13th Apr 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ငလျင်ဘေးသင့်ပြည်သူများအတွက် အစားအစာ၊အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ အရေးပေါ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးထုတ်ဖော်ပြောကြား

📌 ၂။ အမိမြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာရောက် ပြည်သူများ၏ ရန်ပုံငွေ ကောက်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတက်ရောက်

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ကိုရီးယားနွေဦးစင်တာအဖွဲ့ဝင်များ MFDMCအဖွဲ့ဝင်များ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့

📌 ၄။ မြန်မာငလျင်ဘေးသင့်ပြည်သူတွေအတွက် ဆေးဘက်ဆိုင်ရာနည်းပညာ ဒုတိယအဖွဲ့ရန်ကုန်ရောက်ရှိ

📌 ၅။ ဂျာမနီက မြန်မာငလျင်ဘေးအတွက် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် နောက်ထပ်ရန်ပုံငွေများနဲ့ လိုအပ်သောပံ့ပိုးမှုတွေကို အမြန်ဆုံး တုန့်ပြန်ဆောင်ရွက်ပေးနေတယ်လို့ဆို

📌 ၆။⁨⁨ မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ EU ဆို

📌 ၇။ အတာသင်္ကြန်ကာလမှာ မြန်မာပြည်သူတွေ ဘေးကင်းကြပါစေကြောင်း အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် ပြော

📌 ၈။ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့သြစတြေးလျ Melbourneဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံး


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨ ရွှေကျင်နယ်မှာ အင်အား ၁ဝဝ ကျော်နဲ့ လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာမှာ စစ်သား ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ဦး ကျဆုံး

🚩၂။ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ ပြည်သူ့ရဲဘော်တွေကို လေးစားစွာနဲ့အလေးပြုတယ်လို့ ကလေးခရိုင် ပကဖ ပြော

🚩၃။ ကောလင်းမြိုနယ် တောင်ဘို့လှ အုပ်စု လျှော်ဖြူကုန်းရွာက်ိုစကစတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းကပစ်ခတ်ရာစစ်ရှောင်နှစ်ဦးသေဆုံး

🚩၄။ စစ်ဘေးနဲ့ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကိုစာနာတဲ့အနေနဲ့ မဟာသင်္ကြန်ပွဲတော်ရက်တွေကို တိတ်တဆိတ် ဖြတ်သန်းကြဖို့ AJAY နှိုးဆော်

🚩၅။⁨⁩ ရန်ပုံငွေကံစမ်းမဲဖွင့်ပွဲအတွက် မဏ္ဍဆောက်လုပ်နေတာကို ဖျက်သိမ်းလိုက်ပြီလို့ မြိတ်ခရိုင် အမှတ် တပ်ရင်းဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ငလျင်ဘေးသင့်ပြည်သူများအတွက် အစားအစာ၊အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ အရေးပေါ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးထုတ်ဖော်ပြောကြား


ဧပြီ၁၃ရက်


ငလျင်ဘေးသင့်ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အစားအစာ၊အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ အရေးပေါ်ဆောင်ရွက်ပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ က စစ်ကိုင်းငလျင်ကြီး(Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Radio NUGကိုဖြေကြားပါတယ်။

"စစ်ကောင်စီထိန်းချုပ်တဲ့နယ်မြေတွေမှာ ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုကို ဆန်းစစ်တဲ့ကိစ္စတွေကို ကျနော်တို့ လူသားစာနာ စေတနာ့ဝန်ထမ်းတွေက အန္တရာယ်အမျိုးမျိုးကြားကနေပြီးတော့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ထောက်ပံ့မှုတွေမှာလည်းဒီလိုပဲ ဆောင်ရွက်ရတာဖြစ်ပါတယ်။စစ်ကောင်စီထိန်းချုပ်တဲ့ဧရိယာမှာ ဆောင်ရွက်ရတဲ့အခါ ကျနော်တို့လုပ်ဆောင်ချက်တွေကို ဝေဖန်ခံရတာတွေရှိတယ်။ဘယ်လိုပဲဝေဖန်ခံရပါစေ။ဒုက္ခရောက်တဲ့လူတွေဆီ ကျနော်တို့ရဲ့ အထောက်အပံ့ရရှိဖို့၊မခွဲခြားဘဲ ဆောင်ရွက်နိုင်ဖို့ကအဓိကဖြစ်ပါတယ်။ဒီလိုဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေအတွက်ရိက္ခာရဖို့၊အမိုးအကာရဖို့အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ ပြည်သူတွေကလမ်းတွေမှာ၊အမိုးအကာမရှိတဲ့နေရာတွေမှာအိပ်ရတယ်။ဒါတွေအတွက်ကို အရင်ဆုံးဦးစားပေးအနေနဲ့ ရိက္ခာ၊အမိုးအကာရောက်ရှိဖို့ ဒါတွေစောင့်ရှောက်ပေးတယ်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ စောင့်ရှောက်ကုသကယ်ဆယ်မှုတွေဆောင်ရွက်တယ်"လို့ဝန်ကြီးကပြောပါတယ်။


ဒါ့အပြင် သောက်သုံးရေရရှိရေးအတွက် ရေတွင်းများပြန်လည်တူးဖော်ခြင်းအပါအဝင် အရေးပေါ်ထောက်ပံပစ္စည်းများရရှိစေရန်ကျေးရွာချင်းဆက်လမ်းများ၊ကုန်ထုတ်လမ်းများကိုလည်းပြင်ဆင်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

ငလျင်ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ကူညီရာမှာငွေသားပေးအပ်မှုများလည်းပါဝင်ပြီး ငလျင်ကြောင့်ထိခိုက်သူများ၊သေဆုံးသူများအတွက်မြေပြင်သွားရောက်၍ထောက်ပံ့ကူညီမှုများ၊နှစ်သိမ့်ပေးမှုများလုပ်ဆောင်ရန် ပြင်ဆင်နေမှုတို့လည်းရှိတယ်လို့ ဒုဝန်ကြီးငိုင်တမ်းမောင်ကလည်းပြောပါတယ်။


========================


📌📌 ၂။ အမိမြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာရောက် ပြည်သူများ၏ ရန်ပုံငွေ ကောက်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတက်ရောက်


ဧပြီ၁၃ရက်


အမိမြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာရောက်ပြည်သူများ၏ ရန်ပုံငွေကောက်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး တက်ရောက်ခဲ့တယ်လို့ ဧပြီ၁၃ရက်မှာ အမျိုးသမီး ၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမိမြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာရောက် ပြည်သူများ၏ ရန်ပုံငွေ ကောက်ခံပွဲသို့ အမျိုးသမီး ၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏  ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ တက်ရောက်သူများနှင့် အလှူရှင်များအား ကျေးဇူးတင် စကားပြောကြားခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ကိုရီးယားနွေဦးစင်တာအဖွဲ့ဝင်များ MFDMCအဖွဲ့ဝင်များ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့


ဧပြီ၁၃ရက်


၂၀၂၅ခုနှစ် ဧပြီ ၁၃ရက် အင်ချွန်း၊ ဘူဖျောင်းမြို့နယ် နွေဦးစင်တာရုံးခန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် နွေဦးစင်တာအဖွဲ့ဝင်များ MFDMCအဖွဲ့ဝင်များ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ MFDMCက သတင်းထုတ်ပြန်ပါတယ်။

 အဆိုပါဆွေးနွေးပွဲသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အတွင်းရေးမှုး၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ နွေဦးစင်တာ ပူးတွဲဥက္ကဌ ဆရာမ ဂမ်းနှင့် ရုံးအဖွဲ့၀င်များ၊ MFDMC ဥက္ကဌ ဦးဇော်မိုးအောင်နှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ပြီး တော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေးဆိုင်ရာများ ကိစ္စရပ်များနှင့် တော်လှန်ရေးကာလအလွန် လူ့အခွင့်အရေးဆိုင်ရာ သဘောထား အမြင်များ၊ အကြံပြုချက်များကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ မြန်မာငလျင်ဘေးသင့်ပြည်သူတွေအတွက် ဆေးဘက်ဆိုင်ရာနည်းပညာ ဒုတိယအဖွဲ့ရန်ကုန်ရောက်ရှိ


ဧပြီ၁၃ရက်


မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးဝါးကုသမှုများပေးရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး (JDR) ဆေးဖက်ဆိုင်ရာနည်းပညာ ဒုတိယအဖွဲ့ ရန်ကုန်သို့ ရောက်ရှိပြီ ဖြစ်တယ်လို့သိရပါတယ်။ငလျင်ဒဏ်သင့်ဒေသများတွင် ဆေးကုသမှုများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဧပြီ၁၃ရက်မှာ ဂျပန်သံရုံးရန်ကုန်ကထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်သင့် မြန်မာပြည်သူပြည်သားများအတွက် ဂျပန်အစိုးရ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ အနေနဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR)ကို စေလွှတ်ခြင်း၊မတ်လ ၃၁ ရက်နေ့တွင် အဖွဲ့ဝင် ဦးပါသော လေ့လာရေးအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

ဧပြီလ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR) (ဆရာဝန်များနှင့် သူနာပြုများပါဝင်သည့် အဖွဲ့ဝင်သစ် ၂၇ ဦး၊ စုစုပေါင်း ၃၂ ဦး) ကို စေလွှတ်ခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့တွင် Disaster Emergency Logistics System for ASEAN (DELSA)  Japan-ASEAN Integration Fund (JAIF) ပံ့ပိုးမှုဖြင့် ဖွဲ့စည်းထားသောစနစ်) မှအရေးပေါ်သုံး မိုးကာစ ၂၄၀ နှင့် ရွက်ဖျင်တဲ ၄၅၀ ကို ပို့ဆောင်ပေးခဲ့ပါတယ်။အရေးပေါ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဧပြီလ ရက်နေ့တွင် အမေရိကန်ဒေါ်လာ () သန်းခန့်ရှိသော အရေးပေါ်ထောက်ပံ့ငွေကို နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားရန် ပြင်ဆင်ထားသည်ဟု ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။


========================


📌📌 ၅။ ဂျာမနီက မြန်မာငလျင်ဘေးအတွက် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် နောက်ထပ်ရန်ပုံငွေများနဲ့ လိုအပ်သောပံ့ပိုးမှုတွေကို အမြန်ဆုံး တုန့်ပြန်ဆောင်ရွက်ပေးနေတယ်လို့ဆို


ဧပြီ၁၃ရက်


ဂျာမနီက မြန်မာငလျင်ဘေးအတွက် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် နောက်ထပ်ရန်ပုံငွေများနဲ့ လိုအပ်သောပံ့ပိုးမှုတွေကို အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ပေးနေတယ်လို့ဂျာမနီသံရုံး သံရုံးအကြီးအကဲသီရိုကီးဒက်စ်က ဆိုပါတယ်။

"မဟာသင်္ကြန်ဆိုတာ မြန်မာပြည်သူပြည်သားတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ သို့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ဆိုးရွားလှတဲ့ ငလျင်ကြီးဟာ ခုလိုမြန်မာတို့ရဲ့ ပျော်ရွှင်စရာပွဲတော်ကို လွှမ်းမိုးထားလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာ ဖျောက်ဖျက်မရတဲ့ အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး ချစ်ရသူတွေ၊ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိတစ်မှိတ်အတွင်း ဆုံးရှုံးခဲ့ရသူများအားလုံးကို အလေးအနက်ထား ကိုယ်ချင်းစာမိရကြောင်း ဖော်ပြလိုပါတယ်။ ဂျာမနီက ကျွန်တော်တို့ရဲ့နိုင်ငံတကာနဲ့ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် နောက်ထပ်ရန်ပုံငွေများနဲ့ လိုအပ်သောပံ့ပိုးမှုတွေကို အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ပေးနေပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မြန်မာ့နှစ်သစ်ကူးအခါသမယမှာ မြန်မာပြည်တွင်း နေထိုင်ကြသူများအားလုံး ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမြန်ဆုံးရောက်ရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းထားပါတယ်။


========================


📌📌 ၆။⁨⁨ မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ EU ဆို


ဧပြီ၁၃ရက်


လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ဆုံးရှုံးခဲ့ရတဲ့ဘဝတွေကို သတိရရှိနေပြီး ပိုမိုကောင်းမွန်တောက်ပတဲ့ အနာဂတ်အတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ပံ့ပိုးပေးသွားမယ်လို့ ဥရောပသမဂ္ဂ EU က ဒီနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ဥရောပသမဂ္ဂအနေနဲ့ ၁၉၉၆ ခုနှစ်ကစပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး နောင်မှာလည်း ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မကြာခင်ကအဖြစ်အပျက်တွေကြောင့် သင်္ကြန်ကာလမှာ ချစ်ရသူတွေနဲ့အတူ နှစ်သစ်ကို မကြိုဆိုနိုင် တော့တဲ့သူတွေအတွက် ကြေကွဲဝမ်းနည်းမိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂ EU ဟာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအနေနဲ့ အရေးပေါ်အမိုးအကာနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေအပါအဝင် တန်ချိန် ၁၃ဝ ရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပံ့ပိုးပေးထား တဲ့အပြင် မြေငလျင်အရေးပေါ်တုံ့ပြန်မှုအတွက် ယူရို ၁၃ သန်း ထပ်မံ ထောက်ပံ့မယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ EU အနေနဲ့ ဒီနှစ်မှာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယူရို ၃၃ သန်း ထောက်ပံ့ပေးဖို့ ချမှတ်ထားတယ်လို့ သိရပါတယ်။

အခုလိုထောက်ပံ့ရာမှာ မြေပြင်မှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး အမှန်တကယ် အရေးတကြီး လိုအပ်နေသူ အားလုံးထံ အကူအညီတွေရောက်ရှိစေဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ အတာသင်္ကြန်ကာလမှာ မြန်မာပြည်သူတွေ ဘေးကင်းကြပါစေကြောင်း အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် ပြော


ဧပြီ၁၃ရက်


အခုနှစ် အတာသင်္ကြန်ကာလမှာ မြန်မာပြည်သူတွေ ဘေးကင်းကြပါစေကြောင်း ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် က လူမှုကွန်ယက်စာမျက်နှာကနေတဆင့်ပြောကြား လိုက်ပါတယ်။

သူအနေနဲ့ သံရုံးကိုရောက်တာ ဒုတိယနှစ်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ တတိယအကြိမ်မြောက်ကြုံရတဲ့ အတာသင်္ကြန်လို့ ဆိုပါတယ်။

ပထမဆုံးအကြိမ်ဟာ ၁၉၉၄ ခုနှစ်တုန်းကဖြစ်ပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံတာချီလိတ်ဘက်ကို ခရီးထွက် တုန်းကဖြစ်ပါတယ်လို့ အသိပေးထားပါတယ်။

သင်္ကြန်ဆိုတာ မြန်မာပြည်သူတွေအတွက် မျော်လင့်ခြင်းနဲ့ အသစ်ပြန်လည်စတင်ခြင်းတွေကို ကိုယ်စားပြုတဲ့ အရေးကြီးတဲ့အားလပ်ရက်ကာလဖြစ်တယ်လို့လည်း ဆူဆန်စတီဗင်ဆင် က ပြောထားပါ တယ်။ 

ဒါ့အပြင် သင်္ကြန်ရေဟာ နှစ်ဟောင်းက အဆိုးအညစ်တွေကို ဆေးကြောပေးနိုင်ပြီး နှစ်သစ်မှာ အားလုံးကို အသစ်ကပြန်စနိုင်စေတယ်လို့ သူက ပြောပါတယ်။

စစ်ကိုင်းငလျင်ကြောင့် လူ့အသက်တွေ အဆောက်အအုံတွေနဲ့ လမ်းပမ်းဆက်သွယ်ရေးတွေ ပျက်စီးဆုံးရှုံး သွားတာကြောင့် ဒီနှစ်ဟာ မြန်မာပြည်သူတွေအတွက် ပိုပြီး ခက်ခဲတဲ့နှစ်ဖြစ်တဲ့တာကြောင့် အမေရိကန် ပြည်ထောင်စုဟာ မိတ်ဖက်တွေ ကျွမ်းကျင်ပညာရှင်တွေနဲ့ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေမှာ အကူအညီတွေပေးနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လာမယ်နှစ်သင်္ကြန်မှာ ပိုမိုကောင်းမွန်လာစေဖို့ ငြိမ်းချမ်းရေးအတွက်အားထုတ်ကြိုးပမ်းမှုတွေ မှာလည်း အမေရိကန်ဘက်က ဆက်လက်ထောက်ခံအားပေးနေမယ်လို့ ဆူဆန်စတီဗင်ဆင် က ပြောထားပါတယ်။

အတာသင်္ကြန်နှစ်သစ်ကူးကာလ မြန်မာမိသားစုဝင်တွေအားလုံး ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်း‌တို့နဲ့ ပြည့်စုံပါစေကြောင်းလည်း ရန်ကုန်မှာရှိတဲ့အမေရိကန်သံရုံးက ဆုတောင်းစကားပေးထားပါတယ်။


========================


📌📌 ၈။ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့သြစတြေးလျ Melbourneဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံး


ဧပြီ၁၃ရက်


အဆိုတော်ဖြူဖြူကျော်သိန်းရဲ့သြစတြေးလျ Melbourneဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း ဧပြီ၁၃ရက်မှာအသိပေးဖော်ပြထားပါတယ်။

"Australia Tour ရဲ့ အဆုံးသတ် "Phyu Phyu in Melbourne" အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။Melbourne ရဲ့ ပွဲသမိုင်းမှာ ဈေးအကြီးဆုံးပွဲကို  အခက်အခဲ အတိုက်အခံ အများကြီးကြားကနေ ရုံလုံးပြည့် အားပေးချီးမြှင့်ကြတဲ့ Melbourne က သွေးချင်းမောင်နှမပရိသတ်တွေအားလုံးကို မြန်မာပြည်က ပရိသတ်တွေကိုယ်စား ကျေးဇူးအထူးတင်ပါတယ်။ဘာလို့ ဒီလိုပွဲတွေကို ဈေးကြီးပေးကြည့်တာလဲ ဆိုတော့မြန်မာပြည်သူတွေဟာ ဈေးကြီးကြီးပေးပြီး ကူညီထိုက်သူတွေပါဆိုတာကို သူတို့ပြချင်လို့ပါ။ ပွဲစီစဉ်ပေးတဲ့ Spring Projects Melbourne အဖွဲ့သား လူငယ်လေးတွေဟာ လူအင်အားနည်းပေမယ့်၊ အကူအညီ အပံ့အပိုး အင်မတန်နည်းပေမယ့်၊ ခုလို upscale professional concert ကြီးတစ်ခုကို produce လုပ်ဖူးတဲ့ show biz အတွေ့အကြုံ လုံးဝမရှိပေမယ့်၊ သူတို့ လုပ်နိုင်စွမ်းရဲ့ အဆပေါင်းများစွာ အားစိုက်ထုတ်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။

Melbourne လူထုရဲ့ ချစ်ခင်ရက်ရောမှုကို ထာဝရ သတိရ ကျေးဇူးတင်နေမှာဖြစ်တယ်လို့အဆိုတော်ဖြူဖြုကျော်သိန်းကဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနဲ့ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨⁨ ရွှေကျင်နယ်မှာ အင်အား ၁ဝဝ ကျော်နဲ့ လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာမှာ စစ်သား ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ဦး ကျဆုံး


ဧပြီ၁၃ရက်


ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ချေထောက်ကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၁ဝဝ ကျော်ပါ စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်တဲ့အတွက် ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးသွားသလို တော်လှန်ရေးရဲဘော် ဦး ကျဆုံးခဲ့ ရတယ်လို့ Taung Nyo Column - P29906 က အသိပေးထုတ်ပြန်ပါတယ်။ 

အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ရွှေကျင်မြို့နယ် ညောင်ချေထောက်ကျေးရွာမှာ ကင်းစောင့် နေတဲ့ တောင်ညိုတပ်ရင်းနဲ့ပကဖ ပူးပေါင်းတပ်ဖွဲ့ရဲ့ တပ်စိတ်ကို ဧပြီလ ၁၁ ရက် မနက် ၆နာရီ ၁၅ မိနစ်ခန့်အချိန်မှာ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က လာရောက်တိုက်ခိုက်တာကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် အကြမ်းဖက်စစ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော် ဦး ကျဆုံးခဲ့ရတာလို့ အသိပေးထားပါတယ်။

ဒီခုခံတိုက်ခိုက်မှုကို တောင်ညိုတပ်ရင်း၊ ဝေါ - ပကဖ၊အင်းတကော်-ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တောင်ညိုတပ်ရင်း၊ ဝေါ - ပကဖ၊အင်းတကော်-ပကဖတို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ ဧပြီလ ရက်နေ့ ညပိုင်းကလည်း ရွှေကျင်မြို့အနီးမှာကင်းပုန်လာဝပ်တဲ့ ခမရ ၅၉၈ တပ်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ ပြည်သူ့ရဲဘော်တွေကို လေးစားစွာနဲ့အလေးပြုတယ်လို့ ကလေးခရိုင် ပကဖ ပြော


ဧပြီ၁၃ရက်


ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ တိုင်းပြည်နဲ့လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေး လှူခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့အသီးသီးက ပြည်သူ့ရဲဘော်အားလုံးကို လေးစားစွာနဲ့ အလေးပြု ဂုဏ်ပြုကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲမှာ အဖက်ဖက်ကနေ ပူးပေါင်းပါဝင်ပြီး ကူညီထောက်ပံ့ပေးခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ အသင်းအဖွဲ့ တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။ 

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊လက်ရုံးတပ်ဖွဲ့ ဒရုန်းအဖွဲ့နဲ့ ကလေးမြို့ပြ စီမံချက် UG အဖွဲ့တို့ဟာ ချင်းညီနောင် CB နဲ့အတူ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ၂ဝ၁၄ ခုနှစ် ဇူလိုင်လကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ နိုဝင်ဘာ ၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာလို့ သိရပါတယ်။ 

ဖလမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ ၂၆၈ အထိုင်တပ်စခန်းဟာ ဗျူဟာမှူးအဆင့်ထိုင်ပြီး ကွပ်ကဲနေတဲ့ တပ်အထိုင် ဗျူဟာကုန်းလို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ဟာ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးနဲ့ စစ်ကိုင်းတိုင်းက ဒုတိယအကြီးဆုံး စစ်ဌာနချုပ်ဖြစ်တဲ့ ကလေးဒေသကွပ်ကဲရေးစစ်ဌာနချုပ်ကြားက မြေပြင်ဆက်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ မြို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီမြို့သိမ်းတိုက်ပွဲမှာ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့လက်ရုံးတပ်ဖွဲ့က ပြည်သူ့ ကာကွယ်ရေးရဲဘော် တဦး အသက်ပေးလှူခဲ့ရပြီး ၁ဝ ဦး ဒဏ်ရာရရှိကာ ကလေးမြို့ပြ စီမံချက် UG အဖွဲ့ က ရဲဘော် ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ချင်းညီနောင် CB စစ်ဆင်ရေးအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဖလမ်းမြို့ကို အခုနှစ် ဧပြီလ ရက်နေ့မှာ အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း အမြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။ 

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲ သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ ကောလင်းမြိုနယ် တောင်ဘို့လှ အုပ်စု လျှော်ဖြူကုန်းရွာက်ိုစကစတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းကပစ်ခတ်ရာစစ်ရှောင်နှစ်ဦးသေဆုံး


ဧပြီ၁၃ရက်


ကောလင်းမြိုနယ် တောင်ဘို့လှ အုပ်စု လျှော်ဖြူကုန်းရွာက်ိုစကစတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းကပစ်ခတ်ရာ စစ်ရှောင်နှစ်ဦးသေဆုံးခဲ့ပါတယ်။ဧပြီ၁၁ရက်ကောလင်းမြိုနယ် တောင်ဘို့လှအုပ်စု လျှော်ဖြူကုန်းရွာက်ို ညနေပိုင်း ဂျက်ဖိုက်တာဖြင့် စကစက လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ပစ်ခတ်မှုကြောင့် ပြင်ဦးလွင်ရပ်ကွက်မှ လာပြီးစစ်ရှောင်နေသော ၅၆နှစ်အရွယ် အမျိုး သမီးတဦးနဲ့ဒါဏ်ရသူ အမျိုးသမီးတဦးပါသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩၄။ စစ်ဘေးနဲ့ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကိုစာနာတဲ့အနေနဲ့ မဟာသင်္ကြန်ပွဲတော်ရက်တွေကို တိတ်တဆိတ် ဖြတ်သန်းကြဖို့ AJAY နှိုးဆော်


ဧပြီ၁၃ရက်


စစ်ဘေးနဲ့ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကိုစာနာတဲ့အနေနဲ့ မဟာသင်္ကြန်ပွဲတော်ရက်တွေကို တိတ်တဆိတ် ဖြတ်သန်းကြဖို့ စစ်အာဏာရှင်ဆန်ကျင်ရေး ရန်ကုန်အင်အားစု AJAY က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

အာဏာရူးတို့ရဲ့ဒဏ်ကြောင့်ဖြစ်တဲ့ စစ်ဘေးနဲ့ သဘာဝဘေးစတဲ့ အထွေထွေကြပ်တည်းမှုတွေကို ပြည်သူတွေ ခံစားနေရတယ်လို့ဆိုပါတယ်။ဒါကြောင့် ပြည်သူမှပြည်သူသို့ဆိုတဲ့အတိုင်း အသက်ဆုံးရှုံးသွားတဲ့ ပြည်သူလူထုကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ သင်္ကြန်နေ့ရက်တွေကို တိတ်တဆိတ်ဖြတ်သန်းကြဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ပျက်စီးထိခိုက်မှုနဲ့ အသေအပျောက်များတဲ့ အင်အားပြင်းငလျင်ဘေးကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို အာဏာရှင်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေနေရတဲ့ ကာလဖြစ်တယ်လို့ အသိပေးထားပါတယ်။ 

တန်ခူးလ သင်္ကြန်ပွဲတော်ကတော့ ရောက်လာပြန်ပါပြီ။ အဆိုးတွေများမယ့် သင်္ကြန်စာကိုတော့ ကျနော်တို့ ပြည်သူတွေ တကူးတက ဝယ်ဖတ်စရာမလိုအောင် ငလျင်ဘေးဆိုးကြီးက သက်သေပြခဲ့ပါပြီလို့ AJAY အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကဦးဆောင်ပြီး သင်္ကြန်မဏ္ဍပ်တွေ ဆက်လက်ဆောက်လုပ်နေတာဟာ ပြည်သူလူထုကို မျက်နှာပြောင်တိုက်ရာကျတဲ့အပြင် ဦးနှောက်မရှိတဲ့ လူတစ်စုရဲ့စီမံခန့်ခွဲမှုပြုနေပုံတွေဟာက ရှက်စရာ ကောင်းလှတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အတူ အခုနှစ်သင်္ကြန်ကို တိုးတိတ်စွာဆင်နွှဲကြဖို့နဲ့ လုံခြုံစွာဆင်နွှဲကြဖို့ ရန်ကုန်တော်လှန် ညီနောင် ၄ဖွဲ့ ကလည်း တိုက်တွန်းထားပါတယ်။ 

လက်ရှိကာလဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ကာလဖြစ်တာကြောင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို ဆင်နွှဲသလို တဖက်ကလည်း မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးမှာ အုတ်ချပ် သဲတပွင့်အနေနဲ့ ပါဝင်ပေးကြဖို့ ရန်ကုန်တော်လှန် ညီနောင် ၄ဖွဲ့ က နှိုးဆော်ထားပါတယ်။


========================


🚩🚩၅။⁨⁩ ရန်ပုံငွေကံစမ်းမဲဖွင့်ပွဲအတွက် မဏ္ဍဆောက်လုပ်နေတာကို ဖျက်သိမ်းလိုက်ပြီလို့ မြိတ်ခရိုင် အမှတ် တပ်ရင်းဆို


ဧပြီ၁၃ရက်


ရန်ပုံငွေကံစမ်းမဲဖွင့်ပွဲအတွက် မဏ္ဍဆောက်လုပ်နေတာကို ဖျက်သိမ်းလိုက်ပြီလို့ မြိတ်ခရိုင် အမှတ် တပ်ရင်းက ဒီနေ့ ဧပြီ ၁၃ မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မြိတ်ခရိုင် အမှတ် တပ်ရင်းအနေနဲ့ သင်္ကြန်နဲ့အတူ အသစ်တဖန်စတင်စို့ဆိုတဲ့အမည်နဲ့ ရန်ပုံငွေရရှိဖို့ ကံစမ်းမဲတွေ ရောင်းချခဲ့တာရှိပြီး မြန်မာနှစ်ဆန်းတရက်နေ့မှာ ကံထူးရှင်ရွေးချယ်ပွဲကျင်းပမယ့် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေတာကို ရပ်နားလိုက်တာလို့ သိရပါတယ်။ 

ဒါပေမဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူထူထုကို စာနာတဲ့အနေနဲ့ မူလစီစဉ်ထားတဲ့ မဏ္ဍပ်ဆောက်ပြီး ကံထူးရှင်ရွေးချယ်မယ့်အစီအစဉ်က မဏ္ဍပ်ဆောက်လုပ်နေတာကို ဖျက်သိမ်းလိုက်တာလို့ အသိပေးထားပါတယ်။

ကံထူးရှင်ရွေးချယ်မယ့် အစီအစဉ်ကိုတော့ မူလသတ်မှတ်ထားတဲ့ မြန်မာနှစ်ဆန်း တရက်နေ့မှာပဲ မြိတ်ခရိုင် အမှတ် တပ်ရင်း ဌာနချုပ်မှာပဲ အကျဉ်းချုန်းကျင်းပတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment