၂၀၂၅ ဧပြီလ ၂၆ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဧပြီလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး တည်မြဲအမိန့် NUG ထုတ်ပြန်

📌 ၂။ ဂျပန်နိုင်ငံ အိုဆာကာမြို့ ခွန်အားဖြည့်သင်္ကြန်ပွဲမှာ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းစကားဆို

📌 ၃။ WFPမှ ပေးဝေတဲ့ ဘီစကွတ်တွေကို ပြန်လည်ရောင်းချတာတွေ့ရင် အရေးယူမည်လို့ WFPမှ ထုတ်ပြန်


========================


၂၀၂၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ရေဖြူမြို့နယ် မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်များအား MSRFနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

🚩၂။ ညောင်လေးပင် မဒေါက် ရွှေကျင်ကားလမ်းမပေါ်ရှိ စစ်ကောင်စီရဲ့ တာပြတ်ဂိတ်စခန်းတွင် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၂ဦး သေဆုံး

🚩၃။ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်

🚩၄။ စစ်ကောင်စီနှင့် အထက်လူကြီး နှိပ်စက်တာကို မခံနိုင်တော့တဲ့ PNOပြည်သူ့စစ် တစ်ဦး လက်နက်နှင့်တကွ ထွက်ပြေးလာပြီး အလင်းဝင်

🚩၅။ မုံရွာခရိုင် အမှတ်(၂၁)တပ်ရင်းမှရဲဘော်များအား စစ်ဝတ်တန်ဆာများ ဆင်မြန်းပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး တည်မြဲအမိန့် NUG ထုတ်ပြန်


ဧပြီလ ၂၅ရက် 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုအား သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ ရက်စွဲဖြင့် အမိန့်အမှတ် (၆၂/၂၀၂၅)ကို အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။


အဆိုပါ အမိန့်တွင် စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများတွင် ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများနှင့်ပတ်သတ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် အမှုများ စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး အတွက် စစ်ဥပဒေရုံးက စစ်ဆေးကြည့်ရှု့ဆောင်ရွက်ရန် ဖော်ပြထားပါတယ်။


စစ်ဆေးကြည့်ရှု့ရာတွင် အကျဥ်းသား/ အချုပ်သားဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင် စားသောက်မှု စသည့် အကျဥ်းသား/ အချုပ်သား အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊  အမှုများ စုံစမ်းစစ်ဆေးရာတွင် ကြန့်ကြာမှု ရှိ/မရှိ၊ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားခြင်း ရှိ/မရှိ တို့ကို စိစစ်ဆောင်ရွက်ရန် စသည့် ညွှန်ကြားချက်များပါဝင်တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ဂျပန်နိုင်ငံ အိုဆာကာမြို့ ခွန်အားဖြည့်သင်္ကြန်ပွဲမှာ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းစကားဆို


ဧပြီလ ၂၅ရက်

Radio NUG

ဧပြီ ၂၅ရက် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပသော ခွန်အားဖြည့်သင်္ကြန်ပွဲမှ ဖိတ်ကြားချက်အရ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်း တက်ရောက်ကာ နှစ်သစ်ဆုတောင်းနှင့်မြန်မာနိုင်ငံတွင် လှုပ်ခဲ့သော ငလျင်ကြီးအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။


မြန်မာ့အရေးကို လုပ်ဆောင်သော ဂျပန်လွှတ်တော်သမဂ္ဂများအဖွဲ့၏ ဥက္ကဋ္ဌဟောင်း ဆရာ Mr.NAKAGAWA SAN အထွေထွေအတွင်းရေးမှုး ဆရာ Mr.ISHIBASHI  SAN(အိရှိဘရှိ စံ) နှင့် အိုဆာကာမှလွှတ်တော်အမတ်အမတ်Mr.Mori Yama(မိုရိ ယာမ) တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ WFPမှ ပေးဝေတဲ့ ဘီစကွတ်တွေကို ပြန်လည်ရောင်းချတာတွေ့ရင် အရေးယူမည်လို့ WFPမှ ထုတ်ပြန်


ဧပြီလ ၂၅ရက် 

Radio NUG


လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပြန်လည်ရောင်းချဖို့ မသင့်ကြောင်း၊ WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူ‌ဆောင်ရွက်သွားမှာဖြစ်ကြောင်း WFPမှ ဧပြီလ ၂၄ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။


နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ WFP က သိရှိထားပြီး ဖြစ်သော်လည်း အဲ့ဒီလိုရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။


WFP ဘီစကွတ်တွေဟာ ရိုးရိုးဘီစကွတ် မဟုတ်ဘဲ ငလျင်ဘေးလို အရေးပေါ်အခြေအနေမျိုးမှာ ချက်ချင်းစားသုံးနိုင်ဖို့ ထုတ်လုပ်ထားတဲ့ အထူးအာဟာရဖြည့်အစားအစာတစ်မျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။


ဘီစကွတ်တွေမှာ စွမ်းအင်၊ ပရိုတင်း၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1 B2 B6 B12 နဲ့ အခြားဓာတ်တွေများစွာ ပါဝင်ပြီး အသက် အောက် ကလေးငယ်တွေကို ကျွေးလို့မရဘဲ လအထက် ကလေးတွေအနေနဲ့ မိခင်နို့ဝအောင် တိုက်ကျွေးပြီးမှသာ ဘီစကွတ်ကို ကျွေးနိုင်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ရေဖြူမြို့နယ် မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်များအား MSRFနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်


ဧပြီလ ၂၅ရက် 

Radio NUG 


တနင်္သာတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်တိုက်နယ် မင်းသားကျေးရွာတွင် အခြေစိုက်နေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအား မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ဧပြီလ၂၀ ရက်နေ့ နံနက် ၇နာရီ ၃၆မိနစ်မှ ၈နာရီ ၃၀မိနစ်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ဦး သေဆုံးကာ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ရဲဘော် () ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း စစ်ကြောင်း () (KBDF) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း - မွန်ပြည်သစ်ပါတီစစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)  ထားဝယ်တပ်တော် DNLA KNU တပ်မဟာ () KNLA တပ်ရင်း (၂၇) တို့‌ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၂။ ညောင်လေးပင် မဒေါက် ရွှေကျင်ကားလမ်းမပေါ်ရှိ စစ်ကောင်စီရဲ့ တာပြတ်ဂိတ်စခန်းတွင် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၂ဦး သေဆုံး


ဧပြီလ ၂၅ရက် 

Radio NUG 


ဧပြီလ ၂၄ရက် မနက် ၁၁:၄၀တွင် ညောင်လေးပင်မြို့နယ်၊ မဒေါက် ရွှေကျင်ကားလမ်းမပေါ်တွင် အထိုင်ချတပ်စွဲနေတဲ့ တာပြတ်ဂိတ်စခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Fire Dragon မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါထိတွေ့တိုက်ပွဲတွင် KNLA တပ်ရင်း ၇နှင့်  ၃၇၀၃ တပ်ရင်း မီးနဂါးရဲဘော်များက ရွပ်ရွပ်ချွံချွံ ရဲရဲဝံ့ဝံ့တိုက်ခိုက်ဆင်နွှဲခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် အပြင်းအထန်ပြန်လည်ပစ်ခတ်ကြသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်


ဧပြီလ ၂၅ရက် 

Radio NUG 


နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်သည် ဧပြီလ (၂၄)ရက် ညနေ (၆း၂၄)မှ (၆း၅ဝ)နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျောက်ကြမ်းကျေးရွာအနီးတွင် Y-12ဖြင့် ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အလားတူ ညနေ (၇း၂၉)နာရီအချိန်လည်း အုမ္မတီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် အဆိပ်ငွေ့ဗုံး ()လုံး လာရောက်ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ စစ်ကောင်စီနှင့် အထက်လူကြီး နှိပ်စက်တာကို မခံနိုင်တော့တဲ့ PNOပြည်သူ့စစ် တစ်ဦး လက်နက်နှင့်တကွ ထွက်ပြေးလာပြီး အလင်းဝင်


ဧပြီလ ၂၅ရက် 

Radio NUG 


စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက စစ်ကောင်စီတပ်နှင့် အထက်လူကြီး နှိပ်စက်သည်ကို မခံနိုင်သဖြင့် PNLAဆီ ဧပြီလ ၁၆ရက်နေ့တွင် လက်နက်နှင့်တကွ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထွက်ပြေးလွတ်မြောက်လာသူသည် အနှိပ်စက်ခံထားရခြင်းကြောင့် ဒဏ်ရာများလည်း ရရှိထားသဖြင့် PNLO/PNLAမှ ဆေးကုသပေးခဲ့သည့်အပြင် ဆုငွေများလည်း ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထွက်ပြေးလာသူ၏ ထွက်ဆိုချက်အရ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏ စည်းစိမ်ပစ္စည်းများကို ခိုးယူခြင်း၊ ဓားပြတိုက်ခြင်း၊ အောက်လက်ငယ်သားများအား ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ မုံရွာခရိုင် အမှတ်(၂၁)တပ်ရင်းမှရဲဘော်များအား စစ်ဝတ်တန်ဆာများ ဆင်မြန်းပေး


ဧပြီလ ၂၅ရက်

Radio NUG

မုံရွာခရိုင် အမှတ်(၂၁)တပ်ရင်းမှရဲဘော်များအား စစ်ဝတ်တန်ဆာများ ဆင်မြန်းပေးခဲ့ပါတယ်။


"အခုလိုရဲဘော်များအား စစ်ဝတ်တန်ဆာများ ဆင်မြန်းပေးနိုင်ပါရန် ထောက်ပံ့လှူဒါန်းပေးကြပါသော တော်လှန်ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီအား မုံရွာခရိုင် အမှတ်(၂၁)တပ်ရင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိတယ်"လို့ဖော်ပြပါတယ်။

ကျန်ရှိရဲဘော်များအတွက်လည်း ဆက်လက်ဆင်မြန်းပေးနိုင်ရန်  ထောက်ပံ့လှူဒါန်းပေးကြဖို့ မုံရွာခရိုင်အမှတ်၂၁တပ်ရင်းက ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment