၂၀၂၅ ဇူလိုင်လ ၂၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနှင့် ဆစ်ဒနီ ရှိ မြန်မာများအင်အားစုများ တွေ့ဆုံမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နောက်မျိုးဆက်တွေ အဆိုးကျော့သံသရာ မလည်ဖို့ တော်လှန်ရေးရဲဘော်များဟာ ယခုတိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ တောင်သာကင်းဇလုပ်ရွာမှပြည်သူများကို တောင်သာ ပကဖ ကူညီထောက်ပံ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန် မွန်ပြည်နယ်ရှိတော်လှန်ရေးအင်အားစုများသတိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြရန် ဆက်လက်ဖိတ်ခေါ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မိုးကုတ်ဗျူဟာသို့ ကူရင်းလှူ လှူရင်ရင်းယူ () ကြိမ်မြောက် မိုးကုတ်ဗျူဟာထီရဲ့ ကံထူးရှင်များကို ဆုကြေးများ ချီးမြှင့်ပေးအပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ (၂၆) ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် KNDF တပ်ဖွဲ့များအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမည်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ညအချိန်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩၂။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း () ဝံပုလွေတပ်ခွဲ တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းနားကျင်းပ

🚩၃။ ဆိပ်ဖြူ-ဆော ကားလမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့်  ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း အသိပေးကြေညာ

🚩၄။ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာမှ ထွက်ခွာသွားသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက်၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနှင့် ဆစ်ဒနီ ရှိ မြန်မာများအင်အားစုများ တွေ့ဆုံမည်


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ နှင့်ဆစ်ဒနီရှိ မြန်မာများအင်အားစုများ တွေ့ဆုံမည်ဖြစ်ကြောင်းသိရပါတယ်။

တော်လှန်ရေး အရွေ့ မြန်နေချိန်၊ အိမ်နီးချင်းနိုင်ငံများက ဝင်ရောက်ခြယ်လှယ်ဖို့ ကြိုးစားလာချိန်၊ ကမ္ဘာတလွှမ်း နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးမူဝါဒများ ပြောင်းလဲလာချိန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဖြစ်လာမည့် အချိန်ကာလဖြစ်ပါသည်။ ဤကဲ့သို့ တလရ၏ အရေးကြီး အချိန် ကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဝန်ကြီး ဒေါက်တာဆာဆာမှ ဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။

ဒေါက်တာဆာဆာ ဩစတေးလျနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း ဇူလိုင် (၂၆) ရက်နေ့တွင် ဆစ်ဒနီရှိ မြန်မာများနှင့် တွေ့ဆုံ့ဆုံမည်ဖြစ်း တွေ့ဆုံပွဲ ကျင်းပရာမှ ရရှိသော အလှူငွေများကို ချင်းဒေသနှင့် ကရင်ပြည်နယ်များသို့ အမြန်ဆုံး ပို့ဆောင်သွားမယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နောက်မျိုးဆက်တွေ အဆိုးကျော့သံသရာ မလည်ဖို့ တော်လှန်ရေးရဲဘော်များဟာ ယခုတိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူပြောကြား


"အောင်ပွဲသစ်ဆီ ပဲခူး တနင်္သာရီ" သိန်း ()သောင်း ကမ်ပိန်းရဲ့ ဒုတိယအကြိမ်မြောက် Live Stream အစီအစဥ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အခုလို ဆိုပါတယ်။

"လက်နက်ကိုင်တိုက်ပွဲဝင်ပြီဆိုကတည်းကလက်ညိုးကွေးကြရတာပါပဲ။ ဒါပေမယ့် ကျနော်တို့တွေလက်ညိုးကွေးကြရတာဟာ သတ်ချင်ဖြတ်ချင်စိတ်တွေနဲ့ လက်ညိုးကွေးကြရတာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ကွေးကြရတဲ့ လက်ညိုးတွေဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်ကို ချစ်လို့၊ ကျနော်တို့ရဲ့နောက်မျိုးဆက်တွေအတွက် ဒီလိုမျိုး အဆိုးကျော့သံသရာမလည်ဖို့ဆိုတာ အရင်းခံပြီးတော့ နှလုံးသားတွေနဲ့ ချစ်ခြင်းမေတ္တာနဲ့ ဒီလက်ညိုးတွေကို ကွေးနေရတယ်ဖြစ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောလိုပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရခြင်းမှာ တိုင်းပြည်နဲ့ပြည်သူကို ကာကွယ်ရမည့်အစား အသွင်သဏ္ဍန်ပြောင်းလဲသွားသောကြောင့် လက်နက်ကိုင်တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လူပေါင်းထောင်နဲ့ချီကို သတ်ဖြတ်ထားပြီး အရပ်သားနေအိမ်နဲ့ အဆောက်အအုံပေါင်း သိန်းနဲ့ချီကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ တောင်သာကင်းဇလုပ်ရွာမှပြည်သူများကို တောင်သာ ပကဖ ကူညီထောက်ပံ့


ဇွန်လ (၂၆) ရက်နေ့မှာ ညောင်ဦးဘက်မှ ထိုးလာသော အင်အား (၁၅၀)ပါ စကစ စစ်ကြောင်းသည် တောင်သာမြို့နယ်၏ အစွန်ဆုံးဖြစ်သည့် ကင်းဇလုပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ကာ ထိုစစ်ကြောင်းအား ရှေ့မတိုးနိုင်အောင် ကာကွယ်ရေးတပ်ဖွဲများက ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။

သို့သော် အဆိုပါစကစစစ်ကြောင်းသည် ကင်းဇလုပ်ရွာ ပြည်သူ့နေအိမ် (၁၇) လုံးအား မီးရှို့ဖျက်ဆီးခဲ့ရာ ဇူလိုင် (၁၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ထိုမီးရှို့ဖျက်ဆီးခံပြည်သူများထံ သွားရောက်ထိတွေ့ အားပေးနှစ်သိမ့်ခြင်း၊ တအိမ်ထောင်လျှင် ဆန်တအိမ်နှုန်းဖြင့် အိမ်ထောင် (၁၃ )စုစာနှင့် အိမ်ထောင် () စုအတွက် ငွေကျပ်တသိန်းစီ ကူညီပေးခြင်းတို့ ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန် မွန်ပြည်နယ်ရှိတော်လှန်ရေးအင်အားစုများသတိပေး


စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရန် မွန်ပြည်တော်လှန်ရေးတပ်၊ ရေးပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေါနတပ်ရင်း () တို့က ဇူလိုင်လ (၂၀) ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်များနဲ့ သွားလာလှုပ်ရှားမှုများကို တော်လှန်ရေးအဖွဲ့များက သတင်းအချက်အလက်များ ရရှိနေပြီးရွေးကောက်ပွဲ မလုပ်နိုင်စေရေးအတွက် တားဆီးသွားမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးနဲ့ Non CDM ဝန်ထမ်းများအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မပူးပေါင်းကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြရန် ဆက်လက်ဖိတ်ခေါ်


အမေရိကန်ဒေါ်လာ () သိန်း ရည်မှန်းထားသော Safe Schools, Safe Education Campaign ကို ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိသတ်မှတ်ထားပြီး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြဖို့ NUG ပညာရေးဝန်ကြီးဌာနက ဆက်လက်ဖိတ်ခေါ်ထားပါတယ်။

Learning Under Fire: Let the Flowers Bloom Again တို့ကျောင်း ဆိုတဲ့ကဗျာလေးက အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းမှု မတိုင်ခင်အထိ စာသင်ကျောင်းတိုင်းမှာ ကျောင်းသူကျောင်းသားများ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာ အစဥ်ရွတ်ဆိုခဲ့ကြတဲ့ ကဗျာလေးဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးတဲ့နောက် စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ဆက်တိုက်ပစ်မှတ်ထားပြီး တိုက်ခိုက်လာတဲ့အတွက် အမိမြေက ပန်းကလေးတွေဟာ လွတ်လပ်စွာ မဖူးပွင့်နိုင်တော့သလို စာသင်ကျောင်းတွေကိုလည်း ပျော်ရွှင်စွာ မသွားနိုင်ကြတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ ကလေးငယ်တွေဟာ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ပညာဆက်လက် သင်ယူနိုင်ဖို့ မျှော်လင့်ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့်ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး ကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်အပ်ပါတယ်လို့ ပညာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ကမ်ပိန်းတွင် ပါဝင်ရန်နှင့် နိုင်ငံအလိုက် ဆက်သွယ်လှူဒါန်းနိုင်သည့်နေရာများကို ပညာရေးဝန်ကြီးဌာန Page တွင် အသေးစိတ်ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မိုးကုတ်ဗျူဟာသို့ ကူရင်းလှူ လှူရင်ရင်းယူ () ကြိမ်မြောက် မိုးကုတ်ဗျူဟာထီရဲ့ ကံထူးရှင်များကို ဆုကြေးများ ချီးမြှင့်ပေးအပ်


မိုးကုတ်ဗျူဟာသို့ ကူရင်းလှူ လှူရင်ရင်းယူ () ကြိမ်မြောက် မိုးကုတ်ဗျူဟာထီရဲ့ ကံထူးရှင်များကို ဆုကြေးများ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဇူလိုင် (၂၁) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

"မိုးကုတ်ဗျူဟာသို့ ကူရင်းလှူ လှူရင်းယူ () ကြိမ်မြောက် မိုးကုတ်ဗျူဟာထီရဲ့ ကံထူးရှင်လေးတွေ ထွက်ပေါ်လာပါပြီ။ ပထမဆု-ကျပ်သိန်း (၂၀၀) ဒုတိယဆု-ကျပ်သိန်း (၁၀၀) တတိယဆု-ကျပ်သိန်း (၅၀) ဆုကြီးတွေကို ကံထူးရှင်များသို့ အောင်မြင်စွာ ပေးအပ်နိုင်ခဲ့ပြီ" လို့ ဖော်ပြပါတယ်။

မိုးကုတ်ဗျူဟာထီကို အောင်မြင်အောင် ကူရင်းလှူ လှူရင်းယူကြတဲ့ ပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့လည်း မိုးကုတ်ဗျူဟာက ဆုမွန်ကောင်းတောင်းပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ (၂၆) ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် KNDF တပ်ဖွဲ့များအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမည်


NUGPay နှင့် ပြည်သူများ၏ (၂၆) ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် KNDF တပ်ဖွဲ့များအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း NUGPay က ဖော်ပြပါတယ်။

ပူးပေါင်းပါဝင်လိုသူများအနေနဲ့ NUGPay အကောင့် (forourpeople*nugpay.app) သို့ လှုဒါန်းနိုင်ပြီး လှူဒါန်းမှုများကို ယနေ့မှစ၍ သြဂုတ်လ (၁၀) ရက်နေ့အထိ လက်ခံကာ မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ညအချိန်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးလာရောက်ကြဲကျတိုက်ခိုက်ခဲ့တယ်လို့ TNLA က ယနေ့ သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်တွင် ယမန်နေ့ (၁၀း၂၀)နာရီအချိန်တွင် ယခင်စစ်ကောင်စီတပ်စခန်းဟောင်း ခလရ (၂၃) တပ်စခန်းအတွင်း ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး () လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး ()လုံး လာရောက်ကြဲချခဲ့ရာ ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲမှုကြောင့်  ..က () ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် သီပေါမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ () ရက်နေ့တွင် () ကြိမ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် () ကြိမ် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု () ဦး သေဆုံးသွားကာ () ဦးဒဏ်ရာရရှိပြီး နေအိမ် (၁၃) လုံးနှင့် အဆောက်အဦး () လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်တယ်လို့ TNLA က နှိုးဆော်ထားပါတယ်။


========================


🚩🚩၂။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း () ဝံပုလွေတပ်ခွဲ တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းနားကျင်းပ


မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း () ဝံပုလွေတပ်ခွဲတည်ထောင်ခြင်း () နှစ်ပြည့်အခမ်းနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း () ဝံပုလွေတပ်ခွဲသည် (၂၀၂၁) ဖေဖော်ဝါရီ () ရက် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ငြိမ်ချမ်းစွာ ဆန္ဒပြသည်မှအစ မိုးဗြဲရဲစခန်း သိမ်းတိုက်ပွဲတွင်လည်း ရရာလက်နက်ဆွဲကိုင်ကာ ကိုယ်စီ တော်လှန်ခဲ့ကြပါတယ်။

ထို့နောက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တည်ထောင်သည့်အချိန်တွင်လည်း တပ်ခွဲ () သိန်းငှက်တပ်ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြကာ လူအင်အားတိုးလာသည်နှင့်အမျှ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်းတွင် တပ်ခွဲ () အဖြစ် ထပ်မံအင်အားတိုးခဲ့သည့် တပ်ခွဲလည်းဖြစ်ပါတယ်။

အခက်အခဲများစွာ ကျော်ဖြတ်ရုန်းကန်ရင်း ပြည်သူများ၏ ဝိုင်းဝန်း အားပေးမှုတွေ ထောက်ပို့တပ်သားများ၏ထောက်ပံ့မှုတွေကြောင့် ယနေ့အထိ ဆက်လက်ရုန်းကန်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

"ကျွန်တော်တို့၏ လိုအပ်ချက်များ ရှိသည့်အချိန်တိုင်း အမြဲတမ်း မညီးညူဘဲ အဆင်သင့် ရှိနေပေးသည့် ထောက်ပို့ ပြည်သူတစ်ဦးချင်းစီတိုင်းကို ကျွန်တော်တို့ ဝံပုလွေတပ်ခွဲမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ထောက်ပို့ပြည်သူများကိုလည်း ဆက်လက်ပြီး ကျွန်တော်တို့နှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ရပ်တည်ပေးပါရန် ငြိုးငယ်စွာ မေတ္တာရပ်ခံပါတယ်ခင်ဗျ"လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း () ဝံပုလွေတပ်ခွဲကအသိပေးဆိုထားပါတယ်။


========================


🚩🚩၃။ ဆိပ်ဖြူ-ဆော ကားလမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့်  ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း အသိပေးကြေညာ


ဆိပ်ဖြူ-ဆော ကားလမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့်  ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဆော-ဆိပ်ဖြူလမ်းပိုင်းနှင့်ပတ်သက်၍ အရေးပေါ်ကြေညာချက်ကို ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်းက အသိပေး ထုတ်ပြန်ကြေညာပါတယ်။

ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း ယာယီထိန်းချုပ်ထားသော ဆိပ်ဖြူ-ဆော ကားလမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့် ဇူလိုင်လ (၂၀) ရက်နေ့မှ စ၍ ရက်အကန့်အသတ်မရှိ ပိတ်ကြောင်း ကြေညာလိုက်တာပါ။

ပြည်သူများအနေဖြင့် လမ်းပိုင်းဆိုင်ရာ ထုတ်ပြန်ချက်များကို  လေးစားလိုက်နာပေးခြင်းဖြင့် ဒေသကာကွယ်ရေး / လုံခြုံရေး လုပ်ငန်းစဉ်များတွင် အားတတ်သရော ပါ၀င်ကူညီကြရန်လည်း မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၄။ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာမှ ထွက်ခွာသွားသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက်၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများရှိ


ဇူလိုင် (၁၉) ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာမှ ထွက်ခွာသွားသာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ် () ငါးပြေမတပ်ရင်းမှ အတည်ပြုထားပါတယ်။

ထပ်မံ၍ စကစစစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ ကုလားရှင်ကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြား နတ်မောက်-စိုင်ကောင်းလမ်းပေါ်တွင်  သရက်ခရိုင်အမှတ် () ငါးပြေမတပ်ရင်းမှ ရဲဘော်များနှင့် (၁၀) မိနစ်ခန့်ကြာ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း  တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရသူများရှိကြောင်း စုံစမ်းသိရှိရတယ်လို့ အတည်ပြုထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment