21st Apr 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ အကြမ်းဖက်စစ်အုပ်စုကို တွေ့ဆုံမှုများဟာ စစ်အာဏာသိမ်းလိုက်တာကို အသိအမှတ်ပြုရာ မရောက်ဖို့ လိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရပ်သားပြည်သူတွေဆီ ပိုမိုပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကရင်အမျိုးသမီး အစည်းအရုံး ဖွဲ့စည်းမှု နှစ် (၄၀) ပြည့်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး မရရှိစေဖို့ အဓိကတရားခံဟာ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာနိုင်ငံတကာက နားလည်လက်ခံလာပြီဖြစ်တယ်လို့ NUG ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်အုပ်စု အာဏာသိမ်းချိန် ကျောင်းသူ/ကျောင်းသားများ တော်လှန်ရေးလှုပ်ရှားမှုများ၏ အဓိကအခန်းကဏ္ဠအရေးပါပုံနဲ့ မြန်မာ့သမိုင်းတလျှောက် လူငယ်ကျောင်းသားများ၏ လွတ်လပ်ရေး ကြိုးပမ်းမှုများအကြောင်း စာအုပ် အီတလီနိုင်ငံမှာ မိတ်ဆက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မန္တလေးမြို့မှာ သုဿန်များ မီးသဂြိုလ်စရိတ် တိုးမြှင့်သတ်မှတ်


========================


၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီး စစ်ကောင်စီ ဗျူဟာမှူးကို အသေဖမ်းဆီးရရှိ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံ KNU က ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့

🚩၂။ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်များအတွင်း အရပ်သားပြည်သူဦးရေ အနည်းဆုံး (၄၁) ဦး သေဆုံးခဲ့ပြီး အနည်းဆုံး (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိ

🚩၃။ ကောလင်းခရိုင် ဝန်းသိုနဲ့ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်

🚩၄။ နေပြည်တော် လမ်းပိုင်းတနေရာအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ နာရီကျော်ကြာ ထိန်းချုပ်၍ ကပစ ဗိုလ်မှူးအား ဖမ်းဆီးစစ်ဆေးနိုင်ခဲ့

🚩၅။ မိုးဗြဲမြို့အတွင်းသို့ အင်အား (၃၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖက်မှ () ဦးထက်မနည်း သေဆုံး

🚩၆။ နောင်ချိုတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကိုသက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ အကြမ်းဖက်စစ်အုပ်စုကို တွေ့ဆုံမှုများဟာ စစ်အာဏာသိမ်းလိုက်တာကို အသိအမှတ်ပြုရာ မရောက်ဖို့ လိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော


"အကြမ်းဖက်စစ်အုပ်စုကို တွေ့ဆုံမှုများဟာ စစ်အာဏာသိမ်းလိုက်တာကို အသိအမှတ်ပြုလိုက်ရာ မရောက်ဖို့လိုအပ်ကြောင်း နိုင်ငံတကာနဲ့အဖွဲ့အစည်းများကိုအသိပေးထားတယ်" လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က PVTV နဲ့ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

"ကျမတို့ မကြာခဏပြောပါတယ်။ နှစ်ဖက်စလုံးကို ထိတွေ့ဆက်ဆံဖို့လိုတယ်။ စကစကို တွေ့မယ်ဆို NUG ကိုလည်း တွေ့ရမယ်။ ဒီတော်လှန်ရေးအင်အားစုတွေကို တွေ့မှသာလျင်ဘက်ပေါင်းစုံရဲ့အသံတွေကို ကြားရမယ်။ တဖတ်သတ် ထိတွေ့ဆက်ဆံမှုမျိုး မလုပ်ဖို့ ကျမတို့ အမြဲပြောပါတယ်။ အခုလိုမျိုး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပေါ့။ ဒါက ကျမတို့အာဆီယံနဲ့မှတင် မဟုတ်ပါဘူး။ UN အေဂျင်စီတွေနဲ့ပဲ ဖြစ်ဖြစ်၊ တခြားသောအစိုးရအဖွဲ့တွေနဲ့ပဲဖြစ်ဖြစ် တောက်လျှောက်ပြောနေတာ ကျမတို့ ရှိတယ်။ နှစ်ဖက်လုံးကို ဆက်ဆံရမယ်။ တဖက်သတ်ဆက်ဆံပြီးတော့ တရားဝင်မှုပေးလိုက်တာ၊ စစ်အာဏာသိမ်းလိုက်တာကို အသိအမှတ်ပြုလိုက်တာ မရောက်ဖို့လိုတယ်" လို့ ဝန်ကြီးက ပြောပါတယ်။

ဧပြီ (၁၇) ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မလေးရှားဝန်ကြီးချုပ်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်ကို တွေ့ဆုံပြီးနောက် ဧပြီ (၁၈) ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကို တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာမှု အကူအညီများအရေးနဲ့ ပတ်သက်လို့ဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရပ်သားပြည်သူတွေဆီ ပိုမိုပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဆို


အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရပ်သားပြည်သူတွေဆီ ပိုမိုပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာ ထင်ရှားလှတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။

"အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေကို တရစပ် ကျူးလွန်လျက် ရှိပါတယ်။ သပိတ်ကျင်းမှာ တိုက်ခိုက်ခဲ့တဲ့ အဖြစ်ကို ကြည့်မယ်ဆိုရင် အရပ်သားပြည်သူတွေ သွားလာနေတဲ့ ကားလမ်းဘေးက ဈေးဆိုင်မျိုးတွေ၊ တချို့နေရာတွေဆိုရင် ဒုက္ခရောက်တဲ့သူတွေ ခေတ္တခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတွေ စတဲ့နေရာမျိုးတွေကို တမင်သက်သပ် ရွေးချယ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ တွေ့ရပါတယ်။ အခုလိုမျိုး မြေငလျင်ဒဏ်ကြောင့် အိုးအိမ်မဲ့ပြီး တနေရာကနေတနေရာ ပြောင်းရွှေ့နေထိုင်ရတဲ့ ကာလမျိုးတွေ၊ နေထိုင်စရာ အခက်အခဲရှိနေတဲ့အတွက် ကျန်ရှိနေတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေး အဆောက်အဦးတွေမှာ ခိုလှုံနေတဲ့နေရာတွေ ရွေးချယ်တိုက်ခိုက်ခြင်းက လူမဆန်လှပါဘူး၊ အရပ်သားပြည်သူတွေကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာ ထင်ရှားလှပါတယ်" လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုကျုးလွန်ချက် သက်သေ၊ အထောက်အထားတွေ ရယူစုဆောင်းလျက်ရှိကာ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိတယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့ နံနက် () နာရီ (၅၅) မိနစ်ခန့်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ အောင်မြင့်မိုရ်ဆိုင်ကယ်အရောင်းဆိုင်နှင့် ဆွေမျိုးစက်မှုလက်မှုတွင်ခုံအနီးတဝိုက်သို့ အကြမ်းဖက်စစ်အုပ်စုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် () စီးဖြင့် ဗုံး () လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း လမ်းသွားလမ်းလာများအပါအဝင် ကျား - ဦး၊ - ဦး နှင့် ကလေး - ဦး စုစုပေါင်း ပြည်သူ - ၁၂ ဦးသေဆုံးကာ အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကရင်အမျိုးသမီး အစည်းအရုံး ဖွဲ့စည်းမှု နှစ် (၄၀) ပြည့်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်


ကရင်အမျိုးသမီး အစည်းအရုံး ဖွဲ့စည်းမှု နှစ် (၄၀) ပြည့်အခမ်းအနားသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့တွင် ကျင်းပသော ကရင်အမျိုးသမီး အစည်းအရုံး ဖွဲ့စည်းမှု နှစ် (၄၀) ပြည့်အခမ်းအနားသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက် ဂုဏ်ပြုစကားပြောကြားကာ ဝန်ကြီးဌာနမှ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခဲ့ပါတယ်။  

ကရင်အမျိုးသားတရပ်လုံး၏ မီးရှုးတန်ဆောင်ဖြစ်သော ကရင်အမျိုးသမီး အစည်းအရုံး၏ နှစ် (၄၀) ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ အမျိုးသမီးရေး၊ ဂျန်ဒါတန်းတူရေးနှင့် လူ့အခွင့်အရေးတို့အတွက် စွမ်းစွမ်းတမံတက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်တယ်လို့လည်း ဝန်ကြီးဌာနကဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး မရရှိစေဖို့ အဓိကတရားခံဟာ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာနိုင်ငံတကာက နားလည်လက်ခံလာပြီဖြစ်တယ်လို့ NUG ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆို


ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်က "တချိန်က မြန်မာစစ်တပ်ကို တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ရင် အရေးကြီးတဲ့နေရာမှာ ရှိတဲ့ လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက ရူမြင်ခဲ့ကြတာပါ။ အခုတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး မရရှိစေဖို့ အဓိက တရားခံအစစ်ဟာ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာ နားလည်လက်ခံလာကြပြီဖြစ်တယ်" လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်ဟာ ပြည်သူများငလျင်ဘေးကို လစ်လျူရှုခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဥ်ရက်ဆက်ကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်အုပ်စု အာဏာသိမ်းချိန် ကျောင်းသူ/ကျောင်းသားများ တော်လှန်ရေးလှုပ်ရှားမှုများ၏ အဓိကအခန်းကဏ္ဠအရေးပါပုံနဲ့ မြန်မာ့သမိုင်းတလျှောက် လူငယ်ကျောင်းသားများ၏ လွတ်လပ်ရေး ကြိုးပမ်းမှုများအကြောင်း စာအုပ် အီတလီနိုင်ငံမှာ မိတ်ဆက်


University of Bologna မှ သုတေသနနှင့် နည်းပြဆရာမဖြစ်သူ Licia Proserpio က မြန်မာ့နွေဦးတော်လှန်ရေး၊ ကျောင်းသားများနှင့် တက္ကသိုလ်များ၏ အခန်းကဏ္ဠ စာအုပ်မိတ်ဆက်ပွဲကို ဧပြီလ (၁၆) ရက်နေ့ ညနေ () နာရီတွင် အီတလီနိုင်ငံ၊ Bologna မြို့၊ Amilcar Cabral စာကြည့်တိုက်မှာကျင်းပခဲ့ပါတယ်။

(၂၀၂၁) ခုနှစ် စစ်အုပ်စု အာဏာသိမ်းချိန် ကျောင်းသူ/ကျောင်းသားများ တော်လှန်ရေးလှုပ်ရှားမှုများ၏ အဓိကအခန်းကဏ္ဠ အရေးပါပုံ၊ မြန်မာ့သမိုင်းတလျှောက် လူငယ်ကျောင်းသားများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများအကြောင်း ပြုစုရေးသားထားသော စာအုပ်မိတ်ဆက်ပွဲတွင် စာရေးသူနှင့်အတူ Bologna တက္ကသိုလ် လူ့အခွင့်အရေးဆိုင်ရာ သုတေသန ကျောင်းသား Zo Bilay မှလည်း ဝင်ရောက်ဆွေးနွေးသွားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မန္တလေးမြို့မှာ သုဿန်များ မီးသဂြိုလ်စရိတ် တိုးမြှင့်သတ်မှတ်


မန္တလေးမြို့မှာ သုဿန်များ မီးသဂြိုလ်စရိတ် တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မန္တလေးမြို့ရှိ ပရဟိတလူမှုကူညီရေးအသင်းတစ်ဖွဲ့က ဧပြီလ (၂၁) ရက်မှာ Radio NUG ကို အတည်ပြုပြောကြားပါတယ်။

"အရင်က ကလေးက ၆၀၀၀၊ လူကြီးက ၁၂၀၀၀ ပါ။ အခုကလေးက ၁၂၀၀၀၊ လူကြီးက၂၄၀၀၀ ပါ။ ဒီနေ့က စကောက်တယ်လို့ သိရတယ်" လို့ ပြောပါတယ်။

အဆိုပါမီးသဂြိုလ်စရိတ်များတိုးမြှင့်ကောက်ခံတာဟာ မန္တလေးမြို့ရှိ တောင်အင်း မြောက်အင်းနဲ့ ဧရိပ်ငြိမ် သုဿန်များ အားလုံးပါဝင်တယ်လို့သိရပါတယ်။

မတ်လ (၂၈) ရက် မွန်းလွဲပိုင်းက စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူရုပ်အလောင်းအများဆုံးရှိခဲ့တဲ့မြို့များအနက် မန္တလေးမြို့ဟာလည်းအပါအဝင် ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီက ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီး စစ်ကောင်စီ ဗျူဟာမှူးကို အသေဖမ်းဆီးရရှိ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံ KNU က ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့


၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် ဘိတ်/ထားဝယ်ခရိုင် ထိုင်းနယ်စပ်အနီးရှိ ထီးထဗျူဟာစခန်းကို KNU/KNLA တပ်မဟာ () ဦးဆောင်မှုဖြင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF FFD တပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းတပ်များ၊ တပ်မဟာ ဒရုန်းသင်တန်းသားများနှင့်ပူပေါင်း၍ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ ဗျူဟာမှူးကို အသေဖမ်းဆီးရရှိခဲ့တယ်လို့ Force for Federal Democracy က အတည်ပြုထားပါတယ်။

အဆိုပါ ထီးထ ဗျူဟာစခန်းကို ပူးပေါင်းသိမ်းပိုက်နိုင်မှုအတွက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံ KNU ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၏ ဂုဏ်ပြုမှတ်တမ်းလွှာအား လေးစားစွာဖြင့် လက်ခံရရှိတယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ကလည်း အသိပေးဆိုထားပါတယ်။


========================


🚩🚩၂။ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်များအတွင်း အရပ်သားပြည်သူဦးရေ အနည်းဆုံး (၄၁) ဦး သေဆုံးခဲ့ပြီး အနည်းဆုံး (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိ


စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဧပြီလ () ရက်နေ့မှ ယနေ့ ဧပြီလ (၁၉) ရက်နေ့အတွင်း၌ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို သပိတ်ကျင်းမြို့နယ်တွင် (၁၃) ကြိမ်၊ စဥ့်ကူးမြို့နယ်တွင် () ကြိမ်၊ မတ္တရာမြို့နယ်တွင် () ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူဦးရေ အနည်းဆုံး (၄၁) ဦး သေဆုံးခဲ့ရကာ အနည်းဆုံး (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အတည်ပြုထားပါတယ်။

အဆိုပါ ထိခိုက်သေဆုံးသူများအနက် အနည်းဆုံး () ဦးမှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များမဟုတ်ဘဲ အများပြည်သူလူထု သွားလာလှုပ်ရှားရာ စျေးများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများ အပါအဝင် အရပ်သား လူနေအိမ်ခြေများအပေါ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကာစာသင်ကျောင်း () ကျောင်း အပါအဝင် လူနေအိမ်ခြေပေါင်း (၅၄) လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၃။ ကောလင်းခရိုင် ဝန်းသိုနဲ့ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်


ကောလင်းခရိုင် ဝန်းသိုမြို့နယ် နန်းချိုရွာကို စစ်ကောင်စီတပ်က ညပိုင်းမှာ ဂျက်ဖိုက်တာနဲ့ () ချက် ပစ်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံ ပျက်စီးသွားပြီး ထိခိုက်သူမရှိကြောင်း ကောလင်း info က ဧပြီ (၂၀) ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အလားတူ ငါန်းဇွန်မြို့နယ်၊ ခေါင်းဘိုကျေးရွာကို ဧပြီလ (၂၀) ရက်နေ့ ညနေ (၃း၀၁) နာရီတွင် တံတာဦးတက် တိုက်လေယာဉ် တစ်စီးဖြင့် ပေါင် (၂၅၀) ဗုံးသီး () လုံးကျဲချပြီး ရွာပတ်ပတ်လည်ကို စက်သနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ CDSOM တပ်ခွဲ ငါန်းဇွန်းတော်လှန်ရေးအင်အားစုကဆိုပါတယ်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ပျက်စီးမှုရှိခဲ့ပြီး  ပြည်သူ ထိခိုက်မှု တစ်စုံတစ်ရာမျှ  မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩၄။ နေပြည်တော် လမ်းပိုင်းတနေရာအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ နာရီကျော်ကြာ ထိန်းချုပ်၍ ကပစ ဗိုလ်မှူးအား ဖမ်းဆီးစစ်ဆေးနိုင်ခဲ့


ဧပြီလ (၁၉) ရက်နေ့၊ နေပြည်တော်တိုင်း၊ ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတနေရာတွင် OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အချိန် သုံးနာရီကျော်ကြာ ထိန်းချုပ်စစ်ဆေးခဲ့တယ်လို့ အတည်ပြုဖော်ပြပါတယ်။

ထိန်းချုပ်စစ်ဆေးစဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမင်းကျော်  အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်၊ တပ်ကြပ် အောင်ဇော်နိုင် အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် () တပ်ခွဲ နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ထိန်းချုပ်နေရာမှ ပြန်လည်ရုတ်သိမ်းပြီးအပြန်တွင် ရန်သူ့တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူသုံ့ပန်းများ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ရန်သူ စစ်ဗိုလ်မှူးထံမှ စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ၊ ငွေကြေးအစုံ အပါအဝင် ကာလတန်ဖိုး သိန်းနှစ်ထောင်ကျော် သိမ်းနိုင်ခဲ့ကာ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မှ ရဲဘော်များအားလုံး အထိအခိုက်မရှိဘဲ အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ မိုးဗြဲမြို့အတွင်းသို့ အင်အား (၃၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖက်မှ () ဦးထက်မနည်း သေဆုံး


ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အတွင်းသို့ ဧပြီလ (၁၈) ရက် ညတွင် အင်အား (၃၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KNA တပ်များ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။

အဆိုပါထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ () ဦး ထက်မနည်း ကျရှုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။

စစ်ကောင်စီတပ်များထံမှ လက်နက် MA -1 () လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကာ KNA ဘက်က ထိခိုက်မှုမရှိခဲ့ပဲ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသောကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် KNA က ဆိုပါတယ်။

ပြည်သူများအနေဖြင့် အထူးသတိထား သွားလာနေထိုင်ကြရန်လည်း နှိုးဆော်ထားပါတယ်။


========================


🚩🚩၆။ နောင်ချိုတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကိုသက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိ


ဧပြီလ (၁၇) ရက်နေ့က နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်တွင် နေထိုင်‌သော အသက် (၃ဝ)နှစ် အရွယ် ဦးကျော်စိုးခိုင်သည် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်းရရှိတဲ့အတွက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ၎င်း၏နေအိမ်အတွင်းသွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးများကို  ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

၎င်း၏ နေအိမ်အတွင်း ယာမဆေးပြားများ၊ ဘိန်းဖြူထည့်ထားသည့် M - 150 ပုလင်း () ပုလင်းနှင့် ပုလင်းသေး () ပုလင်း တို့ကို တွေ့ရှိခဲ့ရပြီး ထိုပစ္စည်းများ၏ စုစုပေါင်းကာလတန်းဖိုးသည် () သိန်းရှိကာ ၎င်းအမျိုးသားကိုလည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဧပြီလ () ရက်နေ့ကလည်း မွန်းလွဲ (၂း၃ဝ) နာရီအချိန်တွင် ကျောက်မဲမြို့၊ ရပ်ကွက် () တွင် နေထိုင်သော ဦးစိုင်းပေါင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ၎င်း၏နေအိမ်အတွင်း သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော စိတ်ကြွဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment