၂၆ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၂၆ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ဖာပွန်၊ မယ်နုထရွာကို စစ်ကော်မရှင် လေကြောင်းကနေ ဗုံးကြဲ ကလေးငယ် ၁ ဦး သေဆုံး၊မင်းတပ်မြို့မှာ ၂ ရက်ဆက် ဗုံးကြဲခံရပြီး နေအိမ် ၁၇ လုံးထပ်မနည်း ပျက်စီး၊

၂။⁨အင်းတော်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးမှု များပြား၊ဝက်ထီးကန် မှာ PDF တွေကို စိန်ခေါ်ပြီး ပေါ်တာဆွဲနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊

၃။⁨⁨စစ်အုပ်စုရဲ့ သွေးခွဲမှုကို တိုင်းရင်းသားတွေ စည်းလုံးစွာ တုံ့ပြန်ကြဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း၊၆၆ နှစ်မြောက် KIO တည်ထောင်ခြင်းနေ့ကို CRPH နဲ့ NUG တို့ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့

၄။⁨ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨⁨⁨ဖာပွန်၊ မယ်နုထရွာကို စစ်ကော်မရှင် လေကြောင်းကနေ ဗုံးကြဲ ကလေးငယ် ၁ ဦး သေဆုံး၊မင်းတပ်မြို့မှာ ၂ ရက်ဆက် ဗုံးကြဲခံရပြီး နေအိမ် ၁၇ လုံးထပ်မနည်း ပျက်စီး၊
===================
m.CDM အောက်တိုဘာ ၂၅ ရက်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU ထိန်းချုပ်နယ်မြေထဲက မယ်နုထကျေးရွာကို စစ်ကော်မရှင်တပ်က လေကြော င်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက်၊ မနက်အစောပိုင်း ၁ နာရီခန့်မှာ တပ်မဟာ ၅ နယ်မြေ၊ သံလွင်မြစ်ကမ်းဘေးက အဲ့ဒီရွ ာထဲကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးနဲ့ ဖခင် ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ဆေးကုသဖို့ ထိုင်းဘက်ခြမ်း ကို သွားရောက်ခဲ့ပေမယ့် ကလေးငယ် ၁ ဦးကတော့ အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
 
အခုလို ဗုံးကြဲခံရမှုကြောင့် မြန်မာဘက်က ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံလာရင် လက်ခံနိုင်ဖို့ ထိုင်းစစ်တပ်ဘက် က သင့်ပြင်ထားတယ်လို့လည်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ် မြို့ပေါ်ကိုလည်း စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ တွေနဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံ ၁ ခုနဲ့ နေအိမ် ၁၇ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ပြည်သူ့ နေအိမ် ၇ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မနေ့က အောက်တိုဘာလ ၂၄ ရက်၊ မနက်ပိုင်းကလည်း မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၄ ကြိမ်တိုင်တိုင် ဗုံး ၈ လုံး ကြဲချခဲ့တာကြောင့် ဘာသာရေး အဆောက်အအုံ ၁ လုံးနဲ့ နေအိမ် ၁၀ လုံးထပ်မ -နည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။
----------------------
၂။အင်းတော်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးမှု များပြား၊ဝက်ထီးကန် မှာ PDF တွေကို စိန်ခေါ်ပြီး ပေါ်တာဆွဲနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊
=====================
m.CDM အောက်တိုဘာ ၂၅ ရက်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုနဲ့ ထီးချိုင့် မြို့ကို ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး၊ သေဆုံးသူနဲ့ အလင်းဝင်သူ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

အင်းတော် ကနေ ဝန်းသို ဘက် ထွက်လာတဲ့ စစ်ကြောင်းဟာ ဂျိုးတောင်ရွာ အနီးမှာ တော်လှန်ရေးတပ်တွေရဲ့ တို က်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပြီး၊ ၁၀၀ နီးပါး သေဆုံးကာ အလံဖြူထောင် အလင်းဝင်သူတွေလည်း များပြားခဲ့တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်းသိုဘက်ကနေ စစ်ကူလွှတ်လိုက်တဲ့ အင်အား ၁၀၀ ခန့်ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အရာရှိ ၁ ဦး အပါအဝင် သေဆုံးမှုများပြားခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖယိုဖရဲ ထွက်ပြေးသွားတဲ့ ၎င်းစစ်ကြောင်းတွေက လက်ကျန် အင်အားတွေပေါင်းပြီး ကံကုန်းရွာ အနီးမှာ လက်ရှိ တပ်ဖျောက်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အလားတူ အင်းတော်ကနေ ထီးချိုင့်ဘက် ထွက်လာတဲ့ စစ်ကြောင်းကလည်း လယ်ပြင်ရွာမှာ တိုက်ခိုက်ခံနေရပြီး အောက်တိုဘာလ ၁၄ ရက်၊ မနက်ပိုင်းက စတင်ကာ ဒီနေ့အထိ လေကြောင်းပစ်ကူနဲ့ ဖောက်ထွက်ဖို့ ကြိုးစားနေ တယ်လို့ သိရပါတယ်။

ထို့အပြင် အင်းတော်မြို့နယ်၊ နန့်သဲရွာ အနီးတဝိုက်မှာ စစ်ကော်မရှင် တပ်သားတွေရဲ့ ရုပ်အလောင်း ၅၀ ကျော်ကို စစ်ကော်မရှင်တပ်က မြုပ်ထားခဲ့ရာ ပုပ်စော်နံလာလို့ ဒေသခံတွေက ပြန်တူးဖော်ကာ မီးသင်္ဂြိုဟ် ပေးခဲ့ရတယ်လို့ Indaw Revolution က ထုတ်ပြန်ထားပါတယ်။

အလားတူ ပိန်းအင်း၊ မအူကုန်းနဲ့ ဂျူံးဂျ ဘက်မှာလည်း စစ်သားအလောင်း အများအပြား တွေ့ခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

တစ်ဖက်မှာလည်း ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန် နယ်မြေက "PDF ကို ဂရုမစိုက်ဘူး၊ ပစ်တဲ့ကျည်ဆန်ကို စီးလိုက်မယ်" လို့ စိန်ခေါ်နေတဲ့ ကံကျိုးကျေးရွာ အုပ်ချုပ်ရေးမှူး တင်ကြီး ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ် လို့ သိရပါတယ်။

အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၆ နာရီခွဲခန့်မှာ ၎င်းရဲ့ နေအိမ်ကို အမည်မသိ သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး၊ တင်ကြီးဟာ ဓါးကိုင်ကာ အိမ်ပေါ်ကနေ ခုန်ချထွက်ပြေးခဲ့ပေမယ့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွာတယ်လို့ ဆိုပါတယ်။

၎င်းဟာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက် အနိုင်ကျင့်တာ၊ စစ်တပ်၊ ရဲတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အဓမ္မ ဖမ်းဆီးတာ၊ ပေါ်တာဆွဲ စစ်မှုထမ်း ပေးပို့တာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေသူလည်း ဖြစ်ပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တင်ကြီးရဲ့ ရုပ်အလောင်းကို ပြည်သူတွေကပဲ ကောက်ယူပြီး ဝက်ထီးကန် နယ်မြေ ရဲစခန်းကို သွားရောက်ပို့ဆောင် ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။
----------------------
၃။⁨ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲ
======================
m.CDM၊ အောက်တိုဘာ ၂၅

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
 ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ ဗုံး ၃လုံးကြဲချ တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းကို ဆူဆိုက်ဒရုန်းနဲ့ ကင်းထောက်ဒရုန်းတွေပျံဝဲခဲ့ပြီး တိုက်ခိုက်ခြင်းမရှိခဲ့  ညအချိန်ရောက်မှ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသနေပြည်သူတွေကလည်း ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ အရပ်သားပြည်သူထိခိုက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။
အခုရက်ပိုင်းမှာ စစ်တပ်က ကရင်နီပြည်အတွင်း လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက် တာတွေ ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အခါကြီးရက်ကြီးတွေနဲ့ ပွဲလမ်းသဘင်တွေရှိတဲ့အချိန်၊ လူစုလူဝေးနဲ့လုပ်ရတဲ့အချိန်မျိုးတွေမှာ စစ်တပ်ဘက်က ပိုပြီး လုပ်လေ့ရှိတာမှာ အခုလိုပွင့်လင်းရာသီနဲ့ သီတင်းကျွတ်အခါသမယမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တာ ကြောင့် မြေပြင်မှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေအပါအဝင် စစ်ရှောင်ပြည်သူတွေ လေကြောင်းရန်နဲ့ဒရုန်းရန်ကို အထူးဂရုစိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။⁩
——————————
၄။⁨စစ်အုပ်စုရဲ့ သွေးခွဲမှုကို တိုင်းရင်းသားတွေ စည်းလုံးစွာ တုံ့ပြန်ကြဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း၊၆၆ နှစ်မြောက် KIO တည်ထောင်ခြင်းနေ့ကို CRPH နဲ့ NUG တို့ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့
====================
m.CDM အောက်တိုဘာ ၂၅ ရက်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းရင်းသားတွေကြား ပဋိပက္ခဖန်တီးပြီး သွေးခွဲအုပ်ချုပ်တဲ့ နည်းဗျူဟာတွေကို သုံး နေတာကြောင့် တိုင်းရင်းသား အသီးသီး စည်းလုံးညီညွတ်စွာနဲ့ ဆက်လက် တိုက်ပွဲဝင်ကြဖို့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ (၆၆) နှစ်မြောက် KIO တည်ထောင်တဲ့နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လ က အခုလို ထည့်သွင်း ပြောဆိုလိုက်တာပါ။

၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နာမည်သုံးပြီး စစ်ရေးပဋိပက္ခတွေ ဖန်တီးလာ တာဟာ သွေးခွဲသပ်လျှိုမှုရဲ့ ခိုင်မာတဲ့ သက်သေဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ‘ရှမ်းနီ’ အမျိုးသားတချို့ရဲ့ မှတ်ပုံတင်မှာ 'ဗမာ' လို့ ထည့်သွင်းထားတာကိုလည်း စဉ်းစားဆင်ခြင်ကြဖို့နဲ့၊ ဒီပြဿနာဟာ ပြည်ထောင်စု တစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မူးယစ်ဆေးဝါးကို လက်နက်သဖွယ် အသုံးချပြီး ပြည်သူတွေကြား ညီညွတ်မှု ပျက်ပြား အောင် လုပ်နေတာကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ဆက်လုပ်သွ ားမယ်လို့ KIO ဥက္ကဋ္ဌက ပြောပါတယ်။

KIA တပ်ဖွဲ့ဝင်တွေနဲ့ အရာရှိတွေ အနေနဲ့ စည်းကမ်းဥပဒေတွေကို တိတိကျကျ လိုက်နာကြဖို့၊ ပြည်သူလူထုရဲ့ အ -ကျိုးစီးပွားကို ဦးထိပ်ထား ဆောင်ရွက်ကြဖို့နဲ့ ရှေ့တန်းက ရဲဘော်တွေအနေနဲ့လည်း စိတ်ခွန်အားတွေ မလျော့ဘဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ကြံ့ကြံ့ခံ တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း ဒီကနေ့ ကျရောက်တဲ့ (၆၆) နှစ်မြောက် KIO ထည်ထောင်တဲ့နေ့အတွက် ပြည်ထောင်စုလွှတ်- တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဂုဏ်ပြုသဝဏ်လွှာတွေကို အသီးသီး ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

CRPH က ပေးပို့ခဲ့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ KIO/KIA အနေနဲ့ ကချင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူ -ညီမျှမှုအတွက် (၆၆) နှစ်တိုင်တိုင် ကြံ့ကြံ့ခံ တိုက်ပွဲဝင်လာခဲ့တာကို ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။
----------------------
၅။ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ နိုင်ငံတကာအသိုက်အဝန်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
=====================
m.CDM၊ အောက်တိုဘာ ၂၅

၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ “အခြားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်နဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းလိုက်တာပါ။
မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုဟာ တရားဥပဒေစိုးမိုးမှု ပျက်ပြား ပြီး အကျင့်ပျက်ခြစားမှုတွေနဲ့ ရာဇဝတ်မှုတွေမှာ အားပေးကူညီတာနဲ့ ပါဝင်ပတ်သက်တာတွေကြောင့် စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာဆိုက်ဘာနည်းပညာ အသုံးပြု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြစ်ပွားရာ နေရာတခုဖြစ်လာ သလို အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအများအပြား ပျံ့နှံ့လာတဲ့အပေါ် စိုးရိမ်စရာြဖစ်လာတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို အလွဲသုံးစားအသုံးချမှုတွေပါဝင်တဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကြောင့် နိုင်ငံအများအပြားက ပြည်သူတွေလည်း ထိခိုက်နစ်နာခဲ့ရပြီး ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးတို့ကိုလည်း ခြိမ်းခြောက်လာနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။
ဒါကြောင့် ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ရေး၊ ဆိုက်ဘာရာဇဝတ်မှုတွေကို တိုက်ဖျက်ရေးနဲ့ လူကုန်ကူးမှု နဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့ကြောင့် သားကောင်ဖြစ်ခဲ့ရသူတွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်ဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး က တိုက်တွန်းပြောကြာခဲ့ပါတယ်။
————————————
၆။စစ်တွေခရိုင်က စစ်ရှောင်ပြည်သူ ၁၃၆ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိ အခမဲ့ ခွဲစိတ်ကုသပေး
===================
m.CDM အောက်တိုဘာ ၂၅ ရက်။

အာရက္ခပြည်၊ စစ်တွေခရိုင်က စစ်ရှောင်ပြည်သူတွေထဲက မျက်စိဝေဒနာရှင် ၁၃၆ ဦးကို အာရက္ခ ပြည်သူ့ကျန်း- မာရေးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

စစ်တွေခရိုင်ထဲက စစ်ရှောင် မျက်စိလူနာ ၆၇၈ ဦးကို စမ်းသပ်ပေးခဲ့ပြီး၊ ခွဲစိတ်ဖို့ လိုအပ်တဲ့ ၁၃၆ ဦးကို အသုတ် ၄ သုတ်ခွဲကာ ကုသပေးခဲ့တာလို့ ဆိုပါတယ်။

ထိုသို့ ခွဲစိတ်ကုသရာမှာ အတွင်းတိမ်၊ မျက်သားတက်ရောဂါနဲ့ မျက်လုံးအစိတ်အပိုင်း ထုတ်ယူတဲ့ ခွဲစိတ်မှုတွေကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့သလို လူနာ (၉၉) ဦးအတွက် ပါဝါမျက်မှန်တွေကိုလည်း အခမဲ့ ပြုလုပ်ပေးခဲ့တယ် လို့ ဆိုပါတယ်။

အခုလို အခမဲ့ ကုသပေးရာမှာ စားစရိတ်၊ ဆေးဖိုးဝါးခနဲ့ သွားလာရေးစရိတ်တွေကိုပါ ကျန်းမာရေးဌာနက တာဝန် ယူ ဖြေရှင်းပေးခဲ့ပြီး၊ ရှေ့ဆက်လည်း လိုအပ်တဲ့နေရာတွေမှာ အခမဲ့ကုသမှုတွေ ဆက်တိုက် လုပ်ဆောင်ပေးသွား မယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလ တို့ကလည်း စစ်ရှောင်ပြည်သူ ၈၆ ဦးကို အခမဲ့ မျက်စိခွဲစိတ်ပေးခဲ့သလို လက်ရှိမှာလည်း သွားရောဂါ၊ ကာကွယ်ဆေးထိုးတာနဲ့ မိခင်နဲ့ကလေး ကျန်းမာရေး အပါအဝင် အထွေထွေ ကျန်းမာရေး စောင့်ရှေ ာက်မှုတွေကိုပါ အခမဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရှိရပါတယ်။
———————————
၇။NCA ကို အသုံးချပြီး အောက်ခြေစစ်သားတွေကို စစ်အုပ်စု လိမ်ညာနေကြောင်း ပြည်သူ့ပန်းတိုင် သတိပေး
===================
m.CDM အောက်တိုဘာ ၂၅ ရက်။

အကြမ်းဖက် စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကို ကိုင်ပြီး ငြိမ်းချမ်းရေး မျှော်လင့်ချက်အဖြစ် အောက်ခြေစစ်သားတွေကို လိမ်ညာနေတယ်လို့ ပြည်သူ့ပန်းတိုင်က သတိပေး ပြောဆိုလိုက်ပါတယ်။

စစ်တပ်ဟာ အခုဆိုရင် လက်ရှိ NCA စားပွဲဝိုင်းထဲက အင်အား အကြီးဆုံးဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်- ရေးကောင်စီ (RCSS) နဲ့ပါ တိုက်ပွဲတွေ ထပ်ဖြစ်နေပြီး၊ ထိခိုက်သေဆုံးရတာက အောက်ခြေစစ်သားတွေ ဘဝပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်သားတွေအနေနဲ့ စစ်ခေါင်းဆောင်တွေအတွက် အသေခံပြီး နောက်ဘဝမှာ အနားယူမလား ဒါမှမဟု တ် လက်နက်ချ အလင်းဝင်ပြီး ယခုဘဝမှာပဲ မိသားစုနဲ့အတူ အနားယူမလားဆိုတဲ့ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိတော့တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ တတိယပတ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်လာ ပြီး၊ နောက်ထပ် စစ်ကော်မရှင် တပ်သား ၂၀ ဦးဟာလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ပန်းတိုင် ရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၅၊ ဇန်နဝါရီလ ကနေ အခုနှစ် အောက်တိုဘာလ တတိယပတ် အထိဆိုရင် အလင်းဝင်လာသူနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းအရေအတွက်ဟာ စုစုပေါင်း (၄,၁၀၃) ဦးအထိ ရှိလာပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။
-------------------------
၈။နောင်ချို မြို့မဗလီကို စစ်အုပ်စုက နိုင်ငံပိုင်အဖြစ် သိမ်းဆည်း၊ ဟိန္ဒူဓမ္မသာလာနဲ့ နေအိမ် ၂၃ လုံးကိုပါ ချိတ်ပိတ်
===============
m.CDM အောက်တိုဘာ ၂၅ ရက်။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့လယ်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ မြို့မဗလီကို အကြမ်းဖက် စစ်အုပ်စုက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဖို့ တရားရုံးကနေ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျောက်မဲခရိုင် တရားရုံးက ဦးလှထွေး နဲ့ ဦးစိုးသိန်း တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၁ နှစ်စီချမှတ်ခဲ့ပြီး၊ အမှုနဲ့ဆက်စပ်နေတဲ့ မြို့မဗလီကိုပါ နိုင်ငံတေ ာ်ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

လူတစ်ဦးချင်းစီကို ဥပဒေအရ အရေးယူတာနဲ့ အခုလို အများပြည်သူ ဝတ်ပြုရာ ဘာသာရေး အဆောက်အအုံကို ပါ သိမ်းဆည်းတာဟာ သက်ဆိုင်မှုမရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ထိခိုက်စေတယ်ဆိုပြီး မွတ်စလင် အသိုင်း အဝိုင်းက ကန့်ကွက်ဝေဖန်နေကြပါတယ်။

ဒါ့အပြင် နောင်ချိုမြို့မှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဓမ္မသာလာနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂၃ လုံးကိုလည်း စစ်အုပ်စုက လက်ရှိအချိန်အထိ ချိတ်ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း နောင်ချိုမြို့ကို ပြန်လည် ထိန်းချုပ်ပြီးနောက်ပိုင်း TNLA, PDF, DPLA အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို အခုလို ဆက်တိုက် ချိတ်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်က ချိတ်ပိတ်ခံထားရတဲ့ နေအိမ် ၅၄ လုံးက နိုင်ငံရေး အကျဉ်းသား ၅၀ ခန့်ကို နောင်ချိုတရားရုံးက အမိန့်ချမှတ်ပြီး မန္တလေး အိုးဘိုထောင်ကို ပြောင်းရွှေ့ ပို့ဆောင်ခဲ့တ ယ်လို့ သိရှိရပါတယ်။


ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
Uploaded Image
Share:

No comments:

Post a Comment