6th Mar 2025 - Morning Daily News by Radio NUG

 

၂၀၂၅ မတ်လ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍအပါအဝင်ကဏ္ဍ () ရပ်ကို ဖိဖိစီးစီးနဲ့ အားစိုက်လုပ်ကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ အခက်ခဲဆုံးအချိန်တွေကို ဆက်လက်ကြံ့ကြံ့ခံ ကျော်ဖြတ်ကြရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော

📌 ၃။ အီးယူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို (၇၆) သန်းကို ခွဲဝေချမှတ်ပေးခဲ့ပြီး (၃၃) သန်းကို မြန်မာအတွက် ကူညီထောက်ပံ့မယ်

📌 ၄။ ငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့တွင် နေအိမ်နှင့် ဘုရားကျောင်းဆောင်များ ပြိုကျ

📌 ၅။ The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများကို ထိခိုက်နစ်နာ အာမခံထောက်ပံ့ငွေများ ကူညီနိုင်ခဲ့

📌 ၆။ အဆိုတော်ဖြူဖြူကျော်သိန်း ကိုရီးယားဖျော်ဖြေပွဲမှ မြန်မာငွေ သိန်းခြောက်ထောင့်ရှစ်ရာရရှိခဲ့


========================


၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကော့ကရိတ်၊ ကျုံဒိုး ဘက်က ကျေးရွာများကို တရက်အတွင်း ဆက်တိုက် ဗုံးကြဲခံရ

🚩 ၂။ ဖယ်ခုံတွင် ဆရာတော် တပါးနှင့် အမျိုးသား တဦး ပစ်သတ်ခံရမှုကို ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ဖယ်ခုံ  PDF နှင့် အင်း‌လေး PDF ထုတ်ပြန်

🚩 ၃။ ABSDF အမှတ် () စစ်ကြောင်း နှင့် ရေစကြို .က. တို့ ပူးပေါင်း၍ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်

🚩 ၄။ အမှတ် () စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် () တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပပြီးစီး

🚩 ၅။ ထားဝယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာဖြင့် စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်

🚩 ၆။ ဆိပ်ဖြူ ကပစ - ၂၂ မှ တက်လာတဲ့ စက်တပ်လေထီး စီးအား ပစ်ခတ်ခဲ့ရာ မောင်းသူတဦး ဒဏ်ရာရ

🚩 ၇။ စစ်ကောင်စီတပ်သား အလောင်းများနှင့် လက်နက်များကို ချန်ထားပြီး ထွက်ပြေးခဲ့ရတဲ့ စခန်းကြီး‌ဒေသသို့ ထီးလင်းစစ်ကြောင်းမှ () လကျော်ကြာမှ လက်နက်ပြန်ကောက်ယူ

🚩 ၈။ ရွှေဘိုမြို့တွင်းသို့ သွားရောက်ရိက္ခာထုတ် ပြန်လာသည့် ပျူစောထီးများ လိုက်ပါလာသည့်ကားအား တိုက်ခိုက်ရာ ကားစွန့်ခွာ ထွက်ပြေးသွား

🚩 ၉။ ခမရ (၅၅၆) မှ စစ်ကောင်စီ တပ်သား တဦး တနင်္သာရီ ပကဖ ထံ လက်နက်နဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍအပါအဝင်ကဏ္ဍ () ရပ်ကို ဖိဖိစီးစီးနဲ့ အားစိုက်လုပ်ကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


ကဏ္ဍ () ရပ်ဖြစ်တဲ့ နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ လူထုဆက်ဆံရေးကဏ္ဍ တွေကို ပိုမိုထိရောက် အောင်မြင်စွာလုပ်နိုင်ဖို့ ပြင်ဆင်စုဖွဲ့မှု ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဖိဖိစီးစီးနဲ့ အားစိုက်လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ်လ () ရက်နေ့ (/၂၀၂၅) အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောပါတယ်။

အဆိုပါအစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက တိုင်းဖက်ဒရယ်ယူနစ် ပေါင်းစပ်ညှိနှိုင်းရေးနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းလမ်းညွှန်အား တင်ပြဆွေးနွေးတာနဲ့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက အလုပ်သမားဝန်ကြီးဌာနရဲ့ လတ်တလော ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၂။ အခက်ခဲဆုံးအချိန်တွေကို ဆက်လက်ကြံ့ကြံ့ခံ ကျော်ဖြတ်ကြရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော


NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က "ကမ္ဘာဟာ  ရယ်စရာ ကောင်းမနေပါဘူး။ World order တခုလုံး ကမောက်ကမ ဖြစ် နေတဲ့ ကိစ္စဟာ - နိုင်ငံငယ်တွေ အတွက် တော့ အလွန် အန္တရာယ် ကြီးတဲ့ အခြေအနေ ပါပဲ။ အာဏာရှင်စနစ်တွေကြောင့် ချည့်နဲ့ နေတဲ့ နိုင်ငံ အတွက် ပဋိပက္ခ တွေ နဲ့ စစ်အာဏာရှင် အောက်က ရုန်းကန်နေရတဲ့ ပြည်သူတွေ အင်အားစု တွေ အတွက် တောရိုင်း ဥပဒေ အားကောင်းလာတဲ့ကမ္ဘာ ဟာ ပျော်စရာ မဟုတ်ပါဘူး ငါဒို့မှာ ငါဒို့ပဲ ရှိတယ်။ အမှန်ဓမ္မ အတွက် ရပ်တည် ရဲရမယ် ဆိုတဲ့ ပိုင်းဖြတ်မှု နဲ့ သတိ၊ဉာဏ်ပညာ စုစည်းညီညွတ်မှုတွေ နဲ့ သာ အခက်ခဲ ဆုံးအချိန်တွေ ကို ဆက်လက်ကြံ့ကြံ့ခံ ကျော်ဖြတ်ကြရမှာပါ" လို့ ဆိုရှယ်မီဒီယာမှတဆင့် သတင်းစကားပါးပြောကြားလိုက်ပါတယ်။

လက်ရှိမှာ မြန်မာအရေးကိုဖြေရှင်းရန် ကုလသမဂ္ဂနဲ့ အာဆီယံတို့ဟာ စိတ်ပါဝင်စားဆဲ ဖြစ်ပါတယ်။


========================


📌📌 ၃။ အီးယူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို (၇၆) သန်းကို ခွဲဝေချမှတ်ပေးခဲ့ပြီး (၃၃) သန်းကို မြန်မာအတွက် ကူညီထောက်ပံ့မယ်


ဥရောပသမဂ္ဂအနေဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများမှာ ကြီးမားသောအကျပ်အတည်းများကြောင့် ထိခိုက်ခံစားနေရသူများ၏ လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် အီးယူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို (၇၆) သန်းကို ခွဲဝေချမှတ်ပေးခဲ့တယ်လို့ မတ်လ () ရက် ဥရောပသမဂ္ဂ မြန်မာက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ပမာဏများထဲက ယူရို (၃၃) သန်းကို မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသူများကို ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၄။ ငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့တွင် နေအိမ်နှင့် ဘုရားကျောင်းဆောင်များ ပြိုကျ


မတ်လ () ရက်နေ့၊ နံနက် (၄း၃၆) နာရီမှ စတင်ပြီး ဧရာဝတီတိုင်း ညောင်တုန်းမြို့နှင့် () မိုင်အကွာတွင် အင်အား ရစ်(ခ်)တာစကေး (.) အဆင့်လှုပ်ခတ်မှု အပါအဝင် မြေငလျင် () ကြိမ် လှုပ်ခတ်သွားရာ မအူပင်မြို့ရှိ ဇောတိကာရုံကျောင်း ဘုရားဆောင်နှင့် နေအိမ်အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။

လှုပ်ခတ်သွား‌တဲ့ ငလျင်ကြောင့် မအူပင်မြို့၊ ဇောတိကာရုံကျောင်း ဘုရားဆောင် အမောက် ကွန်ကရစ်ပြား၊ စိန်းလွန်း ရိပ်သာ လှေကားဆောင် အမိုးပေါ်  ပြုတ်ကျသောကြောင့် စွန်းလွန်းရိပ်သာရှေ့ နေကာအမိုးတစ်ဝက် ပြိုကျသွားခဲ့ကြောင်း၊ မအူပင်မြို့ () ရပ်ကွက် ဘောလုံးကွင်းအုတ်တံတိုင်းနှင့် စိန်ဟင်္သာကျောင်းဆောင်တချို့ ပြိုကျကြောင်း၊ ပြည်ထောင်စုသာမဏေကျော်စာသင်တိုက်အတွင်းတွင်လည်း  ကျောင်းဆောင်တချို့ ပြိုကျခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် မအူပင်မြို့ပေါ်မှ စိမ်းမြကန်သာ သတ္တဌာနဘုရား မဟာဗောဓိလိုဏ်အတွင်း မှန်တံခါးမကြီး ကွဲကျခြင်း၊ အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ စေတီမကြီး ပတ်လည်အောက်ခြေတွင် အက်ကြောင်းများ ဖြစ်ပေါ်ခြင်း၊ အရှေ့ဘက်မုခ်ဦးစေတီ () ဆူ အောက်ခြေ အက်ကြောင်းဖြစ်ပေါ်ခြင်း၊ (၁၀၈) တောင်ဘုရား  အရှေ့တောင်ခြမ်း ပြိုကျခြင်း၊ အမတော် မမြစိမ်းနန်း အုတ်နံရံ ပြိုကျခြင်း၊ ဂိုဒေါင်နံရံများ ပွင့်ထွက်ခြင်း အစရှိသဖြင့် ပျက်စီးသွားတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲအနေဖြင့် ညောင်တုန်းမြို့အရှေ့ဘက် (၁၀) မိုင်ခန့်အကွာတွင် နံနက် (၄း၅၄) နာရီအချိန်တွင် အင်အား ရစ်(ခ်)တာစကေး (.) အဆင့်၊ နံနက် (၅း၂၀) နာရီတွင် ညောင်တုန်းမြို့မှ (၂၃) မိုင်ခန့် အကွာတွင် အင်အား ရစ်(ခ်)တာစကေး (.) နှင့် နံနက်(၅း၂၃) နာရီတွင် ညောင်တုန်းမြို့မှ (၂၅) မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (.) အဆင့် မြေငလျင်များ အသီးသီး လှုပ်ခတ်သွားခဲ့တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၅။ The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများကို ထိခိုက်နစ်နာ အာမခံထောက်ပံ့ငွေများ ကူညီနိုင်ခဲ့


"CDM Medical Network မှ ၂၀၂၅ခုနှစ် Januaryလနှင့် February အတွင်း "The Promise" ကတိကဝတ်ကမ်ပိန်းအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများကို ထိခိုက်နစ်နာ အာမခံထောက်ပံ့ငွေများ ကူညီနိုင်ခဲ့ပါတယ်။

(၂၀၂၄) ခုနစ် မေလက စတင်ခဲ့တဲ့ ကတိကဝတ်ကမ်ပိန်းဟာ အခုဆိုရင် တစ်နှစ်နီးပါးရှိခဲ့ပြီး ကမ်ပိန်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန CDM ဝန်ထမ်းများထဲမှ ထိခိုက်နစ်နာမှု အသီးသီး ခံစားခဲ့ရသူများအတွက် သက်ဆိုင်ရာ ထိခိုက်နစ်နာမှု အမျိုးအစားအလိုက် လစဉ် ထောက်ပံ့ကူညီခဲ့ပါတယ်။

(၂၀၂၅) ဇန်နဝါရီလတွင် (၁၉) သိန်း () သောင်း () ထောင်ကျပ် (1,975,000 ကျပ်) ဖြင့် ထိခိုက်နစ်နာသူ (၂၈) ဦးကို လည်းကောင်း၊

(၂၀၂၅) ဖေဖော်ဝါရီလတွင် (၃၃) သိန်းကျပ် (3,300,000 ကျပ်) ဖြင့် ထိခိုက်နစ်နာသူ (၅၁) ဦးကိုလည်းကောင်း ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။ 

ထူးခြားချက်အနေဖြင့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ဆေးရုံဗုံးကြဲခံရမှုမှာ ကျဆုံးထိခိုက်မှုများအတွက် များစွာ ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။

The Promise Campaign ကနေ လစဉ် အာမခံယူနစ် (၉၀၀) ရောင်းချနိုင်ဖို့ရည်ရွယ်ထားပြီး ကတိကဝတ်ရှင် အလှူရှင်များ ဆက်လက်လိုအပ်လျက်ရှိနေပါသေးတယ်။


========================


📌📌 ၆။ အဆိုတော်ဖြူဖြူကျော်သိန်း ကိုရီးယားဖျော်ဖြေပွဲမှ မြန်မာငွေ သိန်းခြောက်ထောင့်ရှစ်ရာရရှိခဲ့


တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းနှင့် တကွ တောင်ကိုးရီးယားရောက် ညီအစ်ကိုမောင်နှမတို့ရဲ့ အားတက်သရော ပါဝင်အားဖြည့်မှုများကြောင့် "Phyu Phyu In Korea" ပွဲကြီးမှ " 229,575,500 KRW" - ကိုရီးယားဝမ်ပေါင်း "သိန်း နှစ်ထောင့်နှစ်ရာ ကိုးဆယ့်ငါးသိန်း ခုနှစ်သောင်း ငါးထောင့် ငါးရာ" တိတိ ( မြန်မာငွေ သိန်းခြောက်ထောင့်ရှစ်ရာခန့်) ရရှိခဲ့တယ်လို့ သိရပါတယ်။

Phyu Phyu in Korea ပွဲကြီးရဲ့ မင်္ဂလာသတင်းလေးကြည်နူးပီတိ ဂွမ်းဆီထိရပါတယ်လို့ အဆိုတော်ဖြူဖြူကျော်သိန်းက အသိပေးဆိုထားပါတယ်။

ယခုပွဲမှ ရရှိသော ထောက်ပို့ငွေများကို ပြည်သူများအတွက် လိုအပ်လျက်ရှိသော ကဏ္ဍအသီးသီးသို့ ထိရောက်စွာ ထောက်ပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ကော့ကရိတ်၊ ကျုံဒိုး ဘက်က ကျေးရွာများကို တရက်အတွင်း ဆက်တိုက် ဗုံးကြဲခံရ


ကရင့်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နယ်အတွင်း ကျေးရွာ အများအပြားကို မတ်လ () ရက်နေ့ တရက်တည်းမှာ ဆက်တိုက် ဗုံးကြဲခံခဲ့ရတယ်လို့ KIC သတင်းဌာနက ဖော်ပြထားပါတယ်။

မတ်လ () ရက် မနက် (၁း၃၀) နာရီအချိန်မှာ ကော့ကရိတ်မြို့နယ်၊ အစွန်း (အကျုံး) ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံ () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ် () လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ မတ်လ () ရက်နေ့ နေ့လည်ပိုင်း အချိန်မှာလည်း ကော့ကရိတ်တောင်ပိုင်း၊ ဘော့ဒိုင်းကျေးရွာ ထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ () စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ () ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ () ရက်‌ ညနေပိုင်းနဲ့ ညဦးပိုင်းမှာလည်း ကျုံဒိုးမြို့၊ အရှေ့ဘက်ကမ်း (ဂျိုင်းမြစ် အရှေ့ဘက်ကမ်း) ကျေးရွာများနဲ့ ကျိုက်ဒုံ မြို့နယ်ဘက်က ကျေးရွာများကို ဂျက်တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာ ရှိတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ဖယ်ခုံတွင် ဆရာတော် တပါးနှင့် အမျိုးသား တဦး ပစ်သတ်ခံရမှုကို ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ဖယ်ခုံ  PDF နှင့် အင်း‌လေး PDF ထုတ်ပြန်


ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းရွာရှိ ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင် သံဃာတော် တပါးနှင့် အမျိုးသား တဦး ပစ်သတ်ခံရမှုကို ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) နဲ့ အင်းလေး PDF (၁၀၀၉ တပ်ရင်း) တပ်ရင်းတို့က ထုတ်ပြန်ထားပါတယ်။

မတ်လ () ရက်နေ့ ညနေ () နာရီ ဝန်းကျင်မှာ ဖယ်ခုံ ရှမ်းဘုန်းကြီးကျောင်း ကျောင်းထိုင် ဆရာတော်နှင့် အမျိုသား တဦးကို လက်နက်ကိုင် လူစုက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့တာပါ။

အဆိုပါ ဖြစ်စဉ်ဟာ ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) နဲ့ လုံးဝ မသက်ဆိုင်ကြောင်းနဲ့ တပ်ဖွဲ့ဝင် အားလုံးက ထိုကဲ့သို့ နိုင်ထက်စီးနင်းသော လုပ်ရပ်များကို ပြုလုပ်ကျူးလွန်ခြင်းမရှိကြောင်း အသက်နှင့် သစ္စာခံတယ်လို့ ဆိုပါတယ်။

ဖယ်ခုံ PDF တပ်ရင်း စိုးမိုးနယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ကို မည်သည့်အဖွဲ့အစည်းက ဘာကြောင့် ကျူးလွန်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးပြီး တရားသော အမှုမှန် ပေါ်ပေါက်ရေးအတွက် ပမဖ များနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

အလားတူ ဖယ်ခုံ - ညောင်ရွှေ အစပ်မှာ လှုပ်ရှားနေတဲ့ အင်းလေး PDF (၁၀၀၉ တပ်ရင်း) ကလည်း ထိုသို့သော လုပ်ရပ်များကို တပ်ရင်းမှူး၊ ဒုရင်းမှူးမှအစ ရဲဘော်များအထိ ကျူးလွန်ခဲ့ခြင်း မရှိကြောင်းကို ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေး ခရီးလမ်းတွင် တပ်ရင်းနှင့် လူထုအကြား သဘောထား ကွဲလွဲစေရန် သွေးခွဲလုပ်ဆောင်တဲ့ မည်သို့သော အကြောင်းအရင်းကိုမဆို လက်သင့်ခံမှာ မဟုတ်ဘူးလို့ တပ်ရင်း () ခုလုံးက အသိပေး ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ABSDF အမှတ် () စစ်ကြောင်း နှင့် ရေစကြို .က. တို့ ပူးပေါင်း၍ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (ကျောင်းသားတပ်မတော်) အမှတ် () စစ်ကြောင်းနှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကို မတ်လ () ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

သင်တန်းကာလ () လခွဲ ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော် အယောက် (၁၂၀) ကျော် သင်တန်းဆင်းခဲ့ကာ မကဒတ တပ်ဖွဲ့ဝင်များက အလံကိုင်သစ္စာ ဆိုခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ အမှတ် () စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် () တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပပြီးစီး


အမှတ် () စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် () တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် () သင်တန်းဆင်းပွဲကို မတ်လ၅ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

သင်တန်းဆင်းပွဲ၌ အကောင်းဆုံးတပ်စိတ်ဆု၊ အမိန့်နာခံမှုအကောင်းဆုံးဆုနှင့် လက်ဖြောင့်တပ်သားဆုတို့ကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မင်းဘူးခရိုင် အမှတ် () တပ်ရင်းမှ တပ်သားသစ်များလည်း ဆက်လက်ခေါ်ယူလျက်ရှိပါသဖြင့် ပြည်သူ့ဘက်မှရပ်တည်ပြီး ပြည်သူ့အတွက် တာဝန်ထမ်းဆောင်လိုသူများ လာရောက်ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ထားဝယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာဖြင့် စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်


တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ထားဝယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာ သင်္ဘောဖြင့် စုန်ဆင်းလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံ PDF က ထုတ်ပြန်ထားပါတယ်။

မတ်လ () ရက်နေ့ ညနေ (၄း၃၀) နာရီခန့်မှာ စစ်မှုထမ်း သင်တန်းသားများနဲ့ ၎င်းတို့ကို ပို့ဆောင်ရန် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ထားဝယ်မြစ်ကြောင်းအတွင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကာ အတိအကျကို စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထားဝယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (DDT) နဲ့ ပူးပေါင်းမဟာမိတ်များက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ထားဝယ်မြစ်ကြောင်းအတွင်း ရေကြောင်း အသုံးပြု သွားလာနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို အချိန်မရွေး/နေရာမရွေး ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းလျက်ရှိတာကြောင့် တံငါသည်များနဲ့ ငါးဖမ်းစက်လှေများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက် ဆက်နွယ်ခြင်း၊ တင်ဆောင် သွားလာခြင်းများ မပြုကြဖို့ သတိပေးထားပါတယ်။


========================


🚩🚩 ၆။ ဆိပ်ဖြူ ကပစ - ၂၂ မှ တက်လာတဲ့ စက်တပ်လေထီး စီးအား ပစ်ခတ်ခဲ့ရာ မောင်းသူတဦး ဒဏ်ရာရ


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ယ်၊ ကပစ - ၂၂ မှ တက်လာတဲ့ စက်တပ်လေထီး (Paramotor) နှစ်စီးအား ပစ်ခတ်ခဲ့ရာ မောင်းသူ တဦး ဒဏ်ရာရသွားတယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

မတ်လ () ရက်နေ့ မနက် (၉း၃၅) နာရီခန့်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပြည်သူများကို ဒုက္ခပေးဖို့ တက်လာတဲ့ Paramotor () စီးအား (မြိုင်၊ ပေါက်၊ ကမ္မ) .က. စုဖွဲ့မှုက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ ပစ်ခတ်ခဲ့ရာ Paramotor မောင်းသူ စစ်ကောင်စီ တပ်သား အောင်ဇင်ဖြိုးဆိုသူရဲ့ပေါင်မှာ ကျည်ထိမှန်ခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသွားပြီး ဖြတ်တောက်ရမယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် Paramotor တစီးမှာ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး နောက်တစီးမှာ ပစ်ခတ်ခြင်းမရှိဘဲ ခဏတာ ဆက်လက် ပျံဝဲနေခဲ့ပြီး ကပစ - ၂၂ အတွင်း ပြန်လည်ဆင်းသက်သွားကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ စစ်ကောင်စီတပ်သား အလောင်းများနှင့် လက်နက်များကို ချန်ထားပြီး ထွက်ပြေးခဲ့ရတဲ့ စခန်းကြီး‌ဒေသသို့ ထီးလင်းစစ်ကြောင်းမှ () လကျော်ကြာမှ လက်နက်ပြန်ကောက်ယူ


အင်အား (၈၀) ခန့်ပါ ထီးလင်းစစ်ကြောင်းဟာ မတ်လ () ရက်နေ့ မနက် () နာရီခန့်က ထီးလင်းမြို့ကနေထွက်လာပြီး စခန်းကြီးဒေသအထိ ရောက်ရှိလာပြီး () လကျော် ကြာမြင့်မှ နောက်တခေါက် လာရောက် စီစစ်ကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။

(၂၀၂၄) ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တုန်းက ထီးလင်းမြို့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့  ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် မရှုမလှ ရှူံးနိမ့်ကာ သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ လက်နက်ခဲယမ်းများကိုပင် ပြန်မကောက်နိုင်ဘဲ လေကြောင်းပစ်ကူနဲ့ ထီးလင်းမြို့ကို နောက်ကြောင်းပြန် ပြန်ဝင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ထီးလင်းစစ်ကြောင်းဟာ အဆိုပါနေရာမှာ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးစုရုပ်အလောင်းတွေကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ယူခြင်းများနဲ့ တိုက်ပွဲတွင်း ချန်ထားခဲ့ရတဲ့ လက်နက်ခဲယမ်းများကိုလည်း ပြန်လည်ရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

ပြန်လည်ရှာဖွေရာမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ RPG တစ်လက်အပါဝင် လက်နက်ခဲယမ်းအချို့ကိုပါ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ရွှေဘိုမြို့တွင်းသို့ သွားရောက်ရိက္ခာထုတ် ပြန်လာသည့် ပျူစောထီးများ လိုက်ပါလာသည့်ကားအား တိုက်ခိုက်ရာ ကားစွန့်ခွာ ထွက်ပြေးသွား


မတ်လ () ရက်နေ့တွင် ပန်းရံ (ပျူ) ရွာ ပျူစောထီးကျော်ဝင်းမှ ရွှေဘိုမြို့တွင်းသို့ သွားရောက်ရိက္ခာထုတ် ပြန်လာသည်ကို ကြိုတင်သတင်းရ၍ ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) တိုက်နယ် () ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း () နှင့်  နယ်မြေခံပကဖများမှ ပူးပေါင်းကင်းပုန်းဝပ်၍ ရွှေဘို - ရေဦးလမ်းအရောက်တွင် ဆီးကြိုတိုက်ခိုက်ခဲ့ရာ ကားပေါ် လိုက်ပါလာသည့် ပျူများ အထိအခိုက်များခဲ့ပြီး စီးနင်းလာသော ကားအား လမ်းဘေးတွင် စွန့်ပစ်၍ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါကားမှာ စုတ်ပြတ်ပျက်စီးသွားခဲ့ကြောင်းနှင့် ရွှေ့ပြောင်းနိုင်ရန် မလွယ်ကူသဖြင့် မှတ်တမ်းများရယူ၍ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ထိုတိုက်ခိုက်မှုတွင် ပျူစောထီးများ ထိခိုက်မှုများနိုင်ပြီး ကာကွယ်ရေးအဖွဲ့မှ ရဲဘော် () ဦး စစ်ကောင်စီရဲ့ နင်းမိုင်းထိ၍ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၉။ ခမရ (၅၅၆) မှ စစ်ကောင်စီ တပ်သား တဦး တနင်္သာရီ ပကဖ ထံ လက်နက်နဲ့ အလင်းဝင်


တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ်၊ ဇဝဲရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၅၆) တပ်မှ တပ်သား တဦး လက်နက်နဲ့ အလင်းဝင် လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က သတင်းထုတ်ပြန် ထားပါတယ်။

(၂၀၂၄)  နိုဝင်လာလ () ရက်နေ့က ခမရ - ၅၅၆ တပ်ရင်းမှ တပ်သား မောင်ဝေလင်းထွန်း ဆိုသူဟာ MA-2 (စက်ကလေး) တလက်၊ 5.56 ကျည် (၂၀) တောင့်၊ ကျည်ဘောက် () ခုနှင့်အတူ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုငွေ ကျပ်သိန်း (၆၀) ကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီ ပကဖ အနေဖြင့် CDM အလင်းဝင်ရောက်လာသူ၊ အကြမ်းဖက် စစ်တပ်ရဲ့ အဓမ္မ တပ်သား စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မဟာမိတ်တပ်ဖွဲ့များနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်များကို ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်တယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment