8th Apr 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြေငလျင်ကြီးကြောင့် အများဆုံးထိခိုက်ခဲ့သည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်ကောင်စီ၊ ပဲခူးနှင့် ရှမ်းတောင်ဒေသများ၏ ထိခိုက်ဆုံးရှုံးမှု အခြေအနေ နောက်ဆက်တွဲ NUG ထုတ်ပြန်

📌 ၂။ (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ ငလျင်ဘေးသင့်ပြည်သူများအား ထိထိရောက်ရောက်ကူညီနိုင်ရေး အရေးကြီးအဆို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က တင်သွင်း၍ ဆွေးနွေးမည်

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံလွှတ်တော်အမတ်များ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာဆွေးနွေးပွဲတရပ် ပြုလုပ်မည်

📌 ၄။ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းရင်း Binance Verified အကောင့်ရှိသူများကို အလှူ Challenge လုပ်ရန် ဖိတ်ခေါ်

📌 ၅။ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ  ပြည်သူအပေါ်စေတနာလည်းမရှိသလို ပြည်သူကို ကူညီကယ်ဆယ်ဖို့ ပြည်သူ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ အရည်အချင်းလည်းမရှိဘူးလို့ဆို

📌 ၆။ စစ်ကိုင်းနှင့် မန္တလေးဆီ ပို့ဆောင်ဖို့ WFP ရဲ့ ရိက္ခာတင်ကားတွေက ရန်ကုန်ကနေ နေ့စဥ် ထွက်ခွာလျက်ရှိပြီး ပဲခူးတိုင်းအတွင်းရှိ ငလျင်ဘေးသင့်သူများအား အရေးပေါ်ကူညီထောက်ပံ့မှုပစ္စည်းတွေကို ဖြန့်ဝေပေးလျက်ရှိ


========================


၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ၁၀၂၇စစ်ဆင်ရေးကာလအတွင်း ပျက်စီးခဲ့သည့် လားရှိုးက နေအိမ်များအတွက် MNDAAက တစ်အိမ်လျှင် ကျပ်သိန်း ၅ဝ ပေးအပ် 

🚩၂။ ဖြူးမြို့နယ်က ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ကျေးရွာများရှိ လမ်းတံတား ပြုပြင်ရန်နှင့် နေအိမ်အပျက်အစီးများအတွက် ကူညီထောက်ပံ့ 

🚩၃။ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

🚩၄။ မူတြော် ခရိုင်နဲ့ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် ဦး သေဆုံးကာ ဦး ဒဏ်ရာရ

🚩၅။ အကြမ်းဖက်စစ်အုပ်စုက ငလျင်ဘေးအကြောင်းပြ ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း နိုင်ငံတဝန်းရှိ တိုင်းနှင့် ပြည်နယ်တချို့၌ နေ့စဉ်နီးပါး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိ

🚩၆။ မတ်လ စတုတ္ထပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦး အလင်းဝင်၊ ဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ မြေငလျင်ကြီးကြောင့် အများဆုံးထိခိုက်ခဲ့သည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်ကောင်စီ၊ ပဲခူးနှင့် ရှမ်းတောင်ဒေသများ၏ ထိခိုက်ဆုံးရှုံးမှု အခြေအနေ နောက်ဆက်တွဲ NUG ထုတ်ပြန်


ဧပြီ  

Radio NUG 


၂၀၂၅ ခုနှစ်၊ ဧပြီလ ရက်နေ့အထိ ထပ်မံရရှိသော စာရင်းများအရ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား (.)ဖြင့် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြီးကြောင့် အများဆုံးထိခိုက်ခဲ့သည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်ကောင်စီ၊ ပဲခူးနှင့် ရှမ်းတောင်ဒေသများ၏ ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို အမျိုးသားညီညွတ်ရေးအစိုးရမှ တင်ပြပါတယ်။


သေဆုံးသူ လူဦးရေ လက်ရှိအချိန်အထိ ၃၅၅၀ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၆၈၉ဦးနှင့် ပျောက်ဆုံးသူ ၂၂၀ဦး ရှိပြီး အခြေခံအဆောက်အအုံ ၄၆၀၃၊ ဘာသာရေးအဆောက်အအုံ ၅၃၂၄ နေအိမ်များ ၃၂၃၆၈ လုံးနှင့် စာသင်ကျောင်း ၅၅၄ ကျောင်း ပြိုကျပျက်စီးခဲ့ပါတယ်။


========================


📌📌 ၂။ (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ ငလျင်ဘေးသင့်ပြည်သူများအား ထိထိရောက်ရောက်ကူညီနိုင်ရေး အရေးကြီးအဆို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က တင်သွင်း၍ ဆွေးနွေးမည်


 ဧပြီလ ရက်နေ့

Radio NUG

(၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ ငလျင်ဘေးသင့် ပြည်သူများအား ထိထိရောက်ရောက်ကူညီနိုင်ရေး အရေးကြီးအဆို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က တင်သွင်း၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါတယ်။


မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများအတွက် ထိရောက်သော နိုင်ငံတကာပံ့ပိုးကူညီမှုများ ရရှိစေရေးအတွက် အရေးကြီးအဆိုတစ်ရပ် (Emergency Item) ကို အိမ်နီချင်း ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က တင်သွင်းထားပြီး ညီလာခံ၏ အမှုဆောင်ကောင်စီ အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမယ်လို့သိရပါတယ်။


ယင်းအရေးကြီးအဆိုအား ယခုညီလာခံ၌ ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးကာ ကြိုးပမ်းလျက်ရှိတယ်လို့ ပြည်ထောင်စုလွှတ်ကော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။


ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့၌ ရောက်ရှိနေသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။


ညီလာခံဒုတိယနေ့နှင့် တတိယနေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အမှုဆောင်ကောင်စီအစည်းအဝေးများ၊ ညီလာခံ၏ General Debate အစီအစဉ်၊ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ ဆက်လက်တက်ရောက်ခဲ့ပါတယ်။


ထို့ပြင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်းကောင်း ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌတို့နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံလွှတ်တော်အမတ်များ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာဆွေးနွေးပွဲတရပ် ပြုလုပ်မည်


ဧပြီ၇ရက်

Radio NUG


ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံလွှတ်တော်အမတ်များ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်တွင် မြန်မာ့အရေး ကြားနာဆွေးနွေးပွဲတရပ် ပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။


"လာမယ့် ဧပြီလ (၁၀)ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စု ဖန်တီးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝမြေငလျင်ဒဏ်ကြားက မြန်မာနိုင်ငံ ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုရီးယားလွှတ်တော်အတွင်းမှာ တင်ပြပြောဆိုမှုတခုကို ပြုလုပ်မှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု အာဏာလုယူခဲ့တဲ့ ကာလကစပြီး အရပ်သားပြည်သူတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအဖြစ်အပျက်တွေ၊ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှု တိုးတက်မြင့်မားလာတဲ့ အခြေအနေတွေအပြင် အင်အားကြီး မြေငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေကို မြေပြင်က တင်ပြချက်များနဲ့အတူ ပြောကြားမှာဖြစ်ပါတယ်"လို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားထားပါတယ်။


ဧပြီလ ၁၀ ရက်နေ့၊ ညနေ နာရီအချိန်တွင် ကိုရီးယားလွှတ်တော် အစည်းဝေးခန်း () "စစ်တပ်ဖန်တီးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝမြေငလျင်ဒဏ်ကြားက မြန်မာနိုင်ငံ" ခေါင်းစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြဆွေးနွေးမည်ဖြစ်ကာ ကြားနာဆွေးနွေးပွဲကို ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ အီယုန်ဆွန်းက ဦးဆောင်၍ အီဂျဲဂျောင်း၊ ဆောယောင်ဆော့ဂ်၊ ဘတ်ဟုန်းဘဲ၊ အီဂန်အီးလ် အမတ်များက အတူပါဝင်ကြမယ်လို့သိရပါတယ်။


"အကြမ်းဖက်စစ်အုပ်စု ဖန်တီးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ကြားထဲ သဘာဝမြေငလျင်ဒဏ်ကို ခံစားနေကြရတဲ့ ပြည်သူတွေအပေါ်မှာ ဆက်လက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ၊ လူသားချင်းစာနာမှု အကူအညီတွေကို နှောင့်ယှက်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ရက်တွေကို တင်ပြပြီး  ကိုရီးယားလွတ်တော်မှာ တင်ပြပါ့မယ်။ ဒါ့အပြင် ကိုရီးယားလွှတ်တော်၊ ကိုးရီးယားနိုင်ငံအစိုးရ တို့အနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိ၊ လုပ်ဆောင်သင့်သော မူဝါဒများကို တင်ပြတိုက်တွန်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့ ဝန်ကြီးက ပြောကြားထားပါတယ်။


========================


📌📌 ၄။ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းရင်း Binance Verified အကောင့်ရှိသူများကို အလှူ Challenge လုပ်ရန် ဖိတ်ခေါ်


ဧပြီ ၇ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်ထွန်းအောင်မှ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


"Binance က ပိုက်ဆံပေးတယ်ဆိုတာ ဟုတ်တယ်။ မြန်မာ အကောင့်ဆိုရင် BNB 50 , USDT နဲ့ ဆိုရင် ဒေါ်လာ၄၃ လောက်ရတယ်။ အခု အဲ့ဒါကို Spring Development Bank ထဲကို Polygon Network နဲ့လွှဲပြီး Spring CrowdFund - နွေဦးလူထုရန်ပုံငွေကို ငလျင်အတွက် လှူလိုက်တယ်။ ကိုယ့်အထဲက Binance အကောင့်ရှိသူတွေ verified user တွေကို ဒီ အလှူ challenge လုပ်ပါတယ်" လို့ အသိပေးဆိုထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ  ပြည်သူအပေါ်စေတနာလည်းမရှိသလို ပြည်သူကို ကူညီကယ်ဆယ်ဖို့ ပြည်သူ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ အရည်အချင်းလည်းမရှိဘူးလို့ဆို


ဧပြီလ  ၇ရက်

Radio NUG

အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ  ပြည်သူအပေါ်စေတနာလည်းမရှိသလို ပြည်သူကို ကူညီကယ်ဆယ်ဖို့ ပြည်သူ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ အရည်အချင်းလည်းမရှိဘူးလို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။


နွေဦးမှန်ကူကွက်များ - Episode 40မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုခဲ့ပါတယ်။


"ဒီလို စစ်ခေါင်းဆောင်တွေ  ပြည်သူ့အပေါ်စေတနာလည်းမရှိ၊ ပြည်သူကို ကူညီကယ်ဆယ်ဖို့ ပြည်သူ့အကျိုးစီးပွားကို ဆောင်ရွက်ဖို့ အရည်အချင်းလည်းမရှိ၊ အစွမ်းအစလည်းမရှိတဲ့သူတွေ တိုင်းပြည်အာဏာကို ဆက်ယူထားသရွေ့တော့ ဒီလိုအဖြစ်ဆိုးမျိုး ကျွန်တော်တို့ ပြည်သူတွေ ဆက်ကြုံနေကြရဦးမှာပဲ။ ဒါ့ကြောင့် ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူသလိုပဲ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဦးတည်ချက်ဖြစ်တဲ့ ဒီစစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆိုတာကိုလည်း မျက်ခြေမပြတ်ဘဲ ဆက်လုပ်ဖို့ လိုပါတယ်"လို့ဆိုပါတယ်။


မတ်လ၂၈ရက်နေ့ မွန်းလွဲပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြု၍လှုပ်ခတ်ခဲ့သော အင်အား၇.၇အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးထိခိုက်နစ်သူ လူဦးရေထောင်နဲ့ချီရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဟာ လူထုကိုကယ်ဆယ်ရန်ပျက်ကွက်ခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းနှင့် မန္တလေးဆီ ပို့ဆောင်ဖို့ WFP ရဲ့ ရိက္ခာတင်ကားတွေက ရန်ကုန်ကနေ နေ့စဥ် ထွက်ခွာလျက်ရှိပြီး ပဲခူးတိုင်းအတွင်းရှိ ငလျင်ဘေးသင့်သူများအား အရေးပေါ်ကူညီထောက်ပံ့မှုပစ္စည်းတွေကို ဖြန့်ဝေပေးလျက်ရှိ


ဧပြီ  

Radio NUG 


ငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းနှင့် မန္တလေးဆီ ပို့ဆောင်ဖို့ WFP ရဲ့ ရိက္ခာတင်ကားတွေက ရန်ကုန်ကနေ နေ့စဥ်ဆိုသလို ဆက်လက်ထွက်ခွာလျက်ရှိကြောင်း United Nations Myanmar မှ သတင်းထုတ်ပြန်ပါတယ်။


ငလျင်ဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသူများကို ကူညီပေးဖို့အတွက် WFP မှာ အားဖြည့်ဘီစကစ် စုစုပေါင်း မက်ထရစ်တန် ၂၀၀ ကျော်ရှိပြီး၊ နိုင်ငံအတွင်း သိုလှောင်ထားတဲ့ စားနပ်ရိက္ခာအမျိုးမျိုး ,၀၀၀ မက်ထရစ်တန်လည်း အသင့်ရှိနေတယ်လို့ ဆိုထားပါတယ်။


WFP ဟာ ငလျင်ဘေးတုံ့ပြန်မှုလုပ်ငန်း ပထမအဆင့်အနေနဲ့ လူဦးရေပေါင်း ၁၀၀,၀၀၀ ကို အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့တွေ ဖြန့်ဝေပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။


ငလျင်ကြောင့် ဘေးသင့်ခဲ့ရတဲ့ ဒေသတွေထဲမှာ ပဲခူးတိုင်းလည်း ပါဝင်ခဲ့ပြီး အိမ်တွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် UNHCR အနေနဲ့ ထိုဒေသရှိ မိသားစုတွေ ပြန်လည်ထူထောင်နိုင်ဖို့ ဆိုလာမီးအိမ်တွေအပါအဝင် အရေးပေါ်ကူညီထောက်ပံ့မှု ပစ္စည်းတွေကို ဖြန့်ဝေပေးလျက်ရှိပါတယ်လို့ ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ၁၀၂၇စစ်ဆင်ရေးကာလအတွင်း ပျက်စီးခဲ့သည့် လားရှိုးက နေအိမ်များအတွက် MNDAAက တစ်အိမ်လျှင် ကျပ်သိန်း ၅ဝ ပေးအပ် 


ဧပြီ  

Radio NUG 


ဧပြီလ ၇ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးခဲ့ရသည့် လားရှိုးမြို့က ပြည်သူများ၏ နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ်သိန်း၅ဝ ဖြင့် အိမ် ၃၀၉လုံးအတွက် ကျပ်သိန်းပေါင်း ,၅၄၅,၀၀၀,၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးဌာနက ထုတ်ပြန်ထားပါတယ်။


အခြား‌သောနေအိမ်ပျက်စီးမှုများစွာရှိ‌သော်လည်း နေအိမ်အလုံးစုံပျက်စီးသူကိုသာ ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး စာရင်းတွင် ပါဝင်ပြီး  အဝေးရောက်နေသူဖြစ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးများတွင် အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများ၏ ထောက်ခံချက်ဖြင့် သွားရောက်ထုတ်ယူနိုင်ကြောင်း ကိုးကန့်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ထပ်မံ ထုတ်ပြန်ထားပါတယ်။


" ငွေလက်ခံရရှိပါတယ်။ ဒါပေမယ့် ဒါက အ‌ဖြေမဟုတ်ပါဘူး။ လားရှိုးအုပ်ချုပ်ရေးပုံစံက ဘာဆက်ဖြစ်မှာလဲဆိုတာကိုပဲ ကျွန်မတို့စိတ်ဝင်စားတာပါ။ ကိုးကန့်အနေနဲ့က အခုထိ သေသေချာချာမပြောသေးပါဘူး"ဟု မြို့ခံတစ်ဦးက People's Spring ကို ပြောဆိုထားပါတယ်။


========================


🚩🚩၂။ ဖြူးမြို့နယ်က ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ကျေးရွာများရှိ လမ်းတံတား ပြုပြင်ရန်နှင့် နေအိမ်အပျက်အစီးများအတွက် ကူညီထောက်ပံ့ 


Radio NUG


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းမှ ငလျင်ဒဏ် ခံစားခဲ့ကြရတဲ့ ကျေးရွာများရှိ လမ်းတံတား ပြုပြင်ရန်နဲ့ နေအိမ် အပျက်အစီးများအတွက် ကူညီထောက်ပံ့ငွေများကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့က ဖြူးမြို့နယ် ဇလုပ်အုပ်စု၊  သစ်ဖြူဆိပ်ကျေးရွာက နေအိမ် ပျက်စီ ၄၇ လုံးအတွက် တစ်အိမ်ထောင်လျှင် ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ,၃၅၀,၀၀၀ ကျပ်၊ သစ်ဖြူဆိပ် ရွာလယ်လမ်းမကြီး ပြုပြင်ရန် ၅၀၀,၀၀၀ ကျပ်၊ နတ်လောင်း - ရွှေကုန်း တံတား ပြုပြင်ရန် ၄၅၀,၀၀၀ ကျပ်နဲ့ ကင်မွန်းခြုံ ကျေးရွာအတွက် ၅၀၀,၀၀၀ ကျပ်တို့ကို အလှူရှင်များကိုယ်စား ဖြူးမြို့နယ် ပကဖ၊ ၇၈၀၃ အာဠာဝက စစ်ကြောင်း၊ ၃၅၀၃ ဒေါင်းဖြူစစ်ကြောင်းနဲ့ ဖြူးမြို့နယ် လူသားစာနာ တာဝန်ခံတို့မှ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။


အလှူငွေများကို စည်းလုံးခြင်းသည်အင်အား ဖာ့ပဒဲန်အခြေစိုက် ထောက်ပို့အဖွဲ့ ၁၀ သိန်း၊ ပြည်ပရောက် မြန်မာများ သိန်း ၂၀၊ စေတနာရှင်များ သိန်း၊ Revodol အဖွဲ့ သိန်း ၄၀ ( သိန်းကို ဖြူး ပကဖ မှ အသုံးပြုရန် ) ဒီပ ဦးဆောင်တဲ့ စည်းလုံးခြင်းသည် အင်အား မျိုးဆက်သစ် လူငယ်များ အဖွဲ့ သိန်း ၂၀ စသဖြင့် လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။


ကျန်ရှိနေသော အလှူငွများကိုလည်း ငလျင်ဒဏ် ခံစားရတဲ့ အခြားကျေးရွာများကို ဆက်လက်လှူဒါန်း ပေးသွားမယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩၃။ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို


ဧပြီ  

Radio NUG 


ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 


ဧပြီလ () ရက်နေ့ မနက်ပိုင်းမှာဘဲ သိမ်းပိုက်နိုင်ပြီလို့ သိရပြီး လက်ရှိ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။


ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အစပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၄။ မူတြော် ခရိုင်နဲ့ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် ဦး သေဆုံးကာ ဦး ဒဏ်ရာရ


ဧပြီလ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မူတြော် ခရိုင်နဲ့ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေး ဦး သေဆုံးကာ အရပ်သား ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ရက်နေ့ ညနေ နာရီ ၂၂ မိနစ် အချိန်မှာ မူတြောခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးတာအုပ်စု၊ နဲက ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး လုံး ကြဲချခဲ့ရာ လသားအရွယ် ကလေးတဦးနဲ့ ၁၂ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်ရွယ် ကလေးတဦး အပါအဝင် ဒေသခံ ပြည်သူ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ခလယ်လွီထူ ခရိုင်၊ ဆောထိမြို့နယ်မှာလည်း ဧပြီလ ရက်နေ့ ညနေ နာရီ ၅၂ မိနစ်ခန့်က စစ်ကောင်စီရဲ့ ခလရ - ၂၆၄ တပ်ရင်းကနေ ဟောင်ဝှစ်ဇာ လုံး ပစ်ခတ်ခဲ့ရာ ဝိုင်ပျဉ်ရေ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ညောင်သာယာ ဘုန်းတော်ကြီးကျောင်းလည်း ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ သိရပါတယ်။


အလားတူ ဧပြီလ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၄ မိနစ် အချိန်မှာလည်း စစ်ကောင်စီ ရဲ့ ခလမ - ၃၅၁ တပ်မှ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ စစ်ရှောင်များ ခေတ္တ တိမ်းရှောင်နေရာ ပဒကုန်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး တဦး ဒဏ်ရာရခဲ့ပါတယ်။


ဧပြီလ ရက်နေ့ ညနေ နာရီခွဲ ခန့်မှာလည်း စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်းကနေ ၁၂၀ မမ တလုံး ပစ်ခတ်ခဲ့ရာ ကျောက်ကြီးပေါက် ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် လုံး ပျက်စီးခဲ့ပါသေးတယ်။


========================


🚩🚩၅။ အကြမ်းဖက်စစ်အုပ်စုက ငလျင်ဘေးအကြောင်းပြ ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း နိုင်ငံတဝန်းရှိ တိုင်းနှင့် ပြည်နယ်တချို့၌ နေ့စဉ်နီးပါး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိ


ဧပြီလ ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စောင့်ကြည့်လေ့လာမှုများအရ အကြမ်းဖက်စစ်အုပ်စုက ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်ဟုဆိုကာ ဧပြီလ ရက်နေ့မှ ၂၂ ရက်နေ့အထိကို ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း နိုင်ငံတဝန်းရှိ တိုင်းနှင့်ပြည်နယ်တချို့၌ နေ့စဉ်နီးပါး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။


ဧပြီလ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပီကင်းကောခူကျေးရွာကို စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ပြီး ထိုနေ့တွင်ပင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ခရစ်ယာန်ဘုရားကျောင်းတကျောင်းအပါအဝင် လူနေအိမ်များ ပျက်စီးခဲ့ပြီး အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


ထို့ပြင် ဧပြီ ရက်နေ့က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့ကိုလည်းကောင်း၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကိုလည်းကောင်း၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကိုလည်းကောင်း စစ်အုပ်စုမှ လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်။


 ဧပြီလ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ကို စစ်အုပ်စုက  စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩၆။ မတ်လ စတုတ္ထပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦး အလင်းဝင်၊ ဖမ်းဆီးရမိ


ဧပြီလ ရက်၊ 

Radio NUG


၂၀၂၅ ခုနှစ် မတ်လ စတုထ္တပတ်အတွင်းမှာ အလင်းဝင်လာသူနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီ တပ်သားနဲ့ ပြည်သူ့စစ် ၁၄ ဦးထိ ရှိခဲ့တယ်လို့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်ကနေ ဖော်ပြထားပါတယ်။ 


ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းတွေအရ မတ်လ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ် တို့က စစ်သား ၁၁ ဦးနဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့စစ် ဦး အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်သား ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment