18th Apr 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဧပြီလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့အပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီများပေးရေး NUG ဝန်ကြီးချုပ်နဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုဖျက်သိမ်းလိုက်ပြီး နိုင်ငံရေးဦးဆောင်မှုတာဝန်တွေ ဆက်လက် ထမ်းဆောင်မယ်လို့ တကသများ-ရန်ကုန် ကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ကျောင်း ၂၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ရပြီးကလေး သိန်းပေါင်းများစွာဟာ စာသင်ခန်းတွေ၊ ဆရာ/ဆရာမတွေ မရှိဘဲကျန်ခဲ့ကြရတယ်လို့ဆို


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် အမျိုးသမီးတဦး သေဆုံး

🚩 ⁨⁨၂။မကွေးအကျဉ်းထောင်အကျဉ်းဦးစီးဝန်ထမ်းများ၏ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင်အပါအဝင် နိုင်ကျဉ်း()ဦး အနည်းဆုံးသေဆုံးခဲ့

🚩၃။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ လက်တွဲပြီး စစ်အာဏာရှင်အမြတ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေ ဖော်ဆောင်ဖို့ အသင့်ရှိတယ်လို့ MDY-PDF ပြော

🚩၄။ ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကျင်းပ၍ ရိက္ခာနဲ့ငွေသားများ သက်ရွယ်ကြီးသူများကို ပေးအပ်ကန်တော့ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့အပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီများပေးရေး NUG ဝန်ကြီးချုပ်နဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး


ဧပြီ ၁၈ရက်


အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့အပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီများပေးရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်နဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါတို့ ဒီနေ့ ဧပြီလ ၁၈ ရက်နေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့တာကို NUG က တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ Teleconference ကတဆင့် တွေ့ဆုံခဲ့ရာမှာ အာဆီယံ  ဥက္ကဋ္ဌ နှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေ ထိရောက်စွာပေးပို့ ဖြန့်ဝေနိုင်ရေး စတဲ့ကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်နဝါဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မနေ့ ဧပြီ ၁၇ ရက်ကတွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ 

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ငလျင်ဘေးသင့်သူတွေ လူသားစာနာအကူအညီလိုအပ်နေတာနဲ့ တိုင်းပြည် ပြန်လည်တည်ငြိမ် အေးချမ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားဝန်ကြီးချုပ်က သူရဲ့ လူမှုစာမျက်နှာကနေ အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုဖျက်သိမ်းလိုက်ပြီး နိုင်ငံရေးဦးဆောင်မှုတာဝန်တွေ ဆက်လက် ထမ်းဆောင်မယ်လို့ တကသများ-ရန်ကုန် ကြေညာ


ဧပြီ ၁၈ရက်


ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုဖျက်သိမ်းလိုက်ပြီး နိုင်ငံရေးဦးဆောင်မှုတာဝန်တွေကို ပခုံးပြောင်း ထမ်းဆောင်မယ်လို့ တကသများ-ရန်ကုန်က ကြေညာလိုက်ပါတယ်။

အဖွဲ့ဖျက်သိမ်းကြောင်းနဲ့ နိုင်ငံရေးဦးဆောင်မှု လွှဲပြောင်းကြောင်းဆိုတဲ့ ထုတ်ပြန်ချက်တစောင်ကို ဧပြီလ ၁၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ပြီး ကျောင်းသားထုနဲ့ ပြည်သူလူထုတရပ်လုံးကို အသိပေးလိုက်တာဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသများ-ရန်ကုန်) အနေနဲ့ စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ကတည်းက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်တာ ကျောင်းသားလက်ရုံးတပ်တော် SAF ဖွဲ့စည်းပြီး လက်နက်ကိုင်နည်းနဲ့တော်လှန်ခဲ့တာ နှစ် ကျော်လာခဲ့ပြီလို့ ဆိုပါတယ်။ 

ဒီ နှစ်အတွင်းမှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံရပြီး ရက်စက်စွာနှိပ်စက်ခံရတာ၊ အကျဉ်းထောင်တွေထဲရောက်တာ၊ ကျဆုံးခဲ့ရတာနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

တကသများ-ရန်ကုန်ဟာ ကျောင်းသားသမဂ္ဂတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိမှာ ကျောင်းသားထုနဲ့ဝေးကွာနေတယ်လို့ ခံစားရတဲ့အတွက် မတ်လ ၂၁ ရက်နေ့ကစတင်ကျင်းပခဲ့တဲ့ အရေးပေါ်ညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း တကသများ-ရန်ကုန်ရဲ့ ကိုယ်စားပြုမှုကို သက်ဆိုင်ရာကျောင်းသားထုထံ ပြန်လည်အပ်နှင်းလိုက်ပြီး ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုဖျက်သိမ်းလိုက်ပေမယ့် သက်ဆိုင်ရာကျောင်းသားသမဂ္ဂများအနေ နဲ့ လက်ရှိတော်လှန်ရေးမှာ ကျောင်းသားထုနဲ့တကွ ပြည်သူလူထုတရပ်လုံးနဲ့ ဆက်လက်ရပ်တည်နေမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာ တော်လှန်ရေးကာလ နှစ်အတွင်းမှာ ကျောင်းသား လက်ရုံး တပ်တော်- SAF ကို နိုင်ငံရေးဦးဆောင်မှုပြုတဲ့ မိခင်အဖွဲ့အစည်းအနေနဲ့ရပ်တည်ခဲ့တာမှန်ပေမယ့် ဆက်လက်ချီတက်ရဦး မယ့် တော်လှန်ရေးခရီးကြမ်းမှာ ပိုမိုကျစ်လစ်အားကောင်းတဲ့ အဖွဲ့အစည်းအဖြစ် လူထုနဲ့အတူဆက်လက်ရပ်တည် ချီတက် သွားမယ်လို့ သိရပါတယ်။ 

အခုလို ပိုမိုကျစ်လစ်အားကောင်းတဲ့ အဖွဲ့အစည်းအဖြစ် လူထုနဲ့အတူဆက်လက်ရပ်တည်နိုင်ဖို့အတွက် ကျောင်းသားတပ်ဦး /ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးဦးဆောင်မှုတာဝန်တွေကို ပခုံးပြောင်းဆက်ခံပြီး တော်လှန်ရေးခရီးကြမ်းကို ဆက်လက်ချီတက်သွားမယ်လို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ကျောင်း ၂၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ရပြီးကလေး သိန်းပေါင်းများစွာဟာ စာသင်ခန်းတွေ၊ ဆရာ/ဆရာမတွေ မရှိဘဲကျန်ခဲ့ကြရတယ်လို့ဆို


ဧပြီ ၁၈ရက်


ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ကျောင်း ၂၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ရပြီးကလေး သိန်းပေါင်းများစွာဟာစာသင်ခန်းတွေ၊ ဆရာ/ဆရာမတွေ မရှိဘဲ ကျန်ခဲ့ကြရတယ်လို့UN OCHA Myanmarကဖော်ပြပါတယ်။

"မကြာသေးခင်က ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ကျောင်း ၂၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ရပြီး ကျောင်းအများစုကိုလည်း အရာအားလုံး ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုတွေအတွက် ယာယီ ခိုလှုံစရာ နေရာအဖြစ် ပြောင်းလဲ အသုံးပြုနေရပါတယ်။ကလေး သိန်းပေါင်းများစွာဟာ သူတို့ရဲ့ စာသင်ခန်းတွေ၊ ဆရာ/ဆရာမတွေ မရှိဘဲ ကျန်ခဲ့ကြပါတယ် စာသင်ကြားဖို့နဲ့ ကစားဖို့တောင် အခြေခံပစ္စည်းတွေ မရှိကြတော့ပါဘူး။ သူတို့ရဲ့ ပညာရေးနဲ့ ပုံမှန်ဘဝကို ပြန်လည်ရရှိဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးနေကြရပါတယ်"လို့ဖော်ပြပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေဟာ ထိခိုက်မှု အပြင်းထန်ဆုံးထဲက ကလေး ၁၁၀,၀၀၀ အတွက် အကူအညီတွေ ပေးအပ်ဖို့ ဆောင်ရွက်နေပြီး ဘေးကင်းတဲ့ သင်ကြားရေးနေရာ၊ ဆရာ/ဆရာမတွေအတွက် သင်တန်းနဲ့ အဓိကလိုအပ်တဲ့ သင်ကြားရေး ပစ္စည်းတွေ ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

မတ်လ၂၈ရက်မွန်းလွဲပိုင်းစစ်ကိုင်းမြို့ဗဟိုပြု၍လှုပ်ခတ်ခဲ့သောအင်အား၇.၇အဆင့်ရှိအင်အားပြင်းစစ်ကိုင်းငလျင်လှုပ်ခတ်မှုတွင်လူပေါင်းသုံးထောင်ကျော် သေဆုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် အမျိုးသမီးတဦး သေဆုံး


ဧပြီ ၁၈ရက်


မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ပြောပါတယ်။

မနေ့ မြန်မာနှစ်ဆန်းတရက်နေ့ ၈နာရီ ၁၅ မိနစ်ခန့်အချိန်မှာ နတ်တောင်ကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတဦး သေဆုံးကာ အရပ်သားပြည် ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဟာ ပြင်ဦးလွင်ခရိုင်အတွင်းမှာရှိတဲ့ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တို့ကို ဒီလထဲမှာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

သင်္ကြန်အတက်နေ့ဖြစ်တဲ့ ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီဝန်ကျင်အချိန်တုန်းကတည်း စဉ့်ကူးမြို့နယ်ထဲက တရောပင်ရွာ မြောက်ဘက်မှာရှိတဲ့ နဂါးမောက်တောင် မုခ်ပေါက်အနီးကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ထားမယ်လို့ ကြေညာထားပေမယ့် သင်္ကြန်ကာလနဲ့ နှစ်ဆန်းတရက်နေ့လို့ အခါကြီးရက်ကြီး တွေမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာထားတာကို  မယုံကြည်ကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨၂။မကွေးအကျဉ်းထောင်အကျဉ်းဦးစီးဝန်ထမ်းများ၏ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင်အပါအဝင် နိုင်ကျဉ်း()ဦး အနည်းဆုံးသေဆုံးခဲ့


ဧပြီ ၁၈ရက်


မကွေးအကျဉ်းထောင်အကျဉ်းဦးစီးဝန်ထမ်းများ၏ ထောင်ဗူးဝနှင့် ကင်းမျှော်စင်မှ သေနတ်ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံတွင်နေသည့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် နိုင်ကျဉ်း()ဦး အနည်းဆုံးသေဆုံးခဲ့ပါတယ်။ဧပြီလ(၁၃)ရက်နေ့တွင် မကွေးအကျဉ်းထောင်အရှေ့တွင် Local PDF အဖွဲ့များနှင့် စစ်ကောင်စီ လက်အောက်ခံတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဧပြီလ(၁၃)ရက်နေ့ ထောင်ရှေ့တိုက်ပွဲဖြစ်ပွားနေစဉ် ညနေ()နာရီ ဝန်းကျင်အချိန်တွင် အကျဉ်းထောင်တွင်း၌လည်း အကျဉ်းဦးစီးဝန်ထမ်းများနှင့်အကျဉ်းသားများကြား တင်းမာမှုအချို့ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဖော်ပြပါတယ်။

အဆိုပါ ထောင်တွင်း အကျဉ်းသားများနှင့် ဝန်ထမ်းများကြား တင်းမာမှုနှင့် ထိတွေ့မှုအတွင်း အကျဉ်းဦးစီးဝန်ထမ်းများ၏ ထောင်ဗူးဝနှင့် ကင်းမျှော်စင်မှ သေနတ်ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံတွင်နေသည့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် နိုင်ကျဉ်း()ဦး အနည်းဆုံးသေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသားများစွာ ထိခိုက်ဒဏ်ရာရရှိကာ()ဦးထက်မနည်း ဆေးဝါးကုသမှုခံယူနေရတယ်လို့သိရပါတယ်။


========================


🚩🚩၃။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ လက်တွဲပြီး စစ်အာဏာရှင်အမြတ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေ ဖော်ဆောင်ဖို့ အသင့်ရှိတယ်လို့ MDY-PDF ပြော


ဧပြီ ၁၈ရက်


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် - BPLA နဲ့ လက်တွဲပြီး စစ်အာဏာရှင် အမြတ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမို ကရေစီရရှိရေး တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့်ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်‌ - မန္တလေး (MDY-PDF) က ပြောကြားလိုက်ပါတယ်။ 

မနေ့ ဧပြီ ၁၇ ရက်မှာ ကျရောက်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA တပ်တည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနားကိုပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာကနေ MDY-PDF က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ဟာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲမှာ ရှေ့ဆုံးကနေ ရွံ့ရွံ့ချွန်ချွန် တိုက်ပွဲဝင်နေတဲ့ တိုက်စွမ်းရည်ပြည့်ဝပြီး ခိုင်မာစနစ်ကျတဲ့ တပ်တော်ဖြစ်တယ်ဆိုတာကို လေးလေးနက်နက် အသိအမှတ်ပြုမှတ်တဲ့အကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

BPLA စတင်မွေးဖွားရာ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်မှာတင်မဟုတ်ဘဲ ရှမ်းမြောက်ဒေသနဲ့ အညာဒေသတွေ အထိ စစ်မျက်နှာတိုးချဲ့ဖွင့်လှစ်လာနိုင်တာဟာ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါပြီး ကောင်းမွန်တဲ့ ခွန်အားတခုအဖြစ် ယုံကြည်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါအပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် - BPLA ရဲ့ နှစ်တာ ခရီးကြမ်းမှာ အသက်၊သွေး၊ချွေးနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ စစ်သည်တွေအတွက်လည်း ဦးညွတ်ဂုဏ်ပြုပါတယ်လို့ MDY-PDF ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကျင်းပ၍ ရိက္ခာနဲ့ငွေသားများ သက်ရွယ်ကြီးသူများကို ပေးအပ်ကန်တော့ခဲ့


ဧပြီ ၁၈ရက်


ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကျင်းပ၍ ရိက္ခာနဲ့ငွေသားများသက်ရွယ်ကြီးသူများကို ပေးအပ်ကန်တော့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

၁၃၈၆ ခုနှစ်၊ မြန်မာသက္ကရာဇ် နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ နွေဦးတော်လှန်ရေးအတွင်း ()ကြိမ်မြှောက် သက်ကြီးပူဇော်ပွဲပြုလုပ်၍ ကုသိုလ်ယူခဲ့တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment