15th Apr 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အိမ်သုံး အရေးပေါ် အကူအညီပစ္စည်းထုပ်များကို  အင်းလေးဒေသ ငလျင်ဘေးဒဏ်သင့် ပြည်သူများဆီသို့ UNDP Myanmarက ထောက်ပံ့ပို့ဆောင်ပေးလျက်ရှိ

📌 ၂။ ငလျင်ကြောင့် ထပ်တိုး လူဦးရေ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိတယ်လို့ဆို

📌 ၃။ နယ်သာလန် တော်လှန်သင်္ကြန်နှင့် ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပ

📌 ၄။ အမေရိကန်နိုင်ငံ Austin မှာရှိတဲ့ မြန်မာနွယ်ဖွားမိသားစုတွေကနေ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၂၅,၀၀၀) ကို ရရှိခဲ့တယ်လို့ ကိုထိန်လင်း အသိပေး

📌 ၅။ ငလျင်ဘေးအတွက် အိမ်ထောင်စု ၁၀၀၀ ခန့်အတွက် သိန်း ၁၂၀၀ကျပ်ခန့်ကို ဗကသများအဖွဲ့ချုပ်မှ လှူဒါန်းခဲ့

📌 ၆။ ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)က၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ/ဆရာမ  (အသစ်) လျှောက်လွှာများ ခေါ်ယူ


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။  ကယော လူမျိုးများကို တိုင်းရင်းသား ညီနောင်များနှင့်အတူ လက်တွဲပြီး တော်လှန်ရေး အဆုံးထိ ပါဝင်နိုင်စေကြောင်း KSCC ဆန္ဒပြု

🚩၂။ ကျန်ရှိနေတဲ့ စကခ (၂၁) ဌာနချုပ် အပါအဝင် ဗန်းမော်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး KIA ဆက်လက် ကြိုးပမ်းနေ

🚩၃။ သင်္ကြန်အကျနေ့ တစ်ရက်တည်း ကနီမြို့နယ်မှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှု ၂၄ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိ

🚩၄။ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်

🚩၅။ သပိတ်ကျင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ပြည်သူ ဦး သေဆုံး

🚩၆။ မင်းပြားမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်ပြီး ပြင်းထန်ဒဏ်ရာရ

🚩၇။ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ 96 Soldiers PDF ရဲဘော် ၂ဦးအတွက် ရက်လည်ဆွမ်းသွပ် တရားတော်နာကြား

🚩၈။ မင်းတပ် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများကို မင်းတပ် ပအဖ ထောက်ပံ့ငွေ ပေးအပ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အိမ်သုံး အရေးပေါ် အကူအညီပစ္စည်းထုပ်များကို  အင်းလေးဒေသ ငလျင်ဘေးဒဏ်သင့် ပြည်သူများဆီသို့ UNDP Myanmarက ထောက်ပံ့ပို့ဆောင်ပေးလျက်ရှိ


ဧပြီ ၁၄ ရက်

Radio NUG

UNDP Myanmar မှ ပြီးခဲ့တဲ့ ရက်သတ္တပတ်နဲ့ အခုရက်သတ္တပတ်အတွင်းမှာ ရှမ်းပြည်နယ်၊ အင်းလေးဒေသအတွင်းက ငလျင်ဒဏ်ခံရတဲ့ အိမ်ထောင်စုများဆီသို့ အိမ်သုံး အရေးပေါ် အကူအညီပစ္စည်းထုပ်များကို ထောက်ပံ့ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းထုပ်တွေကို တခြားတိုင်းနဲ့ ပြည်နယ်များရဲ့ မြို့ပြနဲ့ ကျေးလက်ဒေသနှစ်ခုလုံးရှိ ငလျင်ဘေးဒဏ်သင့် လူပေါင်း ၅၀၀,၀၀၀ ဝန်းကျင်ဆီသို့လည်း အရောက်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်လို့ ဖော်ပြပါတယ်။


ကူညီကယ်ဆယ်ရေး အထုပ်တွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ အိမ်သုံးဆေးဝါးတွေ၊ ယာယီအမိုးအကာပစ္စည်းတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ရိက္ခာခြောက်နဲ့ စည်သွပ်ဘူးတွေအပြင် ဆိုလာမီးအိမ်၊ ပါဝါဘန့်နဲ့ တခြားအရေးတကြီး အသုံးဝင်မယ့် အိမ်သုံးပစ္စည်းတွေ ပါဝင်ထည့်သွင်းထားတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ငလျင်ကြောင့် ထပ်တိုး လူဦးရေ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိတယ်လို့ဆို


ဧပြီ ၁၄ရက်

Radio NUG

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထပ်တိုး လူဦးရေ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိတယ်လို့ UNOCHA ကဆိုပါတယ်။


သန့်ရှင်းတဲ့ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အမိုးအကာ မရှိဘဲ နေထိုင်နေကြရသူတွေ အခုချိန်ထိ အများအပြားရှိနေသေးပြီး ပျက်စီးသွားခဲ့တဲ့ လမ်းတွေ၊ အခြေခံ အဆောက်အဦးတွေနဲ့ ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုတွေကြောင့်  ငလျင်ဘေးသင့် ပြည်သူတွေဆီ  အကူအညီတွေ ရောက်ဖို့ရာလည်း ပိုမို ခက်ခဲလျက်ရှိတယ်လို့ ဖော်ပြပါတယ်။


လူမှုဂရုဏာ လုပ်သားတွေဟာ ဒေသတွင်းက ကနဦးပံ့ပိုးကူညီသူတွေနဲ့ အတူတကွ ငလျင်ဘေး တုံ့ပြန်ရေး လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိသော်လည်း လိုအပ်ချက်တွေဟာ တုံ့ပြန်ဆောင်ရွက်နိုင်မှုထက် ပိုမို များပြားလျက်ရှိတယ်လို့ UNOCHAက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ငလျင်ဘေးတုံ့ပြန်ရေး အခြေအနေ အစီရင်ခံစာ အမှတ် မှာ ဖော်ပြပါတယ်။


========================


📌📌 ၃။ နယ်သာလန် တော်လှန်သင်္ကြန်နှင့် ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပ


ဧပြီ ၁၄ 

Radio NUG 


မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသူများအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲတော်ကို ဧပြီလ (၁၂) ရက်နေ့၊ နယ်သာလန်နိုင်ငံမှာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်မှ တက်ရောက်အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါပွဲမှ တော်လှန်ရေးအတွက် ထောက်ပို့ငွေ၊  ငလျင်ဘေးအလှူအတွက် ယူရို (,၄၀၀) အပါအဝင် စုစုပေါင်း ယူရို (၁၅,၀၀၀) ခန့် ရရှိခဲ့ပြီး ငလျင်ဘေးအလှူရရှိငွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းကာ မှတ်တမ်းများကို အလှူရှင် တစ်ဦးတစ်ယောက်ချင်းစီသို့ ပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


နယ်သာလန်နိုင်ငံမှ တော်လှန်သင်္ကြန် ဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဥ်သူ ဘုန်းဘုန်း ဒေါက်တာအရှင်စန္ဒာဝရနှင့် Compassie Voor Myanmar အဖွဲ့၊ Burma Matters - NL Netherlands ပုညကာရီအဖွဲ့တို့အပါအဝင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိ‌တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၄။ အမေရိကန်နိုင်ငံ Austin မှာရှိတဲ့ မြန်မာနွယ်ဖွားမိသားစုတွေကနေ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၂၅,၀၀၀) ကို ရရှိခဲ့တယ်လို့ ကိုထိန်လင်း အသိပေး


ဧပြီ ၁၄ရက်

Radio NUG

အမေရိကန်နိုင်ငံ Austin မှာ ရှိတဲ့ မြန်မာနွယ်ဖွားမိသားစုတွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၂၅,၀၀၀) ကို ရရှိခဲ့တယ်လို့ ကိုထိန်လင်းက အသိပေးဆိုပါတယ်။


"အော်စတင်ရောက်ခဲ့တုန်းက တားမြစ်ပိတ်ပင်ခြင်းမရှိတဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်ကြောင်း၊ မြေပြင်မှာ တစ်ရက်တစ်ခြားပိုမို ဆိုးရွားလာတဲ့ အခြေအနေများအကြာင်းကို မြန်မာနွယ်ဖွား လူမှုအဖွဲ့ဝင်များနဲ့ ပြောဆိုခွင့်ရခဲ့ပါတယ်။ ကျွန်တော်မေမေ ဒေါ်အောင်ဆန်းစုကြည်ကို သီးခြားချုပ်နှောင်ထားပြီး ဆက်သွယ်ခွင့်၊ ဆေးကုသခွင့်တွေ ပိတ်ပင်ထားတာကြောင့် ကျွန်တော် အလွန်စိတ်ပူမိကြောင်းကိုလည်း ပြောပြခွင့်ရခဲ့ပါတယ်။ ဒီပွဲမှာ Austin မှာရှိတဲ့ မြန်မာနွယ်ဖွားမိသားစုတွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၂၅,၀၀၀) ကို ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေကနေ ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံမှ ပြည်သူတွေနဲ့ စစ်အစိုးရရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ ဒေသမှ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး အကူအညီများအတွက် သုံးစွဲသွားပါမယ်"လို့ ဆိုထားပါတယ်။


ခရီးစဉ်တောက်လျှောက် မြို့တိုင်းမှာ တွေ့ဆုံခဲ့တဲ့ မြန်မာနွယ်ဖွား မိသားစုများရဲ့ ခွန်အား၊ ကရုဏာနှင့် စည်းလုံးညီညွတ်မှုတွေကို ကျွန်တော် အမြဲအမှတ်ရပြီး သိမ်းဆည်းသွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဆိုပါတယ်။


========================


📌📌 ၅။ ငလျင်ဘေးအတွက် အိမ်ထောင်စု ၁၀၀၀ ခန့်အတွက် သိန်း ၁၂၀၀ကျပ်ခန့်ကို ဗကသများအဖွဲ့ချုပ်မှ လှူဒါန်းခဲ့


ဧပြီ ၁၄ရက် 

Radio NUG 


စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ တောင်ငူ၊ နေပြည်တော်၊ ပျဥ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ်ဒေသများရှိ ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု ၁၀၀၀ ခန့် (လူဦးရေ ၄၀၀၀နှင့် ၅၀၀၀ ကြား) အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေ သိန်း ၁၂၀၀ ကျပ်ခန့်ကို သွားရောက်ပေးအပ်ကူညီခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ပါတယ်။


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်  Students Without Borders Campaign ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ (ABWU) ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) Sisters 2 Sisters အရေးပေါ် တုံ့ပြန် ညှိနှိုင်းဆောင်ရွက်ရေးယူနစ် - Myanmar Emergency Response Coordination Unit (MERCU) တို့နှင့် ပြည်တွင်းအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကာ ထိုသို့ပေးအပ်ကူညီနိုင်ရန်အတွက် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသော လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများနှင့် အလှူငွေ ကောက်ခံပေးကြသူများ ထည့်ဝင်လှူဒါန်းပေးကြသူများကို ငလျင်ဒဏ်သင့် မိဘပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၆။ ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)က၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ/ဆရာမ  (အသစ်) လျှောက်လွှာများ ခေါ်ယူ


ဧပြီ ၁၄ရက်

Radio NUG

ကယန်းအမျိုးသားပညာရေးကော်မတီ(KNEC) သည် (၂၀၂၂)ခုနှစ်မှစတင်ပြီး ပညာရေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်နေသည်ဖြစ်ရာ ယခုအခါ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွက် ဆရာ/မလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ဆရာ/ဆရာမ အသစ်များအား လျှောက်လွှာ ခေါ်ယူမယ်လို့ ဆိုပါတယ်။


 ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)နှင့် ချိတ်ဆက်လိုသည့် ကိုယ်ထူကိုယ်ထကျောင်းများအနေဖြင့် ကျောင်းလျှောက်လွှာများကို လက်ခံသွားမယ်လို့လည်း ဖော်ပြပါတယ်။


လျှောက်ထားလိုတဲ့ ကျောင်းများနှင့် ဆရာ/ဆရာမများအနေဖြင့် မေလ () ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာများကို ကယန်းအမျိုးသားပညာရေး ကော်မတီ ရုံးချုပ် (ဘီစီကုန်း)သို့ လာရောက်ပေးပို့ရမည် ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။  ကယော လူမျိုးများကို တိုင်းရင်းသား ညီနောင်များနှင့်အတူ လက်တွဲပြီး တော်လှန်ရေး အဆုံးထိ ပါဝင်နိုင်စေကြောင်း KSCC ဆန္ဒပြု


ဧပြီလ ၁၄ ရက်၊ 

Radio NUG


ကယောလူမျိုးများကို သွေးချင်းညီနောင် တိုင်းရင်းသား လူမျိုးများနှင့် အတူလက်တွဲပြီး တော်လှန်ရေးအဆုံးထိ ပါဝင်နိုင်စေကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC က ဆန္ဒပြုထားပါတယ်။


ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ၅၇ နှစ်မြောက် ကယောအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုကြောင်း ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ KSCC က အခုလို ဆန္ဒပြု ဖော်ပြထားတာပါ။


ကယောတိုင်းရင်းသား မျိုးနွယ်စုဟာ ယခင်အတိတ် သမိုင်းတွင်သာမက လက်ရှိ အခြေအနေမှာလည်း တခြားတိုင်းရင်းသားများနှင့်အတူ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ရပြီး အတူတကွ တွန်းလှန်ခဲ့ရတာ ယနေ့အထိ ဖြစ်တယ်လို့  KSCC က ဆိုပါတယ်။


ဆက်လက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနှင့် အမျိုးသား တန်းတူရေးကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသား ညီနောင်များနှင့်အတူ လက်တွဲကာ တော်လှန်ရေး ခရီးဆုံးထိတိုင် ပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြု ဖော်ပြထားတာ ဖြစ်ပါတယ်။


ပြန့်ကျဲနေတဲ့ ကယော လူမျိုးစုများကို ပြန်လည်စုစည်းနိုင်ဖို့ ၁၉၆၅ ခုနှစ်မှာ မျိုးနွယ်စု ခေါင်းဆောင်များက ဦးဆောင်ပြီး လူမျိုးစု ပြန်လည်စုစည်းနိုင်ရေးနဲ့ အမည်နာမကိုကယောဟု ပြန်လည်ခေါ်ဆိုနိုင်ရေး စတင်ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် ၁၉၆၈ ဧပြီလ ၁၅ ရက်နေ့ကို ကယော အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကာ ကယောဒေသ ထူးချောင်းမြစ်ကမ်းက ဖွန်းတာလိုကူးမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩၂။ ကျန်ရှိနေတဲ့ စကခ (၂၁) ဌာနချုပ် အပါအဝင် ဗန်းမော်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး KIA ဆက်လက် ကြိုးပမ်းနေ


ဧပြီလ ၁၄ ရက်၊ 

Radio NUG


ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို မဟာမိတ် ပူးပေါင်းတပ်များနဲ့အတူ ဆက်လက်ဆင်နွဲနေပြီး ကျန်ရှိနေတဲ့ စကခ (၂၁) ဌာနချုပ် အပါအဝင် အလုံးစုံသိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကချင် လွတ်လပ်ရေး တပ်မတော် KIA က အသိပေးထားပါတယ်။


ဒီဇင်ဘာလ ရက်နေ့က စတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲဟာ လကျော် ကြာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများနဲ့ အပြင်းအထန် ခုခံနေတယ်လို့ ဆိုပါတယ်။


လက်ရှိမှာ KIA က စကခ (၂၁) အနီးရှိ တပ်ရင်းဌာနချုပ် တချို့အပါအဝင် တင့်ကားတပ်ရင်း၊ သံချပ်ကာ တပ်ရင်း၊ အခြား ကာကင်းစခန်းများ၊ လေယာဉ်ကွင်း နေရာများကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ တပတ်အတွင်း စစ်ကောင်စီက KIA နယ်မြေနဲ့ တိုက်ပွဲဖြစ်ပွားရာ အနီးကို Y12 လေယာဉ်ဖြင့် ၁၃၄ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၁၁ကြိမ်၊ ဒရုန်းဖြင့် ၆၇ကြိမ်၊ လက်နက်ကြီး ၂၇၄ ကြိမ် ပစ်ခတ်တိုက်ခိုက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီက ယာယီအပစ်ရပ် ကြေညာထားပေမယ့် လေကြောင်း တိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်များ ဆက်ရှိနေပြီး အထူးသဖြင့် ဗန်းမော်မြို့ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေတယ်လို့ လူထုနွေဦး သတင်းဌာနက ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က KIA တပ်မဟာ () တပ်ရင်း (၂၀) နယ်မြေရှိ လဝါးကျေးရွာအနီးကို စစ်ကောင်စီနဲ့ မင်းဇေသန့် ပြည်သူ့စစ် အဖွဲ့များက စစ်ကြောင်းထိုး လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဧပြီ ၁၁ ရက်နေ့ကလည်း တပ်ရင်း (၂၆) နယ်မြေအတွင်း ရှမ်းနီ ပြည်သူ့စစ် (SNA) နဲ့ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ 


========================


🚩🚩၃။ သင်္ကြန်အကျနေ့ တစ်ရက်တည်း ကနီမြို့နယ်မှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှု ၂၄ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိ


ဧပြီ ၁၄ရက်

Radio NUG

သင်္ကြန်အကျနေ့ တစ်ရက်တည်း ကနီမြို့နယ်မှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှု ၂၄ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဧပြီ ၁၄ရက် စကစတပ်ရဲ့ တိုက်ခိုက်မှုသတင်းကို ကနီဒေသခံ ကိုပြည့်အောင်နိုင်က အတည်ပြုဆိုထားပါတယ်။


"ကနီမြို့နယ်တွင် ဧပြီ၁၄ရက် နံနက်ပိုင်း(၇း၃ဝ- ၁၀း၃၀)အချိန်အတွင်း စကစတပ်က Yellow Cat A-2 UAV Drone ဂျက်ဖိုက်တာ၊ ပါရာမော်တာလေထီး Y-12 Mi-35 များဖြင့် လေကြောင်း ပစ်မှု(၂၄)ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကနီမြို့နယ် သမင်ခြံ ဘုန်းကြီးကျောင်းတွင် ကိုရင်တစ်ပါး ပျံတော်လွန်မူကာ ကိုရင်သုံးပါး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်"လို့ ဖော်ပြပါတယ်။


အလားတူ ကနီမြို့နယ် မုဌောအရှေ့ရွာတွင် အမျိုးသမီး တစ်ဦး ဆုံးပါးကာ ဒေသခံ တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိ၍ နွားစာတဲ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။


ကနီမြို့နယ် နတ်ကြီးရွာ အထက်တန်းကျောင်းအဝင်မုခ်ဦး တံတိုင်းပြိုကျကာ ကျောင်းဆောင်အချို့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ကနီမြို့နယ် ဆူးလေကုန်းရွာ ဒဟတ်အိုင်ရွာများ အနီးတွင် လက်နက်ကြီးများဖြင့် သုံးနေရာ ပစ်ခတ်ခဲ့ပြီး ပြည်သူများ ဘေးကင်းခဲ့ကာ ကနီမြို့နယ် သစ်ရောင်းရွာနှင့် မုဌောအနောက်ရွာအနီးတွင် လေကြောင်း ပစ်ခတ်ခဲ့ရာမှာလည်း ပြည်သူများဘေးကင်းခဲ့ကြပါတယ်။


========================


🚩🚩၄။ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်


ဧပြီ ၁၄ရက် 

Radio NUG 


ဧပြီ (၁၄)ရက်နေ့ နေ့လယ် ၁၁နာရီ ၄၈မိနစ်တွင် အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာကို၊ တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးနဲ့ အကြမ်းဖက်စစ်တပ်က  ဗုံး ()လုံး ကြဲသွားကြောင်း Indaw Revolution - IR မှ သတင်းထုတ်ပြန်ပါတယ်။


ဘုန်းကြီးကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဥပုသ်စောင့်နေသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် ဘုန်းကြီးဆောင်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေတာကြောင့် ကောလင်း ထီးချိုင့်၊ အင်းတော်၊ ဝန်းသို မြို့နယ်များမှာ နေထိုင်တဲ့ ပြည်သူများ အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းတူးထားကြရန်၊ လေယာဉ်သံကြားပါက ဗုံးခိုကျင်းထဲသို့ ဝင်ပုန်းနေကြရန် တိုက်တွန်းထားပါတယ်။


========================


🚩🚩၅။ သပိတ်ကျင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ပြည်သူ ဦး သေဆုံး


ဧပြီလ ၁၄ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖထံက သိရပါတယ်။


ဧပြီလ ၁၃ ရက်နေ့ ၁၀ နာရီ ၁၄ မိနစ်အချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ စီးဖြင့် ဗုံး လုံး ကြဲချခဲ့တာဖြစ်ပြီး အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် အရပ်သား ပြည်သူ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၄ လုံးနဲ့ အိမ်စီးကား စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ယခု တိုက်ခိုက်မှုဟာ ချောင်းကြီးကျေးရွာကို ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပြည်သူများ အနေဖြင့် လေကြောင်းရန် ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ က နှိုးဆော် ထားပါတယ်။


========================


🚩🚩၆။ မင်းပြားမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်ပြီး ပြင်းထန်ဒဏ်ရာရ


ဧပြီလ ၁၄ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုရွာနားမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


ဧပြီလ ရက်နေ့ နေ့လည် နာရီခွဲလောက်မှာ ဖားပြိုရွာနားက စစ်ကောင်စီ တပ်စွဲခဲ့တဲ့ တောင်ကုန်းကို ထင်းခွေဖို့ သွားတဲ့ ရွာသားတစ်ဦး စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိခဲ့တာလို့ ဆိုပါတယ်။


မိုင်းနင်းမိခဲ့တာကြောင့် ဖားပြိုရွာသား ဦးထွန်းမြင့် (အသက် ၄၅ နှစ်)ရဲ့ ညာဘက်ခြေထောက် ခြေသလုံးအောက်ကနေ ပြတ်ထွက်သွားခဲ့ကာ ကျန်တစ်ဖက်လည်း ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီ တပ်စွဲခဲ့တဲ့ ယင်းတောင်ကုန်းမှာ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရမှုတွေ မကြာခဏ ကြုံနေရတဲ့အတွက် တောင်အနားကို မလာကြဖို့ ULA/AA က သတိပေး တားမြစ်ထားပြီး ပြည်သူတွေအနေနဲ့ မိုင်းအန္တရာယ် သတိပေး တားမြစ်ချက်တွေကို တိကျစွာ လိုက်နာကြဖို့လည်း လိုအပ်တယ်လို့ အသိပေး ထားပါတယ်။


========================


🚩🚩၇။ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ 96 Soldiers PDF ရဲဘော် ၂ဦးအတွက် ရက်လည်ဆွမ်းသွပ် တရားတော်နာကြား


ဧပြီ ၁၄ 

Radio NUG 


96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသ (တပ်ရင်း ၅၁၀၁) တပ်ခွဲ- တွင် ကိုယ်ပိုင်အမှတ် P29909167 ဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ဒုခွဲမှူး ရဲဘော် ဂဂ () အောင်မြတ်မင်းနှင့် တပ်ခွဲ-၂၊ တပ်စု-၁၊ တပ်စိတ်- တွင် ကိုယ်ပိုင်အမှတ် P25101150 ဖြင့် တာဝန်ထမ်းဆောင်ခဲ့သော တပ်စိတ်မှူး ရဲဘော် ဆိတ်ကြီး () စည်သူဇော်တို့သည် ဧပြီလ ၈ရက် မနက် 7:15 အချိန်တွင် ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီလ ၁၄ရက်နေ့ (သင်္ကြန် အကျနေ့) တွင် ၎င်းတို့ နှစ်ဦးအတွက် ရက်လည်ဆွမ်းသွပ် တရားတော်နာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကျဆုံးရဲဘော်များ၏ မိသားစုဝင်များနှင့်အတူ ဝမ်းနည်းရကြောင်းနှင့် မပြီးဆုံးသေးသည့် တော်လှန်ရေးတိုက်ပွဲအား ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း သစ္စာပြုထားသည်။


========================


🚩🚩၈။ မင်းတပ် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများကို မင်းတပ် ပအဖ ထောက်ပံ့ငွေ ပေးအပ်ခဲ့


ဧပြီလ ၁၄ ရက်၊ 

Radio NUG


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း သေဆုံး၊ ထိခိုက် ဒဏ်ရာရ၊ နေအိမ်ပျက်စီးခဲ့ သူများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


ဧပြီလ ရက်နေ့ နာရီ ဝန်းကျင်က ဖွီရွာကို လေကြောင်းကနေ ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပြည်သူ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် လူနေအိမ် ၁၂ လုံး ပျက်စီးခဲ့ရကာ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းနဲ့ လူနေအိမ် တစ်လုံး အလုံးစုံ မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။


မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထောက်ပံငွေ (,၈၆၀,၀၀၀/-) ပါဝင်ခဲ့ကာ မင်းတပ်မြို့နေ ပြည်သူများရဲ့ စုပေါင်းကူညီမှု အလှူငွေ စုစုပေါင်း (,၃၄၀,၀၀၀/-) ကျပ်ကို သေဆုံးသူ မိသားစုဝင်များ၊ နေအိမ်ပျက်စီးသူများနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူများကို ပံ့ပိုးကူညီ ပေးခဲ့တယ်လို့ ဆိုပါတယ်။


သေဆုံးသူများတွင် လသားအရွယ် ကလေးငယ် တစ်ဦး၊ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၇၀ အရွယ် တစ်ဦး၊ မသန်စွမ်း တစ်ဦးနဲ့ ခရစ်ယာန် ဖာသာတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။


ဧပြီလ ၁၃ ရက်နေ့ ညနေ နာရီ ဝန်းကျင်မှာလည်း မင်းတပ် မြို့မ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက် သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

Related Posts:

No comments:

Post a Comment