28th Mar 2025 - Morning Daily News by Radio NUG

 

၂၀၂၅ မတ်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကျင်းပ

📌 ၂။ စစ်ကိုင်းနှင့် မကွေးဒေသများရှိ လူ့အခွင့်အရေးတာဝန်ခံများက ၎င်းတို့ကြုံတွေ့ရသည့် မြေပြင်အခြေအနေများ ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်

📌 ၃။ CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံရောက် အလုပ်သမားကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံ၍ မြန်မာအလုပ်သမားများအရေး လက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့

📌 ၄။ မြန်မာအရေးနဲ့ပတ်သက်၍ လုံခြုံရေးကောင်စီသည် ၎င်း၏ အဓိကတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၅။ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ရုရှားကိုယ်စားလှယ်မှ ပြင်ဆင်ချက် တင်သွင်းသော်လည်း မဲခွဲပယ်ချခဲ့ပြီး အတည်ပြုနိုင်ခဲ့

📌 ၆။ အဆိုတော် ဖြူဖြူကျော်သိန်း ဩစတြေးလျနိုင်ငံ New South Wales Parliament Houseမှာ စကားပြောကြားခွင့် ရရှိပြီး Community Awardဆုလည်း လက်ခံရရှိ


========================


၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန် - မန္တလေးအမြန်လမ်းရှိ မင်းရဲ ရဲစခန်း၊ နတ်ရေတွင်း ရဲစခန်းများနှင့် ပေါက်ခေါင်း - အုတ်တွင်း အမြန်လမ်းပိုင်းတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု၏ ကားများကို PDF တပ်သားများ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံး

🚩 ၂။ ရန်ကုန် - မန္တလေးလမ်းဟောင်းကို PDF တပ်ဖွဲ့ဝင်များက လုံခြုံရေးစစ်ဆေးစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ၃ဦးထိခိုက်

🚩 ၃။ နောင်ချိုတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၄။ တောင်သာ၊ လှည်းကုန်းမရွာ စာသင်ကျောင်းကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးသီး လုံး ကြဲချ 

🚩 ၅။ ဆားလင်းကြီး၊ ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ ပြည်သူ ဦးသေဆုံး

🚩 ၆။ အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ဦး ခိုလှုံလာ

🚩 ၇။ KNDF အမှတ် () တပ်ရင်း နယ်မြေအတွင်း စစ်ကောင်စီတပ်သား ဦး လက်နက်နဲ့ အလင်းဝင်

🚩 ၈။ထနောင်းမြေ ပူးပေါင်းစစ်ကြောင်းဖွဲ့စည်းကြောင်း ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကျင်းပ


မတ် ၊၂၇ 

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၅) ကို မတ်လ၂၇ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၁/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းနှင့် မကွေးဒေသများရှိ လူ့အခွင့်အရေးတာဝန်ခံများက ၎င်းတို့ကြုံတွေ့ရသည့် မြေပြင်အခြေအနေများ ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်


မတ်လ၂၇ရက်

Radio NUG

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သုံးသပ်ခြင်း၊ အခက်အခဲများ ဖော်ထုတ်ခြင်းနှင့် ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးတင်ပြသည့် အစည်းအဝေးတခုအား မတ်လ၂၆ ရက်နေ့တွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး လူ့အခွင့်ရေးရာ တာဝန်ခံများက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပါတယ်။


ထိုသို့ တင်ပြချက်များတွင် လူ့အခွင့်ရေးရာတာဝန်ခံများက တရားစီရင်ရေးဆိုင်ရာ တွေ့ကြုံရသည့် အခြေအနေများ၊ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ တွေ့ကြုံရသည့်အခြေအနေများ၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် လူ့အခွင့်အရေးပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ပါတယ်။


တက်ရောက်လာသည့် ဝန်ကြီးဌာနများဘက်မှလည်း လိုအပ်သည့် သတင်းအချက်အလက်မျှဝေမှုများ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများ စသည်တို့ကို ကြေလည်စွာ ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ပါတယ်။


ထို့နောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံရောက် အလုပ်သမားကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံ၍ မြန်မာအလုပ်သမားများအရေး လက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့


Radio NUG

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းမှ မတ်လ၂၆ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို လက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အလုပ်သမားရေးရာကော်မတီတို့၏ ဆောင်ရွက်နေမှုများ၊ ထိုင်းနိုင်ငံအောက်လွှတ်တော်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် မြန်မာရွှေ့ပြောင်း နေထိုင်သူများအရေး တိုက်တွန်းခဲ့မှုများ၊ ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO) မြန်မာ့အလုပ်သမားများအတွက် လတ်တလော ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။


တက်ရောက်လာကြသည့် အဖွဲ့များ၏ ဦးဆောင်သူများက မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဥပဒေနှင့်အညီ နေထိုင်နိုင်ရေးနှင့် ဥပဒေပါ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအရေး ဆောင်ရွက်ပေးစေလိုသည့် အချက်များကိုလည်း အကြံပြုတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌက မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြံပြုချက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာအရေးနဲ့ပတ်သက်၍ လုံခြုံရေးကောင်စီသည် ၎င်း၏ အဓိကတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား


မတ်လ ၂၇ရက်

Radio NUG

မြန်မာအရေးနဲ့ပတ်သက်၍ လုံခြုံရေးကောင်စီသည် ၎င်း၏ အဓိကတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေး၏ ကုလသမဂ္ဂ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် လိုက်လျောညီထွေမှုကို မြှင့်တင်၍ ခေတ်သစ်စိန်ခေါ်မှုများကို တုံ့ပြန်ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပသော အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


"စိုးရိမ်ဖွယ်ရာ အခြေအနေများကို မိမိအနေဖြင့် လုံခြုံရေးကောင်စီနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂအစည်းအဝေးများတွင် ကြိမ်ဖန်များစွာ ထောက်ပြခဲ့ပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အမှန်တကယ်ပင် အကျိုး သက်ရောက်မှုများ ရှိနေကြောင်း၊ ထိုကဲ့သို့သော ကြီးလေးသည့် အခြေအနေများကို လျစ်လျူ ရှုလျက်၊ လုံခြုံရေးကောင်စီအနေဖြင့် အရေးယူဆောင်ရွက်ရန် ကြိုးပမ်းမှုများကို ပယ်ချနေကြောင်း၊ မြန်မာအခြေအနေမှာ အရေးပေါ်အခြေအနေဖြစ်သော်လည်း လုံခြုံရေး ကောင်စီ အနေဖြင့် အဆိုပါ အခြေအနေကို မျက်ကွယ်ပြုကာ အရေးယူဆောင်ရွက်မှုများ ကင်းမဲ့နေဆဲ ဖြစ်ကြောင်း" သံအမတ်ကြီးက ပြောပါတယ်။


မြန်မာပြည်သူများမှ ၎င်းတို့၏ အသက်နှင့် ဘဝများအား ကယ်တင်ပေးပါရန် အကြိမ်ကြိမ်အခါခါ တောင်းပန်နေသော်လည်း လုံခြုံရေးကောင်စီသည် မြန်မာပြည်သူများ၏ တောင်းဆိုသံများကို လျစ်လျူရှုထားဆဲ ဖြစ်ပြီး မြန်မာပြည်သူများအပေါ် ပျက်ကွက်လျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုပါတယ်။


========================


📌📌 ၅။ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ရုရှားကိုယ်စားလှယ်မှ ပြင်ဆင်ချက် တင်သွင်းသော်လည်း မဲခွဲပယ်ချခဲ့ပြီး အတည်ပြုနိုင်ခဲ့


မတ်လ၂၇ရက်

Radio NUG

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၆၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar ဆုံးဖြတ်ချက် အဆိုမူကြမ်း A/79/L.67 အား အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခြင်းကို မတ်လ၂၅ရက်က ကျင်းပခဲ့ပါတယ်။


ယင်းအစည်းအဝေး၌ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများအပါအဝင် ပြည်သူအားလုံး၏ အခြေခံအခွင့်အရေးများကို မြှင့်တင်ကာကွယ်ခြင်းနှင့် ၎င်းတို့၏ အခြေအနေများအား ဖြေရှင်းပေးရေးတို့က မိမိတို့နိုင်ငံ၏ ဦးစားပေး အကြောင်းအရာ ဖြစ်ကြောင်း၊ အဆိုပါ ရည်ရွယ်ချက်ဖြင့်ပင် အဆိုမူကြမ်းအား ဆွေးနွေးသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံး အလေးထား ပါဝင်ခဲ့ကြောင်း၊ ယနေ့ အတည်ပြု ဆုံးဖြတ်မည့် အဆိုမူကြမ်းအတွက် အပြုသဘောဆောင်စွာ ပါဝင် ဆွေးနွေးပေးခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။


အစည်းအဝေးတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ က L. 67 အဆိုမူကြမ်း၌ ပါဝင်သည့် လူ့အခွင့်အရေး ကိစ္စရပ်များ အပါအဝင်နှင့် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ စောလျင်စွာ ပြန်လည်သွားရောက်နိုင်ရေးအတွက် သင့်လျော်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးစာသားတို့အား ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 68 လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပါဝင်မှုနှင့်ပတ်သက်သည့် စာသားအား ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 69 နှင့် Gender Parity နှင့် လူငယ်များ ကိုယ်စားပြုမှုနှင့် ဆက်စပ် စာသားအား ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 70 တို့အား အသီးသီး တင်သွင်းခဲ့ပါတယ်။


ပြင်ဆင်ချက်များအား အတည်ပြုခြင်းမရှိသည့်အားလျော်စွာ အဆိုမူကြမ်း L.67 အား အထွေထွေညီလာခံ သဘာပတိမှ တင်သွင်းခဲ့သည့်အတိုင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ မဲနှင့် ကြားနေမဲ ၁၀ မဲဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပါတယ်။


မြန်မာနိုင်ငံအနေဖြင့် ရုရှားကိုယ်စားလှယ်အဖွဲ့မှ တင်သွင်းသည့် ပြင်ဆင်ချက် ခုလုံးအား ကန့်ကွက်မဲပေးခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိမှ တင်သွင်းသည့် အဆိုမူကြမ်း တစ်ခုလုံးကို ထောက်ခံမဲ ပေး၍ ရပ်တည်ခဲ့ပါတယ်။


========================


📌📌 ၆။ အဆိုတော် ဖြူဖြူကျော်သိန်း ဩစတြေးလျနိုင်ငံ New South Wales Parliament Houseမှာ စကားပြောကြားခွင့် ရရှိပြီး Community Awardဆုလည်း လက်ခံရရှိ


မတ်လ ၂၇ရက်

Radio NUG

အဆိုတော် ဖြူဖြူကျော်သိန်း ဩစတြေးလျနိုင်ငံ New South Wales Parliament Houseမှာ စကားပြောကြားခွင့်ရရှိပြီး Community Awardဆုလည်း လက်ခံရရှိခဲ့ကြောင်း မတ်လ၂၇ရက်မှာ အဆိုတော် ဖြူဖြူကျော်သိန်းက အသိပေးဆိုထားပါတယ်။


"ဒီနေ့ တီချယ်ဖြူဖြူတစ်ယောက် ဩစတြေးလျနိုင်ငံရဲ့ New South Wales Parliament House ပါလီမန်ကြီးမှာ  Key Note Speech စကားပြောခွင့်ရခဲ့ပါတယ်။ ပါလီမန် အမတ်များ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနဲ့အတူ Professor Sean Turnell လည်း တက်ရောက်ချီးမြင့်ခဲ့ပါတယ်။ Unshaken Spirit Heart Award ဆိုတဲ့ Community Award ကိုလည်း ဂုဏ်ယူစွာ လက်ခံယူခဲ့ပါတယ်။ ဒီဆုလေးဟာ ဒီ နှစ်တာမှာ ပြည်သူ့ဖက်ရပ်တည်တဲ့ အနုပညာရှင်ကို မြန်မာ community က ပထမဆုံးပေးတဲ့ဆုလေးပါ။ ခုလို အသိအမှတ်ပြုမှုအတွက် Heart Beams Rising ကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ဆိုပါတယ်။


အဆိုပါအခမ်းအနားမှာ မြန်မာနိုင်ငံတနှံ့တလျား တောတောင်နယ်စပ် အသီးသီးနဲ့ ကမ္ဘာအရပ်ရပ်မှာ ခိုလှုံနေရတဲ့ မြန်မာပြည်သူပရိသတ်တွေနဲ့ အနုပညာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ချင်းစီရဲ့ ရင်တွင်းက စကားသံတွေကို မျှဝေခဲ့တယ်လို့ အဆိုတော်ဖြူဖြူကျော်သိန်းက ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================



🚩🚩 ၁။ ရန်ကုန် - မန္တလေးအမြန်လမ်းရှိ မင်းရဲ ရဲစခန်း၊ နတ်ရေတွင်း ရဲစခန်းများနှင့် ပေါက်ခေါင်း - အုတ်တွင်း အမြန်လမ်းပိုင်းတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု၏ ကားများကို PDF တပ်သားများ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံး


မတ် ၂၇ 

Radio NUG 


မတ်လ၂၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ပေါက်ခေါင်း - အုတ်တွင်း အမြန်လမ်းပိုင်းအတိုင်း မောင်းနှင်လာသည့် အကြမ်းဖက်စစ်အုပ်စု၏ စစ်ကား စီးကို ဘော်ဒါကျေးရွာနှင့် ပေါ်လံကြီးကျေးရွာကြားအရောက် ၁၀ နာရီ မိနစ် ၂၀ အချိန်၌ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ဆင်ရေးနယ်မြေ () တိုင်းစစ်ဌာန (ပဲခူး) ဗျူဟာ(၂၁) ပြည်ခရိုင်တပ်ရင်း (၃၆၀၂) တပ်ခွဲ()က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုကြောင့် အင်အား ၃၀ ခန့်ပါ စစ်ကား စီးမှာ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် မတ်လ ၂၆ ရက်နေ့၊ နံနက် နာရီ ၁၀ မိနစ် အချိန်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း ၁၂၇ မိုင်၊ မင်းရဲ ရဲစခန်းနှင့် ၁၂၄မိုင် နတ်ရေတွင်းရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ဆင်ရေးနယ်မြေ () တိုင်းစစ်ဌာန (ပဲခူး) ဗျူဟာ(၂၂) အမှတ် (၃၈၀၁) တပ်ရင်း နှင့် အမှတ်(၃၇၀၁) တပ်ရင်း တို့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး ဦး အပြင်းအထန် ထိခိုက်‌ဒဏ်ရာများ ရ‌ရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ရန်ကုန် - မန္တလေးလမ်းဟောင်းကို PDF တပ်ဖွဲ့ဝင်များက လုံခြုံရေးစစ်ဆေးစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ၃ဦးထိခိုက်


မတ် ၂၇ 

Radio NUG 


မတ်လ ၂၇ရက်၊ နံနက် :၀၀ အချိန် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်အပိုင်တွင်  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ဆင်ရေးနယ်မြေ () တိုင်းစစ်ဌာန (ပဲခူး) ကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၂၃) (၃၅၀၂) စစ်တောင်းစစ်ကြောင်းမှ လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်- စစ်ဒေသခွဲမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ စစ်ဆေးမှုများကို ဆောင်ရွက်နေစဉ် နံနက် :၄၅ အချိန်ခန့်တွင် ညောင်ခြေထောက်အပိုင် ရဲစခန်းမှ အင်အား()ယောက်ပါ အိမ်စီးကား အဖြူရောင် ၁စီး၊ ရထားတွဲပေါ် ဘန်ကာများပြုလုပ်ထားတဲ့ ရထားခေါင်းတွဲအတိုဖြင့် အင်အား (၁၀)ယောက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးသေဆုံးကာ ()ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ နောင်ချိုတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


မတ်လ ၂၇၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တအောင်းတပ် TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေရှိ ကျေးရွာများကို စစ်ကောင်စီ တပ်က လေကြောင်းဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။


မတ်လ ၂၆ ရက်နေ့ နာရီ ခွဲခန့်မှာ အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင် ကျေးရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ စီးဖြင့် ဗုံး ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း သုံးဆယ် ကျေးရွာက အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို အုမ္မခါးကျေးရွာမှ ဒေသခံ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ တောင်သာ၊ လှည်းကုန်းမရွာ စာသင်ကျောင်းကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးသီး လုံး ကြဲချ 


မတ် ၂၇ 

Radio NUG 


မတ်လ ၂၇ ရက်နေ့ နံနက် နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ လှည်းကုန်းမရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးသီး လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိဘဲ  ပြည်သူ့နေအိမ် လုံး စာသင်ကျောင်းဆောင် ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး နွား ကောင် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဆားလင်းကြီး၊ ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ ပြည်သူ ဦးသေဆုံး


မတ် ၂၇ 

Radio NUG 


မတ်လ ၂၇ ရက်နေ့ ညနေ နာရီ ၂၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အမျိုးသမီး ဦး သေဆုံးပြီး သံဃာတော် ပါး၊ ကလေးများ အပါဝင် ပြည်သူ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ဦး ခိုလှုံလာ


မတ် ၂၇ 

Radio NUG 


မတ်လ ၂၅ရက်နေ့တွင် အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ဦး ထွက်ပြေးခိုလှုံလာကြောင်း မုံရွာခရိုင် အမှတ် () တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။


ခိုလှုံလာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ဦးသည် ၂၀၂၄ ခုနှစ် မေလထဲမှာ မုံရွာနဲ့ ပခုက္ကူမြို့နယ်တို့ကနေ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီး ပဲခူးတိုင်း၊ တပ်မ ၆၆ လက်အောက်ခံ၊ ခမရ မှာ တာဝန်ကျခဲ့ကာ ရခိုင်နဲ့ ကယားစစ်မျက်နှာက ကာကင်းတွေဆီ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ဦးသည် သက်ဆိုင်ရာ တပ်ရင်းကနေ ထွက်ပြေးနိုင်ဖို့ အကြိမ်ကြိမ် အခါခါ ကြိုးစားခဲ့ပြီး မုံရွာခရိုင် အမှတ်()တပ်ရင်းနဲ့ ဆက်သွယ်နိုင်ခဲ့တာလို့ ပြောဆိုထားပါတယ်။


========================


🚩🚩 ၇။ KNDF အမှတ် () တပ်ရင်း နယ်မြေအတွင်း စစ်ကောင်စီတပ်သား ဦး လက်နက်နဲ့ အလင်းဝင်


မတ်လ ၂၇၊ 

Radio NUG


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာ () တပ်ရင်း () ရှေ့တန်းနယ်မြေအတွင်း စစ်ကောင်စီ တပ်သား ဦး လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF - B05 က သတင်း ထုတ်ပြန်ထားပါတယ်။


မတ်လ ၂၆ ရက်နေ့မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံထားရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး MA-1 သေနတ်တလက်နှင့်အတူ ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာခဲ့တာပါ။


ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးဟာ ပြည်သူ့စစ်မှုထမ်း တပ်သားတွေ ဖြစ်ကြပြီး ကျန်တစ်ဦးကတော့ တံသေ တပ်သား ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ အလင်းဝင် တပ်သား () ဦးကို KNDF အမှတ် () တပ်ရင်းမှ သက်ဆိုင်ရာ ဌာနကို လွှဲပြောင်းပေးခဲ့ပြီး ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။


တော်လှန်ရေး ကြာမြင့်လာတာနှင့်အမျှ စစ်ရေးအရ အထိနာလာပြီး တပ်သားပျောက်ဆုံးမှု၊ လူ့စွမ်းအား ပြတ်လပ်လာမှု စတဲ့ပြဿနာတွေကြောင့် စစ်ကောင်စီက မတရားဖမ်းဆီးပြီး လူသစ်စုဆောင်းမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး အတင်းအဓမ္မ ဖမ်းဆီးခံရတာကြောင့် ထွက်ပြေး၊ ဘက်ပြောင်းသူများလည်း ပိုမိုများပြား လာနေတာကို တွေ့ရပါတယ်။


========================


🚩🚩 ၈။ထနောင်းမြေ ပူးပေါင်းစစ်ကြောင်းဖွဲ့စည်းကြောင်း ထုတ်ပြန်


မတ်လ ၂၇၊ 

Radio NUG


Anyar Federal Task Force (AFTF) Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံ ပြောက်ကျားတပ်ဖွဲ့တို့ကထနောင်းမြေစစ်ကြောင်းအနေဖြင့် ပူးပေါင်း ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လာပါတယ်။


မတ်လ ၂၇ ရက်နေ့မှ စတင်ကာ စစ်ကြောင်းတရပ်အနေဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ကြောင်းဟာ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့  လက်အောက်မှာ မရှိပေမယ့် MOD က လမ်းညွှန်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ရေးအရှိန်ကို  မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။


စစ်ကြောင်းတရပ်အဖြစ် ဖွဲ့စည်းလိုက်တဲ့အချိန်မှာစ တော်လှန်ရေး ပြီးဆုံးတဲ့အထိ မဟာမိတ်များဖြင့် စည်းလုံးစွာ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း တော်လှန်ပြည်သူတွေအပေါ်  ထနောင်းမြေစစ်ကြောင်း က ကတိသစ္စာ ပြုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment