၂၀၂၅ ဇူလိုင်လ ၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပြန်လည်ပေးပို့

📌 ၂။ CRPH နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ စစ်ရေး၊ နိုင်ငံရေး အခြေအနေများ ဆွေးနွေး

📌 ၃။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေရဲ့အသက်အန္တရာယ်ကို အမျိုးသားညီညွတ်ရေးအစိုးရ စိုးရိမ်

📌 ၄။  NUGPayကို အသုံးပြု၍ ငွေကျပ်ဘီလီယံပေါင်း နှစ်ထောင့် ခြောက်ရာ ငါးဆယ်ကျော် ထောက်ပို့အားကူ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ ဖြစ်

📌 ၅။ အိုးဘိုထောင်ဗူးဝတွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် သံတုတ်နဲ့ နဖူးကွဲသည့်အထိ ရိုက်နှက်နှိပ်စက်ခံရပြီး သတိလစ်မေ့မျောမှုကိုပါ ဆေးကုသမှု မပေးခဲ့

📌 ၆။ SDB အကောင့် စိတ်ချလုံခြုံမှု ရှိစေဖို့ SDB အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Email Password ကို အသစ်ပြောင်းခြင်းဖြင့် ကြိုတင်ကာကွယ်ရန် အသိပေး


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီနှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး အခြေအနေများ တွေ့ဆုံဆွေးနွေး

🚩၂။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် SSNDF/KNDF B-101နှင့် KNDF B-08မှ ရဲဘော်များ တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံး

🚩၃။ ခမရ (၅၉၈) တပ်ရင်းနဲ့ သူရဲသူမိန်ရွာက စစ်ကောင်စီ တပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩၄။ ဘုတ်ပြင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ ဂိတ်ကို လာတိုက်တဲ့ စစ်ကောင်စီ တပ်နဲ့ ကြိမ်တိုင် တိုက်ပွဲဖြစ်ပွားခဲ့

🚩၅။ ဆိပ်ဖြူမြို့နယ်တွင် ဘောလုံးကန်ရန်ထွက်လာသည့် အသက် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့

🚩၆။ နမ့်ခမ်းတွင် ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ဦး သေဆုံး 

🚩၇။ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံး

🚩၈။ ခန္တီး ခလရ (၅၂)တပ်ရင်းမှ စစ်ကောင်စီ တပ်သား ()ဦး မိသားစုနှင့်အတူ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပြန်လည်ပေးပို့


ဇူလိုင်လ ၁ရက်

Radio NUG

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)သည် ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၅ခုနှစ် ဇွန်လအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၅ခုနှစ် ဇူလိုင်လ ၁ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ .၃သန်းအား ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၅ခုနှစ် ဇူလိုင်လ  ၁ရက်နေ့တွင် ၃၃ကြိမ်မြောက်  ပေးပို့ခဲ့တယ်လို့ အတည်ပြုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUGသည် ONE DAY CHALLENGE မန်ဘာဝင်များ၏ လစဉ် ထည့်ဝင်ငွေအား အခွန်ငွေအဖြစ် သတ်မှတ်ကာ ၆လ  တစ်ခါ အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လ တစ်ခါ ယာယီသမ္မတကြီး၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ခြင်း စသည်ဖြင့် ONE DAY CHALLENGE မန်ဘာဝင်များအား ဂုဏ်ပြုလျှက်ရှိပါတယ်။


One Day Challenge ထောက်ပံ့ငွေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ နယ်မြေစိုးမိုးရေး မဟာဗျူဟာ စီမံချက် အောင်မြင်နိုင်စေရေးအတွက် အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းကနေ ဖိအားကောင်းစွာပေးကာ တော်လှန်တိုက်ပွဲဝင်နေသော တပ်ဦးခံတပ်ဖြစ်သည့် အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ၃သောင်း (၅၉၄သိန်းကျပ်)တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀)‌အား ထောက်ပံ့ခဲ့ပြီး  ရှာထူးဝေါ် နည်းပညာအဖွဲ့ အဆင့်မြင့် နည်းပညာနှင့် သုတေသနလုပ်ငန်းများ ဆောက်ရွက်ရန်အတွက် ထိုင်းဘတ် ,၈၀၀,၀၀၀ (မြန်မာကျပ် သိန်း၂၄၀၀ခန့်) ဥကရစ်ထ စခန်းသိမ်း တိုက်ပွဲအတွက် ဘတ်တစ်သန်းနှင့် မြေပြင် PDF, LPDF, UG အဖွဲ့ (၂၀၉)ဖွဲ့သို့ ကျပ်(၃၅၄၀)သိန်း၊ MOD-PDFသို့  စစ်ဝတ်စုံဖိုး ဝမ်သိန်းတစ်ထောင်၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDM ပြည်သူ့ဝန်ထမ်းကောင်းများအား လစဉ် “NUGအစိုးရ၏ ထောက်ပံ့ ကူညီငွေ" အဖြစ် ထောက်ပံ့ပေးလျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ CRPH နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ စစ်ရေး၊ နိုင်ငံရေး အခြေအနေများ ဆွေးနွေး


ဇူလိုင်လ ရက်

Radio NUG

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဇွန်လ၂၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ကယား/ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဇွန်လ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ဇူလိုင်၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့ဖြင့် () ကြိမ်ခွဲ၍ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


တွေ့ဆုံပွဲများမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ရေးရာကော်မတီများ၏ လွှတ်တော်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်း၊ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်း/ပြည်နယ်အလိုက် မြေပြင်လိုအပ်ချက်များ ဆွေးနွေးခြင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်းကြား သတင်းအချက်အလက်မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။


() ရက်တာ တွေ့ဆုံပွဲများတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ CRPH နှင့် ရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းချုပ်အား ရှင်းလင်းတင်ပြခဲ့ပါတယ်။


 ထို့နောက် နိုင်ငံတကာဆံဆက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူးက လည်းကောင်း၊ CDM ထောက်ပံ့မှုအပါအဝင် ပြည်သူ့ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌက လည်းကောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ (CDM Law) အပါအဝင် ဥပဒေရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌက လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါတယ်။


ထို့နောက်တွင် တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ တိုင်း/ပြည်နယ်အလိုက် မြေပြင်လိုအပ်ချက်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေးအခြေအနေများ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရေးကိစ္စရပ်များနှင့် အခြား သိရှိလိုသည်များ မေးမြန်းခဲ့ကြပြီး လွှတ်တော်ကဏ္ဍ ပိုမိုပီပြင်စွာ ဆောင်ရွက်သွားနိုင်ရေးတို့ကိုလည်း အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေရဲ့အသက်အန္တရာယ်ကို အမျိုးသားညီညွတ်ရေးအစိုးရ စိုးရိမ်


ဇူလိုင်လ ၁ရက်

Radio NUG

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေရဲ့ အသက်အန္တရာယ်ကို အမျိုးသားညီညွတ်ရေးအစိုးရက စိုးရိမ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။


"အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အကျဥ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရရှိမှုနဲ့ ဖိနှိပ်မှုတွေကြောင့် နိုင်ငံရေးအကျဥ်းသားတွေ အသက်ဆုံးရှုံးနေရတဲ့ ဖြစ်စဥ်တွေ ရှိနေပါတယ်။ နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့မတရားချုပ်နှောင်မှုကို ခံထားရပြီးလုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ရရှိမနေတာကြောင့် နိုင်ငံခေါင်းဆောင်းတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အသက်အန္တရာယ်ကို  အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်"လို့ ပြောပါတယ်။


========================


📌📌 ၄။  NUGPayကို အသုံးပြု၍ ငွေကျပ်ဘီလီယံပေါင်း နှစ်ထောင့် ခြောက်ရာ ငါးဆယ်ကျော် ထောက်ပို့အားကူ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ ဖြစ်


ဇူလိုင်လ ၁ရက်

Radio NUG

NUG Payကိုအသုံးပြု၍ ငွေကျပ်ဘီလီယံပေါင်း နှစ်ထောင့်ခြောက်ရာငါးဆယ်ကျော် ထောက်ပို့အားကူဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ NUGPay ပြည်သူသို့ အစီရင်ခံတင်ပြချက်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားထားပါတယ်။


"ယခုဆိုလျှင် တော်လှန်ပြည်သူတစ်ဦးချင်းအပါအဝင် တပ်ရင်းတပ်ဖွဲ့ စုစုပေါင်း သုံးသောင်းရှစ်ထောင်ကျော် NUGPayကို အသုံးပြု၍ ငွေကျပ်ဘီလီယံပေါင်း နှစ်ထောင့်ခြောက်ရာငါးဆယ်ကျော် ထောက်ပို့အားကူဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်"လို့ ဝန်ကြီးက ပြောပါတယ်။


ဒါ့အပြင် တော်လှန်ရပ်ဝန်းတစ်ခုလုံး လွှမ်းခြုံနိုင်သော P2P Network တစ်ခုဖြစ်လာစေရေးအတွက် NUGPayအနေဖြင့် ဦးစားပေးလုပ်ငန်းစဥ်တစ်ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ ဝန်ကြီးက ထပ်လောင်းပြောပါတယ်။


NUG Payအား လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင်ဒေသကြီး ငါးခု နိုင်ငံ၂၈ခု မှာ လည်ပတ်လျက်ရှိနေပါတယ်။


========================


📌📌 ၅။ အိုးဘိုထောင်ဗူးဝတွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် သံတုတ်နဲ့ နဖူးကွဲသည့်အထိ ရိုက်နှက်နှိပ်စက်ခံရပြီး သတိလစ်မေ့မျောမှုကိုပါ ဆေးကုသမှု မပေးခဲ့


ဇူလိုင်လ ၁ရက်

Radio NUG

ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အဝင်ဗူးဝတွင် မတရားရိုက်နှက်နှိပ်စက်မှုများပြုခဲ့သည်ကို တွေ့ရှိရပြီး ဖြစ်စဉ်အတွင်း မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဦးတည်ချက်ထား၍ အကျဉ်းဦးစီးဝန်ထမ်းအရာရှိတစ်ဦးမှ သံတုတ်ဖြင့် စတင်ရိုက်နှက်ရာမှစ၍ အခြားနိုင်ငံရေးအကျဉ်းသားများပါ နောက်ဆက်တွဲအနေဖြင့် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အတည်ပြုထားပါတယ်။


ကိုဝေမိုးနိုင်သည် သံတုတ်ဖြင့် ရိုက်နှက်ခံရမှုကြောင့် နဖူးကွဲဒဏ်ရာရရှိကာ ရိုက်နှက်ခံရမှုဖြစ်စဉ်အတွင်း သွေးထွက်လွန်ကာ သတိမေ့မျောသွားခဲ့ကာ သတိမေ့မျောစဉ်အတွင်း အရေးပေါ်ဆေးဝါးကုသမှုခံယူရန် လိုအပ်သော်လည်း ထောင်တွင်းဆေးရုံသို့ ပို့ဆောင်ကုသပေးခြင်းမရှိခဲ့သည်ကိုပါ သိရှိထားရတယ်လို့ ဖော်ပြပါတယ်။


ကိုဝေမိုးနိုင်အား သတိပြန်လည်ရရှိသည်နှင့် တစ်ပြိုင်နက် ပြစ်ဒဏ်တိုက်သို့ ပို့၍ ပါဆယ်နှင့်ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ကန့်သတ်ထားပြီး ခြေကျင်းခတ်၍ သီးခြားတိုက်တွင် တိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်း သိရှိရပါတယ်။


========================


📌📌 ၆။ SDB အကောင့် စိတ်ချလုံခြုံမှု ရှိစေဖို့ SDB အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Email Password ကို အသစ်ပြောင်းခြင်းဖြင့် ကြိုတင်ကာကွယ်ရန် အသိပေး


ဇူလိုင်လ ရက်

Radio NUG

SDB အကောင့် စိတ်ချလုံခြုံမှု ရှိစေဖို့ SDB အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Email Password ကို အသစ်ပြောင်းခြင်းဖြင့် ကြိုတင်ကာကွယ်ရန် ဇူလိုင် ၁ရက်‌က အသိပေးကြေညာပါတယ်။


"မကြာသေးမီ ၂၀၂၅ ဇွန်လအတွင်း ကမ္ဘာတဝှမ်း အင်တာနက် သုံးစွဲသူအကောင့် login အချက်အလက်များ (passwords နှင့် usernames) ၁၆ ဘီလီယံ ခန့် အကြီးစား ပေါက်ကြားပြန့်နှံ့မှု သတင်းအခြေအနေအရ SDB အသုံးပြုသူများအနေဖြင့် မသမာသူများက မိမိအကောင့်ကို အသုံးပြု၍ ငွေလွှဲပို့ခြင်းနှင့် ငွေထုတ်ယူခြင်း အစရှိတဲ့ ရန်များကို အချိန်မီ ဟန့်တားကာကွယ်နိုင်ဖို့ အထူး အရေးကြီးပါတယ်။ နွေဦးဘဏ်မှ စကားဝှက် ပေါက်ကြားခြင်း ဖြစ်စဉ် မကြုံရှိသေးသော်လည်း SDB အကောင့် စိတ်ချလုံခြုံမှု ရှိစေဖို့ ပထမဦးစွာ မိမိရဲ့SDB အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Email Password ကို အသစ်ပြောင်းခြင်းဖြင့် ကြိုတင်ကာကွယ်ပါ"လို့ SDBဘဏ်က ဖော်ပြပါတယ်။


email password နှင့် SDB အကောင့်၏ password မှာ တူညီနေခြင်း (သို့) ခပ်ဆင်ဆင် သတ်မှတ်ထားပါက ငွေကြေးလုံခြုံမှု ရှိစေရန် အတွက် ကွဲပြားသော password အသစ်၊ PIN အသစ် ပြောင်းလဲခြင်းနှင့် နှစ်ဆင့်ခံ အတည်ပြုခြင်း (2FA) များကိုလည်း ခံထားကြရန် တိုက်တွန်းထားပါတယ်။


အကောင့်လုံခြုံရေး မြှင့်တင်ရန် အခက်အခဲ တစုံတရာ ရှိပါက SDB အတွင်းရှိ Live Chat (သို့) Facebook page messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီနှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး အခြေအနေများ တွေ့ဆုံဆွေးနွေး


ဇူလိုင်လ ၁ရက် 

Radio NUG 


ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


တွေ့ဆုံဆွေးနွေးမှုအတွင်း ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၏ အခြေစိုက်ရာ ဒေသများရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ််များအား ဆွေးနွေးဖလှယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် 

() မကွေးတိုင်း စစ်ဆင်ရေးစီမံချက်ကို ညှိနှိုင်းဆွေးနွေးပြီး ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်နှင့် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး

()   ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို မျှဝေအသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားရေး

()  ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာန တာဝန်ရှိသူများနှင့် ပိုမိုရင်းနှီးစွာတွေ့ဆုံကာ မြေပြင်ရှိလုပ်ငန်းစဉ်များကို အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စသည်တို့ကို ညှိနှိုင်းဆွေးနွေးသဘောတူခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် SSNDF/KNDF B-101နှင့် KNDF B-08မှ ရဲဘော်များ တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံး


ဇူလိုင်လ ၁ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ကရင်နီပြည်နယ်၊ မိုးဗြဲမြို့အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ ရဲဘော်တစ်ဦးဖြစ်သူ ကျော်စိန်လင်း () အားစိန်၊ အသက် ၂၁ နှစ်၊ ကိုယ်ပိုင်နံပါတ် SS-A-0175 သည် စစ်ကောင်စီတပ်များနှင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း KNDF ဗျူဟာအမှတ် () တပ်ရင်း B-101 မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ရဲဘော်အားစိန်သည် ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ၎င်း၏အသက်ကို စွန့်လွှတ်ပေးဆပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကာ ကျဆုံးရဲဘော်၏ မိသားစုဝင်များနှင့်အတူ တပ်ရင်းမှ ရဲဘော်များအနေဖြင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ဇွန်လ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုတွင် KNDF အမှတ် () တပ်ရင်းမှ ဒုရင်းမှူး ဝိစတန်၊ တပ်ခွဲ () တပ်စိပ်မှူး ဇော်ဝမ်းနှင့် တပ်သား စတီးဖင်းတို့သည် စစ်ကောင်စီတပ်များနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ဒုရင်းမှူး ဝိစတန်သည် ၂၀၂၁ ခုနှစ်လယ်ပိုင်းတွင် KNDF အမှတ် () အခြေခံစစ်သင်တန်းအပတ်စဉ် () မှ စတင်ပါဝင်ခဲ့ပြီး တပ်သားမှ တပ်စိပ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူးအဆင့်များသို့ တက်လှမ်းခဲ့ကာ ၂၀၂၄ မှာ ဒုရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


၎င်းသည် စကားနည်းပြီး တိုက်ရည်ခိုက်ရည်ပြည့်ဝသူဖြစ်ကာ အောက်ခြေရဲဘော်များနှင့် ရိုးသားစွာ ဆက်ဆံတတ်သူဖြစ်တယ်လို့ သိရပါတယ်။


KNDF အမှတ် () တပ်ရင်းသည် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ၏ မိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲမှုကို ထပ်တူခံစားရကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩၃။ ခမရ (၅၉၈) တပ်ရင်းနဲ့ သူရဲသူမိန်ရွာက စစ်ကောင်စီ တပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


ဇူလိုင်လ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ခမရ (၅၉၈) တပ်ရင်းနဲ့ ဝေါမြို့နယ်၊ သူရဲသူမိန် ကျေးရွာက စစ်ကောင်စီ တပ်ဖွဲ့တို့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ခမရ (၅၉၈) တပ်ရင်းရှိ ဘန်ကာနဲ့ ကတုတ်ကျင်းများ ပြန်လည်တည်ဆောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တစ်ပြိုင်နက်တည်းမှာပဲ သူရဲသူမိန်ရွာက စစ်ကောင်စီ တပ်ဖွဲ့ လက်နက်ကြီးပစ်တဲ့ နေရာကို စနိုက်ပါဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်းကို ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရတယ်လို့ ဖော်ပြထားပါတယ်။


ယခု တိုက်ခိုက်မှုများကို KNU/KNLA တပ်မဟာ () တပ်ရင်း () ပဲခူးခရိုင် ပကဖ၊ ဗျူဟာ (၃၆) ဒေါနတပ်ရင်း တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ပဲခူးခရိုင် ပကဖ ကွပ်ကဲမှုရှိ မြို့နယ်မှ ပကဖ ရဲဘော်များ၊ ခိုလှုံ၊ စစ်ဘေးရှောင် ပြည်သူများအတွက် ရိက္ခာဆန် ဖြည့်တင်းနိုင်ဖို့ ''ဆန်အိတ်တစ်ထောင် သိန်းတစ်ထောင်'' ကမ်ပိန်းကို ပြုလုပ်နေပြီး ပြည်တွင်း၊ ပြည်ပ ထောက်ပို့ ပြည်သူများ အနေဖြင့် ဝိုင်းဝန်းထောက်ပံ့ ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၄။ ဘုတ်ပြင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ ဂိတ်ကို လာတိုက်တဲ့ စစ်ကောင်စီ တပ်နဲ့ ကြိမ်တိုင် တိုက်ပွဲဖြစ်ပွားခဲ့


ဇူလိုင်လ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန် ကျေးရွာနဲ့ ဝါးဒင်း ကျေးရွာကြားက တော်လှန်ရေး တပ်ဖွဲ့ ဂိတ်ကို လာတိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကြိမ်တိုင် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ် () တပ်ရင်း က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၁ ရက်နေ့ မနက် နာရီခန့်က ဘုတ်ပြင်းဘက်မှ တက်လာပြီး ဘိုဒါးရွာမှာ အထိုင်ချထားတဲ့ အင်အား ၅၀ ကျော်ခန့်ပါ စစ်ကောင်စီတပ်နဲ့ လေညာဘက်မှ တက်လာတဲ့ အင်အား ၄၀ ကျော်ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့တို့ဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို နှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ထိတွေ့မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ၁၀ နာရီခန့် အချိန်မှာ ၄၀ မမ နဲ့ ၆၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ဒုတိယအကြိမ် ထပ်မံသွားရောက် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။


ယခု တိုက်ခိုက်မှုများကို KNLA တပ်ရင်း (၂၀၃) တပ်ခွဲ () ကော့သောင်းခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () SOF တပ်ခွဲ (PDF) ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) Flying Star Force နဲ့ ဘုတ်ပြင်း မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩၅။ ဆိပ်ဖြူမြို့နယ်တွင် ဘောလုံးကန်ရန်ထွက်လာသည့် အသက် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့


ဇူလိုင်လ ၁ရက် 

Radio NUG 


မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ငါးချဉ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက ဘောလုံးကန်ရန် ထွက်လာသည့် အသက် ၁၇ နှစ်အရွယ် မောင်အောင်သူထွန်းကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် တပ်ရင်း၊ တပ်ခွဲ ထံမှ သိရပါတယ်။


ဇွန်လ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် ငါးချဉ်ချောင်းကျေးရွာသို့ အရှေ့၊ အနောက်နှင့် တောင်ဘက်မှ အင်အား ၅၀ ခန့်ဖြင့် သုံးဖွဲ့ခွဲကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများသည် ရွာအပြင်ဘက်ရှိ ဘောလုံးကွင်းတွင် ဘောလုံးကန်နေသည့် လူငယ်များထံမှ ဖုန်းများကို သိမ်းဆည်းစစ်ဆေးခဲ့ပြီး ဖမ်းဆီးရန် ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။


ထိုအချိန်တွင် ဆိုင်ကယ်ဖြင့် ဘောလုံးကွင်းသို့ ရောက်ရှိလာသည့် မောင်အောင်သူထွန်းသည် စစ်သားများကို မြင်မြင်ချင်း ကြောက်လန့်ကာ ဆိုင်ကယ်ဖြင့် ပြေးထွက်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းကျန်ခဲ့သဖြင့် ပြန်လှည့်ကောက်ယူနေစဉ် စစ်သားများက အနောက်မှ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ပထမတစ်ချက်မှာ ခြေထောက်ကို ထိမှန်ပြီး ဒုတိယတစ်ချက်မှာ နောက်ကျောတွင် ထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့သည်ဟု သိရပါတယ်။


စစ်ကောင်စီတပ်သားများသည် သေဆုံးသွားသည့် မောင်အောင်သူထွန်း၏ ရုပ်အလောင်းကို ပုဆိုးဖြင့် ထုပ်ပြီး ယူဆောင်သွားကာ လမ်းတစ်နေရာတွင် စွန့်ပစ်ထားခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ဇွန်လ ၃၀ ရက်တွင် သဂြိုလ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။


လက်ရှိတွင် ဆိပ်ဖြူ-ဆောလမ်းပိုင်းနှင့် ပုသိမ်-မုံရွာလမ်းကြားရှိ ငါးချဉ်ချောင်း၊ ကျောင်းရွာ၊ ကုန်းရွာနှင့် ကျစ်ပြင်ကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်နေပြီး အင်တာနက်လိုင်းများလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩၆။ နမ့်ခမ်းတွင် ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ဦး သေဆုံး 


ဇွန်လ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA တပ်မဟာ () နယ်မြေ၊ နမ့်ခမ်းမြို့၊ သာယာကုန်း ရပ်ကွက်မှာ ခြံရှင်းရင်း မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၉ ရက်နေ့ ညနေ နာရီခွဲ အချိန်က နမ့်ခမ်း စခန်းသစ်ဟောင်း အနီးတွင် ၎င်းအမျိုးသမီးဟာ ပြောင်းဖူးခြံ ရှင်းနေရင်း မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး မျက်နှာနဲ့ ဦးခေါင်းမှာ မိုင်းစထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။


မိုင်းထိမှန်ခဲ့သူဟာ အသက် (၃၀) အရွယ် ဒေါ်အာဖိန် ဆိုသူဖြစ်ပြီး ဆေးကုသဖို့ ပို့ဆောင်နေရင်း လမ်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း နမ့်ခမ်းမြို့၊ ဟိုပေါ် အထက်ကျေးရွာ အနီးမှာ အမျိုးသား တစ်ဦးဟာ မီးသွေး သွားကြည့်ရင်း မိုင်းနင်းမိခဲ့ပြီး ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါသေးတယ်။


========================


🚩🚩၇။ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံး


ဇွန်လ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA တပ်မဟာ () နယ်မြေ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ နေ့လည် နာရီ ၁၅ မိနစ်၊ ၁၆ မိနစ်၊ ၂၀ မိနစ်နဲ့ ၂၃ မိနစ်မှာ သုံးဆယ်ကျေးရွာကို ကြိမ် စုစုပေါင်း ဗုံး (၁၁) လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးကြဲချ တိုက်ခိုက်မှုအတွင်း အမျိုးသား () ဦး ထိခိုက်သေဆုံး ခဲ့ရပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် လုံးနဲ့ ဘုန်းကြီးကျောင်း ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦးနဲ့ အမျိုးသား ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ကျောင်းနဲ့ ဘုန်းကြီးကျောင်း ကျောင်း ထိမှန်ပျက်စီးခဲ့ရပါသေးတယ်။


========================


🚩🚩၈။ ခန္တီး ခလရ (၅၂)တပ်ရင်းမှ စစ်ကောင်စီ တပ်သား ()ဦး မိသားစုနှင့်အတူ အလင်းဝင်


ဇူလိုင် ရက်

Radio NUG 


ခန္တီးမြို့နယ် ခလရ (၅၂) တပ်ရင်းမှ စစ်ကောင်စီတပ်သားနှင့် မိသားစုသည် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


၎င်းတို့သည် တပ်တွင်းအထက်အောက် မညီမျှမှု၊ ပြည်သူလူထုအပေါ် မတရားနှိပ်စက် အနိုင်ကျင့်မှု၊ အရပ်သားပြည်သူများနှင့် စာသင်ကျောင်းများအား လေကြောင်းတိုက်ခတ်မှုများအား မခံရပ်နိုင်ဖြစ်တာကြောင့် အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment