၂၀၂၅ သြဂုတ်လ ၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ သြဂုတ်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်ငံအရေး အခြေအနေ ကုလသမဂ္ဂထံ ဆက်လက်တင်ပြ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လူကိုယ်တိုင် ထောင်ဝင်စာပို့ခွင့်နဲ့ အကျဉ်းသားတွေကို အကြောင်းမဲ့ရိုက်နှက်သူတွေကို အရေးယူပေးဖို့ လွိုင်ကော်ထောင်အာဏာပိုင်တွေကို KPPA တောင်းဆို  

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အာဏာသိမ်းစစ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လယ်ဒို KRC ပြင်းပြင်းထန်ထန် ကန့်ကွက်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ ရွေးကောက်ပွဲကိစ္စတွေလုပ်နေတဲ့ တောင်ဒဂုံ လဝက ရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက် 

🚩 ⁨⁨၂။ သိန္နီခရိုင် ရဲတပ်ဖွဲ့က ကျောင်းပတ်ဝန်းကျင် စစ်ဆေးရေးနှင့် ပြုပြင်ရေးလုပ်ငန်း စတင်

🚩၃။⁨⁨ စလင်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်‌ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ တညောင်ဓာတ်အားခွဲရုံဘက် ဆုတ်ခွာထွက်ပြေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်ငံအရေး အခြေအနေ ကုလသမဂ္ဂထံ ဆက်လက်တင်ပြ


 သြဂုတ်လ ()ရက်

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေ အနေတွေကိုကုလသမဂ္ဂခေါင်းဆောင်တွေဆီ အဆက်မပြတ် အစီရင်ခံတင်ပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးလိုက်ပါတယ်။ 


သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်ဆီ စာတစောင်ပေးပို့ခဲ့နဲ့ပတ်သက်လို့ အခုလို အသိပေးလာတာဖြစ်ပါတယ်။

 

အဲဒီစာမှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ရင်နင့်စရာအခြေအနေတွေနဲ့ဆိုင်တာတွေ အလေးပေးဖော်ပြခဲ့ပြီး အခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စုစည်းထားတဲ့ နောက်ဆုံးရ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဆိုင်ရာ သတင်းအချက်အလက် အစီရင်ခံစာ - Information Update on the current situation in Myanmar ကိုလည်း ပူးတွဲတင်ပြခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၇၉ ကြိမ်မြောက် ဥက္ကဋ္ဌ မစ္စတာ ဖီးလမွန် ယန်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အမြဲတမ်းကိုယ်စားလှယ်ဆီကိုလည်း ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။


ဒီအစီရင်ခံစာမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို အသေးစိတ်ဖော်ပြထားပြီး အခုနှစ် ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၃၂ ခု ကြောင့် အနည်းဆုံး အရပ်သား ၉၀ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။


ဒါ့အပြင် စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဇွန်လအထိ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၆ထောင့် ရာကျော်နဲ့ ဖမ်းဆီးခံရသူ သောင်းနီးပါးရှိနေပြီဖြစ်ကြောင်းလည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။ 


စစ်တပ်ကကျူးလွန်တဲ့ အဆိုးရွားဆုံးသော လူသားချင်းဆိုင်ရာ ရာဇဝတ်မှုတွေကို ဆက်လက်ဖော်ထုတ်ပြီး နိုင်ငံတကာက တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တွန်းအားပေးသွားမယ့်အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရေးသားထားပါ တယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူလူထု ဆန္ဒနဲ့အညီ ကိုယ်စားပြုတဲ့ တရားဝင်အစိုးရဖြစ်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့အသံကို နိုင်ငံတကာစင်မြင့်မှာ ပဲ့တင်ထပ်စေရေး အဓိက ရည်ရွယ်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လူကိုယ်တိုင် ထောင်ဝင်စာပို့ခွင့်နဲ့ အကျဉ်းသားတွေကို အကြောင်းမဲ့ရိုက်နှက်သူတွေကို အရေးယူပေးဖို့ လွိုင်ကော်ထောင်အာဏာပိုင်တွေကို KPPA တောင်းဆို  


 သြဂုတ်လ ()ရက်


လူကိုယ်တိုင် ထောင်ဝင်စာပို့ခွင့် တရားဝင် ပြန်လည်ဖွင့်ပေးဖို့နဲ့ အကျဉ်းသားတွေကို အကြောင်းမဲ့ရိုက်နှက်သူတွေကို အရေးယူပေးဖို့ လွိုင်ကော်ထောင်အာဏာပိုင်တွေကို ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA က တောင်းဆိုလိုက်ပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပါဆယ်နဲ့ ဆေးဝါးပို့ဆောင်ခွင့်ပိတ်ထားတာ တနှစ်နဲ့ လကျော်နေပြီ ဖြစ်တာကြောင့် KPPA က ဒီနေ့ ဩဂုတ်လ ရက်နေ့မှာ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး ထောင်အာဏာပိုင်တွေကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ 

လွိုင်ကော်အကျဉ်းထောင်က ထောင်အာဏာပိုင်တွေ အခုလို ပိတ်ပင်ထားတာကြောင့် အကျဉ်းသားတွေဟာ အစား အသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာတွေနဲ့ကြုံနေပြီး နာတာရှည်ဖျားနာတာ၊ ယားနာရောဂါတွေအပြင် ကိုယ်ခန္ဓာ ချိနဲ့တာနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်နေပြီး အသက်သေဆုံးမှုတွေအထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA က အချက် ချက်ပါတဲ့ တောင်းဆိုချက်ကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။ 

လွိုင်ကော်အကျဉ်းထောင်ကို လူကိုယ်တိုင် ထောင်ဝင်စာ ပို့ဆောင်ခွင့် တရားဝင် ပြန်လည်ဖွင့်ပေးဖို့နဲ့ မိသားစုဝင်တွေပို့တဲ့ ဆေးဝါးနဲ့အစားအသောက်တွေကို ထောင်အာဏာပိုင်တွေအနေနဲ့ အပြည်အဝလက်ခံပြီး အကျဉ်းသားတွေဆီကိုလည်း အပြည်အဝ ပို့ဆောင်ပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အရေးပေါ်လူနာတွေနဲ့ နာတာရှည်ရောဂါဝေဒနာခံစားနေရသူတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံတွေကို ပို့ဆောင်ပေးဖို့၊ ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ လုံလောက်စွာထားရှိဖို့၊ အရေးပေါ်ဖြစ်နေချိန်မှာ ငွေကြေးအခက်အခဲရှိတဲ့ အကျဉ်းသားတွေအတွက် ဖမ်းဆီးထိန်းသိမ်းထားသူတွေက ကုန်ကျစရိတ်ကျခံဖို့၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ အပတ်စဉ် ပုံမှန် စစ်ဆေးပေးဖို့လည်း ပါဝင်ပါတယ်။ 

အကျဉ်းသားတွေကို ကျွေးမွေးဖို့ရာထားတဲ့ အစားအသောက်ပမာဏနဲ့ အသုံးအဆောင်ခ့စားခွင့်တွေ အပြည်အဝ ပြန်လည် ပေးအပ်ဖို့၊ အကျဉ်းသား၊အကျဉ်းသူတွေရဲ့ မိသားစုတွေဆီကနေ ငွေကြေးလိမ်လည် တောင်းခံတဲ့ ထောင်ဝန်ထမ်းတွေကို ဖော်ထုတ်ပြီး အရေးယူပေးဖို့နဲ့ အကျဉ်းသားတွေအပေါ် ဥပဒေ လုပ်ထုံးနဲ့မညီတဲ့ ရိုက်နှက် ညှင်းပန်းမှုတွေ ချက်ခြင်းရပ်ပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA က လွိုင်ကော်ထောင်က ထောင်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အာဏာသိမ်းစစ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လယ်ဒို KRC ပြင်းပြင်းထန်ထန် ကန့်ကွက်


 သြဂုတ်လ ()ရက်


အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအတွက်သာ စဉ်းစားပြီး ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို အခြေမခံတဲ့ စစ်အာဏာရှင်ရွေးကောက်ပွဲစနစ်ဖြစ်တာကြောင့် ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း လယ်ဒို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ - KRC က မနေ့ ဩဂုတ် ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အကြောက်တရားတွေအပါအဝင် ဘေးဒုက္ခပေါင်းစုံနဲ့ အသက်ရှင်ရပ်တည်နေရတဲ့ ပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံမှုကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့အပေါ် လယ်ဒို KRC က သူတို့ရဲ့ သဘောထားကို အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

KNU ခလွယ်လွီထူးခရိုင်ထဲမှာပါတဲ့ လယ်ဒိုဒေသက ပြည်သူလူထုဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ် ခံစားနေရပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လူမှုဘဝလုံခြုံမှုအပေါ် ခြိမ်းခြောက်မှုတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။ 

ဒီနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ၈၂ လုံးအပါအဝင် ဒရုန်းနဲ့ ၁၅ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသနေပြည်သူ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး အကြောင်းမဲ့ ဖမ်းဆီးခံရသူ ဦး ရှိခဲ့ကာ အိမ် ၁၆ လုံး၊ စာသင်ကျောင်း လုံး ပျက်စီးခဲ့တဲ့အပြင် အိမ်မွေးတိရိစ္ဆာန် ကောင် သေဆုံးခဲ့တယ်လို့ အသိပေး ထားပါတယ်။

ဒါ့အပြင် ဝီဖာဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေကြောင့် ရွာပေါင်း ၈ဝ က ပြည်သူ ၂၈၀၀၀ ကျော် ရေဘေးသင့်နေတဲ့အပြင် စာသင်ကျောင်းဆောင် ၃၇ ဆောင် ရေနစ်နေတာကြောင့် ကျောင်းသား ထောင် ရာကျော် ပညာသင်ကြားရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

လယ်ဒိုလို့ခေါ်တဲ့ ကျောက်ကြီးမြို့နယ်က ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှေ့ရှုတဲ့အနေနဲ့ အာဏာသိမ်း စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တာလို့ လယ်ဒို KRC က သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ - လယ်ဒို KRC ဟာ ပြည်သူလူထုအားလုံးနဲ့ တသားတည်းရပ်တည်နေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတခုဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩⁨⁨ ရွေးကောက်ပွဲကိစ္စတွေလုပ်နေတဲ့ တောင်ဒဂုံ လဝက ရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက် 


 သြဂုတ်လ ()ရက်


ရန်ကုန်မြို့တော် တောင်ဒဂုံမြို့နယ်မှာ ရွေးကောက်ပွဲကိစ္စတွေလုပ်နေတဲ့ လဝကရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဩဂုတ်လ ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ လဝက ရုံးမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေကို မနေ့ ဩဂုတ်လ ရက် ၁၀ နာရီ ၁၅ မိနစ်အချိန်မှာ ပြင်းအားမြင့် လက်ပစ်ဗုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကို ထိထိ ရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လဝကရုံးမှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စတွေ လုပ်ကိုင်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့က အသိပေးထားပါတယ်။

အဲဒီရုံးကို တိုက်ခိုက်ခဲ့တဲ့ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့က မြို့ပြပြောက်ကျားရဲဘော်တွေ ဘေးအန္တရာယ် ကင်းပြီး စစ်အုပ်စုဘက်ကတော့ ထိခိုက်မှုတွေရှိနိုင်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်နေတဲ့ပစ်မှတ်တွေ၊ အကြမ်းဖက်စစ်အုပ်စုကလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ပစ်မှတ်တွေကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨၂။ သိန္နီခရိုင် ရဲတပ်ဖွဲ့က ကျောင်းပတ်ဝန်းကျင် စစ်ဆေးရေးနှင့် ပြုပြင်ရေးလုပ်ငန်း စတင်


 သြဂုတ်လ ()ရက်


ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ - အုပ်ချုပ်ရေးကော်မတီရဲ့ ကျောင်းပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်တွေကို အကောင်အထည်ဖော်ဆောင်ဖို့ သိန္နီခရိုင်ရဲတပ်ဖွဲ့က သူတို့တာဝန်ယူထားတဲ့ဧရိယာအတွင်းမှာရှိတဲ့ ကျောင်းပတ်ဝန်းကျင် စစ်ဆေးရေးနဲ့ ပြုပြင်ရေးလုပ်ငန်းတွေ ဩဂုတ်လ ရက်နေ့မှာ ဆောင်ရွက်ခဲ့တယ်လို့ The Kokang က ဖော်ပြထားပါတယ်။


စစ်ဆေးရေးနဲ့ ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရတာဟာ ကျောင်းသားကျောင်းသူတွေ ဘေးကင်းလုံခြုံရေးအတွက် အာမခံနိုင်ဖို့၊ ကျောင်းဝင်းအတွင်း စည်းကမ်းထိန်းသိမ်းဖို့နဲ့ သင်ယူမှုပတ်ဝန်းကျင်ကို မြှင့်တင်ဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။


ဒီလုပ်ငန်းတွေကို ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဦးဆောင်ပြီး မြို့ပြရဲတပ်ဖွဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့နဲ့ မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး မုန်ဘမြို့နယ် ပညာရေးရုံးက တာဝန်ရှိသူတွေလည်း ပူးပေါင်းပါဝင်ခဲ့တယ် လို့ သိရပါတယ်။ 


ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ပန်းဖာကျောင်း၊ နန်တုံကျောင်း၊ မိုင်တိုင် ၁၄ ကျောင်း၊ နန်ဟူကျောင်း အပါအဝင် မြန်မာကျောင်းတွေကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။


ကျောင်းဝန်းကျင်မှာရှိတဲ့ ကုန်စုံဆိုင်ငယ်တွေမှာရောင်းချနေတဲ့ အစားအစာ သန့်ရှင်းမှုနဲ့ ဘေးကင်းရေး၊ ဓာတ်ဆီဖြန့်ဖြူး ရောင်းချသူတွေအနေနဲ့ ကျောင်းတွေ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေနဲ့ ဝေးတဲ့နေရာကို ပြောင်းရွှေ့ဖို့နဲ့ဘေးကင်း လုံခြုံရေးဆိုင်ရာ ကာကွယ်မှုတွေလုပ်ဖို့ လူငယ်လူရွယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ ဗီဒီယိုနဲ့ စာပေတွေ ကျောင်းဝန်းကျင်မှာ ရောင်းချတာကို တင်းကြပ်စွာ တားမြစ်ဖို့ အရွယ်မရောက်သေးသူတွေကို ဆေးလိပ်၊ အရက် စတဲ့ တားမြစ်ပစ္စည်းတွေ ရောင်းချတာတွေကို တားမြစ်ဖို့ ကျောင်းတာဝန်ရှိသူတွေကို ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဦးဆောင်တဲ့ အဖွဲ့က ညွှန်ကြားခဲ့တယ်လို သိရပါတယ်။


နှစ်ကာလကြာမြင့်စွာ ပြုပြင်မှုမရှိတဲ့အတွက် ကျောင်းအချို့မှာ ကျောင်းခေါင်မိုးတွေကနေ မိုးယိုစိမ့်တာ မျက်နှာကြက်ပြား  ပြုတ်ကျတာမျိုးလို ဘေးအန္တရာယ်ရှိတဲ့ အခြေအနေတွေအပြင် သောက်သုံးရေရှားပါးမှုနဲ့ ရင်ဆိုင်နေရာတာတွေ တွေ့ရှိတဲ့အတွက် ဒါတွေကို အမြန်ဆုံး ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ လမ်းဆုံတွေမှာ သတိပေးဆိုင်းဘုတ်တွေ အမြန်ဆုံးထားရှိဖို့ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးက ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့တယ်လို့ The Kokang က ဖော်ပြထားပါတယ်။


========================


🚩🚩၃။⁨⁨ စလင်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်‌ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ တညောင်ဓာတ်အားခွဲရုံဘက် ဆုတ်ခွာထွက်ပြေး


သြဂုတ်လ ()ရက်


မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်မှာ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်‌တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဓာတ်အားပေးခွဲရုံဘက် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သခင်ဖိုးလှကြီးတပ်ခွဲ - People Defence Force - Chauk က ဒီနေ့ ဩဂုတ် ရက်မှာ ထုတ်ပြန်ပါတယ်။

တညောင်တိုက်နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက် ငယ်အပါအဝင် ဒရုန်းတွေနဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သားတွေ တညောင်ဓာတ်အားပေးခွဲရုံဘက်ကို ဆုတ်ခွာထွက်ပြေး သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို သခင်ဖိုးလှကြီးတပ်ခွဲ - ချောက်နဲ့ ပခုက္ကူခရိုင် အမှတ် တပ်ရင်း၊ တပ်ခွဲ ၁၊ ၂၊ သိန်းငှက်နက် ဒရုန်းလက်ရုံး တပ်၊ စလင်း ပကဖ ဇုန် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စလင်းမြို့နယ်မှာ တိုက်ပွဲတွေ အရှိန်မြှင့်လာနိုင်တာကြောင့် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေဝယ်ယူနိုင်ဖို့ ပြည်သူတွေအနေနဲ့ ပါဝင်အားဖြည့်‌ပေးကြဖို့လည်း သခင်ဖိုးလှကြီးတပ်ခွဲ People Defence Force - Chauk က မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment