၂၀၂၅ သြဂုတ်လ ၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ

📌 ၂။ပျက်ကွက်မှုမရှိ ဂုဏ်ပြုလက်ဆောင် ကံထူးရှင် ထောက်ပို့တပ်သားများ စာရင်းကြေညာ

📌 ၃။ (စစ်အုပ်ချုပ်ရေး) ကြေညာခဲ့သည့် မြို့နယ်စုစုပေါင်း (၆၃) မြို့အနက် (၅၁) မြို့နယ်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများအား ယခင်အစောပိုင်းကာလများ၌ကပင် ဖြတ်တောက်ထား

📌 ၄။ မြန်မာစစ်အုပ်စုအခွန်ရနေသည့် CIစာအုပ်ပြုလုပ်ပေးနေခြင်းကိုဖျက်သိမ်း၍ ထိုင်းနိုင်ငံ၏ပန်းရောင်ကတ်' တစ်ခုတည်းကိုသာ အသုံးပြုခွင့်ပေးရန် ထိုင်းအထက်လွှတ်တော်သို့ တောင်းဆိုချက်တင်သွင်း

📌 ၅။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၃၇နှစ်မြောက် ၈၈၈၈နေ့အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှား

📌 ၆။ ၃၇နှစ်ပြည့် ရှစ်လေးလုံးနှစ်ပါတ်လည် အမေရိကန်နယူးယောက်မြို့မှာ မြန်မာအင်အားစုများကျင်းပမည်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩လက်နက်ခဲယမ်းတွေမှာ ထမီစတွေ ချည်နှောင်ပစ်ခတ်ရတယ်လို့ AA ဆီ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ပြော 

🚩၂။⁨⁨⁨ ရေဖြူ နတ်အိမ်ထောင်စခန်းကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေပြီး ဦးထက်မနည်း ဒဏ်ရာရ

🚩၃။ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏အမည်ကို အသုံးပြု၍  ရွှေဘိုမြို့ပေါ်ရှိ လုပ်ငန်းရှင်များထံသို့ ရုံးစာအတုများဖြင့် လိမ်လည်အလှူခံမှုများရှိနေတယ်လို့အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ


သြဂုတ်လ ()ရက်


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့ ဗီဒီကွန်ဖရင့်မှ တဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ စစ်ရေးနိုင်ငံရေးမြေပြင်လုပ်ငန်းဆောင်ရွက်ချက်များ ၊စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အာဆီယံအပြင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေးအရ ထိတွေ့ဆောင်ရွက်ထားမှု အခြေအနေများ၊စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တော်လှန်ရေးအောင်မြင်ရေးကို အထောက်အကူဖြစ်စေမည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ပျက်ကွက်မှုမရှိ ဂုဏ်ပြုလက်ဆောင် ကံထူးရှင် ထောက်ပို့တပ်သားများ စာရင်းကြေညာ


သြဂုတ်လ ()ရက်


ပျက်ကွက်မှုမရှိ ဂုဏ်ပြုလက်ဆောင် ကံထူးရှင် ထောက်ပို့တပ်သားများ စာရင်းကို PRFကကြေညာလိုက်ပါတယ်။


"ခက်ခဲကြမ်းတမ်းလှတဲ့ ဒီတော်လှန်ရေးခရီးမှာ နေ့စဉ်ဘဝခက်ခဲမှုတွေကြားကနေ ရွပ်ရွပ်ချွံချွံပါဝင်နေကြတဲ့ ထောက်ပို့တပ်သားတွေအားလုံးကို ဂုဏ်ယူလေးစားပြီး ဂုဏ်ပြုချီးမြှင့်လိုတာကြောင့် ဒီပျက်ကွက်မှုမရှိ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပျက်ကွက်မှုမရှိ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ထောက်ပို့တပ်သားတဦးချင်းစီတိုင်းကို အိမ်အရောက် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ဂုဏ်ပြုလိုပေမယ့် အကန့်အသတ် အခက်အခဲများ ရှိတာကို နားလည်ပေးစေလိုပါတယ်"လို့ဖော်ပြပါတယ်။



ဒီကံထူးရှင်တွေကိုတော့ ပျက်ကွက်မှုမရှိ နှစ်အလိုက် ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပို့ပေးသွားမှာ ဖြစ်ပြီး ကြိုတင်ကြေညာထားတဲ့အတိုင်း  ပျက်ကွက်မှုမရှိ ထောက်ပို့တပ်သားများအားလုံးအတွက်ကိုတော့ E-Mail မှတဆင့် Soft Copy များ အသီးသီးပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ နောက်မှာ မားမားမတ်မတ်ရပ်တည်ရင်း တစိုက်မတ်မတ် ပါဝင်နေကြတဲ့ ထောက်ပို့တပ်သား တဉီးတယောက်ချင်းစီကို ဂုဏ်ပြုဦးညွတ်အပ်တယ်လို့PRFကဆိုပါတယ်။


========================


📌📌 ၃။ (စစ်အုပ်ချုပ်ရေး) ကြေညာခဲ့သည့် မြို့နယ်စုစုပေါင်း (၆၃) မြို့အနက် (၅၁) မြို့နယ်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများအား ယခင်အစောပိုင်းကာလများ၌ကပင် ဖြတ်တောက်ထား


သြဂုတ်လ ()ရက်


အကြမ်းဖက်စစ်တပ်မှ အရေးပေါ်အခြေအနေ (စစ်အုပ်ချုပ်ရေး) ကြေညာခဲ့သည့် မြို့နယ်စုစုပေါင်း (၆၃) မြို့အနက် (၅၁) မြို့နယ်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများအား ယခင်အစောပိုင်းကာလများ၌ကပင် ဖြတ်တောက်ထားကြောင်း အသံအဖွဲ့ကကြေညာပါတယ်။


ဇူလိုင်လ၊ ၃၁ ရက်နေ့၌ အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ တိုင်းနှင့်ပြည်နယ် () ခုရှိ မြို့နယ်ပေါင်း (၆၃) မြို့နယ်အား အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။


အသံအဖွဲ့မှ ဇွန်လကုန်ထိ ကောက်ယူပြုစုထားသည့် စစ်တမ်းများအရ ယခုအကြမ်းဖက်စစ်တပ်မှ အရေးပေါ်အခြေအနေ (စစ်အုပ်ချုပ်ရေး) ကြေညာခဲ့သည့် မြို့နယ်စုစုပေါင်း (၆၃) မြို့အနက် (၅၁) မြို့နယ်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများအား ယခင်အစောပိုင်းကာလများ၌ကပင် ဖြတ်တောက်ထားကြောင်း လေ့လာတွေ့ရှိရပြီး အရေးပေါ်အခြေအနေ (စစ်အုပ်ချုပ်ရေး) ကြေညာခြင်းမရှိသည့် ဒေသများ၌လည်း ဆက်သွယ်ရေးလိုင်းများအား ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက်ထားလျက်ရှိတယ်လို့ဖော်ပြပါတယ်။


မြန်မာစစ်တပ်သည် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားပြီးနောက် ၎င်းဒေသများ၌ စစ်ဘက် အရပ်ဘက် ခွဲခြားမှုမရှိဘဲ အရပ်သားပြည်သူများကိုပင် ပစ်မှတ်ထားကာ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းများနှင့် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခြင်းများကို တရဆက်လုပ်ဆောင်နေကာ ဒေသခံပြည်သူများ၏ လူ့ရပိုင်ခွင့်အား စည်းလွတ်ဘောင်လွတ်ကျူးလွန်နေသည်ကိုလည်း လေ့လာတွေ့ရှိရတယ်လို့ အသံအဖွဲ့ကဆိုပါတယ်။


========================


📌📌 ၄။ မြန်မာစစ်အုပ်စုအခွန်ရနေသည့် CIစာအုပ်ပြုလုပ်ပေးနေခြင်းကိုဖျက်သိမ်း၍ ထိုင်းနိုင်ငံ၏ပန်းရောင်ကတ်' တစ်ခုတည်းကိုသာ အသုံးပြုခွင့်ပေးရန် ထိုင်းအထက်လွှတ်တော်သို့ တောင်းဆိုချက်တင်သွင်း


သြဂုတ်လ ()ရက်


မြန်မာစစ်အုပ်စုအခွန်ရနေသည့် CIစာအုပ်ပြုလုပ်ပေးနေခြင်းကိုဖျက်သိမ်း၍ ထိုင်းနိုင်ငံ၏ပန်းရောင်ကတ်' တစ်ခုတည်းကိုသာ အသုံးပြုခွင့်ပေးရန် ထိုင်းအထက်လွှတ်တော်သို့ တောင်းဆိုချက်တင်သွင်းခဲ့ပါတယ်။


ဩဂုတ်လ ရက်နေ့တွင် Bright Future အဖွဲ့မှ အဆိုပါတောင်းဆိုချက်ကိုတင်သွင်းခဲ့တာလို့ သိရှိရပါတယ်။


 မြန်မာလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) “အစိမ်းရောင်စာအုပ်ကို အသုံးပြုခြင်းကို ရပ်ဆိုင်းပေးရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသောပန်းရောင်ကတ်ကို မြန်မာလုပ်သားများအတွက် အဓိကစာရွက်စာတမ်းတစ်ခုတည်းအဖြစ် အသိအမှတ်ပြုရန်တင်သွင်းခဲ့တာလို့သိရပါတယ်။


ထိုင်းနိုင်ငံ၏အထက်လွှတ်တော်အမတ်ဖြစ်သူ မစ္စတာ ထေဝရစ် မဏီဆိုင်းက ယခုတောင်းဆိုချက်ကို ဆက်လက်ဆောင်ရွက်ပေးမည်ဟု အတည်ပြုခဲ့ကြောင်း၊ ထိုင်း အလုပ်သမားရေးရာ ကော်မတီ၏တာဝန်မှာ ထိုင်းနိုင်ငံသားမဟုတ်သော လုပ်သားအားလုံး၏ အခွင့်အရေးနှင့် သက်သာချောင်ချိရေးကို ဂရုစိုက်ရန်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၃၇နှစ်မြောက် ၈၈၈၈နေ့အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှား


သြဂုတ်လ ()ရက်


အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့တွင်  ၃၇နှစ်မြောက် ၈၈၈၈နေ့အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှားခဲ့ကြပါတယ်။


အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့မှ ၃၇နှစ်မြောက် ၈၈၈၈နေ့အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုနှင့်အတူ နယူးယောက်မြို့ရှိ မြန်မာပြည်သူများ၏ လုပ်ဆောင်ချက်များအား ရန်ကုန်လူထုသပိတ်က လေးစားစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ သြဂုတ်လ၆ရက်မှာဖော်ပြပါတယ်။


အလားတူ အမေရိကန်နိုင်ငံ TEXAS ပြည်နယ် DALLAS မှ ပေးပို့လာသော ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၆။ ၃၇နှစ်ပြည့် ရှစ်လေးလုံးနှစ်ပါတ်လည် အမေရိကန်နယူးယောက်မြို့မှာ မြန်မာအင်အားစုများကျင်းပမည်


သြဂုတ်လ ()ရက်


၃၇နှစ်ပြည့် ရှစ်လေးလုံးနှစ်ပါတ်လည် အမေရိကန်နယူးယောက်မြို့မှာ မြန်မာအင်အားစုများကျင်းပမည်ဖြစ်ကြောင်း သိရှိရပါတယ်။


သြဂုတ်လ၉ရက်တွင် အမေရိကန်နယူးယောက်မြို့ Greeley Squareအနီးမှာ ကျင်းပသွားမယ်လို့ NYCBCကဖော်ပြပါတယ်။


တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်ကို ၊တတိုင်းပြည်လုံး၊လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ဆန့်ကျင်တော်လှန်ခဲ့တဲ့( 8888 )အရေးတော်ပုံကြီး၊ 37 နှစ်ပြည့်၊ ရှစ်လေးလုံးနှစ်ပတ်လည်ပွဲအား၊ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍၊တော်လှန်သောညီအကိုမောင်နှမများ၊လာရောက်ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်လို့ NYCBCကဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩လက်နက်ခဲယမ်းတွေမှာ ထမီစတွေ ချည်နှောင်ပစ်ခတ်ရတယ်လို့ AA ဆီ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ပြော 


သြဂုတ်လ ()ရက်


စစ်တပ်က လက်နက်ခဲယမ်းတွေမှာ ဘုရားစာတွေကပ်တာ ထမီစတွေချည်နှောင်ပြီး ပစ်ခတ်နေတယ်လို့ ရခိုင့်တပ်တော် AA ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား နေသူရမျိုးက ပြောဆိုလိုက်ပါတယ်။ 


ဇူလိုင် ၂၇ ရက်နေ့က အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားရဲ့ ထွက်ဆိုချက်ကို ရခိုင့်တပ်တော် AA က မနေ့ ဩဂုတ် ရက် က ထုတ်ပြန်ရာမှာ စစ်မှုထမ်းတပ်သား နေသူရမျိုးက အခုလို ပြောဆိုထားတာဖြစ်ပါတယ်။


AA က အောက်လမ်းနည်းနဲ့ တိုက်ခိုက်တာ။ ကျနော်တို့ဘက်က ကျသွားတဲ့ ရဲဘော်ကို အသားစိမ်းငါးစိမ်းကျွေးပြီးတော့ ကျနော်တို့ကို ပြန်တိုက်ခိုင်းတာလို့ အထက်အရာရှိတွေက ဝါဒဖြန့်ထားတယ်လို့လည်း ဆိုပါတယ်။


အဲဒါကြောင့် စစ်သားတွေဟာ သူတို့ကိုင်နေတဲ့ လက်နက်တွေနဲ့ လက်ပစ်ဗုံး ဗုံးသီးတွေမှာ ဘုရားစာတွေ ကပ်လေ့ရှိပြီး သူတို့ကိုင်တဲ့ လက်နက်တွေမှာလည်း ထမီစတွေချည်ရတာ လက်နက်ကြီးကျည်တွေမှာ ထမီစချည်ပြီး ပစ်လေ့ရှိတယ်လို့ အလင်းဝင်တပ်သား နေရသူရမျိုးက ရှင်းပြထားပါတယ်။


တပ်သားနေသူရမျိုးဟာ တပ်မ ၉၉ လက်အောက်ခံ ခမရ - ၁၅ မှာတာဝန်ကျနေတဲ့ စစ်မှုထမ်းအပတ်စဉ် ၁၀ သင်တန်းဆင်း စစ်မှုထမ်း တပ်သားသစ်ဖြစ်ပြီး ပဒါန်းစစ်မြေပြင်ကနေ ရခိုင့်တပ်တော် AA ထံ အလင်းဝင်လာခဲ့သူဖြစ်ပါတယ်။


သူက အလင်းဝင်တဲ့သူတွေကို AA က သတ်ဖြတ်လေ့ရှိတယ်လို့ တပ်ထဲမှာ ဝါဒဖြန့်ထားတယ်လို့လည်း ရှင်းပြထားပါတယ်။ 


စစ်သားတွေ အလင်းဝင်ရင် AA က စစ်ဆေးမေးမြန်းပြီး သတ်ပစ်လေ့ရှိပြီး ကိုယ့်ကိုမြှုပ်မယ့်တွင်းကို ကိုယ်တိုင် တူးရကာ AA က ဝါးရင်းတုတ်နဲ့ ရိုက်သတ်တယ်လို့ လိမ်လည်ဝါဒဖြန့်ထားတယ်လို့ အလင်းဝင် တပ်သား နေသူရမျိုးက ပြောပါတယ်။

 

တပ်ထဲမှာ အရာရှိတွေ ဝါဒဖြန့်ပြောဆိုထားတာတွေနဲ့ လက်တွေ့မှာ ကွာခြားနေတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။


ဒါ့ကြောင့် စစ်တပ်ထဲမှာ ကျန်နေသူတွေအနေနဲ့ ရခိုင့်တပ်တော်ဆီမှာ အလင်းဝင်ဖို့ ဆက်သွယ်သင့်တယ်လို့လည်း အလင်းဝင်လိုသူတွေကို တပ်သား နေသူရမျိုးက တိုက်တွန်းထားပါတယ်။


========================


🚩🚩၂။⁨⁨⁨ ရေဖြူ နတ်အိမ်ထောင်စခန်းကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေပြီး ဦးထက်မနည်း ဒဏ်ရာရ


သြဂုတ်လ ()ရက်


တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နတ်အိမ်ထောင်စခန်းကို စစ်ကူလာတဲ့ အင်အား ၆၀ ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်‌ရေးမဟာမိတ် ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေပြီး ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဒီနေ့ ဩဂုတ်၆ရက်မှာ ထုတ်ပြန်လာပါတယ်။

 

အဲဒီစစ်တပ်စစ်ကြောင်းဟာ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ နတ်အိမ်တောင်စခန်းကို စစ်ကူ စစ်ကြောင်းလို့ ဆိုပါတယ်။


အဲဒီ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်‌ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ကော့လှိုင်ရွာအနီးမှာ ဩဂုတ်လ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ကြပြီး ရန်သူ့စစ်ကြောင်း အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့လည်း အသိပေးပါတယ်။


 နေလည် နာရီ ၁၅ မိနစ်ကနေ နေ့လည် နာရီအထိ ၄၅ မိနစ်ခန့်ကြာတဲ့ တိုက်ပွဲမှာ စစ်သား ဦးသေပြီး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားသလို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော် ဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲပြီးချိန်မှာ စစ်သားတွေကိုင်တဲ့ MA-4 တလက်၊ ၆၀ - မမဗုံးသီး လုံး၊ အီနာဂါဗုံးသီး လုံး၊ MA ကျည်ဘောက် ခု နဲ့ MA ကျည်တောင့် ၁၀၀ ကျော်ရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။


တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်မှာ မွန်ပြည်တော်လှန်ရေးတပ် - MSRF၊ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - KNLA တပ်မဟာ - တပ်ရင်း - ၂၇ ရာမညမွန်တပ်‌‌တော် R.M.A ဒေါနစစ်ကြောင်း - (YGF) ဒေါန

စစ်ကြောင်း - (KBDF) ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း စစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင် ဆာကပေါတပ်ရင်း - KTLA တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏အမည်ကို အသုံးပြု၍  ရွှေဘိုမြို့ပေါ်ရှိ လုပ်ငန်းရှင်များထံသို့ ရုံးစာအတုများဖြင့် လိမ်လည်အလှူခံမှုများရှိနေတယ်လို့အသိပေး


သြဂုတ်လ ()ရက်


ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏အမည်ကို အသုံးပြု၍  ရွှေဘိုမြို့ပေါ်ရှိ လုပ်ငန်းရှင်များထံသို့ ရုံးစာအတုများဖြင့် လိမ်လည်အလှူခံမှုများရှိနေတယ်လို့အသိပေးဆိုပါတယ်။


သြဂုတ်လ၆ရက်တွင် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးကြေညာပါတယ်။


"ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏အမည်ကို အသုံးပြု၍  ရွှေဘိုမြို့ပေါ်ရှိ လုပ်ငန်းရှင်များထံသို့ ရုံးစာအတုများဖြင့် လိမ်လည်အလှူခံခြင်း ငွေတောင်းခံခြင်း၊ ခြိမ်းခြောက်စာပို့၍ ဆတ်ကြေးကောက်ခံခြင်းများ ပြုလုပ်နေခြင်းရှိကြောင်း ကြားသိရပါတယ်။ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု အမည်တပ်၍ (PDF)ဟုလည်းပါရှိပြီး တပ်ရင်းတခု၏ logoအား အသုံးပြု၍ ထင်ယောင်ထင်မှားဖြစ်စေရန်  လိမ်လည်အလှူခံနေခြင်းအား တွေ့ရှိရပါတယ်"လို့ဖော်ပြပါတယ်။


ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့်  မည်သည့်လူပုဂ္ဂိုလ်၊ လုပ်ငန်းရှင်များထံသို့မျှ ရုံးစာထုတ်၍ အလှူခံခြင်း ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများကို ပြုလုပ်ခြင်းမရှိဘဲ ရုံးစာထုတ်၍ ခဲယမ်းလိုအပ်ချက်အရဟုလည်းကောင်း ဆေးဝါးနှင့်ရိက္ခာလိုအပ်ချက်အရဟုလည်းကောင်း အခြားသောအကြောင်းပြချက်အမျိုးမျိုးဖြင့်လည်းကောင်း အလှူခံခဲ့ခြင်း တကြိမ်တခါမျှ မရှိသကဲ့သို့ အလှူခံရန် မည်သူတဦးတယောက်ကိုမျှ တာဝန်ပေးထားခြင်းမရှိဘူးလို့ဆိုပါတယ်။


ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်အား အသုံးပြု၍ တနည်းနည်းအလှူခံခြင်း၊ ဆတ်ကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်စာပို့ခြင်းတို့ကိုတွေ့ရှိရပါက စုံစမ်းဖော်ထုတ်၍ ထိရောက်ဟန့်တားစွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment