၂၀၂၅ ဇွန်လ ၃၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမေရိကန်ဖလော်ရီဒါ ရောင်နီ Live in Florida ဂီတဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကျော် ရရှိခဲ့
📌 ၂။ စစ်အုပ်စုက ပြင်ဆင်လုပ်ဆောင်နေတဲ့အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Tom Andrewကတိုက်တွန်းသွားခဲ့
📌 ၃။ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ မိတ်ဆက်ဆွေးနွေးပွဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးပါဝင်ဆွေးနွေးမည်
📌 ၄။ မိုင်းဝီးမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမီးသတ်တပ်ဖွဲ့၊ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများ ဝိုင်းဝန်းငြိမ်းသတ်
📌 ၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကဏ္ဍများတွင် အရေးပါမှုများကို ဆွေးနွေးသင်ကြား
========================
၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအင်အား ၁၀၀ ခန့်ဟာ ရန်ကြီးအောင်ကွက်သစ်၊ ဆင်ထူးကုန်း ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်ရှိ ပြည်သူပိုင်နေအိမ်များအားမီးရှို့ ဖျက်ဆီး
🚩 ၂။ လယ်ဒိုမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦးအပါအဝင် အရပ်သားပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့ရ
🚩 ၃။ "ရွှေဘိုမြို့နယ်၊ဟင်္သာကြီး(ပျူ) ပျူကျေးရွာအပါအဝင် စကစအထိုင်စခန်းနေရာ (၃)ခု တို့အား တပြိုင်တည်း တိုက်ပွဲဖော်ဆောင်မှု ရန်သူ့ဘက်မှ (၁၇) ဦးသေဆုံး
🚩 ၄။ စကစစစ်ကြောင်းကို တောင်သာမြို့နယ် ကင်းဇလုပ်ကျေးရွာအနီးတဝိုက်တွင် မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့
🚩 ၅။ စကစရဲ့မီးရှို့လိုက်မှုကြောင့် မီးဘေးဒုက္ခရောက်ရတဲ့ဒေသခံပြည်သူများကိုတောင်သာပကဖက သွားရောက်နှစ်သိမ့်မှုပေးခြင်းနဲ့ဆန်စားနပ်ရိက္ခာများလှူဒါန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမေရိကန်ဖလော်ရီဒါ ရောင်နီ Live in Florida ဂီတဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကျော် ရရှိခဲ့
အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမေရိကန်ဖလော်ရီဒါ ရောင်နီ Live in Florida ဂီတဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကျော် ရရှိခဲ့ပါတယ်။
ဇွန် ၂၈ ရက်က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှာ ရောင်နီ Live in Florida ဂီတဖျော်ဖြေပွဲကိုကျင်းပခဲ့ပါတယ်။
အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဦးဆောင် တင်ဆက်တဲ့ ရောင်နီ Live in Florida ဂီတဖျော်ဖြေပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့မြန်မာအင်အားစုများလည်းတက်ရောက်ခဲ့ပါတယ်။
ဖျော်ဖြေပွဲမှတော်လှန်ရေးရန်ပုံငွေ ၇၅,၀၀၀ ကျော်ရရှိခဲ့ပါတယ်။
========================
📌📌 ၂။ စစ်အုပ်စုက ပြင်ဆင်လုပ်ဆောင်နေတဲ့အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Tom Andrewကတိုက်တွန်းသွားခဲ့
စစ်အုပ်စုက ပြင်ဆင်လုပ်ဆောင်နေတဲ့အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Tom Andrewကတိုက်တွန်းသွားခဲ့တယ်လို့ NUGလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးပြောပါတယ်။
"၅၉ကြိမ်မြောက်ကုလသမဂ္ဂလူ့အခွင့်ညီလာခံမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Tom Andrewက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကိုနှုတ်နဲ့တင်ပြခဲ့ပါတယ်။ အကြမ်းဖက်အုပ်စုရဲ့လုပ်ဆောင်မှုတွေကြောင့် မြန်မာပြည်သူတွေ လူသားချင်းစာနာမှုအကူအညီအထူးလိုအပ်နေတဲ့အကြောင်းကို မီးမောင်းထိုးတင်ပြသွားပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေကို ရအောင်လုပ်ဆောင်ဖို့လိုအပ်နေတဲ့ အခုလိုအချိန်မျိုးမှာ နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေလျော့နည်းလာတဲ့အပေါ် စိုးရိမ်မိတဲ့အကြောင်းတွေကို တင်ပြပြောဆိုခဲ့ပါတယ်။စစ်အုပ်စုအပေါ်မှာ ငွေကြေးဘဏ္ဍာငွေစီးဆင်းနေမှုတွေကို ရပ်တန်အောင် လုပ်ဆောင်ဖို့၊ လက်နက်ထင်ဖို့ရောင်းချမှုတွေကို ပိတ်ဆိုဖို့နဲ့ စစ်အုပ်စုက ပြင်ဆင်လုပ်ဆောင်နေတဲ့အအတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဖို့လည်းတိုက်တွန်းသွားခဲ့ပါတယ်"လို့ဝန်ကြီးကပြောပါတယ်။
စစ်အုပ်စုကအတုအယောင်ရွေးကောက်ပွဲထွက်ပေါက်နဲ့ နိုင်ငံတကာကရဲ့ အသိအမှတ်ပြုမှုရရှိအောင် လုပ်ဆောင်နေတာကိုလည်း အသိအမှတ်မပြုဖို့အထူးအရေးကြီးလှတယ်လို့လူ့အခွင့်ရေးဝန်ကြီးကလည်းမှတ်ချက်ပြုပြောပါတယ်။
========================
📌📌 ၃။ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ မိတ်ဆက်ဆွေးနွေးပွဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးပါဝင်ဆွေးနွေးမည်
ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ မိတ်ဆက်ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်းသိရပါတယ်။
ဇူလိုင်၂ရက်နေ့မှာကျင်းပမည့်အဆိုပါပွဲကို Zoom Meetingကတဆင့်ကျင်းပမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ဦးဆောင်ဆွေးနွေးမည့် အနာဂတ်နိုင်ငံထူထောင်ရေးမှာ အရေးကြီးကဏ္ဍတခုဖြစ်တဲ့
ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ မိတ်ဆက်ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြပါရန် ဖိတ်ကြားအပ်ပါတယ်လို့ကိုရီးယားသမ္မတနိုင်ငံ NUGကိုယ်စားလှယ်ရုံးကလည်းအသိပေးကြေညာထားပါတယ်။
========================
📌📌 ၄။ မိုင်းဝီးမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမီးသတ်တပ်ဖွဲ့၊ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများ ဝိုင်းဝန်းငြိမ်းသတ်
ဇွန်လ ၃၀ရက်
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊မိုင်းဝီးမြို့၊ ရပ်ကွက် (၁)တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့TNLAကအတည်ပြုထုတ်ပြန်ပါတယ်။
ဖြစ်စဥ်တွင် ယမန်နေ့ ဇွန်လ (၂၉)ရက်နေ့ နံနက် (၇း၅၀)နာရီအချိန်တွင် ဒေါ်ဇော်ခင်သည် အပြင်သွားနေစဥ် အိမ်တွင်ကျန်ရှိနေသည့် စိတ်ကျန်းမာရေးချို့ယွင်းသူဦးရီဖက်သည်နေအိမ်ကို မီးရှို့ခဲ့တယ်လို့သိရပါတယ်။
ထိုနေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး (၇၈)သိန်းကျော် မီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်။
ထိုမီးလောင်နေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမီးသတ်တပ်ဖွဲ့၊ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများ ဝိုင်းဝန်းပြီး နံနက် (၈း၂၀)အချိန် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကဏ္ဍများတွင် အရေးပါမှုများကို ဆွေးနွေးသင်ကြား
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကဏ္ဍများတွင် အရေးပါမှုများကို ဆွေးနွေးသင်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းရှိ ရဲဘော်များအား Women, Peace and Security (WPS) သင်တန်းကို ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ကျင်းပခဲ့ပါတယ်။
သင်တန်းတွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကဏ္ဍများတွင် အရေးပါမှုများကို ဆွေးနွေးသင်ကြားခဲ့ပြီး၊ တာဝန်ထမ်းဆောင်ရာနေရာများတွင် အသုံးချနိုင်ရေးအတွက် လမ်းညွှန်ချက်များ ပေးအပ်ခဲ့ကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီ မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအင်အား ၁၀၀ ခန့်ဟာ ရန်ကြီးအောင်ကွက်သစ်၊ ဆင်ထူးကုန်း ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်ရှိ ပြည်သူပိုင်နေအိမ်များအားမီးရှို့ ဖျက်ဆီး
ကန့်ဘလူမြို့နယ်၊
ဇီးကုန်းသကြားစက်မှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအင်အား ၁၀၀ ခန့်ဟာ ရန်ကြီးအောင်ကွက်သစ်၊ ဆင်ထူးကုန်း ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်ရှိ ပြည်သူပိုင်နေအိမ်များအားမီးရှို့ ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇွန်လ၃၀ရက်မနက် ၈နာရီက ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအင်အား ၁၀၀ ခန့်သည် ဇီးကုန်းမြို့သို့ ရောက်ရှိပြီး ရန်ကြီးအောင်ကွက်သစ်၊ ဆင်ထူးကုန်း ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်ရှိ ပြည်သူပိုင်နေအိမ်များအား အကြမ်းဖက်မီးရှို့ ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအတည်ပြုထားပါတယ်။
========================
🚩🚩 ၂။ လယ်ဒိုမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦးအပါအဝင် အရပ်သားပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့ရ
ဇွန်လ (၃၀) ရက်
လယ်ဒိုမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦးအပါအဝင် အရပ်သားပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့ရတယ်လို့KNUဗဟိုကသတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ် အတွင်း ၂၀၂၅ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ နေ့လည် (၁း၂၂) မိနစ်အချိန်ခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီလေတပ်မှ ဟင်္သာဝဲကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော ကြောင့် ကျေးရွာရှိ (၁) ကိုချစ်တုံး (၂၂) နှစ်၊ (၂) နော်ဒေါင်းရွှေ (၃၆) နှစ်၊ (၃) နော်လှအယ်ဖော (၂) နှစ်၊ (၄) ဝါဆိုဦး (၁၂) နှစ် နှင့် (၅) စောဒီထူး (၂) နှစ်တို့ (၅) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့ရပါတယ်။
========================
🚩🚩 ၃။ "ရွှေဘိုမြို့နယ်၊ဟင်္သာကြီး(ပျူ) ပျူကျေးရွာအပါအဝင် စကစအထိုင်စခန်းနေရာ (၃)ခု တို့အား တပြိုင်တည်း တိုက်ပွဲဖော်ဆောင်မှု ရန်သူ့ဘက်မှ (၁၇) ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီး(ပျူ)ရွာပျူစခန်းနှင့် စခစခန်းကုန်းတို့အား ၂၀၂၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက် (၆း၃၀)ခန့်တွင် ရွှေဘိုမြို့နယ်ပကဖဦးဆောင်ပြီး ပူးပေါင်းပကဖများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဟင်္သာကြီး(ပျူ) ကျေးရွာစခန်းနှင့် စခ စခန်းကုန်းတို့အား တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဘိုးနတ်တောင်ရန်သူ့အထိုင်ချစခန်းအား Drone ဗုံးသီးများချ၍ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပါတယ်။
ပျူနှင့်စကစ အင်အား (၇၀)ကျော်တို့အား ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၂)(၄)(၅) ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့အဖြစ် ရွှေဘိုခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရေဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်းမြို့နယ်ပကဖ Group - 3 အဖွဲ့တို့ဖြစ်ပါသည်။ ရွှေဘိုမြို့နယ်ပကဖ PDO (Shwebo Faderal Tech-Drone တပ်ဖွဲ့)၊ ဘုတလင်မြို့နယ် ပကဖ Droneတပ်ဖွဲ့နှင့် တိုက်နယ် (၅)ပကဖDrone တပ်ဖွဲ့တို့မှပူးပေါင်း၍ နေရာ (၃)ခုအား တိုက်ပွဲဖော်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဟင်္သာကြီး(ပျူ) ကျေးရွာရှိ ပျူဘန်ကာ (၅)ခုအား အောင်မြင်စွာသိမ်းပိုက်ရရှိနိုင်ခဲ့သော်လည်း အနီးရှိ စခ စခန်းကုန်းအား ဆက်လက်သိမ်းယူနေစဉ်အတွင်းကျောက်မြောင်း ခမရ(၁၂)၊ ရွှေဘို ခလရ(၄၂) မှ ဟောင်ဝှစ်ဇာ၊ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် အကြိမ်ကြိမ် ပစ်ကူပေးခဲ့ပြီး၊ ရန်သူ့ဖက်မှ စစ်ကူအင်အားများထပ်ရောက်လာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။
ရန်သူ့ဘက်မှ (၁၇) ဦးသေဆုံးကြောင်းတိုက်ပွဲဝင်ရဲဘော်များမှ မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး၊ အရာခံဗိုလ် (၁)ဦးအပါအဝင် နောက်ဆက်တွဲ (၇)ဦး ထပ်မံသေဆုံးကြောင်း
နယ်မြေခံများ၏အတည်ပြုချက်အရသိရှိိခဲ့ရပါတယ်။
တိုက်ပွဲဖော်ဆောင်နေစဉ်အတွင်း သုံ့ပန်း (၁၈)ဦးဖမ်းဆီးရမိခဲ့သော်လည် ကလေးသူငယ်နှင့်အမျိုးသမီး၊ သက်ကြီးရွယ်အိုများဖြစ်ခြင်းတို့အပါအဝင် စစ်ရေးအခြေအနေတင်းမာလာမှုနှင့်နယ်မြေအနေအထားတို့အရ ဘေးလွတ်ရာသို့ ပြန်လည်လွှတ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။
ကာဘိုင် (၂) လက်၊ ကိုးလုံး (၁)လက်၊ G-3 (၁)လက်၊ ကိုးလုံးကျည် (၆၆) တောင့်၊ G-3ကျည် (၆၃၅) တောင့်နှင့် ကျည်အိမ် (၄) ခုသိမ်းဆည်းရမိခဲ့ကာပကဖရဲဘော် (၂)ဦး မြင့်မြတ်စွာ အသက်ပေး ကျဆုံးခဲ့ပြီး ရဲဘော် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၄။ စကစစစ်ကြောင်းကို တောင်သာမြို့နယ် ကင်းဇလုပ်ကျေးရွာအနီးတဝိုက်တွင် မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့
စကစစစ်ကြောင်းကို တောင်သာမြို့နယ် ကင်းဇလုပ်ကျေးရွာအနီးတဝိုက်တွင် မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ဇွန်လ၂၅ရက်နေ့၊မနက်၁၁နာရီအချိန်တွင် စစ်ကောင်စီ တပ်သားများစစ်ကြောင်းထိုးဝင် ရောက်နေသော တောင်သာမြို့နယ် ကင်းဇလုပ်ကျေးရွာအနီးတဝိုက်တွင် မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာစစ်ကောင်စီဘက်မှအထိအခိုက်များသဖြင့်(၂၆ရက်၊မနက် ၁၁နာရီ)အချိန် ၊ (၂၆ရက်၊နေ့လည်၁၃နာရီ)အချိန်နှင့် (၂၆ရက်၊နေ့လည်၁၇နာရီ)အချိန်တို့တွင် Mi-35(3) စီးဖြင့် ကင်းဇလုပ်ကျေးရွာ ပတ်ဝန်းကျင်အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၂၇ရက်နေ့၊မနက်၀၃နာရီ)အချိန်တွင် အထိုင်ပြုရာ ကင်းဇလုပ်ကျေးရွာမှ ငါ့သရောက်နယ်ရဲစခန်းထဲသို့ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
စကစထံမှသိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ60 MM 12 လုံး နှင့် RPG 1 ဖူး သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
🚩🚩 ၅။ စကစရဲ့မီးရှို့လိုက်မှုကြောင့် မီးဘေးဒုက္ခရောက်ရတဲ့ဒေသခံပြည်သူများကိုတောင်သာပကဖက သွားရောက်နှစ်သိမ့်မှုပေးခြင်းနဲ့ဆန်စားနပ်ရိက္ခာများလှူဒါန်း
စကစရဲ့မီးရှို့လိုက်မှုကြောင့် မီးဘေးဒုက္ခရောက်ရတဲ့ဒေသခံပြည်သူများကို တောင်သာပကဖက သွားရောက်နှစ်သိမ့်မှုပေးခြင်းနဲ့ဆန်စားနပ်ရိက္ခာများလှူဒါန်းခဲ့ပါတယ်။
ဧပြီ၂၅ရက်နေ့က ညောင်ဥိးမြို့နယ်အရှေ့ခြမ်းမှ တောင်သာမြို့နယ်အနောက်တောင်ခြမ်းသို့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် တောင်သာ_ကျောက်ပန်းတောင်းအစပ်ရှိ တောင်သာမြို့နယ်အတွင်းက ကျေးရွာပြည်သူ့နေအိမ် အိုးအိမ် ၄၀-လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
ဇွန်လ၂၉ရက်တွင် တောင်သာပကဖ နံဝဲလောင်ဇုန် ရုံးစဥ်ကြီးဇုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့သည် ထိုအကြမ်းဖက်စစ်တပ်၏ မီးရှို့ခံပြည်သူများကို သွားရောက်နှစ်သိမ့်မှုပေးခြင်း၊ ဆန်စားနပ်ရိက္ခာများလှူဒါန်းခြင်း၊အိုးအိမ်ပြန်လည်တည်ဆောက်ရန် ဝါးအလုံးရေ ၄၀၀-လှူဒါန်းခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီ မှ ပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment