၂၀၂၅ ဇူလိုင်လ ၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ ဇူလိုင်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ ကျဆုံး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားညှင်းပန်းနှိပ်ဆက်သတ်ဖြတ်မှုကြောင့် သေဆုံးသူကိုးထောင်ကျော်တွင် အမျိုးသမီးနှစ်ထောင်ကျော်နဲ့ကလေးတစ်ထောင်ကျော်ပါဝင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပါဝါအိတ်ဇောပိုက်တွေ တပ်ဆင်ပြီး အသံဆူညံစွာ မမောင်း ကြဖို့ လောင်းလုံး ပအဖ သတိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ( ၁၉ )ကြိမ်မြောက် တော်လှန်ထောက်ပို့ထီများ အားပေးကြဖို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်များဖိတ်ခေါ်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မင်းကွန်းဒေသမှာ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅၀ ထက် မနည်းသေဆုံးပြီး PDF ဦးကျဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ မိုးကုတ်နဲ့ ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ သုခစစ်စခန်းသိမ်းတိုက်ပွဲပါဝင်ခဲ့တဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေကို ဂုဏ်ပြုတဲ့အကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ ကျဆုံး


ဇူလိုင် ၉ရက်

 

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ အချိန်မီ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့ရပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ဒီနေ့ ဇူလိုင် ရက်မှာ ထုတ်ပြန်လာပါတယ်။


အသက် ၅၉ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဦးမြင့်ဝေဟာ အူအတက်ပေါက်ပြီး မနေ့ ဇူလိုင်လ ရက် မနက်အစောပိုင်း မှာ အသက်ဆုံးပါးခဲ့တာလို့ အသိပေးပါတယ်။


ဦးမြင့်ဝေဟာ ဇူလိုင် ပထမပတ်ကတည်းက ဗိုက်အောင့်တဲ့ဝေဒနာ အပြင်းအထန်စွာခံစားနေရတဲ့အတွက် ဆေးကုသခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက သာမှန်ဗိုက်အောင့်တာသာ ဖြစ်တယ်လို့သာပြောတဲ့အတွက် ဆေးကုသခွင့်မရခဲ့ဘူးဆိုတာ ခိုင်မာတဲ့ အချက်အလက်တွေအရ သိရှိထားတယ်လို့ - PPNM က ဆိုပါတယ်။


ဗိုက်အောင့်ဝေဒနာ အလွန်ဆိုးရွားလာအချိန်မှာ ပြင်ပဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံရောက်ချိန် တပတ်ခန့် နောက်ကျခဲ့တဲ့အတွက် အခုလို သေဆုံးရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဦးမြင့်ဝေဟာ ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း ရွာသစ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ မတရားဖမ်းဆီးတာခံရပြီး ချမ်းမြသာစည်တရားရုံးမှာ ပုဒ်မ ၅၀၅- က ၅၀ - က ပုဒ်မ - ၆၁ တို့နဲ့ အမှုဖွင့် တရားစွဲဆို ခံရကာ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထားရသူလို့ သိရပါတယ်။


အကျဉ်းသားတွေရဲ့ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသမှုနဲ့ ဆေးဝါးလုံလောက်စွာထားပေးဖို့၊ ကျန်းမာရေး စိုးရိမ်ရ သူတွေ ပြင်ပဆေးရုံကို အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ PPNM ဘက်က တောင်းဆိုနေပေမယ့် အကျဉ်းဦးစီးဌာနအနေနဲ့ လိုက်ပါလုပ်ဆောင်မှုမတဲ့အတွက် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ နှစ်စဉ် ပျမ်းမျှ ၂၅ ဦးဝန်းကျင် အသက်ဆုံးရှုံးနေတယ် လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားညှင်းပန်းနှိပ်ဆက်သတ်ဖြတ်မှုကြောင့် သေဆုံးသူကိုးထောင်ကျော်တွင် အမျိုးသမီးနှစ်ထောင်ကျော်နဲ့ကလေးတစ်ထောင်ကျော်ပါဝင်


ဇူလိုင် ၉ရက်


နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားညှင်းပန်းနှိပ်ဆက်သတ်ဖြတ်မှုကြောင့် သေဆုံးသူကိုးထောင်ကျော်တွင် အမျိုးသမီးနှစ်ထောင်ကျော်နှင့် ကလေးတစ်ထောင်ကျော် ပါဝင်တယ်လို့ သတင်းရရှိပါတယ်။


၂၀၂၁ ဖေဖော်ဝါရီလမှ၊ ၂၀၂၅ မေလ (၃၁) ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားညှင်းပန်းနှိပ်ဆက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ကလေး၊ လူငယ်နှင့် အမျိုးသမီးဦးရေ ပြစာရင်းကို အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့်သေဆုံးသူ (,၇၈၀)ဦးရှိခဲ့ပြီး အမျိုးသမီး(,၂၀၂)ဦး၊ကလေး( ,၁၆၂)ဦး၊လူငယ်(,၄၃၄)ဦးပါဝင်ကာ  စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်တို့မှ အများဆုံးပါဝင်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပါဝါအိတ်ဇောပိုက်တွေ တပ်ဆင်ပြီး အသံဆူညံစွာ မမောင်း ကြဖို့ လောင်းလုံး ပအဖ သတိပေး


ဇူလိုင် ၉ရက်


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း ဆိုင်ကယ်မောင်းနှင်နေကြသူတွေအနေနဲ့ ပတ်ဝန်းကျင်နဲ့ အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပါဝါအိတ်ဇောပိုက်တွေ တပ်ဆင်ပြီး အသံဆူညံစွာ မောင်းနှင်တာမျိုး မလုပ်ဖို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်တစောင် ထုတ်ပြန်လာပါတယ်။ 


ဆိုင်ကယ်တွေမှာ ဝါအိတ်ဇောပိုက်တွေ တပ်ဆင်ပြီး အသံဆူညံစွာ မောင်းနှင်တာမျိုးမလုပ်ဖို့ ဒီနေ့ ဇူလိုင် ရက်ကနေ ၁၈ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာ ရပ်ခံထားပါတယ်။


ဒီထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ပညာပေးကာလ ကျော်လွန်တာနဲ့ ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ( ၁၉ )ကြိမ်မြောက် တော်လှန်ထောက်ပို့ထီများ အားပေးကြဖို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်များဖိတ်ခေါ်


ဇူလိုင် ၉ရက်


ဇူလိုင်လအတွင်း ရောင်းချနေသည့် (၁၉ )ကြိမ်မြောက် တော်လှန်ထောက်ပို့ထီများ အားပေးကြဖို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ဖိတ်ခေါ်လိုက်ပါတယ်။


"ဇူလိုင်လအတွင်း ရောင်းချနေသည့်(၁၉) ကြိမ်မြောက် တော်လှန်ထောက်ပို့ထီများ အားပေးပါအုံး။မြေပြင်သို့ တိုက်ရိုက်ကူနေသော တော်လှန်ထောက်ပို့ထီထီလက်မှတ်များဖြစ်ပြီး လိုအပ်သည့် ဆေးဝါးရိက္ခာများနှင့်ခဲယမ်းအတွက် အဓိကထောက်ကူနေသော တော်လှန်ထီလည်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထီ၁ စောင်လျှင် (,၀၀၀) ကျပ်မှစ၍ ပါဝင်ထောက်ကူနိုင်ပြီး ပေါက်ရင်ယူ၊မပေါက်ရင်ကူ ဖြင့်ကံထူးထီပေါက်ဆုငွေ (ကျပ်သိန်း ထောင် မှ  ငါးသောင်းကျပ် အထိ) ဆုမဲပေါင်း ,၀၀၀  ကျော်ကို တော်လှန်ပြန်သူများထံ ထီဆုမဲဖွင့်ပေးနေပါတယ်။


ဖယ်ဒရယ်ခေတ်ဆီမျှော်မှန်းရည် တွဲလက်ညီညီထောက်ပို့ထီများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး-ပကဖ Page နှင့် နီးစပ်ရာ လောင်းလုံး(ပကဖ)ထီကိုယ်စားလှယ်များ၊ ရဲဘော်များထံတွင် ဝယ်ယူအားပေးနိုင်ပြီလို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း


ဇူလိုင် ၉ရက်


အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားပြည်သူလူထု တရပ်လုံး ဝိုင်းဝန်းတော်လှန်နေချိန်ဖြစ်တဲ့အတွက် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား အမြန်ဆုံး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်း ပြောကြားလိုက်ပါတယ်။


ချင်းအမျိုးသားတပ်ဦး - CNF/CNA ချင်းအမျိုးသားအဖွဲ့ချုပ် - CNO/CNDFနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ -ဟွားငိုးလ်ရမ်း - CDF-Hualngoram တို့ကို လိပ်မူပြီး ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အချင်းချင်း ကြား မတူကွဲပြားတဲ့ သဘောထားအမြင်တွေနဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာ ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က လေးလေးနက်နက် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 

ဇူလိုင်လ ရက်နေ့ကစပြီး ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်တွေဖြစ်တဲ့ Chin National Defense Force – CNDF နှင့် Chin National Front/Chin National Army CNF/CAN  Chinland Defense Force- Hualngoram တို့အကြား တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်တာကို ဝမ်းနည်းဖွယ်ကြားသိနေရတယ်လို့ ယာယီသမ္မတ က ဆိုပါတယ်။

 

လက်ရှိအချိန်ဟာ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက ဝိုင်းဝန်းတော်လှန်နေချိန်ဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့နဲ့ လက်တွဲခိုင်မာစွာ တည်ဆောက်ထားရမယ့် အချိန်လည်ဖြစ်တယ်လို့ အသိပေးထားပါတယ်။


တော်လှန်ရေးအင်အားစုတွေကြား ပဋိပက္ခတွေနဲ့ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ပေါ်ပေါက်လာရင် လက်နက်နဲ့ မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ကိုင်စွဲထားမှသာ  တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ထပ်ပြီး အသိပေးထားပါ တယ်။


ဒါကြောင့် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကြား မတူကွဲပြားမှုတွေကို စစ်ရေးနည်းနဲ့ အဖြေရှာဖို့ လုပ်ဆောင်နေတာတွေကို သက်ဆိုင်ရာ ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ချက်ခြင်းရပ်ပြီး ချင်းလူထုတရပ်လုံး လိုလားတဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ နိုင်ငံရေးစားပွဲဝိုင်းကနေ ညှိနှိုင်းအဖြေရှာကြဖို့ ယာယီသမတ္တကြီး ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။ 


ချင်းပြည်နယ်အတွင်းက လက်နက်ကိုင် တော်လှန်ရေးအင်အားစုများတွေကြား ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေ ရှာနိုင်ပြီး စုစည်းညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ကာ ချင်းလူထုအကျိုး၊ တော်လှန်ရေးအကျိုး ဆက်လက်သယ်ပိုးနိုင်ကြပါစေလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ထပ်ပြီး တိုက်တွန်းပြောဆိုထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မင်းကွန်းဒေသမှာ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅၀ ထက် မနည်းသေဆုံးပြီး PDF ဦးကျဆုံး


ဇူလိုင် ၉ရက်


စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်းဒေသမှာ ဇွန်လအတွင်း တိုက်ပွဲတွေအကြိမ်ကြိမ်ဖြစ်ခဲ့ရာမှာ စစ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ PDF တပ်ဖွဲ့ဝင် ဦးကျဆုံးခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ဇူလိုင် ရက် မနက် အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာ၊ ကင်းရွာနဲ့ ချောင်းမကြီး ရွာတွေဘက်ကို ဇွန်လ ရက်ကနေ ဇွန်လ ၂၈ ရက်နေ့အထိ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်သားနဲ့ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေ ခုခံတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်သားနဲ့ ပျူစောထီး ၅၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို စစ်သားတွေ အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေလည်း အမြောက်အများသိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိတယ်လို့ အသိပေးထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်အုပ်စုဟာ မင်းကွန်းတောင်ရွာ ကင်းရွာနဲ့ ချောင်းမကြီးရွာ တို့ကို မီးရှို့ဖျက်ဆီးဖျက်ဆီးတာကြောင့် ပြည်သူပိုင်အိမ် ရာချီပြီး မီးလောင်ပြာကျဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ကိုင်း၊ ဝက်လက်နဲ့မတ္တရာမြို့နယ်တို့မှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်း ကာ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ရဲဘော် ဦးနဲ့ Acid LDF တပ်ဖွဲ့က ရဲဘော်တဦး ကျဆုံးခဲ့ တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ မိုးကုတ်နဲ့ ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ


ဇူလိုင် ၉ရက်


မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ဦး သေဆုံးခဲ့ရပြီး ၁၂ ဦး ဒဏ်ရာခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

မနေ့ ဇူလိုင် ရက် မနက် နာရီ မိနစ်အချိန်မှာ မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး တလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေါ်ခင်မျိုးထွေး၊ ဒေါ်ခင်ထားရီနဲ့ ဦးလှသိန်းတို့ သေဆုံးခဲ့ပြီး အရပ်သား ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့အပြင် အိမ် ၁၀ လုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက် နာရီ မိနစ်အချိန်မှာလည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီ တပ်က အရပ်သားပြည်သူလူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါထားတယ်။

ကျောက်မဲမြို့ကို လေကြောင်းကနေတိုက်ခိုက်တာကြောင့် အသက် ၅၆ နှစ်အရွယ် ဒေါ်မြင့်မြင့်သန်း သေဆုံးခဲ့ရပြီး အောင်သက်ပိုင်၊ ဦးဝေ၊ ဒေါ်ပုပ်နဲ့ ဦးအိုက်ဆွယ်တို့ ပြင်းထန် ဒဏ်ရာရခဲ့ကာ အိမ် လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ရက်နေ့ကလည်း ကျောက်မဲမြို့ ရပ်ကွက် ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတလုံး ကြဲချတိုက်ခိုက်တာ ကြောင့် အဆောက်အအုံ လုံး ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေက အရပ်သားပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ် ချက်ရှိရှိနဲ့ လေကြောင်းကနေ ဗုံးကြဲနေသလို စစ်အင်အားဖြည့်တင်းတာ ထိုးစစ်ဆင်တာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ စတဲ့  လုပ်ရပ်တွေ ပြုလုပ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတိပေး နှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ သုခစစ်စခန်းသိမ်းတိုက်ပွဲပါဝင်ခဲ့တဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေကို ဂုဏ်ပြုတဲ့အကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်


ဇူလိုင် ၉ရက်


စစ်ကောင်စီရဲ့ သုခ စစ်စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကို ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ နဲ့ တပ်မဟာ ၆၊ အထူးဗျူဟာ - ဦးဆောင်မှုနဲ့အတူ ဇူလိုင် ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ သုခ မဆုတ်တမ်းခံစစ် စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကို KNU မြိတ်-ထားဝယ်ခရိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီ စစ်စခန်းဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ - ၂၈၂ တပ်ရင်းအခြေပြုထားတဲ့ စခန်းလို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်နဲ့ လူမျိူးကြီးဝါဒချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်လိုတဲ့ လူငယ် ရဲဘော်ရဲဖက်တွေရဲ့ ကြိုးပမ်းမှု၊ ပေးဆပ်မှုတွေကို လေးစားစွာနဲ့ မှတ်တမ်းတင်အပ်တယ်လို့  ဂုဏ်ပြုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အခုလိုအောင်ပွဲရစေဖို့ နည်းပညာအား၊ ဘဏ္ဍာငွေအပါအဝင် အဘက်ဘက်က ကူညီပံ့ပိုးသူတွေနဲ့ တိုက်ပွဲဝင် ရဲဘော်တွေ ဘေးရန်ကင်းဝေးစေဖို့ ဝိုင်းဝန်းဆုတောင်းမေတ္တာပို့သပြီး စိတ်ဓာတ်ခွန်အား ပံ့ပိုးပေးကြတဲ့ မိဘပြည်သူတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း အသိပေးထားပါသေးတယ်။

သုခစခန်းသိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း - ၂၇၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် - တပ်မဟာ ၄၊ တပ်ရင်း ၁ဝ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ် မဟာ၄၊ တပ်ရင်း ၁၂၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် -TPLF ကျောင်းသားတော်လှန်ရေးတပ်၊ သာဂရ စစ်ကြောင်း နဲ့  ဒရုန်းတပ်ဖွဲ့၊ ဗထူးတပ်မတော် ဒရုန်းရဲဘော်တွေနဲ့ ဝေဟင်တပ်ဖွဲ့ ဒရုန်း ရဲဘော်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment