04 May 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€™ေα€œ ( ၄ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့α€”α€š်ထတွင်း ထမဲα€œိုα€€်တာ၊ ငှα€€်ပစ်တာ ၂ α€œα€ိတိ တားα€™ြα€…်

 

α€€ျေးငှα€€် တိα€›α€…္ဆာα€”်တွေ α€žားပေါα€€်ချိα€”်α€–ြα€…်α€œို့ မင်းတပ်α€™ြို့α€”α€š်ထတွင်း ထမဲα€œိုα€€်တာ၊ ငှα€€်ပစ်တာ ၂ α€œα€ိတိတားα€™ြα€…်α€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ α€™ေ ၁ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

α€™ေα€œ ၁ α€›α€€်α€€α€”ေ ဇွα€”်α€œ ၃၀ α€›α€€်α€”ေ့ထထိ ၂ α€œ တားα€™ြα€…်ထားတာα€–ြα€…်ပြီး α€œိုα€€်α€”ာα€™ှုα€™α€›ှိα€žူတွေα€€ို ထရေးα€šူα€žွားα€–ို့α€›ှိα€α€š်α€œို့ ဆိုပါα€α€š်။

 

မင်းတပ်α€™ြို့α€”α€š်ထတွင်းα€€ α€€ျေးငှα€€်တွေα€Ÿာ α€›ှားပါးα€™ျိုးα€…ိတ်တွေα€–ြα€…်တဲ့ထပြင် ထနာဂတ်α€™ှာ ခရီးα€žွားα€œာα€™ှုα€€α€”ေ α€’ေα€žα€ံတွေ ဝင်ငွေα€›α€›ှိα€”ိုင်α€™ှာα€–ြα€…်α€œို့ တားα€™ြα€…်ချα€€်တွေ α€‘α€œေးထနက်ထား α€œိုα€€်α€”ာပေးα€€ြα€–ို့α€œα€Š်း ပြောထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ CNO/CNDF α€€ ထောα€€်α€œှα€™်းα€›ေးα€žα€„်တန်းထတွα€€် α€œူα€žα€…်ခေါ်α€šူ

 

Chin National Organization/CNDF α€€ α€€ြီးα€™ှူးα€žα€„်α€€ြားပေးα€™α€š့် ထပတ်စဉ် ၁ ထောα€€်α€œှα€™်းα€›ေးα€žα€„်တန်းထတွα€€် α€…ိတ်ဝင်α€…ားတဲ့ α€œူα€„α€š်တွေ ခေါ်α€šူα€”ေပြီα€œို့ ဧပြီ ၂၉ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။

 

α€’ီထောα€€်α€œှα€™်းα€›ေးα€žα€„်တန်းα€€ို ၂၀၂၅ α€™ေα€œ ၁၀ α€›α€€်α€€α€”ေ α€™ေα€œ ၂၅ α€›α€€်α€”ေ့ထထိ ၁၅ α€›α€€်α€€ြာ ပြုα€œုပ်α€žွားα€™α€š်α€œို့ ပြောထားပါα€α€š်။

 

α€žα€„်တန်းတက်α€›ောα€€်α€œိုα€žူတွေထနေα€”ဲ့ α€™ေα€œ ၁ α€›α€€်α€€α€”ေ ၁၀ α€›α€€်α€”ေ့ထထိ α€…ာရင်းပေးα€žွင်းα€–ို့α€œα€Š်း α€–ိတ်ခေါ်ထားပါα€α€š်။

 

α€–α€œα€™်းထခြေα€…ိုα€€် Chin National Defense Force α€Ÿာ ချင်းα€Šီα€”ောင်ထဖွဲ့ဝင်α€–ြα€…်ပြီး ၂၀၂၅ ဧပြီα€œα€†α€”်းα€™ှာချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးထဖြα€…် α€–α€œα€™်းα€™ြို့α€€ို ပြα€”်α€œα€Š် α€žိα€™်းα€šူα€”ိုင်ခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ ဆောα€™ြို့α€”α€š်α€œေα€€ြောင်းα€—ုံးα€€ြဲခံα€›၊ α€€α€œေးα€„α€š်ထပါထဝင် ထမျိုးα€žα€™ီး ၄ ဦး α€žေဆုံး၊ ထိခိုα€€်ပျα€€်α€…ီးα€™ှုα€™ျား

 

α€™α€€ွေးတိုင်း၊ ဆောα€™ြို့α€”α€š်α€›ှိ α€€ျေးα€›ွာတရွာ α€œေα€€ြောင်းα€—ုံးα€€ြဲခံα€›α€œို့ ထမျိုးα€žα€™ီး ၄ ဦး α€žေဆုံးပြီး၊ ထိခိုα€€်ဒဏ်α€›ာα€›α€žူ α€€α€œေး ၂ ဦးα€›ှိα€”ေα€žα€œိုထဆောα€€်ထထုံတွေ ပျα€€်α€…ီးα€žွားပါα€α€š်။

 

၂၀၂၅ α€™ေα€œ ၁ α€›α€€်α€”ေ့ α€™α€”α€€်ပိုင်း α€…α€…်α€€ောင်α€…ီα€€ α€œေα€€ြောင်းα€—ုံးα€€ြဲတာα€–ြα€…်ပါα€α€š်။

 

α€™α€”α€€် ၁၀ α€”ာα€›ီ α€™ိα€”α€…် ၅၀ α€œောα€€်α€™ှာ α€œေα€€ြောင်းα€€α€”ေ α€—ုံးα€€ြဲတာ၊ α€žေတဲ့α€žူတွေα€€ α€‘α€žα€€်α€€ြီးပိုင်း ထမျိုးα€žα€™ီး ၃ ဦး၊ ၇ α€”ှα€…်ထရွα€š်α€€α€œေးα€œα€Š်း α€žေα€α€š်။α€œို့ ထခင်းα€”ေα€›ာ α€žွားα€›ောα€€်ခဲ့α€žူα€€ The Mindat Post α€€ို ပြောပါα€α€š်။

 

α€”ောα€€်ထပ် α€‘α€žα€€် ၁၅ α€”ှα€…်ဝန်းα€€ျင် α€šောα€€်ျားα€œေး ၂ ဦးပါ  ပြင်းထန် ဒဏ်α€›ာရထားပြီး α€”ေထိα€™်၊ α€€ျောင်း ၉ α€œုံးခန့် ပျα€€်α€…ီးα€α€š်α€œို့ ဆိုပါα€α€š်။

 

α€šောα€’ေα€žα€žα€α€„်းတွေ ဆက်တိုα€€်α€–ော်ပြα€”ေတဲ့ α€šောα€‘α€œα€„်းတန်းကတော့ α€’ီα€”ေ့ ဆောα€™ြို့α€”α€š် α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံα€›α€™ှုထတွင်း ပြင်းထန် ဒဏ်α€›ာရတဲ့ မခွα€”်းဆက်ချို α€‘α€žα€€် ၈ α€”ှα€…်ထရွα€š်α€Ÿာ α€”ီးစပ်α€›ာဆေးခန်း ပို့ဆောင်စဉ် α€œα€™်းα€™ှာ α€žေဆုံးခဲ့α€›α€α€š်α€œို့ α€–ော်ပြပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ α€Ÿားခါးα€™ှာ α€žα€α€„်းα€šူ α€”ေα€žူ α€…α€…်α€€ောင်α€…ီ α€›ဲတပ်α€–ွဲ့ဝင် ၂ ဦးα€€ို CDF α€Ÿားခါးα€€ α€–α€™်းဆီးα€›α€™ိ

 

ချင်းပြα€Š်၊ α€Ÿားခါးα€™ြို့α€™ှာ ပြα€Š်α€žူα€Ÿα€”်ဆောင်α€€ာ α€žα€α€„်းထောα€€်α€œှα€™်းα€šူတဲ့ ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီ α€œα€€်ထောα€€်ခံ α€›ဲα€žား ၂ ဦးα€€ို α€–α€™်းဆီးα€›α€™ိထားα€€ြောင်း CDF α€Ÿားခါးα€€ α€™ေα€œ ၂ α€›α€€် α€”ေ့α€™ှာ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

ထဆိုပါ၂ဦးα€€ို α€™ေα€œ ၁ α€›α€€်α€”ေ့ CDF α€Ÿားခါးα€€ α€–α€™်းဆီးထိα€”်းα€žိα€™်းα€›α€™ိတာα€–ြα€…် α€€ြောင်း ထုတ်ပြα€”်ချα€€်ထရ α€žိရပါα€α€š်။



#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment