15th Dec 2021 - Morning Daily News by Radio NUG

ဒီဇင်ဘာလ ၁၄ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌လေးကေကော် မြို့သစ်အိမ်ယာများအား အာဏာသိမ်းစစ်တပ်မှ ဝင်ရောက်စီးနင်းဖမ်းဆီးမှုများလုပ်ဆောင်နေ
📌ဖယ်ခုံမြို့ ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူ ၁၉ ဦး တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ခံထားရ
📌စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ထုတ်လုပ်ရေးအဖွဲ့ MTT Production က အဝေးပစ်လက်နက်တွေ ထုတ်လုပ်လာနိုင်ပြီ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌လေးကေကော် မြို့သစ်အိမ်ယာများအား အာဏာသိမ်းစစ်တပ်မှ ဝင်ရောက်စီးနင်းဖမ်းဆီးမှုများလုပ်ဆောင်နေကြပါတယ်
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ငြိမ်းချမ်းရေး ကျေးရွာသစ် လေးကေကော် ဧရိယာအတွင်းသို့ ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်း ၈ နာရီခန့်မှ စတင်ပြီးစစ်ကောင်စီ လက်အောက်ခံတပ်များက စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက်စစ်ဆေးမှုများလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် အမှတ် ၅၆၀ ခြေမြန်တပ်ရင်းမှ စစ်ကြောင်း ၄ ကြောင်း အင်အား၂၀၀ ခန့်ဖြင့် ဖြန့်ကြက်စစ်ကြောင်း တိုက်ကင်း ပုံစံ ဖြင့် ရပ်ကွက်နေအိမ်များအတွင်း PDF များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အား ရှာဖွေ ဖမ်းဆီးရန် လေးကေကော် ရပ်ကွက်များအတွင်း ပိတ်ဆို့ စစ်ဆေးဝင်ရောက် ရှာဖွေ မှုများ လုပ်ဆောင်နေသောကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသမားတွေ ဖမ်းဆီးခံရမှုတွေလည်းရှိနေပါတယ် ။ ဖမ်းဆီးခံထားရသူများအနက် မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝေလင်းအောင် အပါအဝင် တက်ကြွလှုပ်ရှားသူလူငယ် ၂၃ ဦး ပါဝင်တယ်လို့ ကနဦး သတင်းရ သိရှိရသည်။ ဖုန်းလိုင်းအင်တာနက် လိုင်းများ လည်း ပြတ်တောက်နေပီး ဆက်သွယ်ရေးများ ခက်ခဲနေကြောင်း ကြားသိရပါတယ်
အမည်မဖော်လိုသူ ရပ်ကွက်နေ ပြည်သူတစ်ဦးက " လူကြီးတွေ ခွင့်ပြုလိုက် တာလားမသိဘူး။ ဒီမနက်စောစောမှာ ရပ်ကွက် ၆ ဘက်ကို သူတို့ ဝင်စစ်တယ်။ ရပ်ကွက် ၂ ကြားအထိလည်း သူတို့ရောက်လာတယ်။ အခုထိ သူတို့ပတ်နေတုန်းပဲ။ ဘယ်လိုတွေ စစ်ဆေးနေလဲတော့ မသိဘူး။ လူတွေကို အပြင်ခေါ်ထုတ်ပြီးတော့ မေးတယ်လို့ ကြားတယ်။ ပစ္စည်းတွေ မိတယ်လို့လည်းကြားတယ် ။ သတင်းက အတိအကျ မဟုတ်သေးဘူး။ "လို့ သူကပြောပါတယ်။
လေးကေကော် အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကတော့အခုလိုပြောပါတယ် " အခုက ရပ်ကွက် ၆ ခု စလုံး စစ်ဆေးဖမ်းဆီးမှာလို့ သိထားရတော့ ညနေလည်း စောင်းလာပြီ ဘာဆက်ဖြစ်မလဲဆိုတာတော့ မသိသေးဘူး။ အခုက ညနေ မှ ပြန် မထွက်ရင်တော့ ပစ်ကြမယ့်သဘောတော့ ကြားသိနေရတယ်၊ လေးကေကော် အုပ်ချုပ်ရေးပိုင်းကလည်း တပ်မဟာ အထက်လူကြီးတွေနဲ့ စစ်ကောင်စီ အကြီးအကဲတွေ ချိတ်ဆက်ဆွေးနွေးပြီး စစ်ကြောင်းတွေကို ဝင်ရှာဖို့ ခွင့်ပြုရတဲ့ သဘောမျိုးဖြစ်နေတော့ အောက်ခြေ အုပ်ချုပ်ရေး စစ်ရေးအဖွဲ့တွေ အသင့်အနေအထား နဲ့ နေနေတာတော့တွေ့ ရတယ်။ လို့ဆိုပါတယ်။ ဝင်ရောက်စီးနင်းဖမ်းဆီးမှုများအပေါ်မှာ ဒေသခံ KNLA တပ်မတော်ဘက်ကလည်း စစ်ရေးအသင့်ရှိနေတာမို့ အခုဆိုရင် လေးကေကော် ရပ်ကွက်ထဲ နေထိုင်သူများသည် အင်တောကုန်းရှိ တောင်ခြေဘက် တွင် ရှောင်နေကြရသလို အချို့လည်း ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများတွင် သွားရောက်တိမ်းရှောင်နေကြကြောင်း သိရပါတယ်။
========================
📌📌ဖယ်ခုံမြို့ ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူ ၁၉ ဦး တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ခံထားရ
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဒိုင်းကာအဖြစ် ဖမ်းဆီးထားသွားတဲ့ဒေသခံ ၁၉ ဦးကို တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင်ထားကြောင်း သိရပါတယ်။
ထို ရွှေပြည်အေး ဒေသခံ ၁၉ ဦးကို ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်အကြမ်းဖက်ပုန်ကန်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။
“တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းကို ရောက်သွားပြီလို့တော့ သိရတယ်။ သူတို့အကုန်လုံးကို နိုင်ငံတော်အကြမ်းဖက် ပုန်ကန်မှုနဲ့ အမှုဖွင့်ထားတာ။ ဘယ်နေ့က တောင်ကြီးကို ခေါ်သွားလဲတော့ ကျနော်တို့လည်း သေချာမသိရဘူး။ စုံစမ်းကြည့်တော့ သူတို့ တောင်ကြီးရောက်သွားပြီလို့ သိလိုက်ရတယ်” လို့ ရွှေပြည်အေးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ် တစ်ခါသာ ရရှိသေးကြောင်း၊ လက်ရှိတွင် တောင်ကြီး အမှတ် (၁) ရဲစခန်းတွင် တွေ့ဆုံးရန်အတွက် ချိန်းဆိုထားပေမဲ့လည်း ရဲစခန်းမှ တွေ့ခွင့်မပေးဘဲ ရက်ချိန်းလိုက်ကြောင်း သိရပါတယ်။
“ဖုန်းနဲ့ တစ်ခါ အဆက်သွယ်ရလိုက်တယ်။ ပြီးခဲ့တဲ့ စနေနေ့က သွားတွေ့ဖို့ ရက်ချိန်းထားတာ။ သူတို့က မပေးတွေ့ဘူး။ ရဲတွေက တွေ့ခွင့်ရက်ကို ပြန်ပြီးချိန်းလိုက်တာ။ ကျနော်တို့ အခုထိ မတွေ့ရသေးဘူး။ သူတို့ ကျန်းမာရေး အခြေနေ ဘယ်လိုရှိလဲ ကျနော်တို့ မသိရသေးဘူး” လို့ ဖမ်းဆီးခံရသူရဲ့ မိတ်ဆွေ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူတွေဟာ ချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်ကြောင်း၊ ၎င်းတို့ဟာ သာမန် ပြည်သူများသာဖြစ်ကြောင်း၊ ကျေးရွာမှ ထွက်ခွာ၍ မရသောကြောင့် ဖမ်းခံရသူများဖြစ်ကြောင်း အထက်ပါ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့ကို အမှုမဖွင့်သင့်ဘူး။ သူတို့ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်တယ်။ သူတို့က ဘာမှ လုပ်တဲ့သူတွေလည်း မဟုတ်ဘူး။ ရိုးရိုးသာမန်ပြည်သူတွေဘဲ။ ရွာထဲကနေ မထွက်ပြေးနိုင်လို့ ကျန်ခဲ့ပြီး ဖမ်းဆီးခံရတာပါ” လို့ရွှေပြည်အေး ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ထိုရွှေပြည်အေးကျေးရွာ ဒေသခံ (၁၉ )ဦးကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ (၂၉)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
ထိုဖမ်းခံရတဲ့သူတွေဟာ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲတဲ့သူများဖြစ်ကြောင်း၊ ရွာစောင့်အနေဖြင့် ရွာတွင်း နေထိုင်ခဲ့သည့်သူများဖြစ်ကြောင်း သိရပါတယ်။
========================
📌📌စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ထုတ်လုပ်ရေးအဖွဲ့ MTT Production က အဝေးပစ်လက်နက်တွေ ထုတ်လုပ်လာနိုင်ပြီလို့သိရပါတယ်
MTT Production အဖွဲ့ဟာ မြန်မာပြည် အလယ်ပိုင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) များက ဖွဲ့စည်းထားတာဖြစ်ပီး လက်နက်ထုတ်ရေးပိုင်းတာဝန်ယူလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ အခုလို လက်နက်အချို့ထုတ်လုပ်လာနိုင်မှု အခြေအနေနဲ့ပက်သက်ပီး MTT Production မှ တာဝန်ရှိသူတဦးက ဟုတ်ကဲ့ ကျနော်တို့ လုပ်နိုင်ခဲ့ပီဖြစ်ကြောင်း အချိန် အတန်အသင့်ယူခဲ့ရတာဖြစ်ပီး အခက်အခဲကတော့ အမျိုးမျိုး ကြုံတွေ့ရတာကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း ကုန်းကြမ်းပစ္စည်းတွေ ဝယ်ယူသယ်ဆောင်ရတဲ့အပိုင်းမှာလည်း ကုန်းတတန် ရေတတန်နဲ့ ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရကြောင်း ပြောပါတယ်။ လက်နက်ထုတ်လုပ်ရေးအပိုင်းဟာ အလွန်အန္တရာယ်များတဲ့ အလုပ်ဖြစ်ပီး အသက်ကိုရင်းထားပြီးမှ ခက်ခက်ခဲခဲလုပ်ဆောင်ကြရတာမို့ အခုလို အဝေးပစ်လက်နက် ၆၀ မမ ကို ထုတ်လုပ်နိုင်ဖို့အရေးမှာလည်း ရဲဘော်တဦး အသက်ဆုံးရှုံးခဲ့ပီး နောက်တဦး လက်ချောင်းများပြတ်ထွက်သွားသည်ထိ ရင်းနှီးခဲ့ရတယ်လို့ ဆိုပါတယ် အခုလိုအောင်မြင်ခဲ့ပီဖြစ်တဲ့ အဝေးပစ် ၆၀ မမ ထုတ်လုပ်နိုင်ရေးကို ဩဂုတ်လတွင်းက စတင်စမ်းသပ်ခဲ့ကြပါတယ်။ အောက်တိုဘာတွင် နည်းပညာမြှင့်တင်ပီးမှ နောက်ဆုံးအခုလို ပြန်လည်စမ်းသပ်အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလိုထုတ်လုပ်နိုင်ခဲ့ပီးနောက်မှာ စစ်ကောင်စီကိုတော်လှန်တိုက်ပွဲဝင်နေတဲ့ LPDF များအားနည်းပညာအရထောက်ပံ့ပေးလာနိုင်ပြီလို့ဆိုရပါမယ် ဒါ့ပြင် ထုတ်လုပ်နိုင်ပြီဖြစ်တဲ့ လက်နက်ကို တိုက်ပွဲများတွင် လက်တွေ့အသုံးချတိုက်ခိုက်လာနိုင်သည်မှာလည်း လေးကြိမ်ခန့်ရှိပြီလို့ MTT Production မှ တာဝန်ရှိသူတဦးက ပြောပြပါတယ်
လက်နက်ထုတ်လုပ်ရေး ကိစ္စရပ်များအား နည်းပညာ မြင့်သထက်မြင့်အောင် ကြိုးစားနေလျက်ရှိနေပီး လက်ရှိအချိန်ထိ အဝေးပစ်လက်နက် ၆၀ (မမ) အပြင် မိုင်းအလုံး ၁၀၀ ကျော်ကိုလည်း ထုတ်လုပ်ပြီး ဖြစ်ကြောင်း သိရပါတယ်။ အင်အားအဆမတန်သာလွန်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တွေကို ပြင်းပြင်းထန်ထန်ခုခံတော်လှန်နေကြေသော စစ်ကိုင်းတိုင်းတွင်းရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ စစ်ကောင်စီလာရာလမ်းကြောင်းတွေမှာ ဆွဲမိုင်းများကို ကောင်းစွာအသုံးပြုနေတာဖြစ်ပီး စစ်ကောင်စီဘက်မှလည်း သေဆုံးမှုအရေအတွက်သတင်းများနေ့စဉ်လိုလိုကြားသိရပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းများမှာတော့ ကုန်းလမ်းကားလမ်းများသာမကဘဲ ရေကြောင်းသွားစစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့များဘက်က ရေမြှုပ်မိုင်းများပါတီထွင် တိုက်ခိုက်နိုင်ခဲ့ကြပါသေးတယ်။ ရေမြှုပ်မိုင်းများရဲ့ ထိရောက်တဲ့ တိုက်ခိုက်နိုင်မှုကြောင့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဲဒင်ရွာ ကျွန်းခုံအနီးတွင် စစ်ကောင်စီ ရေယာဉ် ၁ စီးကို နစ်မြှုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်ထိ အောင်မြင်မှုရခဲ့တာကိုလည်း သိရှိရပါတယ်။







Share:

No comments:

Post a Comment