၂၀၂၅ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားကြရသည့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးအတွက် ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများပူးတွဲသဘောထားထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) [Basic Education Completion Assessment (BECA)] ဖြေဆိုခွင့်ကာလ သတ်မှတ်ရက်ပြည့်တော့မည်ဖြစ်ကြောင်း အသိပေးကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁩⁨ စစ်တပ်ကလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်တာမျိုးမလုပ်ဖို့ KNU တပ်မဟာ သတိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ကနေဒါနိုင်ငံ တိုရန်တို မြို့တွင်ကျင်းပသည့်သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံပွဲကနေမြန့်မာ့နွေဦး တော်လှန်ရေးအတွက် လှူဒါန်းငွေ   ကနေဒါ ဒေါ်လာ(နှစ်ထောင့်ငါးဆယ်) ရရှိခဲ့


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ ကန်ပက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသနေတဦး ဒဏ်ရာရ 

🚩 ⁨⁨၂။ လက်ပံတန်းနဲ့မင်းလှမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ဦးသေဆုံးပြီး ၇ဦး ပြင်းထန် ဒဏ်ရာရ 

🚩 ⁨⁨၃။ မြောက်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံးမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်သားနဲ့ရဲတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်

🚩၄။မကွေးတိုင်းမှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄၀ ကျော်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားကြရသည့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးအတွက် ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများပူးတွဲသဘောထားထုတ်ပြန်


စက်တင်ဘာလ (၁၁)ရက်


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားကြရသည့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးအတွက်ပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများမှ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။


စက်တင်ဘာလ (၁၁)ရက်ထုတ်ပြန်ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ()ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့အာဏာသိမ်းမှုူကြောင့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဋ္ဌ၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။


ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် အသက်အရွယ်အားဖြင့် ၈၀ နှစ် ကျော်လာခဲ့ပြီဖြစ်ပြီး အသက် အန္တရာယ် စိုးရိမ်ဖွယ် ကျန်းမာရေးအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သားဖြစ်သူ ကိုထိန်လင်း() ကင်မ်အဲရစ်ထံမှတဆင့် ကြားသိခဲ့ရသဖြင့် ပြည်သူလူထုတရပ်လုံးက များစွာစိုးရိမ်ပူပန်မှုဖြစ်ရတယ်လို့ဖော်ပြပါတယ်။

 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မတရားချုပ်နှောင်ဖမ်းဆီးထားစဉ် မိသားစုဝင်များ၊ ဥပဒေအကျိုးဆောင်အဖွဲ့များ၊ နိုင်ငံတကာခေါင်းဆောင်များ၊ သံတမန်များနှင့် တွေ့ဆုံနိုင်ရေးကို စစ်အုပ်စု က ဟန့်တားပိတ်ပင်ထားသည့်အပြင် လုံလောက်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိခြင်းတို့ တွေ့ကြုံနေရပြီး  မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို သတင်းအမှောင်ချ ထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်ရပ်တည်နေခြင်းကိုပင် အထူးစိုးရိမ် ဖွယ်ရာ ဖြစ် လာနေရတယ်လို့ဆိုပါတယ်။


သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားကြရသည့် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံ နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများအားလုံးတို့က ဖိအားပေးတိုက်တွန်းမှုများ လုပ်ဆောင်ပေးကြရန် အထူး မေတ္တာရပ်ခံအပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) [Basic Education Completion Assessment (BECA)] ဖြေဆိုခွင့်ကာလ သတ်မှတ်ရက်ပြည့်တော့မည်ဖြစ်ကြောင်း အသိပေးကြေညာ


စက်တင်ဘာလ (၁၁)ရက်


၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) [Basic Education Completion Assessment (BECA)] ဖြေဆိုခွင့်ကာလ သတ်မှတ်ရက်ပြည့်တော့မည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။


၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ စတင်ဖွင့်လှစ်ပေးထားခဲ့သည့် "အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)" (စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုခွင့်သည်"၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့" တွင် သုံးလတာဖြေဆိုခွင့် သတ်မှတ်ကာလပြည့်မှာဖြစ်တယ်လို့ဆိုပါတယ်။


ဖြေဆိုခွင့်အချိန်ကာလ "အချိန်ကာလ ရက် (၁၅)" သာ ကျန်ရှိတော့ပါကြောင်း BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသည့် ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ အချိန်မီသတိပြု ဖြေဆိုနိုင်ရန် ကြိုတင်အသိပေးနှိုးဆော်အပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨⁩⁨ စစ်တပ်ကလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်တာမျိုးမလုပ်ဖို့ KNU တပ်မဟာ သတိပေး


စက်တင်ဘာလ (၁၁)ရက်


စစ်တပ်ကလုပ်မည့်တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်တာမျိုးမလုပ်ဖို့ KNU တပ်မဟာ ညောင်လေးပင် ခရိုင်က သတိပေးချက်တစောင် ဒီနေ့ စက်တင်ဘာ ၁၁ မှာ ထုတ်ပြန်လာပါတယ်။ 

KNU တပ်မဟာ ညောင်လေးပင်ခရိုင်ဟာ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်အောက်ခံ ခရိုင်တခုဖြစ်တာကြောင့် KNU ဗဟိုရဲ့ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်သွားမှာဖြစ်သလို ဩဂုတ်လ ၂၆ ရက်ကထုတ်ပြန်တဲ့ KNU ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ထုတ်ပြန်ချက်အတိုင်း ရပ်တည်သွားမယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ညောင်လေးပင်ခရိုင် အုပ်ချုပ်မှုနယ်မြေမှာရှိတဲ့ ပြည်သူလူထုအပါအဝင် လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံရေးပါတီ တွေ၊ ဘာသားရေးအသင်းအဖွဲ့တွေ တသီးပုဂ္ဂလပါတီက လူပုဂ္ဂိုလ်တွေအနေနဲ့ စစ်တပ်ကလုပ်မယ့် တဖက်သတ် တရားမဝင်ရွေးကောက်ပွဲမှာ ဝင်ရောက်ပါဝင်တာမျိုး မလုပ်ဖို့ သတိပေး ထားမြစ်ထားပါတယ်။ 

စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ပံ့ပိုးကူညီသူတွေနဲ့ အားပေးကူညီသူတွေကိုလည်း စစ်တပ်ကို တရားဝင် လူသတ်လိုင်စင်ပေးသူတွေအဖြစ် KNU တပ်မဟာ က သတ်မှတ်လိုက်ပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်တပ်က တဖက်သတ်ကျင်းပမယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအတွက် အားပေး အားမြောက်လုပ်သူတွေကို KNU တပ်မဟာ ညောင်လေးပင်ခရိုင်အနေနဲ့ စောင့်ကြည့်နေမှာဖြစ်ပြီး ကျူးလွန်သူတွေကို ကော်သူးလေ တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ လက်ခံယုံကြည်နိုင်စရာမရှိဘဲ စစ်တပ်ကိုသာ အကျိုး ပြုမယ့် လူနဲ့ ပါတီ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ကရင်ပြည်သူလူထု၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေး အင်အားစုများအပါအဝင် နိုင်ငံရေးပါတီများနဲ့ ပြည်သူလူထုတရပ်လုံး အကြမ်းမက်တဲ့နည်းတွေနဲ့ ဆန့်ကျင်သွားကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ကနေဒါနိုင်ငံ တိုရန်တို မြို့တွင်ကျင်းပသည့်သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံပွဲကနေမြန့်မာ့နွေဦး တော်လှန်ရေးအတွက် လှူဒါန်းငွေ   ကနေဒါ ဒေါ်လာ(နှစ်ထောင့်ငါးဆယ်) ရရှိခဲ့


စက်တင်ဘာလ (၁၁)ရက်


ကနေဒါနိုင်ငံ တိုရန်တို မြို့တွင်ကျင်းပသည့်သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံပွဲကနေမြန့်မာ့နွေဦး တော်လှန်ရေးအတွက် လှူဒါန်းငွေ   ကနေဒါ ဒေါ်လာ(နှစ်ထောင့်ငါးဆယ်) ရရှိခဲ့ပါတယ်။


ကနေဒါနိုင်ငံ တိုရန်တို မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရမှ တရားဝင်ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လူထုထောက်ခံပွဲ ကျင်းပခဲ့ပါတယ်။


အဆိုပါ(Hybrid Event)တွင် စေတနာရှင် ပြည်သူအချို့မှ မြန့်မာ့နွေဦး တော်လှန်ရေးအတွက် လှူဒါန်းငွေ ကနေဒါ ဒေါ်လာ 2050 (နှစ်ထောင်ငါးဆယ်) ရရှိခဲ့ကြောင်းနှင့် လှူဒါန်းမှု process ပြီးဆုံးသည့်အခါ အသေးစိတ်ထပ်မံကြေငြာပေးမည်ဖြစ်ကြောင်း MEF_Canada က အသိပေးကြေညာပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩၁။⁨⁨⁨ ကန်ပက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသနေတဦး ဒဏ်ရာရ 


စက်တင်ဘာလ (၁၁)ရက်

 

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်က ခါပန်းရွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသနေပြည်သူတဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။


မနေ့ စက်တင်ဘာ ၁ဝ ရက် ၁၂ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရသွားတာလို့ CDF – Kanpetlet တပ်ဖွဲ့ တာဝန်ရှိသူ တဦးက အတည်ပြုထားပါတယ်။


ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က အခုနှစ် နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုတွေရှိသလို နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨၂။ လက်ပံတန်းနဲ့မင်းလှမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ဦးသေဆုံးပြီး ၇ဦး ပြင်းထန် ဒဏ်ရာရ 


စက်တင်ဘာလ (၁၁)ရက်


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်ထဲက လက်ပံတန်းနဲ့မင်းလှမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့ရပြီး ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ပံတန်းမြို့နယ် သစ်ရောင်းပြင်ရွာနဲ့ ချောင်းဆုံရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ရက်နေ့ မနက် နာရီမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သစ်ရောင်းပြင်ရွာက အသက် ၅၀ အရွယ်အမျိုးသမီးသေဆုံးခဲ့ပြီး အသက် ၄၅ နှစ် အရွယ် အမျိုးသမီး၊ အသက် နှစ်အရွယ် မိန်းကလေးတဦး ပြင်းထန်ဒဏ်ရာရပြီး အိမ် လုံး မီးလောင်ပျက်စီးသွားတယ် လို့ ဆိုပါတယ်။

ချောင်းဆုံရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုမှာလည်း အသက် ၆၀ အရွယ် အမျိုးသမီး သေဆုံးခဲ့တယ်လို့ လည်း သိရပါတယ်။

ထို့အတူ မင်းလှမြို့နယ် တောင်ပြတ်ရွာမရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ရက်နေ့ ညနေ နာရီမှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုမှာဆိုရင် ပြည်သူပိုင် အိမ် လုံး ပျက်စီးပြီး အရပ်သား ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

တောင်ပြတ်ရွာမကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုဖြစဉ်မှာ စိတ်ကျန်းမာရေးအားနည်းသူ အမျိုးသမီးတဦးနဲ့ ကလေးငယ်တွေအပါအဝင် ဦးဒဏ်ရာရသွားတာကြောင့် ဒေသနေပြည်သူတွေ ရွာထဲမှာမနေရဲတော့ဘဲ တိမ်းရှောင်နေ ကြတယ်လို့လည်း သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာခံရတဲ့ရွာတွေဟာ တိုက်ပွဲဖြစ်တာမရှိတဲ့ရွာတွေဖြစ်တာကြောင့် အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့‌တာလို့ ဒေသတွင်းတော်လှန်ရေးတပ်တွေက မှတ်ချက်ပြု ပြောဆိုထားပါတယ်။


========================


🚩🚩 ⁨⁨၃။ မြောက်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံးမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်သားနဲ့ရဲတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာလ (၁၁)ရက်

 

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံးမှာ တာယန်ကျနေတဲ့ အကြမ်းဖက် စစ်သားနဲ့ရဲတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး ပြင်းထန် ဒဏ်ရာရသွားတယ်လို့ မြို့ပြကြွက်ကွန်ယက်က ထုတ်ပြန်လာပါတယ်။


မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးမှာရှိနေတဲ့ စစ်သားနဲ့ရဲ ၁၂ ဦးကို တော်လှန်ရေး ရဲဘော်တွေက စစ်ရေးပစ်မှတ်အဖြစ် မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ ၁၀ နာရီ ၁၀ မိနစ်မှာ လက်လုပ်မိုင်း လုံးနဲ့ လက်ပစ်ဗုံး လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုမှာ စစ်သား ဦး ပြင်းထန်ဒဏ်ရာရသွားတာကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ ကြောက်လန့်တကြားနဲ့ မီးဖြတ်ချတာ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ လွတ်မြောက်ရာ ဒေသကို ပြန်လည်ရောက်ရှိလာပြီးဖြစ်တယ်လို့ အသိပေးပါတယ်။


မြောက်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံးမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်သားနဲ့ရဲတွေကို မြို့ပြကြွက်နဲ့ မြောက်ဥက္ကလာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အကြမ်းဖက်စစ်တပ် အာဏာတည်မြဲရေးနဲ့ ပြည်သူလူထုအပေါ်  ကျူးလွန်ထားတဲ့ သူတို့ စစ်ရာဇဝတ်မှုတွေကို ထောက်ခံ အားပေးသူ၊ ကြံရာပါဖြစ်အောင် ရည်ရွယ်လုပ်ဆောင်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်မျိုးတွေရှိနေရင် ဆက်ပြီး  ပူးပေါင်းပါဝင်တာမျိုး မလုပ်ကြဖို့ မြို့ပြကြွက်ကွန်ယက်က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။


========================


🚩🚩၄။မကွေးတိုင်းမှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄၀ ကျော်သေဆုံး


စက်တင်ဘာလ (၁၁)ရက်

 

မကွေးတိုင်းမှာ သြဂုတ်လတလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄၀ ကျော် သေဆုံးပြီး အိမ်ခြေ ၁၇ဝ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ တမာဖွံ့ဖြိုးရေးအင်စတီကျု - Tamar Instisute က ထုတ်ပြန် ထားပါတယ်။


မကွေးဒေသအခြေအနေတွေကို လစဥ်ထုတ်ပြန်နေတဲ့ တမာဖွံ့ဖြိုးရေးအင်စတီကျု - Tamar Instisute က သြဂုတ်လ အတွက်အခြေအနေတွေကို စက်တင်ဘာ ရက်က ထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။ 


အကြမ်းဖက်စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပမဲ့ရက် ကြေညာပြီးနောက်ပိုင်း တိုက်ပွဲဖြစ်တာမရှိတဲ့ မကွေးတိုင်းအတွင်းက ကျေးရွာတွေကို လေကြောင်းပစ်ခတ်မှုတွေ ပိုပြီး လုပ်လာတယ်လို့ ဆိုပါတယ်။


မကွေးတိုင်းထဲက မြို့နယ် ခုမှာ စစ်အုပ်နဲ့တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲ ၁ဝ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စုက မြို့နယ် မှာ ကြောင်းတိုက်ခိုက်မင ၄၄ ကြိမ်၊ ဒရုံးတွေ စက်တပ်လေထီတွေနဲ့ တိုက်ခိုက်မှုအပါအဝင် လေကြောင်းတိုက်ခိုက်မှု စုစပေါင်း ၅၇ ကြိမ် လုပ်ခဲ့တာတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

အခုလို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု၊ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာ တွေကြောင့် အရပ်သားပြည်သူပိုင်အိမ်နဲ့ အဆောက်အအုံ ၁၇ဝ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မြို့နယ် ခုက အရပ်သား ပြည်သူ သောင်း ထောင်ကျော် အိုးအိမ်စွန်ခွာပြီး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။ 


ဒါ့အပြင် အရပ်သား ၁၃၆ ဦးလည်း စစ်မှုထမ်းအဖြစ် စုဆောင်းခံထားရတယ်လို့ တမာဖွံ့ဖြိုးရေးအင်စတီကျု - Tamar Instisute ရဲ့ အင်ဖိုဂရပ်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩၅။တောင်တွင်းကြီး ထောက်ကြံ့ကွင်းဂိတ်ကထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုမှာ ဗိုလ်ကြီးအပါအဝင် စစ်သား ဦး သေဆုံး


စက်တင်ဘာလ (၁၁)ရက်


မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ထောက်ကြံ့ကွင်းဂိတ်ကနေထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီးတဦးအပါအဝင် စစ်သား ဦး သေဆုံးသွား တယ်လို့ နတ်မောက် PDF က ထုတ်ပြန်ထားပါတယ်။

တောင်တွင်းကြီးမြို့နယ် ထောက်ကြံ့ကွင်းဂိတ်က အကြမ်းဖက် စစ်သား ၂၅ ဦးခန့်ဟာ ဆင်ပေါင်ဝဲမြို့နယ် ဓနုန်းမြောင် ဂိတ်ကို တပ်အချိန်းအပြောင်းလုပ်ဖို့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ နာရီခန့်မှာထွက်လာခဲ့တယ်လို့ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ ပဲခူးရိုးမ ပတ်လမ်းတနေရာအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးတဦးအပါအဝင် စစ်သား ဦး သေဆုံး ပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတာလို့ အသိပေးပါတယ်။ 

တပ်အချိန်းအပြောင်းလုပ်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို နေပြည်တော် ၉၀၂ တပ်ရင်း၊ သရက်ခရိုင် အမှတ် တပ်ရင်း (ဆင်ပေါင်ဝဲ) မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ PDF PNWD (တောင်တွင်းကြီး) တောင်တွင်းကြီး ပကဖ (အဂ္ဂကြီးအဖွဲ့) ဗိဿနိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး) နဲ့ မကွေး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေဟာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် တောင်တွင်းကြီးမြို့နယ်ထဲက သီရိရတနာရွာကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အနီးပတ်ဝန်းကျင်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင်း ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment