၁၃ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ NED ကချီးမြှင့်တဲ့ ဒီမိုကရေစီဆု သပိတ်ခေါင်းဆောင်ကိုနန်းလင်း လက်ခံရယူ
၂။မင်းအောင်လှိုင်နဲ့ ဟွန်ဆင် တွေ့ဆုံမှုကို ကျားဖြန့်ဘုရင် ၂ ပါး လက်ချင်းတွဲတာလို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ဝေဖန်၊ပြည်သူကို ပြန်သတ်နေတဲ့ စစ်ခေါင်းဆောင်က ထိုင်း-ကမ္ဘောဒီယား နယ်စပ်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ပြော၊
၃။စစ်တွေ-ပုဏ္ဏားကျွန်းနဲ့ တိုင်း ၃ ခုအစပ်မှာ စစ်တပ်က အင်အားတထောင်ကျော်နဲ့ ထိုးစစ်ဆင်နေပေမယ့် အကျအဆုံးများပြီး အထိနာ
၄။နတ်မောက်မှာ သားအဖ ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ ပျူစောထီး တစ်ဦးကို ပကဖ ဖမ်းဆီးရမိစတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

====================
m.CDM၊ စက်တင်ဘာ ၁၂
အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ NED ရဲ့ ၂၀၂၆ ခုနှစ်အတွက် ဒီမိုကရေစီဆုကို နွေဦးတော်လှန်ရေး ပြည်သူအခြေပြု စည်းရုံးလှုံ့ဆော်သူများအဖွဲ့က ရရှိခဲ့ရာမှာ သပိတ်ခေါင်းဆောင် ကိုနန်းလင်းက အဖွဲ့ကိုယ်စား ဆု လက်ခံခဲ့ရယူခဲ့ပါတယ်။
သပိတ်ခေါင်းဆောင်ကိုနန်းလင်းက မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာ မျှော်လင့်ချက် ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့ အတူတူရပ်တည်ပေးကြဖို့ ဆုလက်ခံရယူ ချိန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ပြည်သူ ၂သောင်းကျော် ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တဆက်တည်း တောင်းဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ စက်တင်ဘာ ၁၀ မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁ ရက်က ကျင်းပတဲ့ ဒီမိုကရေစီဆု ပေးပွဲ အခမ်းအနားမှာ ကိုနန်းလင်းက "နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ"ကိုယ်စား ဆုလက်ခံစကားပြောခဲ့တာဖြစ်ပါတယ်။
ဆုပေးပွဲကို ကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့် လွတ်မြောက်နယ်မြေတနေရာကနေ အဖွဲ့ကိုယ်စား ဆုလက် ခံယူရင်း ကျေးဇူးတင်စကားပြောကြားခဲ့တာပါ။
"မြိုပြတွေမှာ လျှို့ဝှက်ပြီး ဆန်းသစ်တဲ့လှုပ်ရှားမှုတွေ ဆက်ရှိနေမှာဖြစ်သလို စစ်အုပ်စုရဲ့ ဆင်ဆာနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကြားကပဲ ဒီမိုကရေစီမျှော်လင့်ချက်ဆိုင်ရာ သတင်းစကားတွေကို ဆက်ပြီးတော့ ဖြန့်ဝေနေမှာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြားကနေ ကျွန်တော်တို့လို လူထုလှုပ်ရှားမှု အဖွဲ့အစည်းတွေဟာ လူထုကြားမှာ ယနေ့တိုင် စည်းရုံးလှုပ်ရှားနေဆဲ ဖြစ်ပါတယ်" လို့ ကိုနန်းလင်းက ပြောပါတယ်။
ဒီနှစ်မှာ NED ရဲ့ ဒီမိုကရေစီဆုတွေကို မြန်မာနိုင်ငံအပါအဝင် ရုရှား၊ ကျူးဘား၊ ဆီးရီးယားနဲ့ အီသီယိုးပီးယား နိုင်ငံတို့က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း နန်လင်းဟာ မြန်မာနိုင်ငံရဲ့ နောက်မျိုးဆက် အရပ်ဘက်ခေါင်းဆောင်တွေ ပေါ်ထွက်လာရေး အတွက် ဆက်လက်ပါဝင်ကူညီပေးနေတယ်လို့လည်း အသိပေးပါတယ်။
အမျိုးသားဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ National Endowment for Democracy - NED က မြန်မာ့နွေဦး တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆု - 2026 Democracy Award for Freedom of Expression ချီးမြှင့်ဂုဏ်ပြုခဲ့ရာမှာ ဒီဆုကို လှုပ်ရှားမှုတရပ်လုံးကိုယ်စား နန်လင်း က လက်ခံရယူခဲ့ပြီး ဆုကိုတော့ NED ဘုတ်အဖွဲ့ဝင် အမေရိကန်အထက်လွှတ်တော်အမတ် Todd Young က ပေးအပ်ခဲ့တာလို့ သိရပါတယ်။
————————————
၂။စစ်တွေ-ပုဏ္ဏားကျွန်းနဲ့ တိုင်း ၃ ခုအစပ်မှာ စစ်တပ်က အင်အားတထောင်ကျော်နဲ့ ထိုးစစ်ဆင်နေပေမယ့် အကျအဆုံးများပြီး အထိနာ
=======================
m.CDM၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်အတွင်းက စစ်တွေ-ပုဏ္ဏားကျွန်းနဲ့ မကွေး၊ပဲခူး၊ ဧရာဝတီတိုင်းနယ်စပ်တလျှောက် စစ်တပ်က အင်အားတထောင်လောက်နဲ့ ထိုးစစ်ဆင်နေပေမယ့် အာရက္ခတပ်တော် AA ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ကြောင့် စစ်တပ်က တပ်ရင်းမှူးနဲ့ ဗျူဟာမှူးအဆင့်ရှိသူတွေအပါအဝင် အကျအဆုံးများပြီး အထိနာနေ တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၄ ရက်မနက်ကစပြီး တထောင်လောက်ရှိတဲ့အင်အားနဲ့ စစ်ကြောင်း ၅ ကြောင်းခွဲပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်းဒေသတွေကို ထိုးစစ်ဆင်ခဲ့ရာမှာ မြေပြင်တပ်ဖွဲ့တွေအပြင် ကြည်း၊ ရေ၊ လေနဲ့ ဒရုန်းပစ်ကူတွေပါ ပေါင်းစပ်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ်ထဲက မင်းချောင်းတံတား၊ ကွမ်းတောင်၊ ဝါဘို၊ မင်းလှနဲ့ မြစ်နားရွာ အနီးဝန်းကျင်မှာ တိုက်ပွဲ တွေပြင်းထန်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရဲယိုးပြင်-ခမောင်းတောကြားနဲ့ အောင်ဇေယျ-အောင်မြေကုန်း ကြားဒေသထိ တိုက်ပွဲတွေကူးစက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒေသတွေမှာ စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်အထိ ၄ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်ကထိခိုက် သေဆုံးသူ ၁၀၀ ကျော်အထိ ရှိခဲ့သလို AA ဘက်က တန်ပြန်ထိုးစစ်ဆင်ခဲ့တဲ့ စက်တင်ဘာ ၈ ရက်က ၁၀ ရက် အထိတိုက်ပွဲတွေထဲက ဝါဘိုနဲ့ ကွမ်းတောင်လမ်းကြောင်းတိုက်ပွဲမှာ စစ်ကြောင်းမှူးတွေ သေဆုံးသွားတယ်လို့ အသိပေးပါတယ်။
ဒီတိုက်ပွဲတွေမှာ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၉ နဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၈ တပ်ရင်း တွေ ပါဝင်တိုက်ခိုက်နေပြီး စက်တင်ဘာ ၁၁ ရက်ထိ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် စစ်မြေပြင်တခု လုံးကို AA ဘက်က အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် ကျောက်ဖြူမြို့နယ်ထဲက ကြောင်ခိုချောင်းဖျား၊ မင်းပြင်နဲ့ တောင်မော်ဦး ရေတပ်စခန်းဌာနချုပ်အနီး တဝိုက်ကတိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများနေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာတွေရှိတယ်လို့ ဒေသတင်းသတင်းတွေအရ သိရပါတယ်။
ထို့အတူ ရခိုင်ပြည်နယ်နဲ့ထိစပ်နေသည့် တိုင်း ၃ ခုဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက် က အထိနာနေတယ်လို့ အာရက္ခတပ်တော် AA စစ်ရုံးချုပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
——————————————
၃။ရွှေကူမြို့နယ် ဇင်းဘုံတိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းတွေ အထိနာပြီး ဆုတ်ခွာထွက်ပြေး
======================
m.CDM၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဇင်းဘုံရွာအနီးကတိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းတွေ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်သင်္ဘောအုပ်စု ရွှေကူကနေ ဗန်းမော်မြို့ကိုဆန်တက်ဖို့ ကြိုးပမ်းခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကတည်းက စစ်တပ်ဟာ မြစ်ကြောင်းလုံခြုံရေးအတွက် ဇင်းဘုံဒေသတ၀ိုက် စစ်ကြောင်းထိုးလာရာမှာ ကချင်လွတ်လပ် ရေးတပ်မတော် KIA ဦဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စက်တင်ဘာဒုတိယပတ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပါတယ်။
အရာရှိတွေအပါအဝင် စစ်တပ်ဘက်က ထိခိုက်သေဆုံးများခဲ့တာကြောင့် စစ်တပ်စစ်ကြောင်းဟာ မနေ့ စက်တင်ဘာ ၁၁ရက်မှာ တပ်လန်ဆုတ်ခွာသွားတာလို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။
အဲဒီဒေသကို စစ်တပ်က တပ်ရင်း ၃ ရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး KIA နဲ့ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက် မှုကြောင့် ထိခိုက်သေဆုံးမှုများသလို လက်နက်တွေလည်း သိမ်းဆည်းနိုင်ခဲ့တာရှိတယ်လို့ အသိပေးပါတယ်။
အခြားသတင်းရင်းမြစ်တဦးကတော့ ဇင်းဘုံဒေသတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတွေက တပ်ရင်းမှူးအဆင့်ရှိတဲ့ အရာရှိတွေပါသေဆုံးခဲ့တာရှိတယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ဇင်းဘုံဒေသကို ထိုးစစ်ဆင်လာတာဟာ ရွှေကူကနေ ဗန်းမော်မြို့ကို တက်မယ့် စစ်သင်္ဘောအုပ်စုအတွက် လုံခြုံရေးယူပေးခဲ့တာဖြစ်ပေမယ့် မြေပြင်စစ်ကြောင်းတွေဟာ ဒေသကို မထိန်းချုပ်နိုင်သလို ရွှေကူကနေ ဗန်းမော်မြို့ကိုဆန်တက်တဲ့ သင်္ဘောတွေဟာလည်း KIA နဲ့ ပူးပေါင်းတပ်တွေ ရဲ့ တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားတာ ထိခိုက်ပျက်စီးတာနဲ့ မီးလောင်ပျက်စီးတာတွေရှိခဲ့ပါတယ်။
ဩဂုတ် ၂၇ ကနေ စက်တင်ဘာ ၉ ရက်အထိ နှစ်ပတ်တာအတွင်း ကသာ-ရွှေကူ-ဗန်းမော်မြစ်ကြောင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်္ဘောတွေအပါအဝင် သင်္ဘော ၁၄စင်း ထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်ရေးအရအရေးပါတဲ့ စင်းခန်းဒေသက ဧရာ၀တီမြစ်ကူးတံတား - စင်းခန်းကို ပြန်လည်ထိန်းချုပ်ဖို့ ကြည်း၊ရေ၊လေ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် အခုချိန်ထိ KIA နဲ့ပူးပေါင်းတပ်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
———————————————
၄။၂၀၂၆ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၉၆ ဦး သေဆုံး၊မကွေးနဲ့ တံတားဦး လေတပ်စခန်းတွေကို အများဆုံး အသုံးပြုခဲ့
====================
m.CDM စက်တင်ဘာ ၁၂ ရက်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ အတွင်း အကြမ်းဖက် စစ်ကော်မရှင် တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၉၆ ဦး သေဆုံးခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) ရဲ့ အစီရင်ခံစာအရ သိရ ပါတယ်။
MDSI အနေနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၁၅ ခု နဲ့ အကြိမ်ရေ ၃၁၂ ကြိမ် ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ကလေးငယ် ၈ ဦးနဲ့ အမျိုးသမီး ၂၁ ဦး အပါအဝင် အရပ်သား ပြည်သူ ၉၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် အမျိုးသမီး ၁၇ ဦးနဲ့ ကလေးငယ် ၃၇ ဦး အပါအဝင် အရပ်သား ပြည်သူ ၂၃၉ ဦးအထိ ဒဏ်ရာရခဲ့တယ် လို့လည်း MDSI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ လူစည်ကား ရာ နေရာတွေ၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်ရှောင်စခန်း၊ စီးပွားရေး အခြေခံအဆောက်အအုံနဲ့ အတည်မပြုနိုင်တဲ့ နေရာတွေကို လေကြောင်းတို က်ခိုက်မှုဟာလည်း ၂၀ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး၊ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှု ဖြစ်စဉ်ဟာ ၂၃ ခု (၂၀ ရာခိုင်နှုန်း) ခန့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်ကိုင်းတိုင်းမှာ ၃၆ ဦး၊ ရခိုင်ပြည်နယ်မှာ ၃၀ ဦးနဲ့ ချင်းပြည်နယ်မှာ ၁၄ ဦး သေဆုံးခဲ့ရပြီး၊ အရပ်သား ထိခိုက်သေဆုံးမှုရဲ့ ၈၂ ရာခိုင်နှုန်းကျော်ဟာ အဆိုပါဒေသတွေက အများဆုံး ဖြစ်တယ် လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေအတွက် မကွေး လေတပ်စခန်းကို ၃၃ ကြိမ်၊ တံတားဦးကို ၂၃ ကြိမ်၊ မှော်ဘီကို ၁၂ ကြိမ်နဲ့ နေပြည်တော် လေတပ်စခန်းကို ၃ ကြိမ် ခန့် အဓိက အသုံးပြု ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ရာမှာ FTC-2000G နဲ့ Yak-130 လို ဂျက်ဖိုက်တာတွေကို အများဆုံး အသုံးပြုခဲ့ပြီး Y-12 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကိုပါ ပူးတွဲ အသုံးပြုခဲ့တ ယ်လို့ ဆိုပါတယ်။
ထို့အပြင် ဩဂုတ်လ တစ်လတည်းမှာတင် တားမြစ်ထားတဲ့ ဆင့်ကွဲဗုံး (Cluster Bomb) အပါအဝင် ဗုံးအလုံးရေ ၆၆၀ ထပ်မနည်းကို အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပြီး၊ မြေပြင်မှာ ယခုထက် ပိုများနိုင်တယ် လို့လည်း အသိပေး ထားပါတယ်။
လက်ရှိမှာ ပြည်သူတွေအတွက် လေကြောင်းရန် ကြိုတင်သတိပေး စနစ်တွေနဲ့ ဗုံးခိုကျင်း တွေကို အရေးတကြီး လိုအပ်နေပြီး၊ နိုင်ငံတကာ အနေနဲ့လည်း အကြမ်းဖက် စစ်အုပ်စုထံကို လေယာဉ်ဆီ၊ ကပစ စက်ရုံတွေမှာ ဗုံးသီး ထုတ်လုပ်တဲ့ နည်းပညာနဲ့ ကုန်ကြမ်းတွေကို ပိတ်ဆို့အရေးယူဖို့ လိုအပ်နေတယ်လို့ ထောက်ပြထားပါတယ်။
---------------------------
၅။နတ်မောက်မှာ သားအဖ ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ ပျူစောထီး တစ်ဦးကို ပကဖ ဖမ်းဆီးရမိ
====================
m.CDM စက်တင်ဘာ ၁၂ ရက်။
မကွေးတိုင်း၊ နတ်မောက် မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သားအဖ ၂ ဦးကို မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် ကရေ (ခေါ်) စောခိုင်လေးထူး ကို ဖမ်းဆီးရမိခဲ့တယ်လို့ နတ်မောက် ပကဖ က ထုတ်ပြန်ထား ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က နတ်မောက် အရှေ့ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး၊ ၎င်းဟာ ရွာတော်ဂိတ် မှာ ခရီးသွား ပြည်သူတွေကို အနိုင်ကျင့် ငွေညှစ်လေ့ရှိတဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။
ထို့အပြင် နတ်မောက်အရှေ့ခြမ်း ကျေးရွာတွေမှာ တောင်းရမ်းစားသောက်သူ၊ ဈေးသည်၊ သစ်ဆွဲသမား အစရှိတဲ့ ပုံစံအမျိုးမျိုးနဲ့ ရုပ်ဖျက်ပြီး တော်လှန်ရေးတပ်တွေရဲ့သတင်းကို ထောက်လှမ်းပေးတာ၊ စစ်ကော်မရှင်စစ်ကြောင်း တွေမှာ လမ်းပြအဖြစ် လိုက်ပါတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က စမ်းကုန်းကျေးရွာ အနောက်ဘက်၊ ထန်းတောတိုက် မှာ စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့တဲ့ အသက် ၅၀ ကျော်အရွယ် ဦးစံမောင် နဲ့ ၂၁ နှစ်အရွယ် သားဖြစ်သူ ကိုနိုင်လင်းမောင် တို့ကို မီးရှို့ပြီး သတ်ဖြတ်ရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။
ထို့အပြင် ပွင့်ဖြူဘက်ကိုထိုးတဲ့ စစ်ကော်မရှင် စစ်ကြောင်းတွေမှာလည်း လိုက်ပါခဲ့ကာ ပြည်သူတွေဆီကနေ ရွေ၊ ငွေ၊ တန်ဖိုးရှိ ပစ္စည်းတွေကို လုယက်ခိုးယူပြီး ရသမျှကို ခွဲဝေယူခဲ့တယ်လို့လည်း ထွက်ဆိုထားပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဟာ အင်အားအများအပြားနဲ့ နတ်မောက်မြို့နယ်အရှေ့ခြမ်းကို ပြီးခဲ့တဲ့ ဧပြီလ ကတည်းက စစ်ကြောင်းထိုးနေပြီး ဖက်တောရေ၊ ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက်ကျေးရွာတွေက နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံထားရကာ အရပ်သား ၃ ဦးထပ်မနည်း သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်တပ်က နယ်မြေရှင်းလင်းရေး အပြင်းအထန်လုပ်နေတဲ့ နတ်မောက်မြို့နယ်ဟာ မကွေ းတိုင်း၊ နေပြည်တော်နဲ့ မန္တလေးတိုင်း သုံးခုရဲ့ ဆုံမှတ်ဖြစ်ပြီး၊ စစ်အုပ်စုရဲ့ ရွာမွန် ပင်မစစ်လက်နက်ပစ္စည်းတပ် နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ်တွေ အခြေစိုက်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။
—————————————
၆။ကျောက်မဲမြို့လယ်က ရွှေဆိုင် ဓါးပြတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ဓါးပြ ၃ ဦးကို ဖမ်းဆီးရမိ၊
======================
m.CDM စက်တင်ဘာ ၁၂ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့လယ် ဈေးကြီးထဲက ရွှေမိုးရတနာ ရွှေဆိုင် သေနတ်နဲ့ ဓါးပြတိုက်ခံရပြီး သိန်းထောင်ချီတန်တဲ့ ရွှေတွေ ပါသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာလ ၁၂ ရက် မနက် ၈ နာရီ ၂၅ မိနစ်ခန့် ဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန်မှာ လက်နက်ကိုင်ထားတဲ့ လူ ၃ ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဝင်ရောက်လုယက်ခဲ့တာလို့ ဆိုပါတယ်။
ထိုသို့ လုယက်ချိန်မှာ ဆိုင်ပိုင်ရှင်က ခုခံတဲ့အတွက် လက်မောင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရသလို ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ စည်ပင်ဝန်ထမ်း (အရပ်သား) တစ်ဦးလည်း ခြေထောက်ကို ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဓါးပြတိုက်သူတွေဟာ သိန်းထောင်ချီတန်တဲ့ ရွှေထည်တွေကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့ပေမယ့် ကျူးလွန်သူ ၃ ဦးလုံးကို ဖမ်းဆီးရမိထားပြီလို့ ကျောက်မဲလွှတ်တော်အမတ်က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
တရားခံတွေကို မည်သို့ ဖမ်းဆီးရမိခဲ့တယ် ဆိုတာနဲ့ မည်သူမည်ဝါ ဖြစ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ မသိရှိရသေးပါဘူး။
ထို့အပြင် စက်တင်ဘာလ ၁၂ ရက်၊ မနက် ၆ နာရီခန့်ကလည်း ကျောက်မဲမြို့ တောင်ဘက်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီး အကြောင်းအရင်းကို တိတိကျကျ မသိရသေးတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ် လို့ ဒေသခံတွေက ဆိုပါတယ်။
ကျောက်မဲမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅၊ အောက်တိုဘာလ ကတည်းက တအောင်းတပ် (TNLA) ထံကနေ အကြမ်းဖက် စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတဲ့ မြို့ ဖြစ်တယ်လို့ သိရှိရပါတယ်။
-------------------
၇။မင်းအောင်လှိုင်နဲ့ ဟွန်ဆင် တွေ့ဆုံမှုကို ကျားဖြန့်ဘုရင် ၂ ပါး လက်ချင်းတွဲတာလို့ ထိုင်းလွှတ်တော်အမတ်ဟောင်း ဝေဖန်၊ပြည်သူကို ပြန်သတ်နေတဲ့ စစ်ခေါင်းဆောင်က ထိုင်း-ကမ္ဘောဒီယား နယ်စပ်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ပြော၊
=====================
m.CDM စက်တင်ဘာ ၁၂ ရက်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဟွန်ဆင် တို့ရဲ့ လက်တွဲမှုဟာ စကမ်မာ (ကျားဖြန့်) ဘုရင်နှစ်ပါး လက်ချင်းတွဲလိုက်တာ ဖြစ်တယ်လို့ ထိုင်းလွှတ်တော်အမတ်(ဟောင်း) ကန်နဝီ ဆပ်ဆန် (Kannavee Suebsang) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားဟာ လူပေါင်းသိန်းချီ အတင်းအကျပ် ခိုင်းစေခံနေရတဲ့ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု နဲ့ ငွေကြေး ခဝါချမှုတွေရဲ့ အဓိက ဗဟိုချက်တွေဖြစ်ပြီး၊ ယခု ခရီးစဉ်ကနေ လက်တွေ့ကျတဲ့ ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုတွေ မထွက်ပေါ်လာပါက ၎င်းတို့ရဲ့ အစိုးရတွေရဲ့ ပုံရိပ်ကို ဆေးကြောဖို့လုပ်တဲ့ နိုင်ငံရေးပြ ဇတ် သက်သက်သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံဟာလည်း ဒီရာဇဝတ်မှုတွေအတွက် လူတွေ ဖြတ်သန်းရာနဲ့ ငွေကြေး စီးဆင်းရာ လမ်းကြောင်းဖြစ်နေ တာကြောင့် ထိုင်းအစိုးရအနေနဲ့ ကိုယ့်နယ်နိမိတ် အပြင်ဘက်က ကိစ္စဆိုပြီး တာဝန်လွှဲချလို့ မရဘူးလို့ ထောက်ပြ ထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ လာအို၊ ထိုင်း၊ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို ဆက်တိုက်သွား ရောက်ခဲ့ပြီး၊ အာဆီယံ ကုန်းမကြီးဒေသ “Mainland Southeast Asia” နိုင်ငံတွေနဲ့ ချိတ်ဆက်တဲ့ သူရဲ့ မစ်ရှင်ကို အပြည်အဝ အဆုံးသတ်နိုင်သွားပြီ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါဟာ အာဆီယံက သူ့ကိုမလက်ခံခင်မှာ အိမ်နီးချင်း နိုင်ငံတွေကနေ အရင်ဆုံး တရားဝင်မှုရရှိအောင် အဆင့်ဆင့် ကြိုးပမ်းတဲ့ မဟာဗျူဟာဖြစ်ပြီး၊ အာဆီယံကုန်းမကြီးဒေသဟာ အာဏာရှင်စနစ်များအတွက် “တရားဝင်မှုစင်္ကြ”၊ “မီးခိုးရောင် စီးပွားရေးစင်္ကြံ” နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် “ပြစ်ဒဏ်ကကင်းလွတ်ရာစင်္ကြ” ဖြစ်လာ နေတဲ့ ကြီးမားတဲ့အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အတွက် ကော်ဇောနီခင်းပေးခဲ့တဲ့ ထိုင်းအစိုးရအနေနဲ့ ပြည်သူတွေကို တိုက်ခိုက်နေတာရပ်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့နဲ့ စကမ်မာကွန်ရက်တွေကို ဖြိုခွဲနိုင်ဖို့ ဘယ်လို ကတိကဝတ်တွေ ပြန်ရခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်း အဖြေပေးဖို့လိုတယ်လို့ ဆိုထားပါတယ်။
ဒီမေးခွန်းတွေအတွက် အဖြေမရှိပါက ထိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် တံတားမဟုတ်ဘဲ မင်းအောင်လှိုင် ကို တရားဝင်မှု ကော်ဇောနီ ခင်းပေးနေသလို ဖြစ်နေပြီး၊ ထိုင်းအစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဘက်က ရပ်တည်မလား၊ မင်းအောင်လှိုင် အတွက် အသုံးချခံအဖြစ် နေမလား ဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ်ရမယ်လို့ တိုက်တွန်း ထားပါတယ်။
အခုလို ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ ခရီးစဉ်အတွင်းမှာပဲ ကိုယ့်ပြည်သူတွေကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပြီး၊ ကမ္ဘောဒီးယား ရဲ့ ရပ်တည်ချက်ကို အပြည့်အဝ ထောက်ခံတယ်လို့ ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။
အလားတူ ကမ္ဘောဒီးယား ယာယီအကြီးအကဲ ဟွန်ဆင် ကလည်း မင်းအောင်လှိုင် လက်အောက်မှာ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုတွေကို မြင်တွေ့နေရတယ်လို့ ချဲ့ကားပြောဆိုခဲ့ပြီး၊ သူပြောဆိုခဲ့တဲ့နေ့ (စက်တင်ဘာလ ၁၁ ရက်) မှာပဲ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး ပြတ်တောက်နေခဲ့တာလည်း ဖြစ်ပါတယ်။
ယခုခရီးစဉ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အခွန်ကိစ္စတွေအပါအဝင် နားလည်မှုစာချွန်လွှာ ၄ ခုကို လက်မှတ်ရေးထိုး ခဲ့တယ်လို့ အသိပေးထားပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထားဝယ်အထူးစီးပွားရေးဇုန် လို နေရာတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ကမ္ဘောဒီးယားကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်ပေမယ့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် သွားရောက်ရဲတာဟာ တစ်ဖက်နိုင်ငံဆီကနေ အာမခံချက် အများအပြား ရထားလို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
---------------------
၈။တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ် တူးဖော်ထုတ်ယူနေတယ်လို့ ICG ထုတ်ဖော်
======================
m.CDM၊ စက်တင်ဘာ ၁၂
တရုတ်နိုင်ငံက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ လျှော့ချနိုင်ဖို့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ကာ သတ္တုတွင်းတွေကိုပိတ်သိမ်းပြီး မြန်မာနိုင်ငံထဲက ပဋိပက္ခဖြစ်ပွားရာ နယ်စပ်ဒေသတွေမှာ အကြီးအကျယ် တူးဖော်ထုတ်လုပ်နေတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ International Crisis Group – ICG က ဖော်ပြလာပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မြေရှားသတ္တုအကြောင်း ICG က စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းဖော်ပြလာတာပါ။
မြန်မာနိုင်ငံဘက်မှာရှိတဲ့ သတ္တုတွင်းဒေသတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတာမရှိသေးတဲ့အတွက် တရုတ်နိုင်ငံမှာ ကန့်သတ် ခံထားရတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံဘက် လာရောက်လုပ်ကိုင်နေတာလို့ ICG က ထောက်ပြထား ပါတယ်။
ဝဒေသထဲမှာရှိပြီး ကမ္ဘာ့အကြီးဆုံးစာရင်းဝင်တဲ့ သံဖြူသတ္တုတွင်းတခု နှစ်နဲ့ချီရပ်နားထားရာကနေ လုပ်ငန်း ပြန်စနေ တာကိုလည်း ICG က အသိပေးထားပါတယ်။
၂၀၂၃ ခုနှစ်မှာ ရပ်နားခဲ့တဲ့ မန်းမော် သတ္တုတွင်းမှာ သံဖြူတူးဖော် ထုတ်လုပ်မှုတွေ ပြန်လည်စတင်နေပြီး တရုတ်နိုင်ငံကို သတ္တုတွေ တင်ပို့နေတယ်လို့ ဆိုပါတယ်။
သံဖြူသတ္တုဟာ ဉာဏ်ရည်တုနည်းပညာ - AI အတွက်လိုအပ်တဲ့ ချစ်ပ်တွေ ထုတ်လုပ်ရာမှာ အရေးပါတဲ့ကုန်ကြမ်းတခု လို့ သိရပါတယ်။
မန်းမော်သတ္တုတွင်းဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ထိန်းချုပ်နယ်မြေထဲမှာရှိနေပြီး ကမ္ဘာ့သံဖြူ စျေးကွက်ကို အဓိကထောက်ပံ့ပေးနေတဲ့ ရင်းမြစ်တခုဖြစ်ခဲ့တယ်လို့ Bangkok Post ကလည်း ဖော်ခဲ့ပါတယ်။
ဒါပေမဲ့ AI နည်းပညာ အရှိန်အဟုန်နဲ့ စတင်တိုးတက်လာချိန် ၂၀၂၃ မှာပဲ UWSA က အဲဒီသတ္တုတွင်းကို ရုတ်တရက် ပိတ်လိုက်တာကြောင့် စျေးကွက်ထဲမှာ သံဖြူစျေးတွေ မြင့်တက်သွားတယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ သတ္တုတွင်းလုပ်ငန်းလည်ပတ်မှုတွေ ဖြည်းဖြည်းနဲ့မှန်မှန် ပြန်လည်စတင်လုပ်ကိုင်လာနေပြီဖြစ်ပေမယ့် သတ္တုမိုင်းတွင်းမပိတ်သိမ်းခင်ကာလက ထုတ်လုပ်နိုင်စွမ်းမျိုးကိုတော့ မမီသေးဘူးလို့ ICG ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

Send email to - editors@moemaka.net to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment