၂၀၂၅ သြဂုတ်လ ၁၄ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ သြဂုတ်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပ

📌 ၂။ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေး

📌 ၃။ မြန်မာ့အရေးတွင် အာဆီယံ၏ ဆောင်ရွက်မှုများ ထိရောက်မှု မရှိဟု Defend Myanmar Democracy ထောက်ပြ

📌 ၄။ ဇွန်လ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် အမျိုးသမီး () ဦးနှင့် အမျိုးသား (၃၃) ဦး သေဆုံး

📌 ၅။ တောင်ကြီးမှာ စစ်မှုထမ်းပါသွားတဲ့ လူငယ်တစ်ဦး ရှေ့တန်းမှာ သေဆုံးခဲ့မှု လကျော်မှ မိသားစုကို အသိပေး


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖက်ဒရယ်တပ်မတော်အဖြစ် ထူထောင်ရာတွင် စစ်ဥပဒေများအတိုင်း တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေပြီး ဥပဒေအထက်တွင် မည်သူမျှ ရှိမနေစေရဟု NUG စစ်ခုံရုံးဥက္ကဋ္ဌ ပြောကြား

🚩 ၂။ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

🚩 ၃။ စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းက ပြည်သူ တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ပအိုဝ်းရွာများကို မီးရှို့ဖျက်စီး

🚩 ၄။ မြင်းခြံမြို့အနီး စစ်ကောင်စီ စစ်ကြောင်းကို ပြောက်ကျား တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩 ၅။ မုံရွာ -မန်းလေး လမ်းပေါ် ချောင်းဦး-နတ်ရေကန် ကြားတွင် ပြည်သူများကို ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်

🚩 ၆။ SOG တပ်ရင်း တည်ထောင်ခြင်း ()နှစ်ပြည့် အခမ်းအနားနဲ့ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

🚩 ၇။ ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်အသစ် ( သင်တန်းသား ) များ ခေါ်ယူ

🚩 ၈။ အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် သင်တန်း ဖွင့်လှစ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မကွေးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၆/၂၀၂၅) ကို သြဂုတ်လ ၁၃ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

အစည်းအဝေး၌ ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်များ၏ အာဂျင်တာ တင်သွင်းလာမှုများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။

အဆိုပါအစည်းအဝေးသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနနှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်းအမှတ်စဉ် (/၂၀၂၅) အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (:၃၀)နာရီတွင် ကျင်းပခဲ့ကြောင်း NUG တရားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။

ထိုအခမ်းအနားသို့ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများ၊ မြို့နယ် (၂၇) မြို့နယ်မှ ဥပဒေတာဝန်ခံများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲတွင် ဥပဒေတာဝန်ခံများမှ မိမိတို့မြို့နယ် အသီးသီးရှိ တရားစီရင်ရေးကိစ္စရပ်များ နှင့် အခက်အခဲများ၊ အယူခံပြင်ဆင် ကိစ္စရပ်များ၊ ဥပဒေအကြံပေးမိတ္တူနှင့် လစဉ်အစီရင်ခံစာကိစ္စရပ်များ၊ ဘတ်ဂျက်၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူး တို့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ မြန်မာ့အရေးတွင် အာဆီယံ၏ ဆောင်ရွက်မှုများ ထိရောက်မှု မရှိဟု Defend Myanmar Democracy ထောက်ပြ


မြန်မာ့အရေးတွင် အာဆီယံ၏ ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း Defend Myanmar Democracy က အခုလို ထောက်ပြထားပါတယ်။

၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံသို့ ဝင်ရောက်ချိန်တွင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း သန်းရွှေလက်ထက်တွင် အရပ်သားပြည်သူများအပေါ် ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သော်လည်း အာဆီယံသည် ထိုစစ်အစိုးရကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့သည့် လုပ်ရပ်သည် စစ်အုပ်စု၏ ရာဇဝတ်မှုများကို သွယ်ဝိုက်အသိအမှတ်ပြုခြင်းလို့ ထောက်ပြထားပါတယ်။

လက်ရှိတွင်လည်း ၂၀၂၁ ခုနှစ်မှစ၍ အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားလှယ်များ တက်ရောက်ခွင့်ကို ကန့်သတ်ထားသော်လည်း၊ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုနိုင်ငံရေးအရ ကိုယ်စားမပြုသည့်အဆင့်ဖြင့် တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များနှင့် တာဝန်ရှိသူများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စု၏ ထိပ်တန်းပုဂ္ဂိုလ်များနှင့် အကြိမ်ပေါင်းများစွာ တရားဝင်နှင့် တရားမဝင် တွေ့ဆုံမှုများ ပြုလုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အပြင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌများသည် မြန်မာ့ပဋိပက္ခဖြေရှင်းရန် ၂၀၂၁ ခုနှစ်တွင် သဘောတူထားသည့် အချက် ချက်ကို ဆက်လက်ကိုင်စွဲထားသော်လည်း၊ ၎င်းသည် လက်တွေ့ထိရောက်မှု မရှိဘဲ မြန်မာပြည်သူများ၏ အသံကို ကိုယ်စားပြုသည့် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို အာဆီယံက ဆက်လက်လျစ်လျူရှုထားတယ်လို့ ထောက်ပြပါတယ်။

အာဆီယံ၏ လုပ်ရပ်များသည် စာရွက်ပေါ်ရှိ ရည်မှန်းချက်များနှင့် လက်တွေ့လုပ်ဆောင်မှုများအကြား ကွာဟချက်ကို ထင်ရှားစေပြီး၊ မြန်မာ့အရေးတွင် ၎င်း၏ အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်စရာများ ပိုမိုများပြားလာစေကြောင်း ဆိုထားပါတယ်။


========================


📌📌 ၄။ ဇွန်လ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် အမျိုးသမီး () ဦးနှင့် အမျိုးသား (၃၃) ဦး သေဆုံး


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ  အမျိုးသမီး () ဦးနှင့် အမျိုးသား (၃၃) ဦး စုစုပေါင်း (၃၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်းမှာ (၁၂) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဩဂုတ်လ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာကို အင်အား (၁၀၀) ခန့်ပါဝင်သော အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်ကြစဉ် ကိုခိုင်လင်းသည် ထိုစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံခဲ့ရကာ ခေါင်းဖြတ်သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဩဂုတ် ၁၃  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၀၆၃) ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ တောင်ကြီးမှာ စစ်မှုထမ်းပါသွားတဲ့ လူငယ်တစ်ဦး ရှေ့တန်းမှာ သေဆုံးခဲ့မှု လကျော်မှ မိသားစုကို အသိပေး 


တောင်ကြီးမြို့၊ လမ်းမတော် ရပ်ကွက်က စစ်မှုထမ်း အပတ်စဉ် () မှာ ပါသွားခဲ့တဲ့ လူငယ် တစ်ဦး ရှေ့တန်းတွင် သေဆုံးခဲ့တာကို လကျော် ကြာပြီးမှ မိသားစုထံ အသိပေးခဲ့တယ်လို့ TGI Support Revolution က သတင်း ထုတ်ပြန်ထားပါတယ်။

အသက် ၃၁ နှစ်အရွယ် မောင်ချမ်းမြေ့အောင် () အောင်အောင် ဟာ ၂၀၂၄ ဧပြီလက စစ်မှုထမ်း အပတ်စဉ် () အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ စာရေးမတို့က အတင်းအကြပ် လိမ်လည်ခေါ်ယူ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လူငယ်ဟာ လွန်ခဲ့သော ခန့်က ရှမ်းမြောက်ဒေသ စစ်မျက်နှာ၊ လာရှိုးမြို့ အနီးမှာ သေဆုံးသွားခဲ့ပြီး ၎င်းရဲ့ မိသားစုကို ပြီးခဲ့တဲ့ အပတ်ကမှ အသိပေးလာတာကြောင့် နောက်ကျပြီးမှ နာရေးလုပ်ပေးခွင့် ရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ်အတွက် စစ်ကောင်စီက ပေးခဲ့တဲ့ စစ်မှုထမ်းကြေး သိန်း ၅၀ ကိုလည်း ရပ်ကွပ် ဥက္ကဌနဲ့ စာရေးမ တို့က ဖြတ်ယူထားခဲ့ပြီး သိန်းသာ လာပေးခဲ့ရာ မိသားစုက အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပေမယ့် လက်ခံပြီးကြောင်း အဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့နယ် ကျောင်းကြီးစု၊ ရတနာသီရိ၊ ကံသာ၊ စိန်ပန်း၊ ညောင်ဖြူစခမ်း နဲ့ ချမ်းမြသာစည် ရပ်ကွက်တို့မှ စစ်မှုထမ်း ဆင့်ခေါ်ခံရတဲ့ လူငယ်များဟာ ရှေ့တန်းမှာ မကြာခဏ သေဆုံးခဲ့သော်လည်း ကျန်ရစ်သူ မိသားစုကို အချိန်များစွာ နောက်ကျပြီးမှ အသိပေးကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG  သတင်း‌ထောက် သာကီ၊ ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ဖက်ဒရယ်တပ်မတော်အဖြစ် ထူထောင်ရာတွင် စစ်ဥပဒေများအတိုင်း တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေပြီး ဥပဒေအထက်တွင် မည်သူမျှ ရှိမနေစေရဟု NUG စစ်ခုံရုံးဥက္ကဋ္ဌ ပြောကြား


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ဖက်ဒရယ်တပ်မတော်အဖြစ် ထူထောင်ရာတွင် စစ်ဥပဒေများအတိုင်း တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေပြီး ဥပဒေအထက်တွင် မည်သူမျှ ရှိမနေစေရဟု NUG စစ်ခုံရုံးဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

"ဒို့တပ်မတော်က ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးအတွက် အမြုတေပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ၊ တပ်ရဲ့ ဂုဏ်သိက္ခာ  တော်လှန်ရေး ဂုဏ်သိက္ခာအတွက် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုများအနေဖြင့် ဥပဒေများ၊ အမိန့်များ ညွှန်ကြားချက်များကို စည်းမျဉ်းစည်းကမ်းများကို တသွေမတိမ်း လိုက်နာကျင့်သုံးနေထိုင်ကြဖို့လည်း လိုအပ်ပါတယ်" လို့ NUG စစ်ခုံရုံးဥက္ကဋ္ဌက ပြောကြားပါတယ်။

"လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေဖြင့် ပြည်သူကို မျက်နှာမူတဲ့ တပ်မတော်အဖြစ် မိမိကိုယ်ကို မိမိ ခံယူပြီးတော့ ကျင့်သုံးဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။ ချမှတ်ထားတဲ့ ဥပဒေများနှင့်အညီလည်းပဲ နေထိုင်ပြုမူ ကျင့်ကြံနေထိုင်ကြဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ ကျနော်တို့ ဆောင်ရွက်ကြမှာဖြစ်တယ်။ ဥပဒေအထက်မှာ မည်သူမှ ရှိမနေစေရပါဘူး"လို့ ၎င်းက အလေးအနက်ပြောကြားထားပါတယ်။


========================


🚩🚩 ၂။ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်


ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ တအောင်းတပ် TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပင်ပေါရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့၊ မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၂၅၀ ဗုံး လုံး ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူပိုင်နေအိမ် () လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ (၁၂) ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ မြောက်ကုန်းစံရွာနဲ့ ရှုခင်းသာတို့ကို ဒရုန်းဖြင့် ဗုံး ၂၁ လုံး၊ ဟောင်ဝစ်ဇာ လက်နက်ကြီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ () ရက်နေ့မှာလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး လုံး ကြဲချတိုက်ခိုက် ခဲ့တာကြောင့် အမျိုးသမီး () ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးခန်း နဲ့ နေအိမ် () လုံး၊ ကား () စီး ဗုံးစထိမှန် ပျက်စီးခဲ့ပါသေးတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းက ပြည်သူ တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ပအိုဝ်းရွာများကို မီးရှို့ဖျက်စီး


စစ်ကောင်စီ တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းက ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ပအိုဝ်းရွာများကို မီးရှို့ဖျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ရက်နေ့မှ စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းကို ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စုနဲ့ တောင်ရှေ့ ကျေးရွာအုပ်စု အတွင်းမှာ PNLA က တစ်ပတ်ကျော်ကြာ ခုခံတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ၁၀၀ ခန့် သေဆုံးခဲ့ပေမယ့် အင်အား အလွန်အကျွံ အသုံးပြု ကာ ထိုးစစ်ဆင်လာတာကြောင့် နောင်ထောဝ် နဲ့ ကောင်ထို ကျေးရွာများ အနီးမှ ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က PNLO/PNLA ဌာနချုပ်နဲ့ အရပ်သားများနေထိုင်ရာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ PNO ပူးပေါင်းစစ်ကြောင်းဟာ ဩဂုတ်လ ရက်နေ့မှာ နောင်ထောဝ်ကြီးရွာ၊ ကယန်းပိုင်းရပ်ကွက် နဲ့ နောင်ထောဝ်၊ ကုလားလမ်းရွာ တို့ကို မီးရှို့ဖျက်စီးခဲ့ရာ နေအိမ် ၂၄ လုံးထပ်မနည်း မီးလောင်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် စလောင်းထောဝ်ကျေးရွာ ဒေသခံ အသက် ၃၈ နှစ်အရွယ် အမျိုးသား ဦးကိုလည်း PNO ပြည်သူ့စစ် က သတ်ဖြတ်ခဲ့ပြီး ဒေသခံ ပြည်သူ (,၀၀၀) ကျော်ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ မြင်းခြံမြို့အနီး စစ်ကောင်စီ စစ်ကြောင်းကို ပြောက်ကျား တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ စစ်ကောင်စီစစ်ကြောင်း ကင်းပုန်းကို အနီးကပ်ပြောက်ကျားနည်းဖြင့် တိုက်ခိုက် ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့က အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ MBT တပ်ဖွဲ့ ဗျူဟာ () နယ်မြေ အတွင်း စစ်ကြောင်း ကြောင်းခွဲပြီး ထပ်မံထိုးစစ်ဆင်လာရာ ပြောက်ကျားစနစ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့တယ် လို့ ဆိုပါတယ်။

မနက် နာရီခန့်မှာ MBT တပ်ဖွဲ့ဝင် ရဲဘော် ဦးဟာ စစ်ကောင်စီ ကင်းပုန်းနောက် မီတာ ၃၀ အတွင်း အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦး သေဆုံးကာ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး ရန်သူ့တပ်များ ကြားထဲထိ ဝင်ရောက်ပြီး စစ်ဆင်ရေးကို အောင်မြင်စွာ ဖော်ဆောင်လာနိုင်ခဲ့တဲ့ ရဲဘော် ဦးအား MBT ရုံးချုပ်မှ ထူးချွန်တပ်သားဆု ချီးမြှင်သွားမယ်လို့ ဖော်ပြထားပါတယ်။

MBT အနေဖြင့် ခဲယမ်းလုံလောက်မှု မရှိတာကြောင့် နယ်မြေတချို့အား လက်လွတ်လိုက်ရပေမယ့် ပြောက်ကျား နည်းစနစ် အသုံးပြုကာ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ မုံရွာ -မန်းလေး လမ်းပေါ် ချောင်းဦး-နတ်ရေကန် ကြားတွင် ပြည်သူများကို ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်


မုံရွာ -မန်းလေး လမ်းပေါ် ချောင်းဦး-နတ်ရေကန် ကြားတစ်နေရာတွင် အထိုင်ချပြီး ခရီးသွားပြည်သူများအား အတင်းအဓမ္မငွေကောက်ခံနေသော စခများအား Drone ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yae Nagar People Defence Forceမှ သတင်းထုတ်ပြန်ပါတယ်။

4 kg ဗုန်းသီး တစ်လုံး၊ 1 kg ဗုန်းသီး လုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ဦး ထိခိုက်မှုရှိပြီး စစ်‌ကောင်စီဘက်မှ သေဆုံးမှုအရေတွက်အား အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲတွင် Yae Nagar People Defence Force မုံရွာ ခရိုင် ၊အမှတ်() တပ်ရင်း တပ်ခွဲ () Myaung T.G.R နှင့်အတူ ပူပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်


========================


🚩🚩 ၆။ SOG တပ်ရင်း တည်ထောင်ခြင်း ()နှစ်ပြည့် အခမ်းအနားနဲ့ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်


အမျိုသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF (P29916) - Special Operation Group (SOG) တပ်ရင်း တည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနားနဲ့ သင်တန်းဆင်းပွဲကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်း အထိုင်ချစခန်းမှာ ဩဂုတ်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ PDF အလံတော်အား အလေးပြုခြင်း၊ သစ္စာအဓိဌာန် ရွတ်ဆိုခြင်း၊ SOG တပ်ရင်းမှူးမှ အဖွင့်အမှာစကား မိန့်ခွန်း ပြောကြားခြင်း၊ အမှတ် (၃၇) နည်းဗျူဟာ ဗျူဟာမှူးမှ အမှတ်တရစကား ပြောကြားခြင်း၊ ဒု-တပ်ရင်းမှူးမှ တပ်တည်ထောင်ခြင်း () နှစ်ပြည့် နှစ်ပတ်လည် အမှတ်တရစကား ပြောကြားခြင်းနဲ့ တပ်ရင်းမှ ကျဆုံးသွားခဲ့သော အာဇာနည်သူရဲကောင်းများအား အောက်မေ့သတိရ ပန်းခွေချခြင်းနဲ့ တစ်မိနစ် ငြိမ်သက် အလေးပြုခြင်း ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် SOG သင်တန်းဆင်းရဲဘော်များအား ဆုချီးမြှင့်ခြင်း၊ သင်တန်းမှူးမှ ကျေးဇူးတင်စကား ပြောကြားခြင်း နဲ့ သင်တန်းဆင်းရဲဘော်များ ကျမ်းကျိန်ခြင်းနှင့် သစ္စာရေ သောက်သုံးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Special Operation Group - SOG တပ်ရင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ကရင်ပြည်နယ်၊ တပ်မဟာ () ကော့ကရိတ် တောင်ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲများနဲ့ စစ်ဆင်ရေးများစွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်အသစ် ( သင်တန်းသား ) များ ခေါ်ယူ


နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲအတွက် တော်လှန်တိုက်ပွဲဝင်လိုသည့် လူငယ်လူရွယ် သင်တန်းသားရဲဘော်အသစ်များအား ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါ်ယူ‌ကြောင်း အသိပေးကြေညာပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ တော်လှန်ရေးပြီးဆုံးသည့်အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ အဆင့်ဆင့်ကွပ်ကဲမှု သဘောတရားကို လက်ခံနိုင်သူ၊ တပ်ဖွဲ့မှ သတ်မှတ်ထားသော နယ်မြေများတွင် သင်ကြား / လေ့ကျင့် /တာဝန်ထမ်းဆောင်နိုင်သူ၊ တပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် မူဘောင်များကို လေးစားလိုက်နာနိုင်သူနှင့် ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် သင်တန်း ဖွင့်လှစ်နေ


စစ်ကော်မရှင်တပ်သည် ပြည်သူ့စစ်မှုထမ်း (အမျိုးသမီး)သင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ်() အရာခံနှင့် အကြပ်ကြီးသင်ကျောင်း(ရကသ-) တွင် ဖွင့်လှစ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်များထံက သိရှိရကြောင်း Myanmar Defense & Security Institute - MDSIမှ အသိပေးထားပါတယ်။

အမျိုးသမီးစစ်မှုထမ်းသင်တန်းကို သတင်းပေါက်ကြားမှုမရှိအောင် တင်းတင်းကြပ်ကြပ် ထားရှိလုပ်ဆောင်နေပြီး အပတ်စဉ် () ကို ဖွင့်ခဲ့တာ လခန့်ရှိနေပြီလို့ သိရပါတယ်။

ရကသ- သည် တပ်ကြပ်ကြီး/စာရေး (အမျိုးသမီး) သင်တန်း နှင့် အခြေခံတပ်သားသစ် (အမျိုးသမီး)သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေသည့် အမျိုးသမီးစစ်သင်တန်းကျောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်မှုထမ်း (အမျိုးသမီး)သင်တန်းအတွက် စစ်ကော်မရှင်တပ်သည်  နိုင်ငံအနှံ့တွင် အမျိုးသမီးငယ်များကို စစ်မေးဖမ်းဆီးခြင်း၊ မြို့ရွာရပ်ကွက်အလိုက် စာရင်းကောက်ခံ ခေါ်ယူခြင်းများ လုပ်ဆောင်လျက်ရှိပြီး စစ်မှုထမ်း ဖမ်းဆီးခေါ်ဆောင်နေမှုများကြောင့် ရန်ကုန်မြို့ နှင့် အချို့ဒေသများတွင် အမျိုးသမီးငယ် ပျောက်ဆုံးမှုများ ရှိလာကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG  သတင်း‌ထောက် သာကီ၊ ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment