4th Mar 2025 - Morning Daily News by Radio NUG

 


၂၀၂၅ မတ်လ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူတွေမလိုလားတဲ့ စစ်အာဏာရှင် အကြမ်းဖက်စစ်ကောင်စီပြုတ်ကျအောင် မီးကုန်ယမ်းကုန် တိုက်ရမယ်ဆိုတဲ့ အသိအမြဲမပြတ်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ "လူ့အခွင့်အရေးအကြောင်းကို အွန်လိုင်းကတင်မဟုတ်ဘဲ မြေပြင်မှာဟောပြောပို့ချဖို့ လေ့ကျင့်ထားသူတွေရှိနေပြီ"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေး

📌 ၃။ နွေဦးတော်လှန်ရေးကို တစ်လ ကော်ဖီတစ်ခွက်စာ ထောက်ပံ့နိုင်ဖို့ပဲ အရေးကြီးတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ဆို

📌 ၄။ အာရက္ခ ဒေသအတွင်း သုံးနှစ်တိတိ သစ်မထုတ်ရ တားမြစ်ထားတာ မရှိကြောင်း AA အသိပေး

📌 ၅။ ဗိုလ်မှူးကြီး စောချစ်သူနှင့် အပေါင်းအပါများအား ဖမ်းဝရမ်းထုတ်ရန် DSIမှ ရှေ့နေချုပ်ရုံးသို့ လုံလောက်သည့် အထောက်အထားများ တင်သွင်း

📌 ၆။ နိုင်ငံတဝန်း အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာပါဆယ်ပစ္စည်းကန့်သတ်ခံရခြင်းအပါအဝင် ဧည့်တွေ့ခွင့်ပိတ်ပင်ခံရခြင်းနှင့် လုံလောက်သည့်ဆေးဝါးကုသခွင့်များ မရရှိဘဲ ဖိနှိပ်ခံနေရ

📌 ၇။ သရုပ်ဆောင် ပိုင်ဖြိုးသု၏ အကယ်ဒမီကမ်ပိန်းမှ ထောက်ပံ့ပေးအပ်သော ခြင်ထောင်များကို ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းသို့ ထောက်ပံ့ပေးအပ်


========================


၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြင်းခြံမှာ စစ်ကြောင်းထိုးလာတဲ့ ပျူခေါင်းဆောင် သီတာယုမွန် အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ 

🚩 ၂။ ရေတာရှည်တွင် မိဘကို မက်ပဲကူကောက်ပေးတဲ့ ၁၂ နှစ်အရွယ် ကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ဖက်လုံး ပြတ်၊ လိုင်ဇာစစ်ရှောင်စခန်းမှ ၃နှစ်အရွယ် ကလေးကို စိတ်မနှံ့သူမှ ရိုက်နှက်မီးရှို့သတ်ဖြတ်

🚩 ၃။ ခင်ဦးနယ် ညောင်ပင်ကြီးစုရွာအား အကြမ်းဖက်စကစမှ ပေါင်(၅၀၀) ဗုံးသီးကြဲချခြင်းကြောင့် ပြည်သူ ()ဦး ဒဏ်ရာရ 

🚩 ၄။ ခလယ်လွီထူခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၅။ / ဖြစ်လို့ PDFလို့ စွပ်စွဲဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံရတဲ့ အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) ဘားအံမှ စစ်သားတစ်ဦး ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံ

🚩 ၆။ ပခုက္ကူနဲ့ တီးတိန်မြို့နယ်တို့မှာ စစ်ကောင်စီ တပ်သား ဦး လက်နက်နဲ့ အလင်းဝင်

🚩 ၇။ မိုးကုတ်မှာ အကျင့်စာရိတ္တ ပြုပြင်ပေးပြီးတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ (၇၁) ဦးကို TNLA ပြန်လွှတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ပြည်သူတွေမလိုလားတဲ့ စစ်အာဏာရှင် အကြမ်းဖက်စစ်ကောင်စီပြုတ်ကျအောင် မီးကုန်ယမ်းကုန် တိုက်ရမယ်ဆိုတဲ့ အသိအမြဲမပြတ်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


မတ်လ ၃ရက်

Radio NNUG

ပြည်သူတွေမလိုလားတဲ့ စစ်အာဏာရှင် အကြမ်းဖက်စစ်ကောင်စီပြုတ်ကျအောင် မီးကုန်ယမ်းကုန် တိုက်ရမယ်ဆိုတဲ့ အသိအမြဲမပြတ်ရှိတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC) တည်ထောင်ခြင်း()နှစ်ပြည့် အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။


"ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေက အကြမ်းဖက်စစ်ကောင်စီပြုတ်ကျစေလိုတဲ့ စေတနာဆန္ဒတွေနဲ့ ဒီလိုထောက်ပံ့နေကြတာဖြစ်တယ်။အဲဒီလိုထောက်ပံ့တဲ့အတွက် ပြည်သူတွေ မလိုလားတဲ့စစ်အာဏာရှင် အကြမ်းဖက်စစ်ကောင်စီပြုတ်ကျအောင် မီးကုန်ယမ်းကုန် တိုက်ရမယ်ဆိုတာ ကျွန်တော်တို့ခံစားရပါတယ်။ တော်လှန်ရေးမှာကုန်ကျစရိတ်က တအားများပါတယ်။ လုံလောက်မှုတော့မရှိပါဘူး။ ဘာပဲပြောပြော ဒီလောက်ရတာကိုပဲ ကျေးဇူးတင်ပါတယ်" လို့ ဆိုပါတယ်။


"မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)" ဟာ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ()နှစ်တာအတွင်း ထောက်ပို့နိုင်ခဲ့တဲ့ ပမာဏကတော့ (မြန်မာငွေ ကျပ်သိန်းပေါင်း ရှစ်သောင်း ငါးထောင် ကိုးရာ ခုနှစ်ဆယ့် သုံးသိန်းကျော်) ထောက်ပို့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ "လူ့အခွင့်အရေးအကြောင်းကို အွန်လိုင်းကတင်မဟုတ်ဘဲ မြေပြင်မှာဟောပြောပို့ချဖို့ လေ့ကျင့်ထားသူတွေရှိနေပြီ"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအသိပေး


မတ်လ

Radio NUG

"လူ့အခွင့်အရေးအကြောင်းကို အွန်လိုင်းကတင်မဟုတ်ဘဲ မြေပြင်မှာဟောပြောပို့ချဖို့ လေ့ကျင့်ထားသူတွေရှိနေပြီ"လို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။


"လူ့အခွင့်အရေးအကြောင်းကို အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ တာဝန်ရှိသူတွေ ပိုသိအောင်လုပ်ဖို့လိုအပ်တယ်။ နည်းမျိုးစုံနဲ့ပညာပေးမှုမျိုး လုပ်ဆောင်နေတယ်။ အင်တာနက် connection ဆက်သွယ်မှုအပိုင်းမှာ အခက်အခဲတွေကြောင့် အရင်ခေတ်ကအတိုင်းပဲ လူ့အခွင့်အရေးအကြောင်းသိရှိဖို့အတွက် in person လူချင်းတွေ့ပြီး သင်တန်းပေးတဲ့ အစီအစဉ်ကို လုပ်ဆောင်လာတာရှိပါတယ်။ online က ပြောတာမျိုးတင်မကတော့ဘဲ အခုဆိုရင် နယ်မြေဒေသအတွင်းမှာ လူအခွင့်အရေးအကြောင်းနှင့် စစ်သည်တော်ကျင့်ဝတ်လိုမျိုးကိစ္စတွေ လူသားချင်းစာနာမှု နိုင်ငံတကာဥပဒေအကြောင်းကို ပို့ချဟောပြောဖို့ လေ့ကျင့်ထားတဲ့ သူတွေမြေပြင်မှာရှိနေပါပြီ"လို့ဆိုပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးကို တစ်လ ကော်ဖီတစ်ခွက်စာ ထောက်ပံ့နိုင်ဖို့ပဲ အရေးကြီးတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ဆို


မတ်လ ၃ရက်

Radio NUG

နွေဦးတော်လှန်ရေးကို တစ်လ ကော်ဖီတစ်ခွက်စာ ထောက်ပံ့နိုင်ဖို့ပဲ အရေးကြီးတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်ထွန်းအောင်က မတ်လ၃ရက်မှာ Spring CrowdFund (SCF) Websiteကို ရည်ညွှန်းရင်း ဆိုပါတယ်။


"ဟိုးအရင်ကတည်းက ဒါမျိုး ပွင့်လင်းမြင်သာ ထောက်ပံ့တာမျိုးကို ရှိစေချင်တာ။ အခုတော့ရှိလာပြီ။ တစ်လ ကော်ဖီတစ်ခွက်စာ ထောက်ပံ့နိုင်ဖို့ပဲအရေးကြီးပါတယ်"လို့ ဆိုပါတယ်။


Spring CrowdFund (SCF) Website မှာ ပြည်သူများအတွက် ထောက်ပို့သင့်တဲ့ ကမ်ပိန်းများကို စနစ်တကျစိစစ်ပြီး တနေရာတည်းမှာ လွယ်ကူစွာမြင်နိုင်အောင် စုစည်းပေးထားပြီး ကူချင်တဲ့ ကမ်ပိန်းကို ထောက်လိုက်ရုံနဲ့ လက်ရှိ ရရှိထားတဲ့ ပမာဏကို အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာစွာ သိနိုင်သလို ကမ်ပိန်းအကြောင်းအရာ အသေးစိတ်ကိုလည်း ဖတ်ရှုနိုင်တဲ့အပြင် Donate ကိုနှိပ်ပြီး လွယ်ကူမြန်ဆန်လုံခြုံစွာ ထောက်ပို့နိုင်ပါတယ်။


နွေဦးဘဏ် SDB သုံးပြီး MMK Currency နဲ့ ကူနိုင်တဲ့အတွက် လုံခြုံရေးလည်း အပြည့်အဝ စိတ်ချရတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ အာရက္ခ ဒေသအတွင်း သုံးနှစ်တိတိ သစ်မထုတ်ရ တားမြစ်ထားတာ မရှိကြောင်း AA အသိပေး


မတ်လ ရက်၊ 

Radio NUG


အာရက္ခတပ်တော် (AA) က အာရက္ခ ဒေသအတွင်း နှစ်တိတိ သစ်မထုတ်ရ ဆိုပြီး တားမြစ်ထားတာ မရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားခဲ့ကြောင်း APM က ဖော်ပြထားပါတယ်။


"သစ်ကို 3နှစ် မထုတ်ရဆိုပြီးတော့ ထုတ်ပြန်ထားတာမျိုး‌တော့ ကျွန်တော် မတွေ့မိပါ။ ဒါပေမယ့်လည်း သစ်ခိုးထုတ်နေတာကို ထိန်းကျောင်း တားဆီးဖို့ လိုတဲ့အတွက်ကြောင့် ဒေသန္တရအမိန့် ထုတ်ပြန်ပြီး လုပ်ဆောင်တာတွေ့တော့ ရှိပါတယ်"လို့ ဦးခိုင်သုခကဆိုပါတယ်။


ယခင်က စစ်ကောင်စီကို ငွေပေးပြီး နည်းလမ်းအမျိုးမျိုးနဲ့ ခိုးခုတ်ထားတဲ့ သစ်ပေါင်းများစွာ ရှိကြောင်း အထူးသဖြင့် ဂွမြို့နယ်ဘက်မှာ ဧရာဝတီတိုင်းဘက် ကားလမ်းကနေ ခိုးဝင်လာတဲ့ ခိုးခုတ်ထားတဲ့ သစ်ပင်များစွာ တွေ့ရတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီနဲ့ ပေါင်းပြီး ခိုးခုတ်ထားတဲ့ သစ်တွေထဲက တချို့ကိုတော့ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက သိမ်းဆည်းရမိထားပြီး အာရက္ခဒေသ ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုမှာဖြစ်တယ် လို့ ဦး ခိုင်သုခက ပြောပါတယ်။


ပုဂ္ဂလိက တနိုင်တပိုင် လုပ်စားသူတွေ ခုတ်ထားတဲ့ သစ်တွေကိုတော့ ရွေ့ပြောင်းသယ်ယူခွင့်၊ လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကန့်သတ်ထားဖို့ မရှိဘဲ သတ်မှတ်ထားတဲ့ အခွန်နှုန်းသွင်းပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုထားတယ်လို့ ဆိုပါတယ်။


ရခိုင်ပြည်နယ်မှာ ယခင်အစိုးရ အဆက်ဆက်က သစ်တောတွေကို စီးပွားရေးသမားတွေနဲ့ လက်ဝါးချင်း ရိုက်ပြီး သစ်ခိုးထုတ်ခွင့်ပြုခဲ့လို့ သစ်တောပြုန်းတီးမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေရတယ်လို့ ပြောပါတယ်။


သစ်တော ပြုန်းတီးမှုကြောင့် ရခိုင်ပြည်သူတို့ နှစ်စဉ်နှစ်တိုင်း မိုးရာသီရောက်လျှင် ရေကြီးမှု၊ မြေပြိုမှု စတဲ့ သဘာဝဘေး အန္တရာယ်တွေကို ဆိုးဝါးစွာ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၅။ ဗိုလ်မှူးကြီး စောချစ်သူနှင့် အပေါင်းအပါများအား ဖမ်းဝရမ်းထုတ်ရန် DSIမှ ရှေ့နေချုပ်ရုံးသို့ လုံလောက်သည့် အထောက်အထားများ တင်သွင်း


မတ်  

RadioNUG 


မတ် ရက်နေ့က မြန်မာနယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူနှင့် အပေါင်းအပါများအား ဖမ်းဝရမ်းထုတ်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန Department of Special Investigation (DSI) မှ ရှေ့နေချုပ်ရုံးသို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဝရမ်းများသည် ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ လုပ်ဆောင်နေသည့် လူကုန်ကူးမှုလုပ်ငန်းများနှင့် သက်ဆိုင်ပြီး  DSI လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ရဲမှူးကြီး Siriwit Kasemsuap က ရဲမှူးကြီး မောင်ချစ်သူနှင့် အပေါင်းပါများအား တရားစွဲဆိုရန် စုဆောင်းထားသော အထောက်အထားများသည် လုံလောက်ကြောင်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။


အမှုကို ရှေ့နေချုပ်က ပြန်လည်စစ်ဆေးနေချိန်တွင် နောက်ထပ်အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ နိုင်ငံတဝန်း အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာပါဆယ်ပစ္စည်းကန့်သတ်ခံရခြင်းအပါအဝင် ဧည့်တွေ့ခွင့်ပိတ်ပင်ခံရခြင်းနှင့် လုံလောက်သည့်ဆေးဝါးကုသခွင့်များ မရရှိဘဲ ဖိနှိပ်ခံနေရ


မတ်လ၃ရက်

Radio NUG

နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများဟာ ထောင်ဝင်စာပါဆယ်ပစ္စည်းကန့်သတ်ခံရခြင်း၊ ဧည့်တွေ့ခွင့်ပိတ်ပင်ခံရခြင်းနှင့် လုံလောက်သည့်ဆေးဝါးကုသခွင့်များ မရရှိဘဲ ဖိနှိပ်ခံနေကြရတယ်လို့AAPPကဆိုပါတယ်။


 မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များမှ ပေးပို့သည့် ထောင်ဝင်စာပါဆယ်ပစ္စည်းများကို သတ်မှတ်နှုန်းအတိုင်း ပေးပို့ခွင့်မပြုတော့ဘဲ ပမာဏအနည်းငယ်သာ ထောင်တွင်းကန့်သတ်ချက်များဖြင့် သွင်းခွင့်ရသည့်အပြင် စာအုပ်စာပေများ ပို့ခွင့်ကိုလည်း ကန့်သတ်လာကြောင်း သိရပါတယ်။


အလားတူ ရန်ကုန်တိုင်း၊ အင်းစိန်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် အလုပ်သမားခေါင်းဆောင် သက်နှင်းအောင်၊ ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်နှင့် နိုင်ဝင်းတို့က လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ အကျဉ်းထောင်တွင်းသို့ ဝင်ရောက်စစ်ဆေးစဉ် အကျဉ်းသားများ၏ အခွင့်အရေးဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုကြောင့် ထောင်အာဏာပိုင်များက ထောင်တွင်းစစ်ကြောရေးကို ခေါ်ဆောင်ပြီး ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ပြီးနောက် တိုက်ပိတ်ခဲ့ကြောင်း သိရပါတယ်။ 


ထို့ပြင် ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက ဖမ်းဆီးပြီးနောက် အကျဉ်းထောင်များနှင့် ရဲစခန်းများ၌ လုံလောက်သည့် ဆေးဝါးကုသခွင့် မရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား () ဦး သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၇။ သရုပ်ဆောင် ပိုင်ဖြိုးသု၏ အကယ်ဒမီကမ်ပိန်းမှ ထောက်ပံ့ပေးအပ်သော ခြင်ထောင်များကို ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းသို့ ထောက်ပံ့ပေးအပ်


မတ်လ၃

Radio NUG

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ရှောင်ပြည်သူများအတွက် သရုပ်ဆောင် ပိုင်ဖြိုးသု၏ အကယ်ဒမီကမ်ပိန်းမှ ထောက်ပံ့ပေးအပ်သော ခြင်ထောင်များကို သပိတ်ကော်မတီနှင့်အတူ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနှင့်အဖွဲ့တို့မှ မတ် ၂ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြပါတယ်။


အဆိုပါ စစ်ရှောင်စခန်းသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနှင့်အဖွဲ့တို့မှ ဆန်()အိတ်နှင့် ခြင်ထောင်(၁၅)လုံး အားဖြည့်ထောက်ပံ့ခဲ့ပြီးနောက် ပြည်သူများကို လေကြောင်းရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ မြင်းခြံမှာ စစ်ကြောင်းထိုးလာတဲ့ ပျူခေါင်းဆောင် သီတာယုမွန် အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ 


မတ်လ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမှ မြောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ ပျူစောထီး ခေါင်းဆောင် သီတာယုမွန် အဖွဲ့ကို မတ်လ ရက်နေ့ မနက် နာရီခွဲက စတင်ကာ နဂါးနီ ပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံမြို့နယ် မဟာမိတ်တပ်ပေါင်းများ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ပထမ ခြေလျှင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို တိုက်ခိုက်ခဲ့အပြီး မြင်းခြံ မြို့မှ စစ်ကူလာတဲ့ သံချပ်ကာ ကား စီးနဲ့ ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် စစ်ကောင်စီက လေကြောင်းပစ်ကူ ရောက်လာပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာ တလျောက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မတ်လ ရက်နေ့ မှာလည်း လယ်သစ် ကျေးရွာက ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ဖို့ ချဉ်းကပ်လာစဉ် စစ်ကား စီး ရုတ်တရက် ရောက်လာတဲ့အတွက်ကြောင့် ၎င်းကား စီးကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း ရှေ့ဆုံးကားမှာ ပါလာတဲ့ စစ်ကောင်စီ တပ်သား သေဆုံးမှု များခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကာ နောက်ကားများမှ စစ်သားများလည်း ကားပေါ်မှဆင်းကာ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။


ထိုနောက် မြင်းခြံမြို့က စစ်ကောင်စီ အင်အား အများအပြား ခြေလျင်စစ်ကြောင်း ထိုးလာတာကြောင့် မဟာမိတ် တပ်ပေါင်းစုများ ပြန်လည်ဆုတ်ခွာခဲ့ကြပြီး မကြာခင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နေရာကို Jet Fighter ဖြင့် စစ်ကောင်စီက ဗုံးကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ရေတာရှည်တွင် မိဘကို မက်ပဲကူကောက်ပေးတဲ့ ၁၂ နှစ်အရွယ် ကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ဖက်လုံး ပြတ်၊ လိုင်ဇာစစ်ရှောင်စခန်းမှ ၃နှစ်အရွယ် ကလေးကို စိတ်မနှံ့သူမှ ရိုက်နှက်မီးရှို့သတ်ဖြတ်


မတ်  

Radio NUG 


မတ်လ ရက် ညနေ နာရီခန့်တွင် ရေတာရှည်မြို့နယ် ကျွန်းတောကုန်းရွာနေ အသက် ၁၂နှစ်အရွယ် ကျောင်းသားလေး မောင်ကြယ်စင်ဟိန်းသည် မတ်ပဲ ကောက်ရင်း အင်းစပ်အနီးမှာ မိုင်းထိပြီး ခြေထောက်နှစ်ချောင်းလုံး ပြတ်သွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။


သုံးတန်းကျောင်းသား မောင်ကြယ်စင်ဟိန်းသည် ကျောင်းဆင်းတဲ့အချိန် မတ်ပဲ ကောက်သင်းကောက်ပြီး ရတဲ့ပိုက်ဆံလေးနဲ့ မိဘကိုကူညီနေသူဖြစ်ကာ မတ်ပဲခင်းဘေးမှာရှိတဲ့ အင်းထဲကို ရေသောက်ဆင်းရင်း အင်းစပ်မှာ မိုင်းပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မတ်လ ရက်က လိုင်ဇာမြို့နယ် ဝေကြိုင်ရပ်ကွက် စစ်ရှောင်စခန်းက နှစ်အရွယ် မောင်ဒန်ခေါင်တူးကို စိတ်ကျန်းမာရေး ချို့ယွင်းသူ အမျိုးသားက ရိုက်နှက်မီးရှို့ သတ်ပစ်လိုက်ကြာင်း ဒေသခံတွေဆီက သိရပါတယ်။ 


တောထဲရှိ ယာခင်း တဲထဲမှာ ဆံပင်တွေကိုလည်း မီးရှို့ထားပြီး ဓားနဲ့လည်း လှီးထားကာ ရိုက်နှက်မှုများကြောင့် ခေါင်းလည်း ကွဲထားသလို ခြေထောက် တစ်ဖက်လည်း ကျိုးနေတယ်လို့ သိရပါတယ်။

ကလေးက မနက် နာရီလောက်ကတည်းက ပျောက်သွားတာဖြစ်ပြီး နေ့လယ် နာရီကျော်မှာ ပြန်တွေ့ကာ ပြန်တွေ့ချိန် အသက်ရှိသေးပေမယ့် ရိုက်နှက်လှီးခုတ်ထားတဲ့ ဒဏ်ရာ ပြင်းထန်တာကြောင့် ဆေးရုံ ရောက်ပြီးနောက် သေဆုံးခဲ့တယ်လို့  သိရပါတယ်။


========================


🚩🚩 ၃။ ခင်ဦးနယ် ညောင်ပင်ကြီးစုရွာအား အကြမ်းဖက်စကစမှ ပေါင်(၅၀၀) ဗုံးသီးကြဲချခြင်းကြောင့် ပြည်သူ ()ဦး ဒဏ်ရာရ 


မတ်  

Radio NUG 


မတ်လ ၂ရက်နေ့၊ (၁၂:၃၀)ဝန်းကျင်တွင် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အိမ်ခြေ (၃၀၀)ကျော်ရှိတဲ့ ညောင်ပင်ကြီးစု ကျေးရွာအား အကြမ်းဖက်စကစမှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးသီး ()လုံး အကြောင်းမဲ့ လာရောက်ပစ်ချသွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ဖော်ပြထားပါတယ်။


အဆိုပါ ပစ်ခတ်တိုက်မှုကြောင့်ဗုံးသီးကျရာ အနီးဝန်းကျင်ရှိ အသက်(၇၀)ခန့် အဖိုးအိုလင်မယား()ယောက် ဗုံးသီးအစမှန်ပြီး အသက်အန္တရာယ် မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ခလယ်လွီထူခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


မတ်လ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်နဲ့ မူးမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


မတ်လ ရက် ညနေ နာရီမှာ စစ်ကောင်စီရဲ့ တောင်ငူ လေတပ်မှ မူးမြို့နယ်၊ ဟော်ခိုဂေါ် (ငထွေစုတ်) ကျေးရွာကို လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဂေလူ ရွာမှ စစ်ဘေးရှောင်လာတဲ့ နော်ပိတောက်ဝါ သေဆုံးခဲ့ပြီး စောသန်းလွင်ထွန်း ဆိုသူ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ နာရီ ခန့်မှာလည်း လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ခလရ ၂၆၄ တပ်က ပိန်းဇလုတ် တာဆုံကနေ ၈၁ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ ရေလည်ကျွန်း ကျေးရွာနှင့် အိုင်ဒိုးချောင်းဘေးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေလည်ကျွန်းရွာမှ ဦးခင်မောင်ရီ ထိခိုက်ဒါဏ်ရာ ရခဲ့ပြီး အရပ်သား နေအိမ်တချို့ ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ / ဖြစ်လို့ PDFလို့ စွပ်စွဲဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံရတဲ့ အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) ဘားအံမှ စစ်သားတစ်ဦး ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံ


မတ်  

Radio NUG 


အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) ဘားအံ မှ တပ်သားဟိန်းထက်အောင်သည် ဇန်နဝါရီလ ရက်နေ့တွင် တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ဆက်သွယ်၍ ပြည်သူလူထုဘက်သို့ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


မန္တလေးမှ ရန်ကုန်သို့ အလုပ်ပြောင်းလာရာမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရပြီး မှတ်ပုံတင်မှာ /ဖြစ်သည့်အတွက် PDF ဟု ပုံသေစွပ်စွဲခြင်းကိုလည်း ခံခဲ့ရတဲ့ တပ်သား ဟိန်းထက်အောင်ကို စစ်တပ်ထဲဝင်မလား ပင်လယ်ထဲငါးဖမ်းလိုက်မလား ဟု နှစ်ခုအနက်မှ တစ်ခုရွေးခိုင်းသဖြင့်  ပင်လယ်ထဲရောက်လျှင် လွတ်လမ်းမမြင်တာကြောင့် တပ်ထဲဝင်မည်ဟု ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်သင်တန်းတွင် ကြီးနိုင်ငယ်ညှင်း မကြိုက်လျှင် မကြိုက်သလို ရိုက်နှက်ခြင်း၊ အနိုင်ကျင့်ခြင်းများ ရှိပြီး တပ်သား ဟိန်းထက်အောင်အား ရေအသုံးများသည်ဟုဆိုကာ နားရင်းရိုက်သဖြင့် နားအတွင်းမှ သွေးများထွက်ကာ နားတစ်ဖက်မကြားရ‌တော့သည်အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။


၎င်းသည် ၂၆//၂၀၂၄ တွင် စစ်ကောင်စီ၏ စစ်သင်တန်းဆင်းခဲ့ပြီး //၂၀၂၄ တွင် အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) ဘားအံ သို့ရောက်ရှိလာပြီးနောက် စစ်ကောင်စီလက်မှ လွတ်မြောက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်ဟု သိရပါတယ်။


တပ်သားဟိန်းထက်အောင်သည် ပြည်သူလူထုအား နည်းမျိုးစုံဖြင့် အနိုင်ကျင့်ဗိုလ်ကျနေသော အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်အနေဖြင့် ပြန်လည်တိုက်ထုတ်မယ်လို့ ဆိုထားပါတယ်။


========================


🚩🚩 ၆။ ပခုက္ကူနဲ့ တီးတိန်မြို့နယ်တို့မှာ စစ်ကောင်စီ တပ်သား ဦး လက်နက်နဲ့ အလင်းဝင်


မတ်လ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တို့မှာ စစ်ကောင်စီတပ်သား တစ်ဦးစီ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။


ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပခုက္ကူမြို့နယ်၊ တပ်မ (၁၀၁) က အဓမ္မ တပ်သားသစ် စုဆောင်းခံထားရသူ စစ်ကောင်စီတပ်သား ဦး ဆက်သွယ်အလင်းဝင်လာတယ်လို့ Burma Revolution Rangers အဖွဲ့က ထုတ်ပြန်ထားပါတယ်။


အသက် ၂၇ နှစ်အရွယ် တပ်သား ပိုင်သူထွန်းနဲ့ အသက် ၂၅ နှစ်အရွယ် တပ်သား ဘိုရဲတို့ နှစ်ဦးဟာ ပွင့် အဆင့်ရှိ ဗိုလ်တစ်ဦးနှင့်အတူ KTV ကိုသွားရာ ၎င်းဗိုလ်မှူး မူးနေချိန်မှာ 5.56 ကျည် ၁၀၀ တောင့် လက်ပစ်ဗုံး လုံး၊ MA ကျည်ဘောက် ဘောက်နှင့် နင်းမိုင်း အသေးတစ်လုံးတို့ကို ယူဆောင်ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတို့ကို သွားရောက်ခေါ်ဆောင်ပေးဖို့ မဟာမိတ် အဖွဲ့က ဆက်သွယ်အကူအညီ တောင်းခဲ့တာကြောင့် Burma Revolution Rangers တပ်ဖွဲ့က သွားရောက်ခေါ်ဆောင် ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၉ မှ တပ်သား တစ်ဦးဟာလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အလင်းဝင်လာတယ်လို့ PDF Zoland က မတ်လ ၃ရက်မှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ မိုးကုတ်မှာ အကျင့်စာရိတ္တ ပြုပြင်ပေးပြီးတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ (၇၁) ဦးကို TNLA ပြန်လွှတ်


မတ်လ  

Radio NUG


မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ မိုးကုတ်မြို့နယ်အတွင်းက ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ ၇၁ ဦးကို PSLF/TNLA က အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ထိုသူများဟာ PSLF/TNLA ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာအပြင် အချို့ မိဘပြည်သူများ ကိုယ်တိုင်က ၎င်းတို့ သားများကို အကျင့်စာရိတ္တ ပြုပြင်ပေးဖို့ လာရောက် အပ်နှံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းတို့ကို အကျင့်စာရိတ္တ ပြုပြင်ရေး စခန်းမှာ လကြာ အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ မိဘများထံ ပြန်လည်အပ်နှံ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်မှာ PSLF/TNLA က မူးယစ်ဆေးဝါး သုံးစွဲသူ ၁၃၁ ဦးကို အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့ ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment