၂၀၂၅ သြဂုတ်လ ၁၉ ရက်နေ့ ညနေခင်း သတင်းလွှာ

၂၀၂၅ သြဂုတ်လ ၁၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန အသေးစိတ်ထုတ်ပြန်

📌 ⁨⁨⁨⁨၂။ တရားရေးဝန်ကြီးနှင့် မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံ

📌 ⁨⁨⁨⁨၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တခဲနက် ထောက်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း တိုက်တွန်း

📌 ⁨⁨⁨⁨၄။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လူသန်း၂၀ ကျော် မြန်မာ့လူဦးရေစုစုပေါင်း၏သုံးပုံ တပုံကျော်သည် လူသားချင်းစာနာထောက်ထားရေးအကူအညီများ လိုအပ်နေ

📌 ⁨⁨⁨⁨၅။ မြန်မာနိုင်ငံက အရပ်သားတွေ နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ အန္တရာယ်တွေကို ကမ္ဘာက သတိပြုမိစေဖို့ တောင်းဆို


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ပြည်သူ့တော်လှန်ရေးရဲဘော်များကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး သွားရောက်အားပေးစကားပြောကြားခဲ့

🚩၂။ မော်လိုက်က စစ်တပ်နဲ့ပျူ ပူးပေါင်းစခန်းကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်

🚩၃။ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ တမိုင်တောင်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်

🚩၄။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သားဖွားအတတ်ပညာသင်တန်းအတွက် သင်တန်းသူများခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨၁။ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန အသေးစိတ်ထုတ်ပြန်


မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ၊ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက်နေ့မှာ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်သလို တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိတဲ့ လူထုတည်ရှိရာနေတဲ့ ဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး  ဒဏ်ရာရရှိသူ ၁၉ ဦးအနက် ၁၈ နှစ်အောက် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ၁၅ မိုင်လောက် အကွာမှာရှိတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာနဲ့ ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ အကြမ်းဖက်စစ်အုပ်စုကျူးလွန်နေတဲ့ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို မရပ်တန့်ဘူးဆိုတဲ့ သက်သေမှတ်တမ်းတစ်ခု ထပ်ဖြစ်လာခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ တရားရေးဝန်ကြီးနှင့် မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း အစည်းအဝေး အမှတ်စဥ် (/၂၀၂၅) အခမ်းအနားကို (၁၅--၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ တရားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးအားမာန်၊ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ တရားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဂျိုးဇက်၊ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသုတ၊ ရုံးအဖွဲ့မှူး ဦးကျော်ကျော်နှင့် ရုံးအဖွဲ့ဝင်များ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံ များနှင့် မြို့နယ် (၁၆)မြို့နယ်မှ မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေးတာဝန် ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

တွေ့ဆုံပွဲမှာ တရားရေးဝန်ကြီးက အဓိကအားဖြင့် မြန်မာနိုင်ငံ၏ အကျဥ်းထောင်စနစ်ကို ပြောင်းလဲဖို့ လိုအပ်လာကြောင်း၊ ထိုက်သင့်သည့် ပြစ်ဒဏ် ကျခံပြီးပါက လူ့ဘောင်ဘဝထဲ လူကောင်းအဖြစ်  ပြန်လည်ဝင်ဆံ့နိုင်ရန်အတွက် လုပ်ကိုင်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ထိုကဲ့သို့ မဟုတ်လျှင် အဆိုးသံသရာထဲလည်နေမှာဖြစ်ကြောင်း၊ ၎င်းတို့ ထိုက်သင့်သည့် ပြစ်ဒဏ်ကို ကျခံနေရပေမယ့်လည်း မိမိတို့က လူသားဆန်စွာဖြင့် ပြုမူဆက်ဆံနိုင်မည်ဆိုလျှင် ၎င်းတို့အနေဖြင့် အမှားကိုမြင်ပြီး အမှန်ပြင်နိုင်ရန်အတွက် အကျဥ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမတို့၏ လက်ထဲတွင်ရှိကြောင်း၊ ဆရာ ဆရာမတို့၏ လုပ်‌ဆောင်ချက်များမှာ လူတစ်ဦးချင်းစီနှင့် သက်ဆိုင်သလို အားလုံးနှင့်လည်း သက်ဆိုင်ကြောင်း၊ တနည်းအားဖြင့် စနစ်သစ်တစ်ခုကို အစပျိုးနေသူ များလည်းဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း လေးစားဂုဏ်ယူကြောင်း၊ တရားရေးဝန်ကြီးဌာန တစ်ခုလုံး အနေဖြင့်လည်း လေးလေးစားစား အသိအမှတ်ပြုပါကြောင်းကို ပြောလိုကြောင်း၊ ထို့ကြောင့် ယနေ့ အစည်းအဝေးမှာ ဂုဏ်ယူစရာကောင်းသည့် တာဝန်များကို ဆောင်ရွက်နေရသည့် တရားရေးဝန်ကြီးဌာန ၏မိသားစုဝင်များ၊ နွေဦးတော်လှန်ရေး၏ မိသားစုဝင်များထဲမှာ မိမိတို့လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အသီးသီးထမ်းဆောင်ကြပြီး နွေဦးတော်လှန်ရေးတစ်ခုလုံးအတွက် သာမကပဲ အနာဂါတ်အတွက်ပါ ဆက်လက်ကြိုးစား ဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး မြို့နယ်အကျဥ်းထောင်တာဝန်ခံများ၊ အကျဥ်းသားထိန်းသိမ်း‌ရေးတာဝန်ရှိသူများ ကြိုတင်မေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ အထွေထွေ ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များ ချမှတ်ခြင်းတို့အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အတည်ပြုပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တခဲနက် ထောက်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း တိုက်တွန်း


သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တခဲနက် ထောက်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းက တိုက်တွန်းလိုက်ပါတယ်။

"ကျွန်တော်တို့ရဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တခဲနက် ထောက်ခံကြစို့  သူသည်သာ မြန်မာပြည်၏ တကယ့်အသံ။ ယခုလို ခက်ခဲအရေးကြီးတဲ့အချိန်မှာ ဦးကျော်မိုးထွန်းသာ မြန်မာပြည်နဲ့လူထုကိုယ်စား ကုလသမဂ္ဂမှာ ဆက်လက်ပြောဆိုခွင့်ရဖို့ အားလုံးညီညွတ်စွာ ထောက်ခံကြရမယ်။ သူဟာ ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးမှာ  ကျွန်တော်တို့ရဲ့ အသံ၊ ကိုယ်စားလှယ်အစစ်အမှန်၊ ပြောကြားခွင့်မရှိတဲ့ အသံမဲ့သူများအတွက် ပြောကြားပေးသူ၊ မြန်မာပြည်တွင်းက ကြုံတွေ့နေရသည့်ဒုက္ခများကိုကမ္ဘာ့တဝှမ်းကို သိစေသူ ဖြစ်တယ်။

ကုလသမဂ္ဂသို့ ပေးပို့ရန် အိတ်ဖွင့်ပေးစာတစောင် ပြင်ဆင်ပြီးသားဖြစ်တယ်။ သင့်ထောက်ခံမှုလိုအပ်နေပါတယ်။ စာကို ဖတ်ပါ။ လက်မှတ်ထိုးထောက်ခံပါ" လို့ ကိုထိန်လင်းက အသိပေးဆိုထားပါတယ်။

မြန်မာပြည်၏ ကုလသမဂ္ဂကိုယ်စားလှယ်နေရာအတွက် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တည်ရှိနေရေး နိုင်ငံတကာရောက်မြန်မာအင်အားစုများကလည်း ဆက်လက်ထောက်ခံရပ်တည်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လူသန်း၂၀ ကျော် မြန်မာ့လူဦးရေစုစုပေါင်း၏သုံးပုံ တပုံကျော်သည် လူသားချင်းစာနာထောက်ထားရေးအကူအညီများ လိုအပ်နေ


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လူသန်း၂၀ ကျော် မြန်မာ့လူဦးရေစုစုပေါင်း၏သုံးပုံ တပုံကျော်သည် လူသားချင်းစာနာထောက်ထားရေးအကူအညီများ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့တွင် ရန်ကုန်မြို့ရှိ နော်ဝေးသံရုံးမှ သံရုံးအကြီးအကဲဖြစ်သူ Elisabeth Schwabe-Hansen က ဆိုထားပါတယ်။

"မြန်မာနိုင်ငံတွက် လူသားချင်းစာနာထောက်ထားရေးအကြပ်အတည်းသည် ဆက်လက်ဆိုးရွားလျက်ရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လူသန်း၂၀ ကျော်မြန်မာ့လူဦးရေစုစုပေါင်း၏ သုံးပုံ တပုံကျော်သည် လူသားချင်းစာနာထောက်ထားရေးအကူအညီများ လိုအပ်နေပါတယ်" လို့ ဆိုပါတယ်။

နော်ဝေးနိုင်ငံ၏ လူသားချင်းစာနာထောက်ထားရေးအကူအညီများပေးအပ်နေမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨၅။ မြန်မာနိုင်ငံက အရပ်သားတွေ နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ အန္တရာယ်တွေကို ကမ္ဘာက သတိပြုမိစေဖို့ တောင်းဆို


မြန်မာနိုင်ငံက အရပ်သားတွေ နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ အန္တရာယ်တွေကို ကမ္ဘာက သတိပြုမိစေဖို့ တောင်းဆိုလိုက်တယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ UN OCHA Myanmar က ထုတ်ပြန်ပါတယ်။

"နှစ်စဉ် ဩဂုတ်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့ဟာ ပဋိပက္ခတွေကြားမှာ မြေစာပင်ဖြစ်ကြရတဲ့ လူတွေရဲ့ ရှင်သန်နေထိုင်နိုင်မှု၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေအကြောင်းနဲ့ သူတို့ကို အကူအညီပေးကြမယ့် အန္တရာယ်တွေကြားက လူမှုကရုဏာလုပ်သားတွေရဲ့ အကြောင်းကို အလေးထားဖော်ပြတဲ့နေ့ ဖြစ်ပါတယ်။ သည်နှစ်မှာတော့ မြန်မာနိုင်ငံက အရပ်သားတွေ နေ့စဉ် ကြုံတွေ့ခံစားနေရတဲ့ အန္တရာယ်တွေကို ကမ္ဘာက သတိပြုမိစေဖို့ တောင်းဆိုလိုက်ပါတယ်" လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာသူဦးရေဟာ ဒသမ သန်းနီးပါးရှိပြီလို့ ခန့်မှန်းပြီး၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်နေတဲ့ ရန်ပုံငွေရဲ့ ၁၂ ရာခိုင်နှုန်းသာသာပဲ လက်ရှိအချိန်မှာ ရရှိထားပါသေးတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီက ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ ပြည်သူ့တော်လှန်ရေးရဲဘော်များကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး သွားရောက်အားပေးစကားပြောကြားခဲ့


ပြည်သူ့တော်လှန်ရေးရဲဘော်များကို ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက သွားရောက်အားပေးစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

"Mai Mai Seng နှင့် Jet San Htun သို့ 

လေးစားတယ်။ ဂုဏ်ယူတယ်။ကျေးဇူးတင်တယ်။ဒို့အားလုံးအောင်ပွဲရတဲ့ အထိရဲ​​ဘော်တွေနဲ့ အတူ တိုက်ပွဲဝင်ကြမယ်" လို့ ပြည်ထောက်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကဆိုထားပါတယ်။

ခရီးစဥ်နဲ့ပတ်သက်ပြီးအဆိုတော်"Mai Mai Sengကပြောကြားထားရာမှာ "ပထမဦးစွာ ကိုယ်တွေက ရဲဘော်တွေကို အားပေးဖို့သွားခဲ့ကြပေမယ့် ဆရာကြီးရဲ့ ရပ်တည်ချက် ခံယူချက် အားပေးစကားတွေနဲ့ အတူ ဒူပေပေ ဒဏ်ပေပေ ခံယူချက်ကောင်းကောင်းနဲ့ ကြိုးစားပေးနေကြတဲ့ ရဲဘော်တွေကိုကြည့်ပြီး ကိုယ်တွေက ပြန်အားယူခဲ့ရပါတယ်။ကိုယ်တွေလို အရွယ်ကောင်းတွေတောင် ဒီရာသီမှာ တော်တော်ပင်ပန်းတဲ့ လမ်းခရီးတွေပါ။ ဆရာကြီး ဒီကိုရောက်ရှိလာတာ ကျနော်တို့အတွက်ရော ရဲဘော်တွေအတွက်ပါ ဘယ်လောက်အကျိုးသက်ရောက်မှု ဖြစ်လဲဆိုတာဒီခရီးစဉ်တွေမှာ မျက်မြင်ကိုယ်တွေ့ မို့ တကယ်အားရကျေနပ်မိတဲ့ ခရီးစဉ်ပါဘဲ" လို့ အသိပေးဆိုထားပါတယ်။


========================


🚩🚩၂။ မော်လိုက်က စစ်တပ်နဲ့ပျူ ပူးပေါင်းစခန်းကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်


စစ်ကိုင်းတိုင်း၊မော်လိုက်မြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းအခိုင်အမာတည်ဆောက်ထားတဲ့ထော်သာစခန်းကိုတော်လှန်ရေးတပ်တွေက သြဂုတ် ၁၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေ ရရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောကြောင်း People's Spring က ဖော်ပြပါတယ်။

မောလိုက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ပျူ ပူးပေါင်းစခန်းထိုင်တဲ့ ပထမဆုံးစခန်းဖြစ်သလို သြဂုတ်လ ၁၅ ရက်နေ့ နေပိုင်းမှာတော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာပါ။

"မော်လိုက်မြို့နယ်ရဲ့ ပထမဆုံး  ပျူနဲ့ စကစနဲ့ပေါင်းနေတဲ့ စခန်း။ စစ်သုံ့ပန်းလက်နက်ကိုင်တာက ၇၀၊ မိသားစုဝင်တွေက ၁၅၀" လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းဓါတ်ပုံတွေနဲ့ စခန်းသိမ်းပုံတွေကို PDF အချို့က ဓါတ်ပုံနဲ့ ရုပ်သံတင်ထားတာမှာ လက်နက်မျိုးစုံ  အနည်းဆုံး ၂၃ လက်​​သိမ်းဆည်းရရှိတာတွေ့ရပါတယ် စစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။

စခန်းသိမ်းပြီးနောက် စစ်တပ်က စစ်ကူထပ်လာသူတွေကိုလည်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး သြဂုတ်လ ၁၈ ရက်အထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကူလာတဲ့ စစ်ကြောင်းကို​​ တော်လှန်ရေးတပ်တွေ တိုက်တာမှာသေဆုံး၊ ဒဏ်ရာရသူများသလို စစ်သုံ့ပန်းအချို့ပါ ထပ်ဖမ်းမိတဲ့အတွက် စစ်ကူစစ်ကြောင်းလည်း အထိနာလို့ပြန်ငြိမ်သွားတယ်လို့ သိရပါတယ်

"စစ်ကြောင်းအထိနာပြီး ပြန်ငြိမ်နေတာ အရာရှိတွေပါကျတာ" လို့​​တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။ 

ထော်သာစခန်းနဲ့ စစ်ကူစစ်ကြောင်းတွေကိုမော်လိုက်မြို့နယ်ကတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၃။ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ တမိုင်တောင်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်


တနင်္သာရီတိုင်း ပုလောမြို့နယ်၊ အကြမ်းဖက်စစ်တပ်က တပ်စွဲထား တဲ့ တမိုင်တောင်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက  နယ်မြေရှင်းလင်းရေး ပြုလုပ်နေပုံတွေကို KNU -တပ်မဟာ () မြိတ်-ထားဝယ်ခရိုင်မှ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ် ရဲ့ တမိုင်တောင် စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ် တွေက နှစ်လခွဲကြာ ပိတ်ဆို့မှု ပြုလုပ်ပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်တပ်က ဩဂုတ် ၁၆ ရက်မှာ စခန်းကို စွန့်ခွာပြီး ထွက်ပြေးသွားတာပါ။

အကြမ်းဖက်စစ်တပ်က ထွက်ပြေးသွားတဲ့အတွက် သြဂုတ် ၁၇ ရက်မှာ  KNDO အမှတ် () တပ်ရင်း ဒရုန်းအဖွဲ့ မှ ဗုံးသီးချကာ ရန်သူအခြေအနေကို စစ်ဆေးခဲ့တာပါ။

အဲဒီနောက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ () အထူးတပ်ဖွဲ့ (KNLA Special Forces) နဲ့ KNDO တပ်ရင်း () တပ်ခွဲ () တို့က နယ်မြေရှင်းလင်းရေး လုပ်ဆောင် ခဲ့တယ်လို့ ဆိုပါတယ်။

KNLA Special Forces နဲ့ KNDO အမှတ် () တပ်ရင်း၊ တပ်ခွဲ () တို့ ပူးပေါင်းကာ တမိုင်တောင် စခန်းအား ဝိုင်းရံထားပြီး ရိက္ခာ နဲ့ ထောက်ပံ့ရေး လမ်းကြောင်းများ ဖြတ်တောက် ပိတ်ဆို့မှုပြုလုပ်ခဲ့တာ အချိန် နှစ်လခွဲတိတိ ကြာပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်က  စခန်း စွန့်ခွာ ထွက်ပြေးသွားတာပါ။

တော်လှန်ရေး အောင်မြင်ရန်  ရန်သူအကြမ်းဖက်စစ်တပ်ကို အခွင့်အရေး ရတာနဲ့အမျှ  အမြဲတမ်း တိုက်ခိုက်သွားမှာဖြစ်ပြီး၊ ပြည်သူများ အနေနဲ့ ယင်းတို့ တပ်စွဲထားတဲ့ နေရာ အနီးတဝိုက်တွေမှာ  မနေထိုင်ကြဖို့ ထပ်မံ သတိပေးထားပါတယ်။


========================


🚩🚩၄။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သားဖွားအတတ်ပညာသင်တန်းအတွက် သင်တန်းသူများခေါ်ယူ


အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သားဖွားအတတ်ပညာသင်တန်း အတွက် သင်တန်းသူများ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။

သားဖွားအတတ်ပညာသင်တန်းကို အသက် (၂၅) နှစ်အောက် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရမှ ကျင်းပတဲ့ ၁၂ တန်း အောင်သူတွေနဲ့ စနစ်ဟောင်းအရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ  လျှောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။

သားဖွားအတတ်ပညာသင်တန်းကာလမှာ (၁၈) ဖြစ်ပြီးတော့ လျှောက်လွှာများကို စက်တင်ဘာ (၁၀) ရက်နေ့ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ပေးပို့လျှောက်ထားရမှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



 

Share:

No comments:

Post a Comment