3rd Mar 2025 - Morning Daily News by Radio NUG

 

၂၀၂၅ မတ်လ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဖမ်းဆီးခံမြန်မာရွှေ့ပြောင်း အလုပ်သမားများအား နေရပ်ပြန်လည်ပို့ဆောင်သည့် ကိစ္စရပ်များ အလုပ်သမားရေးရာကော်မတီနှင့် NUG အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း‌ ကောင်စီ (CCSC-SFU)တို့ တွေ့ဆုံဆွေးနွေး

📌 ၃။ အကြမ်းဖက်စစ်ကောင်စီကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အဆိုးဆုံးချိုးဖောက်ခံရတဲ့ နိုင်ငံဖြစ်

📌 ၄။ မြောက်ဦးမြို့နယ်က ကျောက်ရောဂါ ဖြစ်ပွားနေတဲ့ ရပ်ရွာတချို့မှာ အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနနဲ့ HDCO တို့ ပူးပေါင်းကုသမှုပေး

📌 ၅။ ကလေးမြို့၏နွေဦးအာဇာနည် ကိုဇင်မျိုးမောင် ကျဆုံးခြင်း ()နှစ်ပြည့်အထိမ်းအမှတ် ဦးညွတ်ပန်းဝေချဂုဏ်ပြုခြင်းနှင့်‌ ဖယောင်းတိုင်ထွန်း အောက်မေ့သတိရခြင်း သပိတ်ပြုလုပ်


========================


၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေ လိုအပ်တာကြောင့် အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြဖို့ KNDF ဒုစစ်ဦးစီးချုပ်နဲ့ KNLA တပ်မဟာ () တပ်မဟာမှူး တိုက်တွန်းခဲ့

🚩 ၂။ ညောင်ကျိူးကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး

🚩 ၃။ ပေကြီးရွာမှာ ယာယီ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့

🚩 ၄။ ဖေဖော်ဝါရီလ အတွင်း အင်းလေးဒေသ ကျေးရွာများနှင့် ဘီလူးချောင်း အရှေ့ဖက်ခြမ်း နန်းတုတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်တို့က လက်နက်ကြီး လေကြောင်း ဒရုန်း ပစ်ခတ်မှု အကြိမ်ပေါင်း (၁၃၉) ကြိမ် လုပ်ဆောင်ခဲ့

🚩 ၅။ ကရင်နီနဲ့ ကယန်းဒေသ မှာ တစ်လအတွင်း တော်လှန်ရေးရဲဘော် ၁၇ ဦး ကျဆုံးခဲ့

🚩 ၆။ လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ထံ ခမရ - ၄၉၂ မှ စစ်သားတဦး လက်နက်နဲ့ အလင်းဝင်

🚩 ၇။ တော်ဝင်ဒေါင်းတပ်ရင်း(Royal Peacock Column) ( )နှစ်ပြည့် အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ဖမ်းဆီးခံမြန်မာရွှေ့ပြောင်း အလုပ်သမားများအား နေရပ်ပြန်လည်ပို့ဆောင်သည့် ကိစ္စရပ်များ အလုပ်သမားရေးရာကော်မတီနှင့် NUG အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး


မတ်  

Radio NUG 


မတ်လ ရက်နေ့၊ ညနေ :၃၀ နာရီအချိန်တွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနတို့သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်ရှိဖမ်းဆီးခံမြန်မာရွှေ့ပြောင်း အလုပ်သမားများအား နေရပ်ပြန်လည်ပို့ဆောင်သည့်ကိစ္စရပ်များ၊ စစ်ကောင်စီအား Article 33 အရ အရေးယူဆောင်ရွက်နိုင်ရေးနှင့် အလုပ်သမားရေးရာကိစ္စများနှင့် စပ်လျဥ်း၍ ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးတွင် အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင်များက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များ၊ ထိုင်းနိုင်ငံနယ်စပ်အတွင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကိစ္စ၊ ILO Article 33 ဖြင့် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရေးနှင့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ဆွေးနွေး‌မေးမြန်းခဲ့ကြပြီး အလုပ်သမားဝန်ကြီးဌာနအ‌နေဖြင့် ဆောင်ရွက်ပြီး‌နှင့် ဆောင်ရွက်ဆဲ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်း‌ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကော်မတီနှင့် ဝန်ကြီးဌာနတို့အနေဖြင့် အလုပ်သမားအရေးကိစ္စများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား   ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အစည်းအဝေးအား ညနေ :၅၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း‌ ကောင်စီ (CCSC-SFU)တို့ တွေ့ဆုံဆွေးနွေး


မတ်  

Radio NUG 


မတ်လ ရက်နေ့၊ နံနက် ၉၀၀ နာရီအချိန်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း‌ ကောင်စီ (CCSC-SFU)တို့သည် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း‌ ကောင်စီ(CCSC-SFU) အဖွဲ့ဝင်တစ်ဦးမှ CDMနိုင်ငံ့ဝန်ထမ်း‌ကောင်စီပေါ်ပေါက်လာမှုအ‌ခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကာ (၁၃း၁၅) နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်‌တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်း‌ ကောင်စီ (CCSC-SFU)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အဆိုးဆုံးချိုးဖောက်ခံရတဲ့ နိုင်ငံဖြစ်


မတ်  

Radio NUG 


ဖေဖော်ဝါရီလ ၂၈ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်ရေးကောင်စီညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်က စလို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးလူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် က ပြောကြားခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက်နေတာ၊ စီးပွားရေး အလွန်ကျဆင်းတာ၊ ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတာတွေ အပါအဝင် ဖော်ပြလို့ မရတဲ့ ဆင်းရဲ့ဒုက္ခတွေကို မြန်မာပြည်သူတွေခံစားနေရတယ်လို့ သူကပြောပါတယ်။


၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစပြီး ခုခံတိုက်ခိုက်မှုတွေကြောင့် အင်အားချိနဲ့လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ အများအပြားပြုလုပ်နေပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဒသမ သန်း အထိရှိနေပြီလို့ ဆိုပါတယ်။


ဒါ့အပြင် အဖက်ဖက်က ချွတ်ခြုံကျမှုတွေကြောင့် အခုနှစ်အတွင်း လူ ၁၅ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံခဲ့ရပြီး လူနှစ်သန်းလောက်က အငတ်ဘေးဆိုက်မယ့် အခြေအနေရောက်နေတယ်လို့ ပြောပါတယ်။


မြန်မာအကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီမရောင်းဖို့နဲ့ မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင်တွေ လူ့အခွင့်အရေးချိုးဖောက်နေပေမယ့် အပြစ်ပေးရေးယူခံနေရမှုကနေ ကင်းလွတ်ခွင့်ရနေတာ ရပ်တန့်ဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ မြောက်ဦးမြို့နယ်က ကျောက်ရောဂါ ဖြစ်ပွားနေတဲ့ ရပ်ရွာတချို့မှာ အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနနဲ့ HDCO တို့ ပူးပေါင်းကုသမှုပေး


မတ်လ  

Radio NUG


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ကျေးရွာတချို့မှာ ကျောက်ရောဂါ (Chicken pox) ဖြစ်ပွားနေတဲ့ ဒေသခံ ပြည်သူအချို့ကို အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနနဲ့ HDCO တို့က မတ်လ ရက်နေ့မှာ ပူးပေါင်း ကုသပေးခဲ့တယ်လို့ APM သတင်းဌာနက ဖော်ပြထားပါတယ်။


အဆိုပါ ကွင်းဆင်း ဆေးကုသမှုကို အာရက္ခတပ်တော် ဆေးဝန်ထမ်းတပ်၊ အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနနဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ရုံး (HDCO) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ထို့အပြင် ရောဂါထပ်မပြန့်ပွားစေရန်အတွက် အနာကို သန့်ရှင်းစွာထားရန်၊ ပိုးဝင်လက္ခဏာ၊ ပြည်တည် လက္ခဏာ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံဆေးခန်းကို အချိန်မှီ လာရောက်ပြသကြရန် စတဲ့ ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေး အသိပညာ ဟောပြောချက်မှုတို့ကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ကလေးမြို့၏နွေဦးအာဇာနည် ကိုဇင်မျိုးမောင် ကျဆုံးခြင်း ()နှစ်ပြည့်အထိမ်းအမှတ် ဦးညွတ်ပန်းဝေချဂုဏ်ပြုခြင်းနှင့်‌ ဖယောင်းတိုင်ထွန်း အောက်မေ့သတိရခြင်း သပိတ်ပြုလုပ်


မတ်  

Radio NUG 


မတ်လ ၂ရက်နေ့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တော်လှန်ရေးသမိုင်းအစဉ်အလာကောင်းခဲ့သည့် ကလေးမြို့ရှိ ကဏ္ဍအသီးသီး၏ သူရဲကောင်းများကို အစဉ်အမြဲအောက်မေ့လျက် ကလေးဒေသပြည်သူတစ်ရပ်လုံး၏ နွေဦးအာဇာနည် ကိုဇင်မျိုးမောင် ကျဆုံးခြင်း ()နှစ်ပြည့်အထိမ်းအမှတ် ဦးညွတ်ပန်းခွေချခြင်းနှင့် ဖယောင်းတိုင်ထွန်းအောက်မေ့သတိရခြင်း သပိတ် ပြုလုပ်ခဲ့ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။


ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကလေးဒေသမှာ ပထမဆုံး ကျဆုံးခဲ့ရသည့် ကိုဇင်‌မျိုးမောင်အပါအဝင် အသက်ခန္ဓာပေးဆပ်သွားကြပြီဖြစ်သော တော်လှန်ရေးရဲဘော်အားလုံးကို ဦးညွှတ်အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေ လိုအပ်တာကြောင့် အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြဖို့ KNDF ဒုစစ်ဦးစီးချုပ်နဲ့ KNLA တပ်မဟာ () တပ်မဟာမှူး တိုက်တွန်းခဲ့


မတ်လ  

Radio NUG


တနိုင်ငံလုံး လွတ်မြောက်ရေး မဖြစ်မနေလိုအပ်တာကြောင့် တနိုင်ငံလုံးရှိ တော်လှန်ရေး အင်အားစုများ အားလုံး ချိတ်ဆက်ကာ တိုက်ပွဲဝင်တဲ့ ခြေလှမ်းကို ရှေ့ဆက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း KNDF ဒု- စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။


မတ်လ ရက်နေ့က ကျင်းပခဲ့တဲ့စစ်တောင်းကမ်ပိန်း စကားဝိုင်းမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး အဆိုပါ စကားဝိုင်းမှာ KNDF ဒုစစ်ဦးစီးချုပ် နှင့်အတူ၊ KNLA တပ်မဟာ () တပ်မဟာမှူး စောဩဂုတ် စတီးတို့ ပါဝင်ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။


စကားဝိုင်းမှာ KNDF ဒုစစ်ဦးစီးချုပ် မာဝီက နိုင်ငံတဝှမ်း စစ်ကောင်စီတပ်စခန်း ကြီးငယ်များနဲ့ မြို့ကြီး မြို့ငယ်များကို သိမ်းပိုက်နိုင်ခဲ့မှုဟာ ပါးစပ်ဖြင့် ပြောဆိုခြင်းသာ မဟုတ်ဘဲ လက်တွေ့ အမှန်တကယ်ကို လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး နောက်တဆင့်အနေနဲ့ ရန်သူ အခြေစိုက်ရာ နေပြည်တော်ကို ဦးတည်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


" ကျနော်တို့ မင်းအောင်လှိုင်ရဲ့ ခေါင်းကို သေနတ်နဲ့ တေ့ပြီး မင်းလားကွ အာဏာသိမ်းတာလို့ ဆိုပြီးတော့မှ လုပ်နိုင်ဖို့က ကရင်နီကနေ အော်နေလို့ မရဘူး။ တပ်မဟာ () ကနေ အော်နေလို့မရဘူး။ ဟိုး ထားဝယ်ကနေ အော်နေလို့ မရဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဟိုးလိုင်ဇာကနေလည်း လှမ်းအော်နေလို့ မရဘူး။ ကျနော်တို့ အားလုံးက စစ်တောင်းမြစ်ကို ကျော်ပြီးတော့မှ စစ်တောင်းမြစ် အနောက်ဘက်မှာ ရှိတဲ့နေရာကို သွားပြီးတော့မှ လုပ်မှရတဲ့ အနေအထား ဖြစ်တယ်။ အဲဒီနေရာက ဘာနေရာလည်း အားလုံးသိပြီးသား ဖြစ်တယ် အဲဒီနေရာက နေပြည်တော်ပဲ ဖြစ်တယ် " လို့ မာဝီက ပြောပါတယ်။


KNLA တပ်မဟာ တပ်မဟာမှူးကလည်း စစ်တောင်း ဒေသမှာ ဖေဖော်ဝါရီ လဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီက တပ်သားသစ်များ အလုံးအရင်းနဲ့ တောင်ငူ၊ လိပ်သို၊ ဘောဂလိ တကြောမှာ အင်အား ဖြည့်နေတာကြောင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ ဆိုပါတယ်။


လက်ရှိကာလဟာ တော်လှန်ရေးကြားကာလ ဖြစ်တာကြောင့် အခက်အခဲ များစွာရှိနေပြီး တပ်အတွက် ခဲယမ်းများ လက်နက်ပစ္စည်းများ နည်းပညာမြင့်ပစ္စည်းများ ဖြည့်တင်းနိုင်ရေး အခက်အခဲ ရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။


========================


🚩🚩 ၂။ ညောင်ကျိူးကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး


မတ်လ  

Radio NUG


ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီ တပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ရာ စစ်ကောင်စီ တပ်က ဒု-တပ်ရင်းမှူး သန့်ဇော်ဟိန်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်ဖြစ်တဲ့ ပန်းတောင်းမြို့နယ်ကို (AA) က ဖေဖော်ဝါရီလ အစောပိုင်းထဲက တိုက်ခိုက်နေခဲ့တာ ဖြစ်ပြီး ဗိုလ်မှူး သန့်ဇော်ဟိန်း အပါအဝင် စစ်ကောင်စီ တပ်သား အများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ဗိုလ်မှူး သန့်ဇော်ဟိန်းဟာ ကသာမြို့က စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးနဲ့ မဘသ အစွန်းရောက်၊ A-1 သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်ခင်ညိုညိုရဲ့ သားဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရင်းနှီးကျွမ်းဝင်သူ‌တွေ ဖြစ်တာကြောင့် အလောင်းကို ငွေပေးပြီး နေပြည်တော်ထိ သယ်ယူကာ နာရေး လုပ်ပေးခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။


၎င်းဟာ သေဆုံးချိန်မှာ အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၅၀) ကျောင်းဆင်းဖြစ်ကာ သားသမီး ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးစခန်းဟာ စစ်ကောင်စီရဲ့ အသက်သွေးကြော တစ်ခုဖြစ်တဲ့ ကပစ သံချက်စက်ရုံနဲ့ ၁၀ မိုင်ခန့်သာ ကွာဝေးတဲ့ နေရာမှာ တည်ရှိနေပြီး စစ်ရေးအရ အရေးပါတဲ့ နေရာ တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပေကြီးရွာမှာ ယာယီ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့


မတ်လ  

Radio NUG


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘိုမြစ်ကြီးနား ဗျူဟာလမ်းပေါ် တည်ရှိတဲ့ ပေကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကန့်ဘလူခရိုင် တပ်ရင်း () နဲ့ ကန့်ဘလူ တော်လှန်ရေး တပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း   က ထုတ်ပြန်ထားပါတယ်။


အဆိုပါ စစ်ကြောင်းဟာ ဖေဖော်ဝါရီ ရက်နေ့က ပေကြီးရွာကို အင်အား ၂၀၀ ခန့်နဲ့ စတင် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးခဲ့ကာ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


၎င်းစစ်ကြောင်းမှ အင်အား ၁၀၀ ခန့်ဟာ ငှက်ပျောတိုင်း ရွာဘက်ကို ဆက်လက်ထွက်ခွာခဲ့ရာ တော်လှန်ရေး တပ်များနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၁၀ ဦးခန့် ထိခိုက် သေဆုံးခဲ့သလို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း တော်လှန်ရေး တပ်ဖွဲ့များနဲ့ ထပ်မံ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ဦးခန့် ထိခိုက်သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ကြောင်းဟာ  ခမရ (၃၆၁) က စစ်ကောင်စီ တပ်သားများ နဲ့ ဝါသဝ ရဲ့ ပျူစောထီး တပ်ဖွဲ့ဝင်များ ဖြစ်ကြတယ်လို့ သိရပြီး

လက်ရှိ (မတ်လ ရက်နေ့မှာ) အဆိုပါ စစ်ကြောင်းဟာ ငှက်ပျောတိုင်း ကျေးရွာဘက်ကို ဦးတည်လှုပ်ရှားနေတယ်လို့ People Defence Comrade က ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ဖေဖော်ဝါရီလ အတွင်း အင်းလေးဒေသ ကျေးရွာများနှင့် ဘီလူးချောင်း အရှေ့ဖက်ခြမ်း နန်းတုတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်တို့က လက်နက်ကြီး လေကြောင်း ဒရုန်း ပစ်ခတ်မှု အကြိမ်ပေါင်း (၁၃၉) ကြိမ် လုပ်ဆောင်ခဲ့


မတ်

Radio NUG 

ဖေဖော်ဝါရီလ အတွင်း ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာများနှင့် ဘီလူးချောင်း အရှေ့ဖက်ခြမ်းရှိ နန်းတုတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့က လက်နက်ကြီး လေကြောင်း ဒရုန်း ပစ်ခတ်မှု အကြိမ်ပေါင်း (၁၃၉) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးမှ သတင်းထုတ်ပြန်ပါတယ်။


လအတွင်း ပစ်ခတ်မှုများကြောင့် အသက် ၁၀ နှစ်ကလေး တစ်ဦး အပါအဝင် အရပ်သား ဦး သေဆုံးကာ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၄လုံးနှင့် စာသင်ကျောင်း ကျောင်းတို့  ထိခိုက်ပျက်စီးမီးလောင်ကျွမ်းခဲ့ကာ မီးလောင်ဗုံး ၁ကြိမ်၊ ဒရုန်း အကြိမ် ၂၀၊ လက်နက်ကြီး ၁၁၃ကြိမ်၊ လေကြောင်းပစ်ခတ်မှု ၅ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ကရင်နီနဲ့ ကယန်းဒေသ မှာ တစ်လအတွင်း တော်လှန်ရေးရဲဘော် ၁၇ ဦး ကျဆုံးခဲ့


မတ်လ  

Radio NUG


ကရင်နီ ပြည်နယ်နှင့် ကယန်းဒေသက တိုက်ပွဲများတွင် ၂၀၂၅ ဖေဖော်ဝါရီ လအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင် ၁၇ ဦး ကျဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က မတ်လ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ အတွင်းမှာ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ PKPF က ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု အကြိမ် (၄၀) ပြုလုပ်ခဲ့ပြီး စာသင်ကျောင်း လုံးနဲ့ ဆေးရုံ တစ်လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တစ်လတာ အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် တစ်ဦး အပါအဝင် အရပ်သား ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် တော်လှန်ရေး တပ်ဖွဲ့များနဲ့ နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ထံ ခမရ - ၄၉၂ မှ စစ်သားတဦး လက်နက်နဲ့ အလင်းဝင်


မတ်လ  

Radio NUG


ကရင်နီပြည်၊ လွိုင်‌ကော်မြို့နယ်၊ ဘောလခဲ အခြေစိုက်  ခမရ - ၄၂၉ တပ်ရင်းက စစ်ကောင်စီ တပ်သား တစ်ဦး လက်နက်နဲ့တကွ အလင်းဝင် ပူးပေါင်းလာတယ်လို့ လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။


မတ်လ ရက်နေ့မှာ အဆိုပါ စစ်ကောင်စီ တပ်သားဟာ MA-1 တစ်လက်၊ ခဲယမ်း၊ ကျည်ဘောက်တို့နဲ့ လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ထံကို ပူးပေါင်းလာတာလို့ ဆိုပါတယ်။


၎င်းတပ်သားဟာ စစ်မှုထမ်း အပတ်စဉ် ဆင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေ ထုတ်ပြီးနောက် စစ်ကောင်စီက ရှောင်တခင် ဖမ်းဆီးခဲ့ကာ အဓမ္မ စစ်မှုထမ်း စုဆောင်းခဲ့တာလို့ သိရပါတယ်။


လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် အလင်းဝင်ရောက်လာတဲ့ တပ်သားများအား နွေးထွေးစွာ ကြိုဆိုကြောင်းနဲ့ လုံခြုံသော နေရာမှာထားရှိပြီး ဆန္ဒအလျောက် လွယ်လပ်စွာ ရွေးချယ်ခွင့် ပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ တော်ဝင်ဒေါင်းတပ်ရင်း(Royal Peacock Column) ( )နှစ်ပြည့် အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲ ပြုလုပ်


မတ်

Radio NUG 


တော်ဝင်ဒေါင်းတပ်ရင်း၏ တပ်တည်ထောင်ခြင်း ()နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား အခုရက်ပိုင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း Royal Peacock Column မှ သတင်းထုတ်ပြန်ထားပါတယ်။


တော်ဝင်ဒေါင်းတပ်ရင်းသည် တောတောင်တွေထူထပ်လှသော တပ်မဟာ()နယ်မြေတွင် စတင်သန္ဓေတည်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်မြောက်နေ့သည် တပ်တည်ထောင်ခဲ့ခြင်း ()နှစ်တင်းတင်းပြည့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မူလရည်ရွယ်ချက်အတိုင်း အိမ်ပြန်ကြမည့် သားသမီးများပီပီ အိမ်ပြန်ခရီးကို အပြင်းနှင်ခဲ့ရာ ကျိုးသူကျိုး၊ ကြေသူကြေ၊ သေသူသေဖြင့် ယခုအခါ ပဲခူးလွင်ပြင်များဆီသို့ ရောက်ရှိလာပြီဖြစ်တယ်လို့ ဆိုထားပါတယ်။


တော်ဝင်ဒေါင်းတပ်ရင်းသည် တိုက်ရည်ခိုက်ရည် ပြည့်ဝအောင် အမြဲလေ့ကျင့်နေကြသလို ရဲဘော်ရဲဘက်များ အချင်းချင်း ချစ်ကြည်စည်းလုံးစွာဖြင့်လည်း အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး စစ်ဆင်ရေးများကိုလည်း တာဝန်ကျေပွန်စွာ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါကြောင်းကို တင်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment