၂၀၂၅ သြဂုတ်လ ၁၂ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨ (၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့

📌 ⁨⁨၂။စစ်အုပ်စုရဲ၏ရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့တာဝန်အနေနဲ့မှတ်ယူရမှာဖြစ်တယ်"လို့ KNUဥက္ကဌပြောကြား

📌 ⁨⁨၃။ တော်လှန်ရေးရဲဘော်များသိမ်းပိုက်ထားတဲ့ ဥကရစ်ထစခန်းကို ရဲဘော်များအတွက်စားစရာရိက္ခာများ ဆရာတော်မင်းသုညနှင့်ဆရာတော်များသွားရောက်ပို့ဆောင်ခဲ့

📌 ⁨⁨၄။မြန်မာနိုင်ငံမှပညာတတ်လူငယ်များ၏ ၅၃ ရာခိုင်နှုန်းသည် ပြည်ပထွက်ခွာရန် ဆန္ဒရှိနေကြ

📌 ⁨⁨၅။ အညစ်ညမ်းဆုံးအာဆီယံနိုင်ငံများစာရင်းတွင် မြန်မာကရှေ့ပြေးစာရင်းတွင် ဖော်ပြခံရ


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ကရင်တော်လှန်ရေး ရည်မှန်းချက်များကို အောင်အောင်မြင်မြင်ဖြင့် ဖော်ဆောင်နိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၇၅)နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

🚩၂။ တောင်သာမြို့နယ် အေးရွာကျေးရွာရှိ ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက်အား  PDFနဲ့အထင်မှားကာ ရဲမှပစ်ခတ်ခဲ့သဖြင့်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨ (၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့


သြဂုတ်လ ၁၂ ရက်


(၇၅)နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


(၇၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ကရင်အာဇာနည်နေ့တွင် ကရင်အမျိုးသား ခေါင်းဆောင်ကြီးများနှင့်တကွ ကရင်ပြည်သူလူထုအပေါင်းတို့သည် ကရင်အာဇာနည်သူရဲကောင်းအပေါင်း၏ ရည်မှန်းချက်ဖြစ်သော လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တို့အတွက် အပြည့်အဝဖော်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား ညီညွတ်စွာဖြင့် လက်တွေ့အကောင်အထည်ဖော် တည်ဆောက်သွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်လို့ဖော်ပြပါတယ်။


ရှေ့ဆက်လျှောက်လှမ်းကြရမည့် မိမိတို့နိုင်ငံတော်၏ အနာဂတ်ပန်းတိုင်သည် ပြည်သူ အားလုံး၏ ယုံကြည်ချက်အပေါ်တွင် တည်မှီလျက်ရှိရာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှ ရုန်းထွက်နိုင်ရန် စုဖွဲ့မှု ခိုင်မာစွာဖြင့် နိုင်ရာတာဝန်များကို အတူတကွ ထမ်းရွက်သွားကြစေလိုကြောင်းနှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ကရင်အမျိုးသားခေါင်းဆောင်ကြီးများအပါအဝင် မိတ်ဖက်တော်လှန်ရေးအင်အားစုများ နှင့် လက်တွဲညီစွာ ချိတ်ဆက်လျက် ကျရာအခန်းကဏ္ဍ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။


ကရင်လူထုတစ်ရပ်လုံးနှင့် ကရင်တော်လှန်ရေးအဖွဲ့အစည်းများသည် လက်ရှိအချိန်ထိ တိုင် တော်လှန်ရေးအောင်ပွဲများကို လက်တွေ့ဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပြီးရှေ့ဆက်၍လည်း နိုင်ငံတဝှမ်းလုံးတွင် အောင်ပွဲများဆက်လက်ဆွတ်ခူးပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် (၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့ သဝဏ်လွှာအား လေးစားစွာ ထုတ်ပြန်အပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨၂။စစ်အုပ်စုရဲ၏ရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့တာဝန်အနေနဲ့မှတ်ယူရမှာဖြစ်တယ်"လို့ KNUဥက္ကဌပြောကြား


သြဂုတ်လ၁၂ရက်


"စစ်အုပ်စု၏ရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့တာဝန်အနေနဲ့မှတ်ယူရမှာဖြစ်တယ်"လို့( KNU-ကရင်အမျိုးသားအစည်းအရုံး)ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက (၇၅ )နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ ပြောကြားလိုက်ပါတယ်။


"စစ်အာဏာရှင်အုပ်စုဟာ တနိုင်ငံလုံးရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဒီနှစ်ကုန်မှာကျင်းပနိုင်ဖို့ဆိုပြီး စိုင်းပြင်းပြင်ဆင်နေကြတာပဲ ဖြစ်ပါတယ်။ရွေးကောက်ပွဲမှာအနိုင်ရနိုင်ဖို့အတွက်လည်း နည်းလမ်းအမျိုးမျိုးနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲဟာ မျက်လှည့်ပြဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့အသိအမှတ်ပြုမှုကိုရရှိနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ဒီရွေးကောက်ပွဲကျင်းပတာဟာ နိုင်ငံရေးမှာစစ်တပ်ကိုအာဏာပေးထားတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုထပ်မံအတည်ပြုပေးတာဖြစ်ပြီး ဒီနိုင်ငံမှာ စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိ နိုင်ငံရေးဦးဆောင်ခွင့်အာဏာပေးအပ်သွားနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ဒီနိုင်ငံမှာဖြစ်နေတဲ့ပဋိပက္ခတွေအရှိန်မြှင့်လာစေဖို့၊ပိုမိုပြင်းထန်လာစေဖို့အတွက်ပဲ ဖြစ်ပါတယ်။အထူးသဖြင့်ရွေးကောက်ပွဲကျင်းပခြင်းဟာလူငယ်တွေရဲ့အနာဂါတ်ကံကြမ္မာကိုအဆုံးသတ်ဆုံးဖြတ်သွားတာဖြစ်ပါတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ကရင်တမျိုးသားလုံးရဲ့တာဝန်အနေနဲ့မှတ်ယူရမှာဖြစ်ပါတယ်"လို့ပြောပါတယ်။


ဒါ့အပြင် စစ်အာဏာရှင်အုပ်စုကိုအမြစ်ဖြတ်နိုင်ဖို့ ကျရာကဏ္ဍကနေ နည်းလမ်းအသွယ်သွယ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောကြားပါတယ်။


========================


📌📌 ⁨⁨၃။ တော်လှန်ရေးရဲဘော်များသိမ်းပိုက်ထားတဲ့ ဥကရစ်ထစခန်းကို ရဲဘော်များအတွက်စားစရာရိက္ခာများ ဆရာတော်မင်းသုညနှင့်ဆရာတော်များသွားရောက်ပို့ဆောင်ခဲ့


သြဂုတ်လ၁၂ရက်


တော်လှန်ရေးရဲဘော်များသိမ်းပိုက်ထားတဲ့ ဥကရစ်ထစခန်းကို ရဲဘော်များအတွက်စားစရာရိက္ခာများ ဆရာတော်မင်းသုညနှင့် ဆရာတော်များသွားရောက်ပို့ဆောင်ခဲ့တယ်လို့ သြဂုတ်လ၁၂ရက်မှာ ဆရာတော်မင်းသုညက မိန့်ကြားအသိပေးထားပါတယ်။


"လူယုတ်မာ မင်းအောင်လှိုင်မှ ဖက်ခွက်စားအနုပညာသည် ခန့်စည်သူတို့နဲ့ဇာတ်ကားရိုက် ဆိုက်ဝါးထည့်ကြွေးကြော်ခဲ့တဲ့ သက်ရှိစည်းရိုးကို ရဲဘော်များကရိုက်ချိုးကာ အောင်လံလွင့်ခဲ့တဲ့ ဥကရစ်ထစခန်းမှ ရဲဘော်များအတွက် စားစရာရိက္ခာများကိုသွားပို့ရင်း ရောက်ဖြစ်ခဲ့ပါတယ်"လို့ ဆရာတော်ကမိန့်ကြားပါတယ်။


ဆရာတော်မင်းသုည ဗုဒ္ဓတက္ကသိုလ်နှင့်အတူ တော်လှန်ဆရာတော်များဟာ စစ်ဘေးရှောင်များကိုလည်းကူညီထောက်ပို့ပေးလျက်ရှိပါတယ်။


========================


📌📌 ⁨⁨၄။မြန်မာနိုင်ငံမှပညာတတ်လူငယ်များ၏ ၅၃ ရာခိုင်နှုန်းသည် ပြည်ပထွက်ခွာရန် ဆန္ဒရှိနေကြ


ဩဂုတ်လ၁၂ရက်


မြန်မာနိုင်ငံမှပညာတတ်လူငယ်များ၏ ၅၃ ရာခိုင်နှုန်းသည် ပြည်ပထွက်ခွာရန် ဆန္ဒရှိနေကြတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) အစီရင်ခံစာထုတ်ပြန်ချက်အရ သိရပါတယ်။


ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP)  မြန်မာနိုင်ငံရှိ လူငယ်များနှင့်ပတ်သက်သော အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။


မြန်မာလူငယ် ၁၀ ဦးတွင် ဦး သည် စီးပွားရေးပြိုလဲမှု၊ ပဋိပက္ခနှင့် စစ်မှုထမ်းခေါ်ယူမှုတို့ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားလိုကြောင်းသိရပါတယ်။


နိုင်ငံတဝန်းရှိ လူငယ် ,၀၀၀ ကျော်၏ အမြင်များကို စုဆောင်းရယူထားသည့် Myanmar Youth Survey 2024 အစီရင်ခံစာတွင် ပညာတတ်လူငယ်များ၏ ၅၃ ရာခိုင်နှုန်းသည် ဆန္ဒရှိနေကြတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ⁨⁨၅။ အညစ်ညမ်းဆုံးအာဆီယံနိုင်ငံများစာရင်းတွင် မြန်မာကရှေ့ပြေးစာရင်းတွင် ဖော်ပြခံရ


သြဂုတ်လ၁၂ရက်


အညစ်ညမ်းဆုံး အာဆီယံနိုင်ငံများစာရင်းတွင် မြန်မာက ရှေ့ပြေးစာရင်းတွင်ဖော်ပြခံရပါတယ်။


အညစ်ညမ်းဆုံး အာဆီယံနိုင်ငံများ (၂၀၂၅ နှစ်လယ်)The Most Polluted ASEAN Countries by 2025 Mid-Year ထုတ်ပြန်ချက်အရသိရှိရပါတယ်။


မြန်မာနိုင်ငံသည် ညစ်ညမ်းမှုအညွှန်းကိန်း ၈၉. ဖြင့် အညစ်ညမ်းဆုံးနှင့် စင်္ကာပူနိုင်ငံသည် ညစ်ညမ်းမှု အညွှန်းကိန်း ၃၂. ဖြင့် ညစ်ညမ်းမှုအနည်းဆုံးနိုင်ငံဟု ခန့်မှန်းထားပါတယ်။


အညစ်ညမ်းဆုံး အာဆီယံနိုင်ငံများ (၂၀၂၅ နှစ်လယ်)The Most Polluted ASEAN Countries by 2025 Mid-Yearလေထုနှင့် ရေထုညစ်ညမ်းမှု၊ အမှိုက်စွန့်ပစ်မှုနှင့် သန့်ရှင်းမှု၊ ဆူညံသံနှင့် အလင်းရောင်ညစ်ညမ်းမှု၊ စိမ်းလန်းသောနေရာများ ရရှိနိုင်မှုနှင့် အလုံးစုံညစ်ညမ်းမှုတို့ကို ထည့်သွင်းစဉ်းစားကာ ကမ္ဘာတဝှမ်းရှိ မြို့ကြီးများရှိ အလုံးစုံညစ်ညမ်းမှုအဆင့်ကို ခန့်မှန်းတွက်ချက်ဖော်ပြထားတာဖြစ်ပါတယ်။


အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်ထိခိုက်မှု့ကိုထည့်သွင်းစဥ်းစားခြင်းမရှိတော့ဘဲ တသွေးတသံတမိန့်တည်းနဲ့ဆုံးဖြတ်လျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================

========================


🚩🚩 ကရင်တော်လှန်ရေး ရည်မှန်းချက်များကို အောင်အောင်မြင်မြင်ဖြင့် ဖော်ဆောင်နိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၇၅)နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့


ဩဂုတ်လ (၁၂) ရက် 


ကရင်တော်လှန်ရေး ရည်မှန်းချက်များကို အောင်အောင်မြင်မြင်ဖြင့် ဖော်ဆောင်နိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၇၅)နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


ယနေ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့သည် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဥက္ကဋ္ဌစောဘဦးကြီး၊ ဗိုလ်ချုပ်စောစိုင်း‌ကေနှင့် ကရင်တိုင်းရင်းသားရဲဘော်ရဲဘက်များ ကျဆုံးခဲ့သည့် (၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ ဖြစ်ကာ ကရင်အာဇာနည်နေ့သည် ကရင်လူမျိုးတို့၏ အမျိုးသားရေးသမိုင်း၊ တော်လှန်ရေး သမိုင်းတွင် မေ့ပျောက် ပစ်ပယ်၍ မရပါသော ဝမ်းနည်းကြေကွဲအောက်မေ့ဖွယ် နေ့ရက်လည်း ဖြစ်ခဲ့တယ်လို့ဖော်ပြပါတယ်။


ယနေ့နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလ အချိန်အခါသည် စစ်အာဏာရှင်စနစ် အဆုံးသတ်စေရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးတို့အတွက် မြန်မာပြည်တစ်ဝှမ်းတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် အတူတကွ တွန်းလှန် တိုက်ပွဲဝင်နေသည့် ကာလဖြစ်သည်နှင့်အညီ မဟာမိတ် ကရင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်  အခြားတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး  အတူလက်တွဲ စုစည်းညီညာ စွာ ဉာဏ်မြေကတုတ်ဖြင့် ကြံ့ကြံ့ခံစွာ အစွမ်းကုန် ဆက်လက်ကြိုးစားအားထုတ်ပါက မဝေးတော့ သော အနာဂတ်တွင် တော်လှန်ရေးဘုံရည်မှန်းချက်များ အောင်မြင်စေဖို့ လက်တစ်ကမ်းအကွာတွင် ရောက်ရှိလာနေပြီလည်း ဖြစ်တယ်လို့ဆိုပါတယ်။


(၇၅) နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည့် ကရင်အာဇာနည်နေ့ အထိမ်းအမှတ်နေ့တွင် ဒီမိုကရေစီ ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေး စွန့်လွှတ်ပေးဆပ်ကြသော ကရင်အာဇာနည်ခေါင်းဆောင် ကြီးများ၊ ကရင်တိုင်းရင်းသားပြည်သူလူထုနှင့် ကရင်တော်လှန်ရေး ရဲ‌ဘော်ရဲဘက်များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ဂါရဝပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။


 ကရင်အာဇာနည်ကြီးများ၏ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ပုံများကို ပြန်ပြောင်းအမှတ်ရစေသော (၇၅) နှစ်ပြည့်မြောက်ပြီဖြစ်သည့် ကရင့်အာဇာနည်နေ့တွင် ကရင်တိုင်းရင်းသားမျိုးနွယ်စုများအားလုံး စုစည်းညီညွတ်စွာဖြင့် ကရင်တော် လှန်ရေး ရည်မှန်းချက်များကို အောင်အောင်မြင်မြင်ဖြင့် ဖော်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ သဝဏ်လွှာပေးပို့အပ်တယ်လို့ဆိုပါတယ်။


========================


🚩🚩၂။ တောင်သာမြို့နယ် အေးရွာကျေးရွာရှိ ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက်အား  PDFနဲ့အထင်မှားကာ ရဲမှပစ်ခတ်ခဲ့သဖြင့်သေဆုံး


သြဂုတ်လ၁၂ရက်


တောင်သာမြို့နယ် အေးရွာကျေးရွာရှိ ပိုက်လိုင်းစောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက် လက်ဖက်ရည်ထိုင်သောက်နေကြစဥ် PDFနဲ့အထင်မှားကာ ရဲမှပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ပါတယ်။


သြဂုတ်လ(၁၁)ရက်နေ့ မနက်၁၁နာရီအချိန်ခန့်တွင် တောင်သာမြို့နယ် အေးရွာကျေးရွာရှိ တရုပ်ပိုက်လိုင်းစောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက်သည် ဝဲလောင်ကျေးရွာ ရွှေမန္တလေး လဘက်ရည်ဆိုင်တွင်  လဘက်ရည်ထိုင်သောက်နေတယ်လို့သိရပါတယ်။


ထို့နောက် ဝဲလောင်ရဲစခန်းမှူး ရာဇာကြီးဦးဆောင်သော ရဲအဖွဲ့က အချင်းချင်းသွားရောက်ပစ်ခတ်ကြရာ တရုတ်ပိုက်လိုင်းစောင့် နှစ်ယောက်က နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တောင်သာပကဖကဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment