၂၀၂၅ မတ်လ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေသုံးစွဲမှုကိုစနစ်တကျပြင်ဆင်ထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ငလျင်သတင်းသတိပေးချက် ထုတ်ပြန်
📌 ၃။ စစ်ကောင်စီတပ်စစ်ကြောင်းမှ ထွက်ပြေးလာသည့်ခလရ(၁၀၃)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်အား ဖမ်းဆီးရမိ၍စစ်ဆေးမေးမြန်းနေ
📌 ၄။ မိမိတို့ဒေသ၏ ၈၀ရါခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ Zoland - People's Defence Forceအသိပေး
📌 ၅။ အရပ်သားတဦးကို မှားယွင်းပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်အတွက် အပြစ်ပေးအရေးယူတာကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လိုက်နာဆောင်ရွက်သွားမယ်လို့ အောင်လံ ပကဖ ပြော
📌 ၆။ လူထုတော်လှန်ရေးအင်အားစု (PRA-Magway) ဖွဲ့စည်းတည်ထောင်ခြင်း ၄-နှစ်ပြည့် အထိမ်းအမှတ်သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော်မှသဝဏ်လွှာပေးပို့
========================
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် အိမ်တွေ ပျက်စီး
🚩 ၂။ နတ်တလင်းမြို့နယ် လယ်မအင်းဘုန်းကြီးကျောင်းနဲ့ ဘန်းဘွေးကုန်း ဌေးကျော် ဆီဆိုင်မှာတပ်စွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှုမှာ ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရ
🚩 ၃။ ပေါက်ခေါင်း - အုတ်တွင်းလမ်းပိုင်းမှာ စစ်ကား၂ စီးကိုတိုက်ခိုက်ခဲ့ရာ တစီး ချောက်ထဲကျသွားပြီး စစ်သား ၁၁ ဦးသေဆုံး
🚩 ၄။ ပဲယင်းမြို့ပေါ်က စစ်စခန်း ၂ ခုကို တော်လှန်ရေးနေ့မှာ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၅။ တော်လှန်ရေးဆင်နွှဲတဲ့အခါ ပြည်သူလူထုကို အမိအဖလို ဆက်ဆံရမယ်လို့ အမှတ် ၁ အထူးတပ်ရင်းပြော
🚩 ၆။ ရွှေဘိုနဲ့ မုံရွာမြို့မှာ စစ်မှုထမ်းတပ်သားသစ် ၂ ဦးနဲ့ပျူစောထီးတဦး အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေသုံးစွဲမှုကိုစနစ်တကျပြင်ဆင်ထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မတ်လ၂၈ရက်
ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေသုံးစွဲမှုကိုစနစ်တကျပြင်ဆင်ထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။
"စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နဲ့ ကြားကာလအခြေခံဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး အသေးစိတ်တွေ ဆွေးနွေး နေပြီဖြစ်တာကြောင့် ဝန်ကြီးဌာနတွေအနေနဲ့ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေကြား လုပ်ပိုင်ခွင့်အာဏာကို ဘယ်လိုခွဲဝေသုံးစွဲကြမလဲဆိုတာတွေကို သေသေချာချာ ပြင်ဆင်ထားစေချင်ပါကြောင်း နှင့်အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ရင် အုပ်ချုပ်ရေးကဏ္ဍနဲ့ ပတ်သက်ရင် မူဝါဒ အပိုင်းရော၊ အကောင်အထည်ဖော်ဆောင်မှုအပိုင်းရော ထိထိမိမိ အလုပ်လုပ်နိုင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်တာကြောင့် ဌာနတစ်ခုချင်းစီမှာ လိုအပ်ရင် လိုအပ်သလို လူ့စွမ်းအားအရင်း အမြစ်တွေ ဖြည့်တင်းကြဖို့လိုသလို ဌာနအချင်းချင်း ပေါင်းစပ်မှုအပိုင်းမှာလည်း ပိုမိုအားကောင်းစွာနဲ့ ပေါင်းစပ်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ငလျင်သတင်းသတိပေးချက် ထုတ်ပြန်
မတ်လ၂၈ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံတွင်းရှိ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာမှာ အင်အား ၇.၇ ပမဏရှိ အလွန်အားပြင်းတဲ့ ငလျင် လှုပ်ခတ်ခဲ့ပါတယ်။ အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာ တွင်ဗဟိုပြုနေပြီး ဇောက်တိမ် ငလျင်အမျိုးအစားဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာနဲ့တရုတ်နိုင်ငံတို့မှာ သက်ရောက်မှုရှိခဲ့ပါတယ်။
ပထမကြိမ် ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ၊ စစ်ကိုင်းမြို့တောင်ဘက်ပိုင်း ၁၈ ကီလိုမီတာခန့်အကွာတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အတော်အသင့် အင်အားပြင်းသည့်ငလျင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
နောက်ဆက်တွဲ ငလျင်များလဲ ဆက်လှုပ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့နဲ့ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြု ရန်အချက်များကို NUGလူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနတွင် ဝေမျှလိုက်ထားပါတယ်။
နောက်ဆက်တွဲငလျင်တွေဆက်လှုပ်နိုင်တဲ့အတွက်သတိပြုနေထိုင်ကြဖို့NUGကအရေးပေါ်သတိပေးထုတ်ပြန်လိုက်ပါတယ်။
"အလွန်အားပြင်းတဲ့ငလျင်မို့ နောက်ဆက်တွဲငလျင်တွေဆက်လှုပ်နိုင်ကြောင်းနဲ့ သတိပြုနေထိုင်ပါ။ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ မတ်လ ၅ ရက်နေ့က post တင်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များကိုဖော်ပြထားပါတယ်"လို့လူသားစာနာဝန်ကြီးဌာနမှဒုဝန်ကြီး ငိုင်တမ်းမောင်ကဆိုထားပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီတပ်စစ်ကြောင်းမှ ထွက်ပြေးလာသည့်ခလရ(၁၀၃)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်အား ဖမ်းဆီးရမိ၍စစ်ဆေးမေးမြန်းနေ
မတ်လ၂၈ရက်
စစ်ကောင်စီတပ်စစ်ကြောင်းမှ ထွက်ပြေးလာသည့်ခလရ(၁၀၃)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်အား ဖမ်းဆီးရမိ၍စစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။
ဖက်ဆစ် စစ်ကောင်စီတပ် ခလရ(၁၀၃)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်အား ဖမ်းဆီးရမိမှုနဲ့ စပ်လျဉ်း၍ မတ်လ၂၈ရက် မြိတ်ခရိုင်အမှတ်၁တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။
၄င်းဗိုလ်မှူးအား မတ်လ၂၆ရက်မနက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်ရှိ တော်လှန်ရေးတပ်များပူးပေါင်းဂိတ်မှာ ယာဥ်များစစ်ဆေးရင်း
ဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။
ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ဟာ အရပ်သားဟန်ဆောင်ကာခရီးသည်တင်ယာဥ်မှတဆင့်ရန်ကုန်သို့ထွက်ပြေးရန်ကြိုးစားတာလို့သိရပါတယ်။
========================
📌📌 ၄။ မိမိတို့ဒေသ၏ ၈၀ရါခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ Zoland - People's Defence Forceအသိပေး
မတ်လ၂၈ရက်
မိမိတို့ဒေသ၏ ၈၀ရါခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ Zoland - People's Defence Forceအသိပေးဆိုပါတယ်။
"မကြာမီအချိန်တွင် မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ချင်းပြည်နယ်ရှိ ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) တည်ထောင်ခြင်း ၄ နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။၂၀၂၁ အာဏာသိမ်းမှုအပြီးတွင် တူမီးသေနတ်များဖြင့် စတင်တော်လှန်ခဲ့ရသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သည် ယခုအခါ စနစ်တကျစုစည်းထားသော တော်လှန်ရေးတပ်ဖွဲ့တစ်ခု အဖြစ် တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီနှင့် ကာလရှည်ကြာတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ မိမိတို့ဒေသ၏ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ချင်းပြည်နယ်တွင် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အိပ်မက်ကို တဖြည်းဖြည်း အကောင်အထည်ဖော်လာနိုင်ပြီ ဖြစ်တယ်လို့Zoland - People's Defence Forceကဆိုပါတယ်။
========================
📌📌 ၅။ အရပ်သားတဦးကို မှားယွင်းပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်အတွက် အပြစ်ပေးအရေးယူတာကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လိုက်နာဆောင်ရွက်သွားမယ်လို့ အောင်လံ ပကဖ ပြော
မတ်လ၂၈ရက်
မကွေးတိုင်း အောင်လံမြို့နယ်အခြေစိုက် ကပစ ၁၅ က စစ်ကောင်စီတပ်ဖွဲ့ဝင် အဲဗားကြီး ခေါ် ရဲဝင်းခိုင်ကို ပစ်ခတ်ရှင်းလင်း ချိန်မှာ အရပ်သားတဦးကို မှားယွင်းပစ်ခတ်ခဲ့တာနဲ့ပတ်သက်လို့ အပြစ်ပေးအရေးယူတာကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လိုက်နာဆောင်ရွက်သွားမယ်လို့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် - ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - အောင်လံ က
မတ်လ ၂၇ ရက် နေ့စွဲနဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ရာမှာ အခုလို ထည်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောင်လံမြို့ အခြေစိုက် ကပစ - ၁၅ က စစ်ကောင်စီတပ်ဖွဲ့ဝင် အဲဗားကြီး (ခ) ရဲဝင်းခိုင်ကို အောင်မြေကုန်းကျေးရွာနဲ့ ရွာမထုံးကျေးရွာကြားမှာ မတ်လ ၂၆ ရက်နေ့ မနက် ၆ နာရီ ၄၀ ခန့်မှာ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်မှာ ရွာမထုံးကျေးရွာက ဦးအောင်သန်းဦးဆိုတဲ့ အရပ်သားပြည်သူတဦးလည်း မှားယွင်းပစ်ခတ်တာခံခဲ့ရတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
အဲဗားကြီး (ခ) ရဲဝင်းခိုင်ကို ပစ်ခတ်ရှင်းလင်းဖို့ ပြင်ဆင်နေချိန်မှာ ဦးအောင်သန်းဦးရဲ့ ဆိုင်ကယ်ဟာ အဲဗားကြီးရဲ့ဆိုင်ကယ်နဲ့ ရှေ့ဆင့်နောက်ဆင့်ဖြစ်နေတာ ပျူစောထီးလို့ ထင်မှတ်မှားခဲ့တာတွေကြောင့် ပစ်ခတ်ရှင်းလင်းမိတာလို့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
မြေပြင်သတင်းတွေနဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအရ ဦးအောင်သန်းဦးအနေနဲ့ ပျူစောထီးသင်တန်း တက်ရောက် ထားသူ မဟုတ်ကြောင်း သိရတဲ့အတွက် အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ကာယကံရှင်မိသားစုနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းရကြောင်းနဲ့ စိတ်မကောင်းခြင်းများစွာနဲ့ တောင်းပန်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ လူထုတော်လှန်ရေးအင်အားစု (PRA-Magway) ဖွဲ့စည်းတည်ထောင်ခြင်း ၄-နှစ်ပြည့် အထိမ်းအမှတ်သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော်မှသဝဏ်လွှာပေးပို့
မတ်လ၂၈ရက်
လူထုတော်လှန်ရေးအင်အားစု (PRA-Magway) ဖွဲ့စည်းတည်ထောင်ခြင်း ၄-နှစ်ပြည့် အထိမ်းအမှတ်သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော်မှ သဝဏ်လွှာတရပ်ကိုမတ်လ၂၈ရက်ပေးပို့ခဲ့ပါတယ်။
သဝဏ်လွှာတွင်ဖော်ပြချက်အရ လူထုတော်လှန်ရေးအင်အားစု PRA၏ နိုင်ငံရေးရည်မှန်းချက်များပေါက်မြောက်အောင်မြင်နိုင်ရေးအတွက် ခိုင်မာသည့်အခြေခံမူများချမှတ်နိုင်ခဲ့ပြီဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူတရပ်လုံးနှင့် အတူတကွလက်တွဲတိုက်ပွဲဝင်ရင်းအောင်ပွဲများရယူဆွတ်ခူးနိုင်ပါစေလို့ဖော်ပြထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကို မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် အိမ်တွေ ပျက်စီး
မတ်လ၂၈ရက်
ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အပိုင် လှေဆွဲမြောင်းကျေးရွာမှာ တိုက်ပွဲတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်တွေပျက်စီးသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
လှေဆွဲမြောင်းကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ မတ်လ ၂၆ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အိမ်တွေမီးလောင်ပျက်စီးခဲ့တာလို့ ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန် လာတာဖြစ်ပါတယ်။
လေကြောင်းအန္တရယ်အကြောင်း သတိပေးထားတဲ့အတွက် ဒေသနေပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် မတ်လ ၂၃ ရက်နေ့တုန်းကလည်း အုတ်တွင်းမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူလုထုနေထိုင်ရာ ကျေးရွာ တရွာကို စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းတွေ မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး သေဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်းဏ်ရာရခဲ့သလို အိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီဘက်က ပဲခူးတိုင်းထဲကရွာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးနဲ့ပစ်တာ၊ Drone အပါ အဝင် လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လို့ပြုလုပ်နေတာကြောင့် ဒေသနေပြည်သူတွေ နေရပ်စွန့် ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က တတ်နိုင်သမျှ ကယ်ဆယ်ပေး နေပေမယ့် လိုအပ်ချက်တွေရှိနေတာကို နားလည်းပေးဖို့နဲ့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေကို တက်နိုင် တဲ့ဘက်က ကူညီပေးကြဖို့ မိဘပြည်သူများကို တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၂။ နတ်တလင်းမြို့နယ် လယ်မအင်းဘုန်းကြီးကျောင်းနဲ့ ဘန်းဘွေးကုန်း ဌေးကျော် ဆီဆိုင်မှာတပ်စွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှုမှာ ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရ
မတ်လ၂၈ရက်
ပဲခူးတိုင်း နတ်တလင်းမြို့နယ်အရှေ့ဘက် လယ်မအင်းဘုန်းကြီးကျောင်းနဲ့ ဘန်းဘွေးကုန်း ဌေးကျော် ဆီဆိုင်မှာ တပ်စွဲနေ တဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ်- ၁ တပ်ရင်း ၃၈၀၁ က ဒီနေ့ မတ်လ ၂၈ မှာ ထုတ်ပြန်ပါတယ်။
နတ်တလင်းမြို့နယ်အရှေ့ဘက် လယ်မအင်းဘုန်းကြီးကျောင်းနဲ့ ဘန်းဘွေးကုန်း ဌေးကျော် ဆီဆိုင်မှာ အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို သာယာဝတီခရိုင် အမှတ် -၁ တပ်ရင်း (P23801)၊ တပ်ခွဲ-၂ Phoenix D F နဲ့ တပ်ခွဲ -၆ AyeYar Nyi Naung စစ်ကြောင်းတို့က မတ်လ ၂၄ ရက်နေ့ ည ၇ နာရီ မိနစ် ၄၀ခန့်အချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာက နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၂ ဦးသေပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရသွားခဲ့ရာ သေဆုံးသူတွေနဲ့ ဒဏ်ရာရစစ်သားတွေကို လူနာတင်ယာဉ်နဲ့ ပြည်ဆေးရုံကို သယ်သွားတယ်လို့ အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်ပြီးချိန်မှာ လယ်မအင်းရွာ ဘုန်းကြီးကျောင်းနဲ့ ဘန်းဘွေးကုန်ရွာ ဌေးကျော်ဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပျဉ်ပုံရွာဘက်ကို ညတွင်းချင်းဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
စစ်အုပ်စုဆုတ်ခွာသွားပြီးနောက် မတ်လ ၂၅ ရက်နေ့မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ - ၂ Phoenix DF နဲ့ တပ်ခွဲ - ၆ AyeYar Nyi Naung စစ်ကြောင်းတို့ဟာ လယ်မအင်းရွာကိုဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့လည်း ထပ်သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်သား၊ ရဲ၊ ပျူစောထီးနဲ့ စစ်တပ်ထောက်တိုင်တွေကို အခါအခွင့်သင့်ရင်သင့်သလို တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် မိဘပြည်သူတွေ ထိခိုက်မှုမရှိရလေအောင် စစ်အုပ်စုရှိတဲ့အနီးတဝိုက် သွားလာလှုပ်ရှား တာတွေမလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ က တိုက်တွန်းနှိုးဆော်ထားပါတယ်။
အမှတ် - ၁ အထူးတပ်ရင်း SR-1 ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က တပ်ဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲရာမှာ ပါဝင်ခဲ့တဲ့တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ပေါက်ခေါင်း - အုတ်တွင်းလမ်းပိုင်းမှာ စစ်ကား၂ စီးကိုတိုက်ခိုက်ခဲ့ရာ တစီး ချောက်ထဲကျသွားပြီး စစ်သား ၁၁ ဦးသေဆုံး
မတ်လ၂၈ရက်
ပဲခူးတိုင်းထဲက ပေါက်ခေါင်း - အုတ်တွင်းလမ်းပိုင်းမှာ စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ တစီး ချောက်ထဲ ပြုတ်ကျသွားပြီး စစ်သား ၁၁ ဦး သေဆုံးသွားတယ်လို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက ဒီနေ့ မတ်လ ၂၈ ရက်မှာ ထုတ်ပြန် ပါတယ်။
ဘော်ဒါရွာဘက်ကနေ ပေါက်ခေါင်းဘက်ဆင်းလာပြီး စစ်သားတွေလိုက်ပါလာတဲ့ ကား၂ စီးကို ဘော်ဒါကျေးရွာနဲ့ ပေါ်လံကြီး ကျေးရွာကြားမှာ မတ်လ ၂၅ ရက် ည ၁၀ နာရီခွဲခန့်အချိန် ပြည်ခရိုင် ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ က မိုင်းဆွဲပြီး လက်နက်ငယ် တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကားတစီးချောက်ထဲပြုတ်ကျသွားခဲ့ပြီး စစ်သား ၁၁ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်
ဒါ့အပြင် မတ်လ ၂ ရက်နေ့ကလည်း ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပိုင်းအနီး တောင်လည် တာဝါတိုင်အထိုင်စခန်း ကနေထွက်လာတဲ့ အင်အား ၆ဝ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်းလည်း အသိပေးထား ပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၆ ဦးသေဆုံးပြီး ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ သိရပါ တယ်။
လက်ရှိအချိန်ဟာ တနိုင်ငံလုံး စစ်ရေးအရှိန်မြင့်နေတဲ့အချိန်ဖြစ်တာကြောင့် ပြည်သူထူတုအနေနဲ့ တိုက်ပွဲသတင်း၊ လေကြောင်းရန်ကာကွယ်ရေး အပါအဝင် စစ်ဘေးရှောင်ရာမှာ လုပ်ရမယ့် ဆောင်ရန်၊ရှောင်ရန် အချက်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်တာဆောင်ရွက်ကြဖို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက တိုက်တွန်း ထားပါတယ်။
========================
🚩🚩 ၄။ ပဲယင်းမြို့ပေါ်က စစ်စခန်း ၂ ခုကို တော်လှန်ရေးနေ့မှာ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
မတ်လ၂၈ရက်
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်က စစ်စခန်း ၂ ခုကို တော်လှန်ရေးနေ့မှာ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force – FRF တပ်ဖွဲ့က ပြောပါတယ်။
နှစ် ၈ဝ ပြည့် တော်လှန်ရေးနေ့ဖြစ်တဲ့ မနေ့ မတ်လ ၂၇ ရက် ည ၇ နာရီကျော်အချိန်မှာ ဒီပဲယင်းမြို့က ကုန်းသာဦးနဲ့ အထက်တန်းကျောင်းအတွင်း တပ်စွဲနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ပစ်မှတ်တွေ ထိရောက်စွာပစ်ခတ်နိုင်ခဲ့ပေမယ့် ညအချိန်ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေကို အသေး စိတ်မသိရသေးဘဲ စုံစမ်းနေဆဲလို့ FRF တပ်ဖွဲ့က အသိပေးပါတယ်။
တော်လှန်ရေးတပ်တွေ ပစ်ခတ်ပြီးချိန်မှာ စစ်အုပ်စုဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိပေမယ့် သွားရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Freedom Revolution Force – FRF နဲ့ ဒီပဲယင်းမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ တော်လှန်ရေးဆင်နွှဲတဲ့အခါ ပြည်သူလူထုကို အမိအဖလို ဆက်ဆံရမယ်လို့ အမှတ် ၁ အထူးတပ်ရင်းပြော
မတ်လ၂၈ရက်
ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲကြတဲ့အခါ ပြည်သူလူထုဟာ အရေးကြီးဆုံးဖြစ်တဲ့အတွက် ပြည်သူလူထုကို အမိအဖလို ချစ်ခင်ရမှာဖြစ်ပြီး ပြည်သူနဲ့တပ် တသားတည်းရှိနေမယ်လို့ အမှတ် - ၁ အထူးတပ်ရင်း SR-1 က ပြောပါတယ်။
ပြည်သူလူထုကို ဝန်ဆောင်မှုပေးတာဟာ ပြည်သူ့တော်လှန်ရေးကို ဖော်ဆောင်တာဖြစ်သလို ပြည်သူလုထုကို ကာကွယ် ခြင်း၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်
SR-1 တပ်ဖွဲ့ဟာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို လုပ်ကိုင်နေသလို ပြည်သူလူထုနဲ့ တသားတည်းရှိစေဖို့ တပ်ရင်းမှာ ပြည်သူ့ဆက်ဆံရေးအဖွဲ့ကို ၂၀၂၂ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တယ်လို့ မတ်လ ၂၅ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထား ပါတယ်။
ဒီထုတ်ပြန်ချက်မှာ ပြည်သူထူထုနဲ့ဝေးကွာတဲ့ တော်လှန်ရေးဟူ၍ မရှိပါ။ ပြည်သူလူထု မပါဝင်သော တော်လှန်ရေးဟာ မအောင်မြင်နိုင်ပါ။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုရင်း ပြည်သူ့တော်လှန်ရေး ရဲဘော်စစ်စစ်များ ဖြစ်လာစေဖို့ ရဲဘော်တိုင်းကိုလည်း ကြပ်မတ်ဆောင်ရွက် သင်ကြားလျက်ရှိပါတယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့အတူ အားတင်းရပ်တည်ကြမယ်ဆိုရင် စစ်အာဏာရှင်တွေကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို အတူတူလျှောက်လှမ်းနိုင်ကြလိမ့်မယ်ဆိုတာယုံကြည်တယ်လို့လည်း အမှတ် - ၁ အထူးတပ်ရင်း SR-1 က အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ရွှေဘိုနဲ့ မုံရွာမြို့မှာ စစ်မှုထမ်းတပ်သားသစ် ၂ ဦးနဲ့ပျူစောထီးတဦး အလင်းဝင်
မတ်လ၂၈ရက်
စစ်ကိုင်းတိုင်းထဲက ရွှေဘိုနဲ့ မုံရွာမြို့နယ်တို့မှာ စစ်မှုထမ်းတပ်သားသစ် ၂ ဦးနဲ့ပျူစောထီးတဦး အလင်းဝင်လာတယ်လို့ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာ ပျူစောထီးတဦးဟာ သေနတ်တလက် ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဆိုပါတယ်။
ရွှေဘိုမြို့နယ် ဇီးဖြူကုန်း ပျူစောထီးကျေးရွာက ပျူစောထီးတဦးဟာ ကာဘိုင်သေနတ်တလက် ယူဆောင်လာပြီး မတ်လ ၂၇ ရက်နေ့မှာ အလင်းဝင်လာခဲ့လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ ပျူစောထီးကို တောင်သူဦးကြီးများအဖွဲ့ - PDF က နွေးထွေးစွာကြိုဆိုခဲ့ပြီး လူ့အခွင့်အရေးနဲ့အညီ ကောင်းမွန်စွာ နေထိုင်ခွင့်ပြုထားတယ်လို့လည်း အသိပေးထားပါတယ်။
မုံရွာမြို့နယ်မှာတော့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ က စစ်မှုထမ်း တပ်သားသစ် ၂ ဦးဟာ လက်နက်မပါဘဲ အလင်းဝင် လာတာလို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ က စစ်မှုထမ်းတပ်သားသစ် ၂ ဦးဟာ ဖေဖော်ဝါရီလ ၅ ရက် နေ့ကတည်းက မုံရွာခရိုင် အမှတ် ၁ တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာကိုခံရပြီး စစ်တပ်ထဲကိုရောက်လာလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment