၂၀၂၅ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨ မြန်မာ့နွေဦးတက္ကသိုလ်က လာမယ့်ပညာသင်နှစ်အတွက် ပညာသင်ကာလ သတ်မှတ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအတွက် ကျူးလွန်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စုဆောင်းနေတယ်လို့ IIMM အကြီးအကဲ ထုတ်ပြော 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒဖော်ထုတ်ပွဲ ဝါရှင်တန်မှာ လုပ်မယ်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ခလယ်လွီထူခရိုင်မှာရှိတဲ့ ကျေးရွာ ၄၂ ရွာကို KORD က ကျပ်သိန်းပေါင်း တသောင်းကျော်ထောက်ပံ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ဆက်‌ကြေးကောက်ဖို့ထွက်လာတဲ့ မုံရွာ တောပုရွာက စစ်သားတွေကို မိုင်းဆွဲခဲ့ရာမှာ စစ်သား ဦသေဆုံး 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူး‌ပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ဗိုလ်အပါအဝင် ထိခိုက် သေဆုံးမှုရှိ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨ မြန်မာ့နွေဦးတက္ကသိုလ်က လာမယ့်ပညာသင်နှစ်အတွက် ပညာသင်ကာလ သတ်မှတ်


အောက်တိုဘာလ (၂၉)ရက်


မြန်မာ့နွေဦးတက္ကသိုလ်က လာမယ့် ၂ဝ၂၆ - ၂ဝ၂၇ ပညာသင်နှစ်အတွက် ပညာသင်ကာလကို သတ်မှတ်တဲ့ ကြေညာချက် တစောင် ဒီနေ့ အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ အောက်မှာရှိတဲ့ မြန်မာ့နွေဦးတက္ကသိုလ်က စာအမှတ်၊ ပညရ/ မနဥတ/Academic Affairs/၂၀၂၅ (၀၀၈) နဲ့

 ပညာသင်ကာလ သတ်မှတ်ချက်ကို ကြေညာလာတာဖြစ်ပါတယ်။


မြန်မာ့နွေဦးတက္ကသိုလ်အနေနဲ့ လာမယ့် ၂ဝ၂၆ - ၂ဝ၂၇ ပညာသင်နှစ်ကစပြီး ပထမပညာသင်ကာလနဲ့ ဒုတိယပညာသင် ကာလလို့ ပိုင်းခြားထားပြီး ပထမပညာသင်ကာလအဖြစ် ဇန်နဝါရီလ ရက်နေ့ မေလ ရက်နေ့အထိ သတ်မှတ်ထား သလို ဒုတိယပညာသင်ကာလကိုလည်း ဇူလိုင်လ ရက်နေ အောက်တိုဘာ ၃၁ ထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

ပညာသင်ကာ တခုနဲ့တခုကြား ကျောင်း လပိတ်ထားမှာဖြစ်ပြီး ပညာသင်ကာလ အပိုင်းအခြား ခုစလုံးမှာ ပညာသင် ကာလ ခုစလုံးဖွင့်ထားမယ့် Dual Semester System ကျင့်သုံးမယ်လို့လည်း မြန်မာ့နွေဦးတက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအတွက် ကျူးလွန်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စုဆောင်းနေတယ်လို့ IIMM အကြီးအကဲ ထုတ်ပြော 


အောက်တိုဘာလ (၂၉)ရက်


မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကျူးလွန်သူတွေနဲ့ တပ်မှူးတွေရဲ့ ကိုယ်ရေးအချက် အလက်တွေကို စုဆောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။  

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသူတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ စုဆောင်းရရှိထားပြီး ကျူးလွန်သူတွေနဲ့ တပ်မှူးတွေရဲ့ ကိုယ်ရေးအချက်အလက် ကိုလည်း စုဆောင်းထားတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှု ဖြစ်ပွားမှု အကြိမ်ရေနဲ့ ပြင်းထန်မှုများ မြင့်တက်လာနေတယ်လို့လည်း နီကိုလတ်စ် ခွန်ဂျန်က အစည်းအဝေးတက်ရောက်လာသူတွေကို အသိပေး ပြောကြားခဲ့ပါတယ်။

IIMM အနေဖြင့် သက်သေထွက်ဆိုချက်ပေါင်း ၆၀၀ ကျော်အပါအဝင် အထောက်အထားရင်းမြစ်ပေါင်း တထောင် ၃၀၀ ကျော်နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ 

မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအားထားလာပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်နေတာတွေအတွက် ဦးစားပေး စုံစမ်းစစ်ဆေးနေတယ်လို့လည်း IIMM အကြီးအကဲ က ပြောပါတယ်။ 

IIM က ရရှိထားတဲ့ အထောက်အထားတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးက တရားလိုရှေ့နေရုံးနဲ့ အာဂျင်တီးနား ဖက်ဒရယ် ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးရေးတရားသူကြီးတွေ အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လူမျိုးပြုန်းစေမှုကို တားဆီးရန်နဲ့ ပြစ်ဒဏ်ချမှတ်ရန် သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေ ပျက် ကွက်ခဲ့တဲ့အတွက် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့ နိုင်ငံတကာတရားရုံးအမှုမှာ အသုံးပြုနိုင်ဖို့လည်း IIM က အချက်အလက် တွေ မျှဝေပေးနေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်နဲ့ စစ်ဘက်သုံးကိရိယာတွေ ရောင်းချပေးနေတဲ့ လူပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်းတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်နေတာ ရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတွေနဲ့လည်း IIMM ဘက်က ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစီရင်နိုင်ဖို့ ဒီအခန်းထဲမှာရှိနေကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်က ပြောဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒဖော်ထုတ်ပွဲ ဝါရှင်တန်မှာ လုပ်မယ်


အောက်တိုဘာလ (၂၉)ရက်


အာဏာသိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒဖော်ထုတ်ပွဲ ဝါရှင်တန်ဒီစီမှာ လုပ်မယ်လို့ ပွဲစီစဉ်သူတွေ ပြောပါတယ်။


မတရားသဖြင့် အာဏာသိမ်းထားတဲ့ စစ်ကော်မရှင်က လုပ်ဖို့ကြိုးစားနေတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝန်းကသိအောင် အမေရိကန်အရှေ့ပိုင်းပြည်နည်တွေက တိုင်းရင်းသားညီနောင်အဖွဲ့အစည်းတွေ၊ ပြည်နယ်အသီးသီးမှာရှိတဲ့ တော်လှန်အဖွဲ့အစည်းတွေနဲ့ တော်လှန်အနုပညာရှင်တွေ ပူးပေါင်းပါဝင်ကြမယ်လို့ ဆိုပါတယ်။


ဒီဆန္ဒဖေါ်ထုတ်ပွဲကို ဝါရှင်တန်ဒီစီမှာ လာမယ့် နိုဝင်ဘာလ ၂၂ ရက် စနေနေ့မှာ ကျင်းပသွားမှာဖြစ်တဲ့အတွက် နယူးယောက် မြို့မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေ သွားရောက်ပူးပေါင်းနိုင်ဖို့ NYCBC က အသွားအပြန် Air Bus ကားစီစဉ်ထားတယ်လို့ အသိပေးထားပါတယ်။


မနက်စာနဲ့ နေ့လည်စာအပါအဝင် ကားခအနေနဲ့ တယောက်ကို အမေရိကန်ဒေါ်လာ ၉ဝ ကျသင့်မှာဖြစ်ပြီး ပါဝင်အားဖြည့် ကြမယ့် တော်လှန်ညီအကိုမောင်နှမတွေအနေနဲ့ NYCBC အဖွဲ့ဝင်တွေကို ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းကာ ဝယ်ယူထားကြဖို့ သတင်းစကားပါးထားပါတယ်။


ထိုင်ခုံအကန့်အသတ်ရှိတဲ့အတွက် ကြိုတင်ဝယ်ယူထားကြဖို့လည်း ပွဲစီစဉ်သူတွေက နှိုးဆော်ထားပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ခလယ်လွီထူခရိုင်မှာရှိတဲ့ ကျေးရွာ ၄၂ ရွာကို KORD က ကျပ်သိန်းပေါင်း တသောင်းကျော်ထောက်ပံ့


အောက်တိုဘာလ (၂၉)ရက်


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ခလယ်လွီထူခရိုင်ထဲမှာရှိတဲ့ ကျေးရွာ ၄၂ ရွာက ဒေသနေ ပြည်သူတွေကို ကရင်လူမှုကယ်ဆယ်ရေးနှင့်ဖွင့်ဖြိုးရေးရုံး - KORD က ကျပ်သိန်းပေါင်း တသောင်းကျော်ထောက်ပံ့ပေး ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ အောက်တိုဘာ ၂၉ မှာ ထုတ်ပြန်လာပါတယ်။ 


ကရင်လူမှုကယ်ဆယ်ရေးနှင့် ဖွင့်ဖြိုးရေးရုံး - KORD နဲ့ ခရိုင်တာဝန်ရှိသူတွေ ဦးဆောင်ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ သွားရောက် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

 

ခလယ်လွီထူခရိုင်ထဲက ဆောထိနဲ့ လယ်ဒိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၄၂ ရွာ၊ အိမ်ခြေ ၂၇၉၀ က လူဦးရေ ၁၄ ,၄၀၂ ဦးအတွက် မြန်မာငွေ ကျပ်သိန်းတသောင်းကျော် (,၀၀၈,၁၄၀,၀၀၀ ကျပ်) ကူညီထောက်ပံ့ပေးခဲ့တာလို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

 

အကူအညီပေးအပ်ခဲ့တဲ့ကျေးရွာတွေဟာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင် ပြီးခဲ့တဲ့လက သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့ရတာကြောင့် စားဝတ်နေရေး အကျပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေတဲ့ ရွာတွေလို့ KNU ဗဟို ထုတ်ပြန်ချက်အရ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨ ဆက်‌ကြေးကောက်ဖို့ထွက်လာတဲ့ မုံရွာ တောပုရွာက စစ်သားတွေကို မိုင်းဆွဲခဲ့ရာမှာ စစ်သား ဦသေဆုံး 


အောက်တိုဘာလ (၂၉)ရက်


စစ်ကိုင်းတိုင်း မုံရွာမြိုနယ် တောပုပျူစောထီးရွာကနေ ဆက်‌ကြေးကောက်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ Monywa Dynamite – Special Task Force က ဒီနေ့ အောက်တိုဘာ ၂၉ မှာ ထုတ်ပြန်လာပါတယ်။ 

အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။ 

နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ တောပုပျူစောထီးရွာကနေ ဆက်‌ကြေးကောက်ဖို့ထွက်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို မုံရွာ - မန္တလေးကားလမ်းကြီးတနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသမိုင်း လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

မနက် နာရီ ၄၀ မိနစ်ခန့်အချိန်မှာ တိုက်ခိုက်ခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား တဦးသေဆုံးပြီး ဦး ခြေပြတ် လက်ပြတ်တဲ့အထိ ဒဏ်ရာရသွားပြီး ဒဏ်ရာရသွားသူတွေထဲက နောက်တယောက် ထပ်သေသွားတာလို့ Monywa Dynamite – Special Task Force က အသိပေးပါတယ်။ 

ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်သားတွေကို BRAVE HEART ARMY-BHA MONWYA DYNAMIDE - STF CHINDWIN FIGHTER GROUP - CFG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူး လို့ သိရပါတယ်။


========================


 🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူး‌ပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ဗိုလ်အပါအဝင် ထိခိုက် သေဆုံးမှုရှိ 


အောက်တိုဘာလ (၂၉)ရက်


တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး ပူး‌ပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ် ဘက်က စစ်ဗိုလ်အပါအဝင် ထိခိုက်သေဆုံးမှုရှိတယ်လို့ မြိတ်ခရိုင် အမှတ် တပ်ရင်းက ဒီနေ့ အောက်တိုဘာ ၂၉ မှာ ထုတ်ပြန်လာပါတယ်။ 


တနင်္သာရီမြို့နယ် လေးမိုင်ရွာအနီးမှာ ခြေကုတ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို မနေ့ အောက်တိုဘာ ၂၈ ရက် နေ့လည် နာရီကျော်အချိန်မှာ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က အရာရှိတဦး အပါအဝင် ထိခိုက်ကျဆုံး ရှိနိုင်တယ်လို့ မြိတ်ခရိုင် တပ်ရင်း - က အသိပေးထားပါတယ်။

 

လေးမိုင်ရွာအနီးမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူပိုင်အိမ်အချို့ကို မီးရှို့ ဖျက်ဆီးပြီး နေအိမ်တွေကို ဝင်ဖောက်နေတယ်လို့လည်း မြိတ်ခရိုင် တပ်ရင်း - က ပြောပါတယ်။


အဲဒီ ထိတွေ့တိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့က ရဲဘော်တဦး ကျဆုံးခဲ့ပြီး ရဲဘော်တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။


တနင်္သာရီမြို့နယ်အတွင်းမှာဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ဒေသနေပြည်သူတွေအပါအဝင် ခရီးသွားပြည်သူတွေ အနေနဲ့ အသိ သတိနဲ့ သွားလာနေထိုင်ကြဖို့ မြိတ်ခရိုင် တပ်ရင်း - က မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment