19th Apr 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးပျက်စီးသွားတဲ့မြင်ကွင်းကို ကျောင်းသားဟောင်းတစ်ဦးက လူမှုကွန်ယက်စာမျက်နှာမှာ တင်ထား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁩၂။စစ်ကောင်စီရဲ့ အနိုင်ကျင့်ဗိုလ်ကျနေတာတွေကို ငုံ့မခံဘဲ တုန့်ပြန်ကြဖို့ မန္တလေးသပိတ်အင်အားစု တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ မြန်မာစစ်ကောင်စီကို နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကပြော 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံဘုရားသို့ ဘုရားဖူးလာရောက်ဆုတောင်းသူတွေ များပြားခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး ဘေးအန္တရယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းခဲ့ကြ


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨⁨ ကျောက်တော်မြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရ

🚩၂။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပြင်ဦးလွင်ခရိုင်မှာ တရက်တည်း အရပ်သားပြည်သူ ၁၄ ဦးသေဆုံးကာ ၁ဝ ဦး ဒဏ်ရာရ  

🚩 ⁨⁨၃။ကမာရွတ်ရဲစခန်းကို မြို့ပြပြောက်ကျားအဖွဲ့တွေက လက်ပစ်ဗုံးနဲ့တိုက်ခိုက် 

🚩 ⁨⁨၄။ အောင်ပွဲတွေနဲ့ ပြန်လာတဲ့ ABSDF နဲ့ မဟာမိတ်အဖွဲ့တွေကရဲဘော်တွေကို ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆို

🚩၅။ စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ်စခန်းအား ၁၀၇ မမရှော့ဒုံးသုံးလုံးနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်

🚩၆။မိုးဗြဲမြို့ပြန်ရရေး အင်အား ၁ဝဝ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း ဒဏ်ရာရ

🚩၇။ နမ့်ဆန်ခရိုင်က မူးယစ်ဆေးဝါးသုံးစွဲသူ ၄၃ ဦးကို အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးပျက်စီးသွားတဲ့မြင်ကွင်းကို ကျောင်းသားဟောင်းတစ်ဦးက လူမှုကွန်ယက်စာမျက်နှာမှာ တင်ထား


ဧပြီ ၁၉ရက်


စစ်ကိုင်းငလျှင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် အခုနှစ်မှာ နှစ်ပေါင်းတစ်ရာသက်တမ်းရှိတဲ့ မန္တလေးတက္ကသိုလ် ပင်မဆောင်ဟာ မီးလောင်ပျက်စီးခဲ့ရပါတယ်။ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့ ငလျှင်လှုပ်ခတ်ချိန်မှာပဲ ငလျှင် ဒဏ်ခံခဲ့ရတဲ့ ပင်မအဆာင်ဟာ အဲ့ဒီအဆာင်မှာရှိတဲ့ ဓာတုဗေဒပစ္စည်းတွေ အခန်းပြောင်းထားရာမှ ငလျှင်လှုပ်ခတ်ချိန်မှာ ပေါက်ကွဲမှု ဖြစ်တယ်လို့လည်း အဲ့ဒီနေရာကို ကိုယ်တိုင်ရောက်ရှိခဲ့သူ ကျောင်းသား ဟောင်းတစ်ဦးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားပါတယ်။ 

မန္တလေးတက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယမြောက်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်ဖြစ်ပြီး ၁၉၂၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ခုထဲသော တက္ကသိုလ်ဖြစ်တဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်စတည်ထောင်ရာ တက္ကသိုလ်လည်းဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်မဖြစ်ခင်ကပြင်စိုက်ပျိုးရေးကောလိပ်အဖြစ် မန္တလေးတက္ကသိုလ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါ တယ်။ 

စစ်ကိုင်းငလျှင်ကြီးလှုပ်ခတ်ပြီးတော့ နောက်ဆက်တွဲ အန္တရယ်ဖြစ်တဲ့ မီးလောင်ကျွမ်းမှုကြောင့် မန္တလေးမြို့ရဲ့ကျုံးမြို့ရိုးနဲ့အတူ ထင်ရှားလှတဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ တိုင်လုံးကြီးတွေ၊ လှေကားကြီး တွေနဲ့ စိန်ပန်းပင်တွေကြား ခမ်းနားလှတဲ့ မန္တလေးတက္ကသိုလ်ပင်မဆောင်ဟာ မီးလောင်ကျွမ်းခဲ့ရတာဖြစ် ပြီး အကြမ်းဖက်စစ်တပ်က အုပ်စိုးနေသ၍ ဘယ်အချိန်၊ ဘယ်ကာလမှာ ပြန်လည်တည်ဆောက်နိုင်မလဲဆိုတာ မှန်းဆလို့မရအောင် ရှိနေပါတယ်လို့ ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁩၂။စစ်ကောင်စီရဲ့ အနိုင်ကျင့်ဗိုလ်ကျနေတာတွေကို ငုံ့မခံဘဲ တုန့်ပြန်ကြဖို့ မန္တလေးသပိတ်အင်အားစု တိုက်တွန်း


ဧပြီ ၁၉ရက်


ပြည်သူလူထုတင်မြောက်ထားတဲ့ ပြည်သူ့အစိုးရရဲ့အာဏာကို လုယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အနိုင်ကျင့်ဗိုလ်ကျ နေတာတွေကို ငုံမခံဘဲ တုန်ပြန်တိုက်ပွဲဝင်ကြဖို့ မန္တလေးသပိတ်အင်အားစုက တိုက်တွန်းလိုက်ပါတယ်။

နှစ်သစ်ကူးကာလမှာ မြန်မာပြည်သူတွေအားလုံး သာကြပါစေ၊ မာကြပါစေကြောင်း၊ သဘာဝဘေး၊ လူလုပ်ဘေးအပေါင်းမှ လည်း ကင်းဝေးကြပါစေကြောင်း မန္တလေးမြို့မှာရှိတဲ့ တော်လှန်လူငယ်တွေက ဆုတောင်းပေးထားပြီး နှစ်သစ်ကူး တော်လှန် လူထုလှုပ်ရှားမှုတရပ်ကို မြန်မာနှစ်ဆန်းတရက်နေ့မှာ ဖော်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနှစ်ဆန်း ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြတာဖြစ်ပေမယ့် ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကာယကံရှင်တွေရဲ့ လုံခြုံရေးအခြေအနေအရ အခုမှ အသိပေးထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ငလျင်ဘေးကို အပြင်းထန်ဆုံး ကြုံတွေ့ခံစားခဲ့ရတဲ့ မန်းလေးမြို့မှာ ဖက်ဆစ်အာဏာရူးတွေကတော့ လူထုကိုကူညီဖို့ဆိုတာ ဝေးစွ၊ ထုံးစံအတိုင်း လူထုကို အနိုင်ကျင့် သောင်းကျန်း ဗိုလ်ကျနေဆဲပါလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ရက်စက်ယုတ်မာလှတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာရှင်တွေကို ဆက်လက်တွန်းလှန်ကြရင်း ပြည်သူမှ ပြည်သူ သို့ အပြန်အလှန် ဖေးကူကြရင်း ဒီတော်လှန်ခရီးကြမ်းကို အတူဆက်လက် ချီတက်ကြပါစို့လို့လည်း မန္တလေးသပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ မြန်မာစစ်ကောင်စီကို နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကပြော 


ဧပြီ ၁၉ရက်


စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေရပ်ဆိုင်းထားဖို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အက်စပန်ဘဂ်အီဒီက ပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး လက်ရှိအချိန်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ အသက်ရှင်ကျန်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ရေး စတာတွေ အသုံးချနိုင်ဖို့ မျှော်လင့် တယ်လို့လည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ နှစ်သစ်ကူး သင်္ကြန်ကာလဟာ အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ငလျင်ဘေးသင့်သူတွေကို ကူညီနေသူတွေကို အသိအမှတ်ပြုရမယ့် အချိန်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားတာကိုကြိုဆိုပြီး အပစ်အခတ်ရပ်စဲမှုတွေ မလုပ်ဆောင်ရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အပစ်အခတ်ရပ်စဲထားကြဖို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့လည်း တောင်းဆိုထားပြီး စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ရပ်တန့်ထားဖို့လိုသလို လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ရပ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ အညီ မြန်မာနိုင်ငံက သက်ဆိုင်သူတွေကြား အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ရေး အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှု လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး စတာတွေကို အပြည့်အဝထောက်ခံထားပြီး မြန်မာနိုင်ငံက သက်ဆိုင်သူတွေကြား တွေ့ဆုံဆွေးနွေးရေးမှာ ကူညီလိုတဲ့ဆန္ဒရှိတယ်လို့လည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးက ပြောကြား ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံဘုရားသို့ ဘုရားဖူးလာရောက်ဆုတောင်းသူတွေ များပြားခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး ဘေးအန္တရယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းခဲ့ကြ


ဧပြီ ၁၉ရက်


နှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံဘုရားသို့ ဘုရားဖူးလာရောက်ဆုတောင်း သူတွေ များပြားခဲ့ပြီး မြန်မာ တစ်နိုင်ငံလုံး ဘေးအန္တရယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက် ခဲ့သူတွေက တပေါင်းပွဲတော်ထက် များပြားခဲ့ပြီး တစ်နိုင်ငံလုံးသဘာဝဘေး၊ စစ်ဘေးအန္တရယ်မှ ကင်းရှင်း ပါစေကြောင်းဆုတောင်းခဲ့ကြပါတယ်။ ရန်ကုန်မြို့တွင်းက ဘုရားဖူးလာရောက်သူတစ်ဦးက ဆုတောင်းခဲ့ပုံကို အခုလိုပြောပါတယ်။ 


((((((((အင်တာဗျူး))))))))))


အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တစ်နိုင်ငံလုံး စစ်မီးတောက်လောင်ခဲ့ပြီး စစ်ဘေး ရှောင်မိသားစုဝင်ဦးရေ ၄သန်းနီးပါးရှိလာပြီး ရန်ကုန်မြို့ကိုပြောင်းရွှေ့အခြေချသူတွေလည်းများပြားလာ ပါတယ်။ ဒါ့အပြင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျှင်ကြောင့် လူပေါင်းလေးထောင်နီးပါးသေဆုံး ခဲ့ပြီး ငါးထောင်နီးပါးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ငလျှင်ကြောင့် လူပေါင်းနှစ်သိန်းနီးပါးနေရပ်ကိုစွန့်ခွာခဲ့ ရပြီး နေအိမ်ပေါင်း ငါးသောင်းကျော်၊ ကားလမ်း၊ ရထားလမ်းပိုင်းလေးရာကျော်ပျက်စီးခဲ့ပြီး ဆေးရုံပေါင်း ခြောက်ရာကျော်၊ စာသင်ကျောင်းပေါင်း နှစ်ထောင့်ခြောက်ရာကျော်ပျက်စီးခဲ့ရပါတယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ ဘုရားဖူးလာရောက်သူလူငယ်တစ်ဦးကလည်း အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံအ တွက် ဆုတောင်းဖြစ်ခဲ့ပုံကိုအခုလိုပြောပါတယ်။


(((((((အင်တာဗျူး))))))))))


ပြီးခဲ့တဲ့သကြန်မှာ ရေပက်ဆော့ကစားသူတွေပြန်လည်များပြားလာသလို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လည်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်ဆုတောင်းသူတွေလည်းများပြားခဲ့တာဖြစ်ပါတယ်။ ဘုရားဖူးပြည်သူတွေကို စတုဒီသာကျွေးမွေးလှူဒါန်းတာတွေရှိခဲ့သလို ရပ်ကွက်တွေအတွင်းမှာလည်း  ကျွေးမွေးလှူဒါန်းတာတွေလည်းရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့် နှင့်ကြေးမုံတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨⁨⁨⁨ ကျောက်တော်မြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရ


ဧပြီ ၁၉ရက်


ရခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီက ဒီနေ့ ဧပြီ ၁၉ ရက် မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသနေ အရပ်သားတဦးသေဆုံးပြီ ၂၀ ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

ကျောက်တော်မြို့က မြို့သစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နဲ့ ရှမ်းရွာရပ်ကွက်အပါအဝင် မြို့အနှံ့ ဒီနေ့မနက်အစောပိုင်း နာရီခွဲနဲ့ နာရီကြားမှာ ဗုံးတွေကြဲခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ပေါင် ၅ဝဝ ဗုံးနဲ့ ပေါင် ၃ဝဝ ဗုံးတွေအပါအဝင် ရော့ကတ်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၁ဝ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသေနေပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ 

စစ်တပ်က ဗုံးကြဲချခဲ့တဲ့နေရာတွေဟာ သမဝါယမရုံး၊ ပြည်တော်သာရပ်ကွက် ကတ လမ်း၊ ကတ လမ်း၊ ကတ လမ်း နဲ့ မြို့သစ်ရပ်ကွက်၊ ရှမ်းရွာရပ်ကွက်တို့ဖြစ်တယ်လို့လည်း သိရပါတယ်။ 

ပြည်သူလူထုအိပ်မောကျနေချိန်မှာ လေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ်တွေပျက်စီးကာ ပြည်တော်သာရပ်ကွက် ကတ လမ်းမှာနေတဲ့ အသက် ၃၈ နှစ်အရွယ်အမျိုးသားတဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့သလို မပေါက်ကွဲသေးတဲ့ဗုံးတွေ လည်းရှိသေးတယ်လို့ ဒေသခံနေပြည်သူတွေက ဆိုပါတယ်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တုန်းကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် အရပ်သားတဦး ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

တိုက်ခိုက်မှုတွေအဆုံးသပ်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် က စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့တာကို ဂရုမစိုက်ဘဲ ဆက်လက်ဗုံးကြဲ တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။


========================


🚩🚩၂။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပြင်ဦးလွင်ခရိုင်မှာ တရက်တည်း အရပ်သားပြည်သူ ၁၄ ဦးသေဆုံးကာ ၁ဝ ဦး ဒဏ်ရာရ  


ဧပြီ ၁၉ရက်


အပစ်ရပ်ထားမယ်လို့ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဧပြီလ ၁၈ရက်နေ့ တရက်တည်းမှာပဲ အရပ်သားပြည်သူ ၁၄ ဦးသေဆုံးကာ ၁ဝ ဦး ဒဏ်ရာရသွားရတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ဧရာဝတီမြစ်အတိုင်း အထက်ကနေစုန်ဆင်းလာတဲ့ သကြားတင်သံခွန်သင်္ဘောတစင်းကို ဝက်လက်မြို့နယ် ရှိမ်းမကားရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ မနေ့ ဧပြီလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အနီးမှာရှိတဲ့ စက်လှေတစင်းကိုထိမှန်ပြီး မတ္တရာနယ်က အသက် ၃၁ နှစ်အရွယ်အမျိုးသားတဦး သေဆုံးကာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

ထို့အတူ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာက သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို မနေ့ကမနက် ၁ဝ နာရီဝန်းကျင်းမှာ ပေါင် ၃ဝဝ ဗုံးကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် ညနေ နာရီခွဲဝန်းကျင်အချိန်မှာလည်း မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာ တစင်းဟာ သပိတ်ကျင်းမြို့နယ် ရေထွက်ရွာလမ်းခွဲအနီးကို ဗုံး လုံးကြဲချတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ မီးတိုင်တတိုင် လဲကျပျက်စီးခဲ့ပေမယ့် အရပ်သားပြည်သူတွေထိခိုက်မှုမရှိခဲ့ဘူးလို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖက ထုတ်ပြန်ထားပါတယ်။

အလားတူပဲ စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာက စာသင်ကျောင်းကို မိတ္ထီလာ လေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာတစင်းက မနေ့ ဧ‌ပြီလ ၁၈ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ ပေါင် ၅ဝဝ ဗုံးတလုံး ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စာသင်ဆောင် ဆောင် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ 

ဒါကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝေးတဲ့နေရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်မယ့် ပုန်းခိုကျင်းတွေတူးထားကြဖို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖက နှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨၃။ကမာရွတ်ရဲစခန်းကို မြို့ပြပြောက်ကျားအဖွဲ့တွေက လက်ပစ်ဗုံးနဲ့တိုက်ခိုက် 


ဧပြီ ၁၉ရက်


ရန်ကုန်မြို့တိုင်း ကမာရွတ်မြို့နယ်ရဲစခန်းကို မြို့ပြပြောက်ကျားအဖွဲ့တွေက လက်ပစ်ဗုံး၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Yangon UG People Army – YUPA က ထုတ်ပြန်ပါတယ်။  

ဒီစစ်ဆင်ရေးကို မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Operation Flame နဲ့ Yangon UG People Army - YUPA တို့က မနေ့ ဧပြီ ၁၈ ရက် ၁၀ နာရီခန့်မှာ လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေတွေကိုသိရအောင် ဆက်လက်စုံစမ်းနေတယ်လို့ Operation Flame- OF အဖွဲ့ကလည်း အသိပေးထားပါတယ်။

စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ရဲဘော်တွေအားလုံး ဘေးကင်းနေရာပြန်ရောက်ပြီလို့လည်း မြို့ပြပြောက်ကျားအဖွဲ့တွေက ပြောပါတယ်။ 

အခုစစ်ဆင်ရေးကိုဖော်ဆောင်ခဲ့တဲ့ Operation Flame နဲ့ Yangon UG People Army တို့ဟာ ရန်ကုန်တော်လှန်ရေး မဟာမိတ် တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရှိတဲ့နေရာကို ရှောင်ရှားသွားလာကြဖို့ နှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨၄။ အောင်ပွဲတွေနဲ့ ပြန်လာတဲ့ ABSDF နဲ့ မဟာမိတ်အဖွဲ့တွေကရဲဘော်တွေကို ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆို


ဧပြီ ၁၉ရက်

 

ကလေး-ဂန့်ဂေါ်လမ်းပိုင်းက စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ရဲဘော်တွေ ပြန်လာကြချိန်မှာ ပြည်သူတွေက ကြိုသူတွေက ကြိုဆိုခဲ့ကြတယ်လို့ ABSDF စစ်ကြောင်း - က ထုတ်ပြန်ထားပါတယ်။

ချင်းဒေသကာကွယ်ရေးတပ် CDF-KKG က Major Operation အဖြစ် ဦးဆောင်တဲ့ စစ်ဆင်ရေးဟာ ၂လနီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ ချင်းအမျိုးသားတပ်မတော် CNA က ကွပ်ကဲပြီး ABSDF တပ်ဖွဲ့၊ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့လည်း အသိပေးထားပါတယ်။

လနီးပါးကြာတဲ့ ဒီစစ်ဆင်းရေးမှာ ကလေးမြို့နယ်တောင်ပိုင်းက ကမ်းပါးနီ စစ်စခန်းနဲ့ ကြံသာရွာ စစ်စခန်းတွေအပါအဝင် စစ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးကာလအတွင်းမှာ ABSDF က တပ်စုမှူး တဦးနဲ့ဒုတပ်စိတ်မှူးတဦး ကျဆုံးခဲ့ပြီး ရဲဘော် ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို ချင်းအမျိုးသားတပ်မတော် CNA ကကွပ်ကဲပြီး CDF-Hakha CDF-Thangtlang CDF CDM – Siyin ABSDF ယောဒေသ လွတ်မြောက်ရေးတပ်ပေါင်းစု၊ PDF Vakok RKDF ဟံသာဝတီ ပကဖ၊ MCR PDF Vakok ကလေးတောင်ပိုင်း တော်လှန်ရေးအင်အားစုအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩၅။ စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ်စခန်းအား ၁၀၇ မမရှော့ဒုံးသုံးလုံးနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်


ဧပြီ ၁၉ရက်


စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ်စခန်းအား ၁၀၇ မမရှော့ဒုံးသုံးလုံးနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

 Brave Warriors for Myanmar (BWM) အဖွဲ့ ဦးဆောင်စီမံမှုဖြင့် Black Leopard (ကျားသစ်နက်)အဖွဲ့ သည် ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက် ၁၀ နာရီ မိနစ် အချိန်တွင် စစ်ရှုံးကောင်စီ၏ နေပြည်တော် အေလာလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လုံးကို အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ရန်သူဘက်တွင် ထိခိုက်မှုအချို့ရှိကြောင်း ကနဦးစုံစမ်းသိရှိထားသော်လည်း သတင်းပိုမိုခိုင်မာစေရေးအတွက် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေပြီး သိရှိရပါတယ်။


========================


🚩🚩၆။မိုးဗြဲမြို့ပြန်ရရေး အင်အား ၁ဝဝ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း ဒဏ်ရာရ


ဧပြီ ၁၉ရက်


စစ်ကောင်စီဘက်က မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ဒီနေ့ ဧပြီ ၁၉ ရက် မနက် နာရီဝန်းကျင်ခန့်မှာ အင်အား ၁၀၀ ကျော်နဲ့ ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်လာတာကြောင့် ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၅ ဦးထက်မနည်း ပြင်ထန်ဒဏ်ရရသွားတယ်လို့  ရှမ်းတောင်စစ်ဒေသခွဲက အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရှမ်းကရင်နီစစ်တိုင်းဒေသ ရှမ်းတောင်စစ်ဒေသခွဲ အမှတ် - ဗျူဟာ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီဘက်က အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရေးသတင်းတွေအရသိရပါတယ်။ 

ဒီနေ့ ဧပြီ ၁၉ ရက် မနက်မှာဆိုရင်လည်း စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်နဲ့ ဒရုန်းတွေ လက်နက်ကြီးတွေသုံးပြီး ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပြင်းထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရှမ်းတောင် စစ်ဒေသခွဲက အသိပေးပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းတွေနဲ့ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းပြင်းထန်ဒဏ်ရာရပြီး ထိခိုက်မှုတာကြောင့် ခမရ ၄၂၂ တပ်စခန်းကို ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

နာရီခန့်ကြာတဲ့ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော် ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်ရေး ဒရုန်းအကြီးတစင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒရုန်းတစင်း အမြန်ဆုံး ပြန်လည်ဝယ်ယူနိုင်ရေး ပြည်တွင်းပြည်ပက ထောက်ပို့ပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီဖို့လည်း ရှမ်းတောင်စစ်ဒေသခွဲ အမှတ် - ဗျူဟာက အကူအညီတောင်းခံထားပါတယ်။ 

တိုက်ပွဲတွေ အချိန်မရွေးထပ်ဖြစ်နိုင်ကြောင့် မိဘပြည်သူများအနေနဲ့ မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာမယ်ဆိုရင် မြေပြင် အခြေအနေတွေကို မေးမြန်းစုံစမ်းပြီးမှ ဖြတ်သန်းသွားလာကြဖို့လည်း ရှမ်းတောင်စစ်ဒေသခွဲက သတိပေးထုတ်ပြန် ထားပါတယ်။


========================


🚩🚩၇။ နမ့်ဆန်ခရိုင်က မူးယစ်ဆေးဝါးသုံးစွဲသူ ၄၃ ဦးကို အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA ပြော


ဧပြီ ၁၉ရက်


တအာင်းပြည် နမ့်ဆန်ခရိုင်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ ၄၃ ဦးကို အကျင့်စာရိတ္တပြုပြင်ပေးပြီး ဧပြီလ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ထုတ်ပြန်ပါတယ်။  

နမ့်ဆန်ခရိုင်အတွင်းမှာရှိတဲ့ နမ့်ဆန်မြို့နယ်က မူးယစ်ဆေးသုံးစွဲသူ ၂၅ ဦး၊ မန်တုံမြို့နယ်က ဦးနဲ့ သီပေါမြို့နယ်က မူးယစ် ဆေးသုံးစွဲသူ ၁၃ ဦးကို PSLF/TNLA ရဲ့ အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

PSLF/TNLA ရဲ့ အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ လကြာ နေခဲ့ရသူတွေဟာ တအာင်းပြည်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးသုံးသူတွေလည်းပါသလို သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေကိုယ်တိုင် အကျင့်စာရိတ္တပြုပြင်ပေးဖို့ လာရောက်အပ်နှံ တဲ့သူတွေလည်းတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေအနေနဲ့ ပထမအကြိမ်မှာဆိုရင် အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ လကြာ ပြစ်မှုခံရမှာဖြစ်ပြီး ဒုတိယအကြိမ်မှာဆိုရင် နှစ်ကြာ ပြစ်ဒဏ်ခံရမယ်လို့ အသိပေးထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လအတွင်းတုန်းကလည်း မိုးကုတ်မြို့နယ်က မူးယစ်ဆေးဝါးသုံးစွဲသူ ၈၅ ဦးနဲ့ မိုးမိတ်မြို့နယ်က ၃၅ ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင်က တအာင်းပြည်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူများခဲ့ပေမယ့် PSLF/TNLA အုပ်ချုပ်ပြီး နောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး မူးယစ်ဆေးဝါးရောင်းဝယ်တာနဲ့သုံးစွဲသူတွေကို ထိထိ ရောက်ရောက် အရေးယူနိုင်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment