၂၀၂၅ မေလ ၄ ရက်နေ့ မနက်ခင်း သတင်းလွှာ


၂၀၂၅ မေလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တော်လှန်ရေးအင်အားစုများအားလုံးနှင့် ပူးပေါင်း လက်တွဲ၍ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမို တိုးပွားစေရေး ဆက်လက် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း NUG ထုတ်ပြန်

📌 ၂။ အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့တောင်အာရှနှင့် အာဆီယံရေးရာ Deputy Assistance Secretary ဖြစ်သူ Mr. Andrew R. Herrup နှင့် CRPH ဥက္ကဋ္ဌ တွေ့ဆုံခဲ့

📌 ၃။ နေပြည်တော် ငလျင်ဒဏ်နှင့် စစ်ရေးဖိအားကြောင့် အုပ်ချုပ်ရေးယန္တရား ပြိုလဲရနိုင်ပြီး နေပြည်တော်ဟာ ပျက်သုဉ်းခြင်းနှုတ်ခမ်းဝသို့ ရောက်ရှိနေ

📌 ၄။ ရခိုင်ပြည်အတွက် ကျန်းမာရေးဝန်ထမ်းသင်တန်းသားများ AA ခေါ်ယူ

📌 ၅။ ကျေးငှက်များ အသိုက်အတွင်း ဥများ ဥချပြီး သားပေါက်ချိန် မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်ခြင်းကို ရှောင်ကြဉ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်


========================


၂၀၂၅ ခုနှစ် မေလ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများကို စစ်တပ်နဲ့ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ ပျူခေါင်းဆောင် ထွက်ဆို

🚩၂။ ဗန်းမော်တိုက်ပွဲတွင် ပါဝင်နေတဲ့ AA တပ်ဖွဲ့ဝင်များအား ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ဗီဒီယိုကောလ်ဖြင့် အားပေးစကားပြောကြား

🚩၃။ မြင်းမူမြို့က ရွှေဆိုင် ဓါးပြတိုက်ခဲ့တဲ့ အဖွဲ့ကို နယ်မြေခံ ပကဖများ ပူးပေါင်းဖမ်းဆီး

🚩၄။ ပင်လောင်းမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

🚩၅။ ကော့ကရိတ်နဲ့ ကျုံဒိုးအနီးက တိုက်ပွဲအတွင်း MLA ရဲဘော် ဦး ကျဆုံးခဲ့

🚩၆။ မတ္တရာမြို့နယ်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ တော်လှန်ရေးအင်အားစုများအားလုံးနှင့် ပူးပေါင်း လက်တွဲ၍ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမို တိုးပွားစေရေး ဆက်လက် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း NUG ထုတ်ပြန်


မေလ ၃ရက် 

Radio NUG 


ထုတ်ပြန်ကြေညာထားပြီးဖြစ်သည့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထား ရပ်တည်ချက်များအတိုင်း ဆက်လက်ရပ်တည်လျက် တော်လှန်ရေးအင်အားစုများအားလုံးနှင့် ပူးပေါင်း လက်တွဲ၍ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမို တိုးပွားစေရေး ဆက်လက် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း မေလ ၃ရက်နေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ကြေညာပါတယ်။


မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန် ကြိုးစားမှုဖြစ်စဉ် အဆုံးသတ်ပြီး ပြည်သူလူထုတရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရေးအတွက် ကြိုးစားနေကြသည့် ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးတွင် လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်သည်လည်း အထူးပင် အရေးကြီးသည့် အခန်းကဏ္ဍတရပ်အဖြစ် ပါဝင်နေကြောင်း၊ မှန်ကန်သော သတင်းအချက်အလက်များကို ဖုံးကွယ်လိမ်ညာလိုသည့် အကြမ်းဖက်စစ်တပ်သည် သတင်း မီဒီယာများကို ကန့်သတ် ပိတ်ပင်ခြင်း၊ သတင်းသမားများကို မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။


သတင်းအချက်အလက်များအရ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ သတင်းသမား () ဦး သတ်ဖြတ်ခံခဲ့ရကာ နောက်ထပ် အယောက် (၂၀၀) ထက်မနည်း မတရား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြရပြီး အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသူများထဲမှ (၄၀) ဦးသည် ယခုအချိန်အထိ မတရား ဖမ်းဆီး ထိန်းသိမ်းခံနေကြရဆဲဖြစ်သည့်အပြင် ပြည်တွင်း၌ သတင်းရယူလျက်ရှိကြသော သတင်းမီဒီယာသမားများ အားလုံးသည်လည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသလို ပြည်ပသို့ ပြောင်းရွှေ့ရန် တွန်းအား ပေးခံနေကြရသည့် အခြေအနေဖြင့်လည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။


သတင်းမီဒီယာများနှင့် သတင်းသမားများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ဟန့်တားခြင်း စသည့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးမှု မှန်သမျှကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၂။ အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့တောင်အာရှနှင့် အာဆီယံရေးရာ Deputy Assistance Secretary ဖြစ်သူ Mr. Andrew R. Herrup နှင့် CRPH ဥက္ကဋ္ဌ တွေ့ဆုံခဲ့


မေလ ၃ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် အမေရိကန် နိုင်ငံခြားရေးဌာနတွင် အရှေ့တောင်အာရှနှင့် အာဆီယံရေးရာ Deputy Assistance Secretary ဖြစ်သူ Mr. Andrew R. Herrup နှင့် တွေ့ဆုံခဲ့ကြောင်း CRPHမှ သတင်းထုတ်ပြန်ထားပါတယ်။


တွေ့ဆုံမှုတွင် CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


တွေ့ဆုံမှုအတွင်း Deputy Assistance Secretary က မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့ရသည့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ပြောကြားပြီး ယင်းထိခိုက်ခဲ့ရသည့် ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ကတိပြုခဲ့ပါသည်။ ထို့ပြင် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် မြန်မာပြည်သူတို့၏ ကြံ့ခိုင်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများအတွက် လေးစားကြောင်း ပြောကြားခဲ့ပါတယ်။


CRPH ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လတ်တလော နိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေးအင်အားစုများ၏ နယ်မြေထိန်းချုပ်မှု ကိန်းဂဏန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားအမြင်များကိုလည်း ပြောကြားခဲ့သည့်အပြင် အမေရိကန်ပြည်ထောင်စုအား လေယာဉ်ဆီဒဏ်ခတ်ပိတ်ဆို့မှုအပါအဝင် စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်သွားနိုင်ရန် ဆက်လက် ပံ့ပိုးကူညီပေးရန်လည်း တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုသို့ တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အပြုသဘောဆောင်သော အမြင်များကို ဖလှယ်နိုင်ခဲ့သည့် တွေ့ဆုံမှုတစ်ရပ်ဖြစ်ပြီး မြန်မာပြည်သူများနှင့် နိုင်ငံတကာက ဆက်လက်ရပ်တည်ပေးနိုင်ရေးအတွက် နည်းလမ်းများကို ဆွေးနွေးဖလှယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ နေပြည်တော် ငလျင်ဒဏ်နှင့် စစ်ရေးဖိအားကြောင့် အုပ်ချုပ်ရေးယန္တရား ပြိုလဲရနိုင်ပြီး နေပြည်တော်ဟာ ပျက်သုဉ်းခြင်းနှုတ်ခမ်းဝသို့ ရောက်ရှိနေ


မေလ ၃ရက် 

Radio NUG 


စစ်ကောင်စီသည် စစ်ရေး၊ အုပ်ချုပ်ရေး အကြပ်အတည်းများကြောင့် နေပြည်တော်ဟာ ပျက်သုဉ်းခြင်းနှုတ်ခမ်းဝသို့ ရောက်ရှိနေပြီး တိုင်းရင်းသားနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၎င်းတို့၏ စစ်ဆင်ရေးများကို အရှိန်မြှင့်ရန် အချိန်ကျရောက်နေပြီဟု PDF Insightက သုံးသပ်ထားပါတယ်။


စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် စစ်ရေးအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး အုပ်ချုပ်မှု ယိုယွင်းလျှက်ရှိသလို PDF နှင့် တော်လှန်ရေးအဖွဲ့များက နေပြည်တော်ပတ်ဝန်းကျင်တွင် စစ်ရေးဖိအားများ တိုးမြှင့်လာပြီး ၂၀၂၄ ဧပြီတွင် စစ်ရုံးချုပ်နှင့် လေတပ်စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့ပါတယ်။


တစ်နိုင်ငံလုံးအတိုင်းအတာတွင် စစ်ကောင်စီသည် ကချင်၊ ချင်း၊ ရှမ်းမြောက်နှင့် စစ်ကိုင်းဒေသများတွင် နယ်မြေအများစု လက်လွှတ်ထားရပြီး မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ငလျင်ဒဏ်ကြောင့် စစ်ကောင်စီ၏ လေကြောင်းနှင့် ထောက်ပို့စွမ်းရည် ထိခိုက်နှောင့်နှေးကာ အုပ်ချုပ်ရေးယန္တရား ပိုမိုအားနည်းလာတယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၄။ ရခိုင်ပြည်အတွက် ကျန်းမာရေးဝန်ထမ်းသင်တန်းသားများ AA ခေါ်ယူ


မေလ ၃ရက် 

Radio NUG 


အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) သည် ရခိုင်ပြည်အတွင်း ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက်ဖြည့်ဆည်းရန် ကျန်းမာရေးဝန်ထမ်းကြီးကြပ်() သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူနေကြောင်း ရခိုင်သတင်းဌာနများ ဖော်ပြချက်အရ သိရပါတယ်။


ဧပြီ ၂၅ ရက်စွဲဖြင့် ဗီတာ() စစ်ဒေသတွင် စာထုတ်ပြန်ခဲ့ပြီး လျှောက်လွှာများကို မေလ ၁၅ ရက်နောက်ဆုံးထား လက်ခံမည်ဖြစ်တယ်လို့ သိရပါတယ်။


လျှောက်ထားနိုင်သူများသည် အထက်တန်းပညာပြီးဆုံးထားသူများ၊ ဆယ်ကျော်သက်မှ အသက် ၃၀ အောက် လူငယ်များဖြစ်ရမှာ ဖြစ်ပြီး  လျှောက်လွှာတွင် နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ ပုံ၊ ပညာအရည်အချင်းထောက်ခံစာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ စာရိတ္တထောက်ခံစာ ပူးတွဲတင်ပြရမှာ ဖြစ်ကာ လျှောက်လွှာများကို မြို့နယ်အလိုက် ပြည်သူ့ကျန်းမာရေးဌာနများတဆင့် ကျန်းမာရေးဝန်ထမ်းဌာနသို့ တင်သွင်းရမယ်လို့ သိရပါတယ်။


သင်တန်းကာလမှာ လဖြစ်ပြီး အနည်းဆုံး နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကာ ဤအစီအစဉ်သည် ရခိုင်ပြည်၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ကျေးငှက်များ အသိုက်အတွင်း ဥများ ဥချပြီး သားပေါက်ချိန် မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်ခြင်းကို ရှောင်ကြဉ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်


မေလ ၃ရက် 

Radio NUG 


မေလနှင့် ဇွန်လသည် ကျေးငှက်များအသိုက်အတွင်း ဥများဥချပြီး သားပေါက်ချိန်ဖြစ်သောကြောင့် ဤအဖိုးတန်သဘာဝတောရိုင်းတိရိစ္ဆာန်များကို ကာကွယ်ရန်အတွက် မင်းတပ်မြို့နယ်အတွင်း လေသေနတ်များ၊ တူမီးသေနတ်များ၊ ပွိုင့်တူးတူး(.၂၂)သေနတ်များ၊ လောက်လေးဂွများဖြင့် ငှက်ပစ်အမဲလိုက်ခြင်းကို ၂၀၂၅ ခုနှစ်၊ မေလ ()ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ ()လတိတိတားမြစ်ပိတ်ပင်လိုက်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


မင်းတပ်မြို့နယ်ဒေသအတွင်းရှိ ကျေးငှက်များသည် ရှားပါးငှက်မျိုးစိတ်တွင် ပါဝင်ကြပြီး အဖိုးတန်သဘာဝအမွေအနှစ်များ ဖြစ်သောကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမည် ဖြစ်သည့်အပြင် အနာဂတ်ကာလတွင်လည်း ဒေသခံပြည်သူများအတွက် ခရီးသွားလာရေးကဏ္ဍမှတစ်ဆင့် ဝင်ငွေရရှိစေမည်ဖြစ်သောကြောင့် တားမြစ်ချက်ကို အလေးအနက်ထား လိုက်နာကြပါရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများကို စစ်တပ်နဲ့ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ ပျူခေါင်းဆောင် ထွက်ဆို


မေလ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တယ်လို့ ဖမ်းဆီးခံထားရတဲ့ ညောင်လေးပင် ပျူခေါင်းဆောင် လှိုင်မင်းက ထွက်ဆိုထားပါတယ်။


ပျူ ခေါင်းဆောင်ရဲ့ ထွက်ဆိုချက် ဗီဒီယိုကို တောင်ပိုင်း စစ်ဒေသ၊ အမှတ် (၂၇) စစ်ဗျူဟာ၊ အမှတ် () စစ်ဒေသခွဲက မေလ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။


၂၀၂၃ ခုနှစ် မှ ၂၀၂၅ ဖေဖော်ဝါရီ လအတွင်း ခမရ (၂၀) ခလရ (၅၁) ခမရ (၅၈၄) တပ်ရင်းအပြင် ခမရ (၃၄၉) ခလရ (၃၅၀) ခလရ (၄၄၀) ခမရ () တပ်ရင်းတို့ကလည်း ညောင်လေးပင် မြို့နယ်အတွင်းက ဒေသခံများကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။


ထို့အပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ခမရ (၂၀) တပ်ရင်းမှ ဗိုလ်မှူး နေလင်း၊ ဗိုလ်ကြီး ကျော်စွာလင်း၊ ဗိုလ်ကြီး ဇော်မျိုးထွဋ် အပြင် ခလရ (၅၉) တပ်ရင်းမှ ဗိုလ်ကြီး ချစ်ကိုဝင်းတို့က အဓိက ကျူးလွန်ခဲ့ကာ ခလရ (၅၁) တပ်ရင်းက ဗိုလ်ကြီး တစ်ဦးနဲ့ ခမရ (၅၈၄) တပ်ရင်းက ဒု-တပ်ရင်းမှူး တစ်ဦးတို့ကလည်း ပြည်သူများကို သတ်ဖြတ်ရန်နဲ့ အလောင်းဖျောက်ဖျက်ရန် ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။


ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာမှာ တစ်ကြိမ်လျှင် ပြည်သူ ဦးမှ ဦးအထိ ပါဝင်ပြီး သေနတ်ဖြင့် ပစ်သတ်ခြင်း၊ မီးရှို့ သတ်ဖြတ်ခြင်း၊ လည်လှီး သတ်ဖြတ်ခြင်းများပါ ကျူးလွန်ခဲ့တယ်လို့ ၎င်းက ထွက်ဆိုထားပါတယ်။


ထို့အပြင် ညောင်လေးပင် မြို့နယ်အတွင်း ၎င်းတို့ ရောက်ရှိခဲ့တဲ့ နေရာတိုင်းမှာ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့ကာ၊ အမျိုးသမီးများကို ငွေပေးပျော်ပါးခဲ့ကြပြီး စစ်မှုထမ်းအတွက် ပေါ်တာ ကြိမ် ဆွဲပေးခဲ့ပြီး အမျိုးသား ၃၈ ဦးထိ ရရှိခဲ့တယ်လို့ သိရပါတယ်။


"ပြည်သူတွေအပေါ် ကျွန်တော် အပြစ်တွေ အများကြီး ကျူးလွန်ခဲ့ပါတယ်။ အဲဒီအတွက်ကို ကျွန်တော် အခု အချိန်မှာ နောင်တ ရမိပါတယ်။ နောင်တရမိတဲ့အတွက်လည်း ပြည်သူတွေက ပေးတဲ့ ပြစ်ဒဏ်ကို ရဲရဲဝံ့ဝံ့ ခံယူပါမယ်" လို့ ပျူခေါင်းဆောင် လှိုင်မင်းက ဝန်ခံပြောဆို ခဲ့ပါတယ်။


ပျူခေါင်းဆောင် လှိုင်မင်းနဲ့ ပျူအဖွဲ့ဝင်များ ဖြစ်ကြတဲ့ မဲကြီး၊ မင်းမော်ဦး၊ ကျော်ကျော်ဦး၊ သိန်းဌေးနဲ့ လှိုင်မင်းရဲ့ ဇနီးဖြစ်သူ မယမင်း တို့ကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ၊ ကျိုက်ထီးရိုး တောင်ခြေရှိ ကဒက်ချောင်းရေတံခွန်မှာ ရေကစားနေစဉ် PDF တပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ဗန်းမော်တိုက်ပွဲတွင် ပါဝင်နေတဲ့ AA တပ်ဖွဲ့ဝင်များအား ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ဗီဒီယိုကောလ်ဖြင့် အားပေးစကားပြောကြား


မေလ ၃ရက် 

Radio NUG 


လာမည့်ရက်ပိုင်းအတွင်း အောင်ပန်းဆင်တော့မည့် ဗန်းမော်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များအား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗီဒီယိုကောလ်မှတစ်ဆင့် ရဲဝံ့စွာ အားပေးစကားများ ပြောကြားခဲ့ကြောင်း Kachin Official Page မှာ ဖော်ပြထားပါတယ်။


ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏တပ်ဖွဲ့ဝင်များအား ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရန်နှင့် ရန်သူအား မညှာမတာဖြင့် ရင်ဆိုင်ရန် တိုက်တွန်းခဲ့ပါတယ်။


ဗန်းမော်မြို့ကြီးကို သိမ်းပိုက်ပြီး ကချင်ပြည်သူများအတွက် လက်ဆောင်အဖြစ် ပေးအပ်ရန် စစ်သည်တော်များ အစွမ်းကုန် ကြိုးစားကြပါဟု ၎င်းက ပြောကြားခဲ့ပါတယ်။


ထို့ပြင် ကချင်ပြည်သူများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် ရခိုင်နှင့် AAအတွက် ထာဝရအကောင်းဆုံး မဟာမိတ်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။


 ကချင်ပြည်သူများထံ ကျေးဇူးဆပ်ရန် ယခုအချိန်သည် အကောင်းဆုံးအခွင့်အရေးဖြစ်သည်လို့ ဆိုထားပါတယ်။


========================


🚩🚩၃။ မြင်းမူမြို့က ရွှေဆိုင် ဓါးပြတိုက်ခဲ့တဲ့ အဖွဲ့ကို နယ်မြေခံ ပကဖများ ပူးပေါင်းဖမ်းဆီး


မေလ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း မြင်းမူမြို့က ရွှေဆိုင်ကို ဓားပြတိုက်ပြီး ပြန်လာတဲ့ ဓားပြအဖွဲ့ကို နယ်မြေခံ .က.ဖတွေက ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗျူဟာ အမှတ် (၆၄) စစ်ဒေသ () က ထုတ်ပြန်ထားပါတယ်။


မေလ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ရွှေဆိုင်ကို ဓါးပြတိုက်ပြီး  ဧရာဝတီ မြစ်ကြောင်းအတိုင်း ပြန်လာတဲ့ ဓားပြအဖွဲ့ကို ပြည်သူတစ်ဦး သတင်းပေးမှုကြောင့် မြင်းမူမြို့ နယ်မြေ () ပကဖ နဲ့ ငါန်းဇွန်မြို့ ပကဖတို့က ပူးပေါင်းဖမ်းဆီး နိုင်ခဲ့တယ်လို့ သိရပါတယ်။


၎င်း ဓားပြအဖွဲ့ နှင့်အတူ တိုက်ရာပါ ရွှေထည်ပစ္စည်းများ (ကာလတန်ကြေး ကျပ်ငွေ သိန်း ၂၆,၀၀၀ ခန့်) ကို သိမ်းဆည်းရမိခဲ့ရာ ရွှေဆိုင်ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့ပြီး တရားခံများကို မြင်းမူမြို့နယ် ပလဖ အဖွဲ့ထံကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။


ဖမ်းဆီးရမိခဲ့တဲ့ တရားခံများမှာ ယုန်လေး () ပြည့်ဖြိုး (၁၉ နှစ်) လင်းယုန် () အောင်စိုးမိုး (၂၀ နှစ်) ဂန္တာရ () သဲမောင် (၂၀ နှစ်) နဲ့ မိုးကြိုး () အောင်စိုးမိုး (၂၉ နှစ်) တို့ ဖြစ်ကြတယ်လို့  ဗျူဟာ (၆၄) က အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။ ပင်လောင်းမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်


မေလ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘီလူးချောင်း အရှေ့ဘက်ခြမ်း ကျေးရွာတွေကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။


မေလ ရက်နေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်မှ မွန်းလွဲ နာရီခွဲ ဝန်းကျင်ခန့်အထိ နမ့်တုတ် ကျေးရွာကို လက်နက်ကြီး လုံး၊ ကုန်းသာ () မဆုန့်ခွမ် ကျေးရွာကို လက်နက်ကြီး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း နမ့်တုတ်ကျေးရွာ ခန်းမဆောင်နဲ့ ကုန်းသာရွာက ပြည်သူပိုင် နေအိမ် လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပြီးခဲ့တဲ့ ဧပြီလ ရက်နဲ့ ရက်ကလည်း ညောင်ရွှေမြို့နယ်၊ ဘုရားတောင် ကျေးရွာအတွင်းကို စစ်ကောင်စီနဲ့ လက်အောက်ခံ PNA/PNO ပြည်သူ့စစ်အဖွဲ့က ဒရုန်းများဖြင့် ဆက်တိုက်လာရောက် ဗုံးချတိုက်ခိုက်ခဲ့ရာ နေအိမ် လုံး ထိမှန်ပျက်စီးခဲ့ရပါသေးတယ်။


========================


🚩🚩၅။ ကော့ကရိတ်နဲ့ ကျုံဒိုးအနီးက တိုက်ပွဲအတွင်း MLA ရဲဘော် ဦး ကျဆုံးခဲ့


မေလ ရက်၊ 

Radio NUG


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့ အနီးက တိုက်ပွဲတွေမှာ ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည် လွတ်မြောက်ရေး တပ်တော် (MLA) ထံက သိရပါတယ်။


ဧပြီလ ၂၅ ရက်မှာ အသက် ၂၈ နှစ်အရွယ် ရဲဘော် အောင်မျိုးဦး၊ ၂၁ နှစ်အရွယ် ရဲဘော် မျိုးဝင်းအောင်နဲ့ ၂၇ နှစ်အရွယ် ရဲဘော် ငြိမ်းသန့်တို့ သုံးဦးဟာ စစ်ကောင်စီနဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။


အလားတူ ဧပြီလ ၁၆ ရက်မှာ တပ်ခွဲမှူး ထွန်းထွန်းဝင်းနဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ရဲဘော် သူရအောင်တို့ ဦး ထပ်မံ ကျဆုံးခဲ့ရပြီး ဒဏ်ရာရခဲ့သူ တချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။


ကျဆုံးရဲဘော်တွေရဲ့ ဈာပန အခမ်းအနားကို ရှေ့တန်း စစ်မြေပြင် တနေရာမှာ ဘာသာရေး ထုံးတမ်း စဉ်လာများအရ သက်ပျောက်ဆွမ်း ကပ်လှူခြင်း၊ ရေစက်ချအမျှဝေခြင်း၊ အမိန့်ပြန်တမ်း ထုတ်ပြန်ခြင်း၊ သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က စတင်ကာ KNLA ပူးပေါင်း တပ်တွေက ကျုံဒိုး၊ ကော့ဝါလဲ၊ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်၊ ရင်ကွဲတောင်ရှိ စစ်ကောင်စီ နဲ့ DKBA တပ် စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ ဒီနေ့အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ မတ္တရာမြို့နယ်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦး သေဆုံး


မေလ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက်ခြမ်း၊ ရွာတန်းရှည်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦး သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရပါတယ်။


မေလ ရက်နေ့ ညနေ နာရီ ၁၉ မိနစ်အချိန်မှာ ရွာတန်းရှည် စာသင်ကျောင်းအတွင်းကို တံတားဦးလေတပ်မှ တက်လာတဲ့ K8 W ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


လေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နွား ကောင် သေဆုံးခဲ့ပြီး စာသင်ကျောင်းဆောင်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution




 

Share:

Related Posts:

No comments:

Post a Comment