညာကော်မတီ (ကလေးခရိုင်)Mobile Medical Team-West Division တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်⁩⁩⁩






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment