၂၀၂၅ ဧပြီလ ၂၄ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဧပြီလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေရဲ့ငွေကြေးကိုအမျိုးမျိုးကို ခိုးယူနေတယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်းပွဲနှင့် အမိမြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးမည့်ရံပုံငွေပွဲသို့ ဂျပန်နိုင်ငံNUGကိုယ်စားလှယ် တက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ဘေးအကြောင်းပြပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ အလွဲသုံးစားပြုလုပ်သူတွေကို တိုင်ကြားဖို့ UN ပြော 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ငလျင်ကြောင့်ပြိုကျခဲ့တဲ့Sky Villaအောက်က ရုပ်အလောင်းနှစ်လောင်း ယနေ့ထပ်မံတွေ့ရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မြန်မာစစ်တပ်အနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် အမေရိကန်ပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ထောက်ပို့တော်လှန်သင်္ကြန်နှင့် ငလျှင်ကယ်ဆယ်ရေး၊ရန်ပုံငွေစျေးရောင်းပွဲတော် အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပမည်


========================


၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨⁨ ရေစကြိုမြို့နယ် ဗလဘရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

🚩၂။ ညောင်ခြေထောက် .က.စနှင့် ခလရ ၇၃ တို့မှ လက်နက်ကြီးများ ပစ်ခတ်ရာ ထန်းတပင်မြို့နယ် သောင်ပုချောင်ကျေးရွာသို့ လုံး ကျရောက်ပြီး အရပ်သားတချို့ထိခိုက်သေဆုံး

🚩၃။ ပခုက္ကူမှာ စက်ချို့ယွင်းမှုကြောင့် မြေပြင်ကိုဆင်းလာတဲ့ Paramotor တစီးအား မီးရှို့ရှင်းလင်းခဲ့

🚩၄။ ဧပြီလ ပထမပတ် နှင့် ဒုတိယပတ်အတွင်း စစ်သုံ့ပန်း စုစုပေါင်း ၁၇၃ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေရဲ့ငွေကြေးကိုအမျိုးမျိုးကို ခိုးယူနေတယ်လို့ဆို


ဧပြီလ ၂၄ရက်


အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေရဲ့ငွေကြေးကို အမျိုးမျိုးခိုးယူနေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုပါတယ်။

"စကစ ငွေခိုးနည်းတွေက ဗဟိုဘဏ် ငွေလဲနှုန်းကို ပြင်ပပေါက်ဈေးထက်နှိမ်ပြီးခိုးတယ်။ငွေကြေးဖောင်းပွအောင် ဝါဇီကနေ ငွေစက္ကူရိုက်ထုတ်ပြီး ငွေကြေးတန်ဖိုး ကျဆင်းအောင် လုပ်ပြီးခိုးတယ်။အသုံးပြုသူ ပေးရတဲ့ ဝန်ဆောင်မှုကြေး လျှပ်စစ်မီတာကို arbitrary tariff တောင်းခြင်သလို တောင်းပြီးခိုးတယ်။ နိုင်ငံခြားအလုပ်သွားလုပ်သူများရဲ့ ဝင်ငွေကို သူတို့ခရိုနီဘဏ်တွေကနေလွှဲခိုင်းပြီးခိုးတယ်"လို့ ဆိုပါတယ်။

လက်ရှိမှာ ငလျင်ဘေးသင့်ပြည်သူများထံ နိုင်ငံတကာကလှူဒါန်းထားသောပစ္စည်းများ အပြည့်အစုံမရောက်ရှိဘဲ စစ်အုပ်စုကသိမ်းဆည်းထားတယ်လို့လည်း မှတ်တမ်းဓာတ်ပုံများပေါ်ထွက်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်းပွဲနှင့် အမိမြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးမည့်ရံပုံငွေပွဲသို့ ဂျပန်နိုင်ငံNUGကိုယ်စားလှယ် တက်ရောက်


ဧပြီလ ၂၄ရက်


မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်းပွဲနှင့် အမိမြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးမည့်ရံပုံငွေပွဲသို့ ဂျပန်နိုင်ငံNUGကိုယ်စားလှယ် စောဘလှသိန်း တက်ရောက်ခဲ့ပါတယ်။

မြန်မာ့ရိုးရာနှစ်သစ်ကူးဆုတောင်းပွဲနှင့် အမိမြန်မာနိုင်ငံအတွက်ကူညီပံ့ပိုးမည့်ရံပုံငွေပွဲကို ဧပြီလ၁၂ရက်မှ၁၃ရက်အထိ ဂျပန်နိုင်ငံမှာ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဂျပန်နိုင်ငံ NUG ကိုယ်စားလှယ်မှ နှစ်သစ်ဆုတောင်းနဲ့ မြန်မာနိုင်ငံတွင်လှုပ်ခဲ့သော ငလျင်ကြီးအတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး ငလျင်အတွက်ဘာသာပေါင်းစုံဖြင့် ဆုတောင်းပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ဘေးအကြောင်းပြပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ အလွဲသုံးစားပြုလုပ်သူတွေကို တိုင်ကြားဖို့ UN ပြော 


ဧပြီလ ၂၄ ရက်


ငလျင်ဘေးသင့်ပြည်သူတွေကို အခမဲ့ ကူညီပေးနေတာဖြစ်တဲ့အတွက် ငလျင်ဘေးကိုအကြောင်းပြပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ အလွဲသုံးစားပြုလုပ်သူတွေကို တိုင်ကြားဖို့ UN မြန်မာက ဒီနေ့ ဧပြီ ၂၄ မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ငလျင်ဘေးကြောင့် လူပေါင်းများစွာ ထိခိုက်ခံစားနေကြရပြီး အကူအညီတွေ လိုအပ်နေဆဲလို ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကပေးတဲ့ အကူအညီတွေဟာ အခမဲ့ပေးဝေတာဖြစ်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ အလွဲသုံးစားပြုလုပ်ခွင့်မရှိဘူးလို့ သတိပေးထားပါတယ်။

အကူအတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ အလွဲသုံးစားလုပ်တာမျိုးကျူးလွန်မယ်ဆိုရင် ကျူးလွန်သူကို သက်ဆိုင် ရာအဖွဲ့အစည်းတွေက အရေးယူမှာဖြစ်တယ်လို့ UN မြန်မာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။WHO အပါအဝင် ပူးပေါင်းဆောင်ရွက်နေကြတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေတဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေအားလုံး လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကကာကွယ်ခြင်း - PSEAH စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရ မယ်လို့လည်း အသိပေးထားပါတယ်။အကူအညီရယူနေကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့လည်း အကူအညီတွေကို ကိုယ်စိတ်လုံခြုံစွာရယူနိုင်ပြီး အကူအညီ ပေးနေသူတွေက ပိုက်ဆံပေးမည်၊ အလုပ်ပေးမည်၊ အကူအညီပေးမည်ဆိုကာ တံစိုးလက်ဆောင်၊ အခွင့်အရေးနဲ့ လိင်ကိစ္စ တောင်းဆိုခွင့်မရှိဘူးလို့ ဆိုပါတယ်။

အကူအညီရယူနေသူတွေအနေနဲ့ အကူအညီပေးနေသူတွေက ကိုယ်နှုတ်အမူအရာနဲ့ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြောဆိုတာ ထိတွေ့ကိုင်တွယ်တာမျိုး လုပ်နေတာမျိုးတွေ့ရင် ချက်ခြင်းတိုင်ကြားကြဖို့ UN မြန်မာက နှိုးဆော်ထားပါတယ်။ 

အခုလိုတိုင်ကြားတာကြောင့် လက်ရှိရနေတဲ့ အထောက်အပံ့တွေအတွက် လုံးဝထိခိုက်မှာမဟုတ်ဘဲ ဆက်လက်ရရှိနေမှာ ဖြစ်တယ်လိ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့ပေမယ့် လက်ရှိအချိန်မှာ ငလျင်ဘေးသင့်ပြည်သူတွေဟာ ရှိတဲ့ခွန်အားနဲ့ လူနေမှုဘဝတွေ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေကြ ပြီဖြစ်ပေမယ့် နိုင်ငံတကာအကူအညီတွေ အရေးပေါ်လိုအပ်နေဆဲလို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ငလျင်ကြောင့်ပြိုကျခဲ့တဲ့Sky Villaအောက်က ရုပ်အလောင်းနှစ်လောင်း ယနေ့ထပ်မံတွေ့ရှိ


ဧပြီလ ၂၄ ရက်


ငလျင်ကြောင့်ပြိုကျခဲ့တဲ့Sky Villaအောက်က ရုပ်အလောင်းနှစ်လောင်း ယနေ့ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်းရုပ်အလောင်းတရာကျော် တွေ့ရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော Sky Villa အဆောက်အဦ C အဆောင်နှင့် D အဆောင်တို့အား ဧပြီ၂၄ရက်နေ့တွင် ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိတယ်လို့သတင်းရရှိပါတယ်။ဧပြီ၂၄ရက် မနက်၁၀နါရီ မိနစ်၄၀အချိန်တွင် ကျား ()ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။


မတ်လ၂၈ရက် စစ်ကိုင်းမြို့ဗဟိုပြု၍လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် သေဆုံးသူ လူဦးရေသုံးထောင်ကျော်ရှိခဲ့ပါတယ်။  


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မြန်မာစစ်တပ်အနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် အမေရိကန်ပြောကြား


ဧပြီလ ၂၄ ရက်


မြန်မာစစ်တပ်အနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် (၃၇) ကြိမ်မြောက် ကန် အာဆီယံ ဆွေးနွေးပွဲမှာ အမေရိကန်ကပြောကြားခဲ့ပါတယ်။

အမေရိကန်၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean ONeillက ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်ခြေမှုန်းတွေ မြန်မာစစ်တပ်အနေဖြင့် ချက်ခြင်းရပ်ဖို့နဲ့ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ စာနာမှုအကူညီတွေ လိုအပ်သူတွေထံ ဟန့်တားမှုမရှိပဲ ပို့ခွင့်ပေးဖို့ ပြောကြားခဲ့ပါတယ်။၃၇ ကြိမ်မြောက် ကန် အာဆီယံ ဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ထောက်ပို့တော်လှန်သင်္ကြန်နှင့် ငလျှင်ကယ်ဆယ်ရေး၊ရန်ပုံငွေစျေးရောင်းပွဲတော် အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပမည်


ဧပြီလ ၂၄ ရက်


ထောက်ပို့တော်လှန်သင်္ကြန်နှင့် ငလျှင်ကယ်ဆယ်ရေး၊ရန်ပုံငွေစျေးရောင်းပွဲတော် အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပမယ်လို့သိရပါတယ်။ဧပြီ၂၆ရက်တွင် Broadway .St James church, Elmhurstမှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအစားအစာများ ရောင်းချသွားမယ်လို့ သိရပါတယ်။အဆိုပါပွဲတော်ကို NYCBCက ကြီးမှူးကျင်းပသွားမှာဖြစ်ပြီးတော့ နယူးယောက်နေမြန်မာအင်အားစုများ လာရောက်ဖို့လည်းဖိတ်ခေါ်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨⁨⁨⁨ ရေစကြိုမြို့နယ် ဗလဘရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

 

ဧပြီလ ၂၄ ရက်


မကွေးတိုင်း ရေစကြိုမြိုနယ်က ဗလဘရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းပြီး ၂ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တာ ကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ- Info Committee Yesagyo က ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ၂၅၆၊ ၂၅၇ နဲ့ ၂၅၈ တပ်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီတွေပါတဲ့ အင်အား ၁၅၀ ခန့်ဟာ ဧပြီလ ၂၀ ရက်‌နေ့မှာ ကြူရွာနဲ့ ဆင်ကြို့ရွာကို ရောက်ရှိလာပြီး အထိုင်ချတပ်စွဲကာ အပြစ်မဲ့ ဒေသခံပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာ ပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို ခိုးယူလုယက် ယူဆောင်တာနဲ့ အနီးဝန်းကျင်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲကြရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၁ ရက်နေ့မှာ ကြူရွာကနေ ဗလဗရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်း တွေကို စိတ်တိုင်းကျ ခိုးယူပြီး အိမ်တွေကို ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ ရတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကြောင့် ကြူရွာ၊ ဆင်ကြို့ရွာ၊ ရွာသစ်ရွာ၊ ညောင်ပင်ရွာ၊ ကျော်ထင်ကုန်းရွာ၊ မထီးရွာ၊ အင်းမရွာ၊ ငါးမြာလေးရွာ၊ လေးရာပြည့်ရွာ၊ ဆင်မရဲရွာနဲ့ ငါးဖယ်ရွာတို့က ဒေသနေပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေး နေရသလို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟင်္သာရွာ၊ အလယ်သောင်ရွာ၊ အလယ်ကျောရွာနဲ့ ဇီးပင်ကုန်းရွာက ဒေသနေပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၁ ရက် နေ့ခင်းပိုင်းမှာ ဇီးပင်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှု ကြိမ်၊ ညပိုင်းမှာတကြိမ် ပြုလုပ်ခဲ့ပြီး အလယ်သောင်ရွာကိုလည်း ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတကြိမ် ပြုလုပ်ခဲ့တဲ့အတွက်  ထိခိုက်ပျက်ဆီးမှုနဲ့ သေဆုံးဒဏ်ရာရမှုအခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ရေစကြိုသတင်းအချက်အလက် ကော်မတီက ပြောပါတယ်။

ထို့အတူ ဧပြီလ ၂၃ ရက်နေ့ နာရီခွဲဝန်းကျင်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ရေစကြို မြို့နယ် ဇီးပင်ကုန်းကျေးရွာအရှေ့ဘက်နဲ့ ဆင်မရဲကျေးရွာတောင်ပိုင်းကို ကြိမ် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆင်မရဲရွာက အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ရေစကြိုတောင်ဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ မွှေနှောက် ခိုးယူလုယက်ရမ်းကားနေတယ်လို့ လည်း ရေစကြိုသတင်းအချက်အလက်ကော်မတီ- Info Committee Yesagyo က အသိပေးထားပါတယ်။


========================


🚩🚩၂။ ညောင်ခြေထောက် .က.စနှင့် ခလရ ၇၃ တို့မှ လက်နက်ကြီးများ ပစ်ခတ်ရာ ထန်းတပင်မြို့နယ် သောင်ပုချောင်ကျေးရွာသို့ လုံး ကျရောက်ပြီး အရပ်သားတချို့ထိခိုက်သေဆုံး


ဧပြီလ ၂၄ ရက်


ညောင်ခြေထောက် .က.စနှင့် ခလရ ၇၃ တို့မှ လက်နက်ကြီးများ ပစ်ခတ်ရာ ထန်းတပင်မြို့နယ် သောင်ပုချောင်ကျေးရွာသို့ လုံး ကျရောက်ပြီးအရပ်သားတချို့ထိခိုက်သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။

ဧပြီ၂၄ရက် ညောင်ခြေထောက် .က.စနှင့် ခလရ ၇၃ တို့မှ လက်နက်ကြီးများ ပစ်ခတ်ရာ ထန်းတပင်မြို့နယ် သောင်ပုချောင်ကျေးရွာသို့ လုံး ကျရောက်ပြီး သောင်ပုချောင်ကျေးရွာမှ အသက် (70 နှစ်ကျော်) အမျိုးသမီးတစ်ဦး(သေဆုံး) အသက် (50 နှစ်ခန့်) အမျိုးသားတစ်ဦးငယ်ပါထိ (စိုးရိမ်ရ) အသက် (50 နှစ်ခန့်)အမျိုးသမီးတစ်ဦး နောက်ကျော ခါးအထက်မှ ဝမ်းဗိုက်အတွင်း အစဖောက်ဝင် (စိုးရိမ်ရ)  အသက် (8 နှစ်) ခလေးငယ်တစ်ဦး တင်ပါးနှင့် ပေါင် ထိ (စိုးရိမ်ရ) အသက် (40 နှစ်) အမျိုးသားတစ်ဦးမျက်နှာထိ (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်လို့ ပဲခူးတိုင်း၊တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကအတည်ပြုထားပါတယ်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူများရှိရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျှက်ရှိရာ ပြည်သူများစွာ ဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်။


========================


🚩🚩၃။ ပခုက္ကူမှာ စက်ချို့ယွင်းမှုကြောင့် မြေပြင်ကိုဆင်းလာတဲ့ Paramotor တစီးအား မီးရှို့ရှင်းလင်းခဲ့


ဧပြီလ ၂၄ ရက်


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စက်ချို့ယွင်းမှုကြောင့် မြေပြင်ကို ဆင်းလာရတဲ့ စစ်ကောင်စီရဲ့ စက်တပ်‌ လေထီး (Paramotor)တစီးအား ရှာဖွေမီးရှို့ ရှင်းလင်းခဲ့တယ်လို့ Burma Revolution Rangersက ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၃ ရက် ညနေ နာရီခွဲ အချိန်မှာ ပခုက္ကူ တပ်မ (၁၀၁)ကနေ တက်လာတဲ့ Paramotor ၃စီးထဲမှတစီးဟာ စက်ချို့ယွင်းမှုကြောင့် မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်မှာ သွားရောက်ရှာဖွေ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

၎င်း Paramotorအနီးကို ရောက်ရှိချိန်မှာ မောင်းသူက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စစ်ကောင်စီတပ်ကလည်း အင်အားအလုံးအရင်းဖြင့် တက်လာတာကြောင့် မီးရှို့ရှင်းလင်းခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ရှာဖွေရှင်းလင်းမှုကို Burma Revolution Rangers နဲ့ Pakokku People Defense Force (PPDF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ဧပြီလ ပထမပတ် နှင့် ဒုတိယပတ်အတွင်း စစ်သုံ့ပန်း စုစုပေါင်း ၁၇၃ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ထုတ်ပြန်


ဧပြီလ ၂၄ ရက်


ဧပြီလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၇၃ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဧပြီလ ပထမပတ် နှင့် ဒုတိယပတ်အတွင်း စစ်ကောင်စီဘက်မှ စစ်သားနှင့်ရဲ စုစုပေါင်း ၁၇၃ ဦး အလင်းဝင်လာခြင်းနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။အလင်းဝင်လာသူများ စုစုပေါင်း ၂၁ ဦးတွင် စစ်သား ၁၈ ဦးမှာ ပဲခူးတိုင်း ()ဦး၊ ကရင်ပြည်နယ် ()ဦး၊ ချင်းပြည်နယ် ()ဦး၊ မကွေးတိုင်း ()ဦး၊ စစ်ကိုင်းတိုင်း ()ဦး၊ တနင်္သာရီတိုင်း ()ဦး၊ ရှမ်းပြည်နယ် ()ဦးတို့ရှိခဲ့ပါတယ်။

စစ်သုံ့ပန်းဖမ်းဆီးခံရသူများ စစ်သား ၁၅၂ ဦးရှိပြီး စစ်ကိုင်းတိုင်း (၁၅၀)ဦး တနင်္သာရီတိုင်း ()ဦး၊ မွန်ပြည်နယ် ()ဦးတို့ပါဝင်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်၊သာကီနှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment