ချောင်းသာကမ်းခြေ စီးပွားရေးအဆိုးဆုံးကာလကိုဖြတ်ကျော်နေရကြောင်း ဒေသခံတွေက ပြောဆို
လေး၀တီ (Radio NUG) မတ် ၁၂၊ ၂၀၂၅
ချောင်းသာကမ်းခြေကို လိုင်းကားတွေပြေးဆွဲနေတဲ့အပြင် ဟိုတယ်လ်နဲ့ တည်းခိုခန်းတွေ၊ ဈေးနဲ့ ဈေးဆိုင် တွေဖွင့်လှစ်ထားပေမယ့် မကျီးဇင်ရွာတိုက်ပွဲဂယက်ကြောင့် လက်ရှိအချိန်ထိ နှစ်လနီးပါး ဧည့်အဝင် ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါကြောင့် ကမ်းခြေကိုအမှီပြုပြီးအသက်မွေးကြတဲ့ ချောင်းသာ ဒေသခံနဲ့ ရပ်ဝေး ကအလုပ်လာလုပ်သူတွေမှာ စားဝတ်နေရေးအကြပ်တည်းတွေဖြစ်လာကြပါတယ်။ လက်ရှိစီးပွားရေး အ ကြပ်တည်းအခြေ နေဟာအဆိုးရွားဆုံးပဲလို့ ချောင်းသာဒေသခံတစ်ဦးကပြောပါတယ်။
“ ဟာ ရတယ်။ ရတယ်။ ကုန်ဈေးနှုန်းတက်တယ်။ ငွေရေးကြေးရေးဖောင်းပွတယ်။ သွားရလာ ရတာ လုံခြုံမှုမရှိဘူး။ အကုန်လုံးဆိုးတယ်။ ဟိုတုန်းက တို့ငယ်ငယ်တုန်းက ကွန်မြူနစ်ခေတ်၊ ဒီနေရာက ကွန်မြူနစ်ကြီးစိုးတဲ့နေရာတွေ။ အခုလိုမကြောက်ရဘူး။ ကွန်မြူနစ်ခေတ်မှာ သူခိုးလည်းမကြောက်ရ ဘူး။ ဓမြလည်းမကြောက်ရဘူး။ မုဒိန်းလည်းမကြောက်ရဘူး။ လုတာ၊ ယက်တာ ဘာမှ မကြောက်ရဘူး။ ရှိရင်လည်းမလွယ်ဘူး။ ဘယ်ထောင်မှလည်း ပို့မနေဘူး။ စစ်လို့မှန်ရင် ဇွတ်ကနဲဆိုပြီးပြီ။ အခုက ပြသနာ တက်လို့ သွားတိုင်လည်း အရေးလုပ်ချင်မှ လုပ်တာ။ ကိုယ့်ဘေးကိုယ် ကြည့်ရှောင်ရတယ်။ ငါတို့မှာ အုပ် ချုပ်မှု ရှိပါတယ်ဆိုပြီး အားကိုးလို့မရဘူး။ အဆိုးဆုံးကာလပဲ ”
ရခိုင်ကမ်းရိုးတန်းပေါာက ချောင်းသာကျေးရွာဟာ ကမ်းပိုက်ဆွဲလုပ်ငန်းနဲ့ အုန်းခြံတွေက အဓိက အသက် မွေးလုပ်ငန်းတွေဖြစ်ပြီး ဝမ်းစာအတွက်တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်ကြပြီး ရခိုင်၊ ဗမာနဲ့ ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်ကြတာဖြစ်ပါတယ်။ ၁၉၉၂ - ၉၃ ခုလောက်မှာ ချောင်း သာကျေးရွာကို စစ်တပ်ကသိမ်းယူခဲ့ပြီး ပုဂ္ဂလိက ဟိုတယ်လ်လုပ်ငန်းရှင်တွေကို ပြန်လည်ရောင်းချခဲ့ကြ ပါတယ်။ ချောင်းသာ ဒေသခံတွေဟာ ကမ်းခြေတစ်လျှောက်ရှိ အုန်းခြံနဲ့ နေအိမ်တွေကို ဖယ်ပေးခဲ့ရပြီး အသက်မွေးစရာ အုန်းခြံနဲ့ ဝမ်းစာအတွက် ထွန်ယက်စိုက်ပျိုုးတဲ့မြေတွေလည်းအသိမ်းခံရလို့ ဟိုတယ်လ် လုပ်ငန်းတွေ၊ ဒေသထွက်ကုန်အရောင်းအဝယ်လုပ်ငန်းတွေစတဲ့ ကမ်းခြေခရီးသွားလုပ်ငန်းပေါာမှာ အမှီ ပြုလာကြရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၉ရက်နေ့မှာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည် နယ် နယ်စပ်အနီးက ပုသိမ်မြို့နယ်အတွင်းမှာ ပါဝင်တဲ့ မကျီးဇင်ကျေးရွာကို ရခိုင့်တပ် တော် အေအေကသိမ်းပိုက်လိုက်ပြီး တဲ့ နောက် အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဝေးမှာဖြစ်ပွားနေတဲ့ အဲ့ဒီတိုက်ပွဲက ချောင်းသာကမ်းခြေကနေ မြင်ရကြားရတဲ့အတွက် ကမ်းခြေ ဟိုတယ်လ်ဖြစ်တဲ့ Belle ဟိုတယ်လ်ကစပြီး ဧည့်သည်တွေကို ပြန်လွှတ်တာ ဟိုတယ်လ်ပိတ်သိမ်းတာအပြင် ကမ်းခြေကနေ ပစ္စည်းတွေကို ရွှေ့ပြောင်း ခဲ့ပါတယ်။ အခြားဟိုတယ်လ်အချို့လည်းပိတ်သိမ်းတာ ရွှေ့ပြောင်းတာတွေစတင်လုပ်ဆောင်ခဲ့တဲ့အ တွက် ချောင်းသာမြို့ထဲက ရွှေ့ပြောင်းနေထိုင်ကြသူတွေ၊ မြို့ခံတွေလည်း အနီးဆုံးဖြစ်တဲ့ ပုသိမ်မြို့ကို ရွှေ့ ပြောင်းခဲ့ကြပါတယ်။ ဒီလိုအခြေနေတွေကြောင့် အဲ့ဒီကာလ ဇန်နဝါရီလဆန်းကထဲက ဧည့်သည်မလာ တော့ပဲ နှစ်လနီးပါးရှိလာတဲ့အခါ ကမ်းခြေကိုအမှီပြုအသက်မွေးတဲ့ လက်လုပ်လက်စားမိသားစုဝင်တွေ မှာ စားဝတ်နေရေးကြပ်တည်းလာကြတာဖြစ်ပါတယ်။
“ ရောင့်လို့ ဝယ်လို့မကောင်းတော့လည်း ငတ်တယ်ပေါ့။ တိုတိုပြောရရင်။ ဒါပေါ့။ အိမ်လခဖိုးတွေ ပိတယ်။ မရောင်းရတာ၊ ရောင်းရတာဘေးချိတ်ထား။ အဘတော့အမှန်ပြောတာ အိမ်ရှိတယ်။ ကိုယ့်အိမ် နဲ့ကိုယ်၊ ထမင်းတောင်အလျင်မမီဘူး။ သူတို့က အိမ်ပိုင်လေးနဲ့နပ်မမှန်ဘူးပေါ့ ”
အပန်းဖြေကမ်းခြေမတည်ဆောက်ခင်က ချောင်းသာကမ်းခြေဟာ ကြက်သွန်နဲ့ ဆေးရွက်ကြီးသာ ပုသိမ် မြို့နယ်က မှာယူသုံးစွဲခဲ့ပြီး စပါး၊ မြေပဲ၊ ဖူးစားပြောင်း၊ ငှက်ပျော၊ ငရုပ်၊ နာနတ်၊ သင်ဘော စတဲ့ သီးနှံတွေ အပြင် လိမ္မော်နဲ့ ကျွဲကောစတဲ့ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို စိုက်ပျိုးစားသုံးခဲ့တာဖြစ်ပါတယ်။ ကမ်းခြေနဲ့ ကျေးရွာကို သိမ်းယူပြီးအပန်းဖြေကမ်းခြေ ဟိုတယ်လ်ဇုန်ဖွင့်လှစ်ပြီးတဲ့နောက် စားသောက် ကုန်၊ လူသုံးကုန်တွေကို ပုသိမ်မြို့ကတစ်ဆင့်မှာယူအသုံးပြုကြတာဖြစ်ပါတယ်။
“စိုက်ပျိုးရေးက ဒေသထွက်က စိုက်ပျိုးရေးဆိုတဲ့နေရာမှာ အရင်တုန်းက လမ်းမပေါက်ခင်က ဦး တို့နေရာမှာ အားလုံးက မြို့ကနေဝယ်စားတာ ကြက်သွန်နဲ့ ဆေးရွက်ကြီးပဲရှိတယ်။ ကျန်တာ ဒေသထွက် ပဲ။ ဆားလည်းထွက်တယ်၊ ငပိလည်းထွက်တယ်။ ငရုတ်သီးအကုန်လုံး ကိုယ့်နေရာနဲ့ကိုယ် စိုက်ကြတဲ့ဟာ တွေ။ အုန်းကိုပဲ စိုက်ပျိုးစားကြတယ်။ ဒီလိုပေါက်တော့မှ မြို့ကိုအားကိုးစားရတာ။ ရှိတဲ့ဟာတွေကလည်း အသိမ်းခံရတော့။ ဟိုတုန်းကဆိုရင် မြေပဲစိုက်တယ်။ ဆီရတယ်။ ငရုတ်စိုက်တယ်။ ဆားချက်တယ်။ ဆား ချက်တော့ စီးပွားဖြစ်တော့မဟုတ်ဘူး။ အိမ်သုံးဆား။ ဒယ်ပိုင်းနဲ့ သွပ်ကိုခွေပြီးတော့ ဆားချက်တာပေါ့။ ဆန်က လေးငါးရာ လောက်ရတယ်။ သုံးလေးရာလောက်ရရင် မိုးတွင်းစားတာပဲ။ အဲ့လိုထွက်တယ်။ မြို့က ဝယ်ရတာ မရှိဘူး။ ဆား ”
လတ်တလော ချောင်းသာကမ်းခြေမှာ ဧရာဝတီတိုင်းအတွင်းရှိအခြားမြို့နယ်များမှ ကမ်းခြေကိုလာ ရောက်မှီခိုအသက်မွေးသူတွေနဲ့ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်မိသားစုဝင်တွေလည်းရောက်ရှိနေကြပြီး အိမ်ငှားခ အခက်အခဲတွေအပြင် လတ်တလော ဧည့်သည်ဝင်ရောက်မှုနည်းတာကြောင့် စားဝတ်နေရေး အကြပ်တည်းကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။ ချောင်းသာမြို့မှာ ဘဏ်တွေပိတ်ထား ပြီး ဈေးဆိုင်အများစုကလည်း ဖွင့်လှစ်နိုင်တာမရှိသေးပဲ မြို့ရဲ့ အဓိကလမ်းမကြီးကလည်း ခြောက်ကပ်လို့ နေပါတယ်။ ချောင်းသာကမ်းခြေက ဟိုတယ်လ်၊ မိုတယ်လ်နဲ့ တည်းခိုရိပ်သာတွေက ဈေးတွေလျှော့ပေး ထားပြီး ဧည့်သည်တွေလာရောက်လည်ပတ်ကြဖို့ ဒေသခံတွေကမျှော်လင့်နေကြပါတယ်။ ဒီသတင်းကို လေးဝတီက ပေးပို့ထားပါတယ်။
No comments:
Post a Comment