ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌သာသနိကအဆောက်အဦများအတွင်းဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီကို pdf ကလေးက ပြင်းထန်စွာသတိပေး
📌စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်တော်လှန်ရေးအဖွဲ့များတွေ့ဆုံနေပါတယ်
📌ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌သာသနိကအဆောက်အဦများအတွင်းဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီကို pdf ကလေးက ပြင်းထန်စွာသတိပေးလိုက်ပါတယ်
ဒီဇင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြလာတဲ့ သတိပေးချက်က အခုလိုရေးသားထားပါတယ်
အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွန်ခဲ့သော ဒီဇင်ဘာ ၇ ရက်မှစ၍ လက်ရှိအချိန်ထိ ကလေးမြို့နယ် နတ်ချောင်းကျေးရွာအတွင်း ရှိ ရန်ကင်းကျောင်း အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းများတွင် အဓမ္မဝင်ရောက်တပ်စွဲလျက်ရှိနေပါသည်။ စစ်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရသူများနှင့် ဒုက္ခသည်များအတွက် စောင့်ရှာက်ကုသရာနေရာ ခိုနားရာနေရာ အကာအကွယ်ပြုရမည့်နေရာများအဖြစ် သတ်မှတ်ထားသည့် ဆေးရုံ၊ ကျောင်း၊ သာသနာရေးအဆောက်အဦများ အစရှိသည့် safety zone - Neutralised zone များအတွင်း လက်နက်ကိုင်တပ်များ ဝင်ရောက်တပ်စွဲခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့်တကွ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည် နတ်ချောင်းကျေးရွာအတွင်းရှိ သာသနိက ပရဝုဏ် (ပရဝုန်ဟုဖတ်ပါရန်) များအတွင်း အဓမ္မနေရာယူတပ်စွဲထားသော စစ်တပ်များအနေဖြင့် အဆိုပါနေရာများမှ အမြန်ဆုံးထွက်ခွါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ pdf kalay မှသတိပေးလိုက်သည် ဂျနီဗာကွန်ဗန်းရှင်းနှင့်တကွ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို လိုက်နာခြင်းမရှိဘဲ ဆက်လက်တပ်စွဲထားဦးမည်ဆိုပါက pdf kalay က နည်းလမ်းပေါင်းစုံအသုံးပြု၍ အရေးယူ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးသည်ဟု ရေးသားဖော်ပြထားပါတယ်။
========================
📌📌စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်တော်လှန်ရေးအဖွဲ့များတွေ့ဆုံနေပါတယ်
ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ရှမ်းပြည် အထူးဒေသ(၄) မိုင်းလားမြို့မှာ တွေ့ဆုံခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ နှင့် စစ်ကောင်စီရဲ့ ဆွေးနွေးပွဲအကြောင်း တရားဝင်ထုတ်ပြန်ချက်တွေတော့ ထွက်မလာသေးပါဘူး စစ်ကောင်စီဟာ ၎င်းတို့လက်အောက်ခံ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီလို့ အမည်ပေးထားတဲ့အဖွဲ့နှင့် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲကို ၆ ဖွဲ့သာတက်ရောက်ခဲ့ပီး KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ကချင် လွတ်မြောက်ရေးအဖွဲ့ KIA မတက်ရောက်ဖြစ်တာနဲ့ ပတ်သက်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။
“မတက်ဘူး ဆိုတာလောက်ပဲ ကြားပါတယ်။ ကျနော်တို့ ဗဟိုကော်မတီကနေ ဘာမှ ညွှန်ကြားတာ မရှိဘူးဗျ။ မတက်ဘူးဆိုတာလောက်ပဲ ကျနော် ကြားပါတယ်ခင်ဗျ။” လို့ပြောပါတယ်။ SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် ကတော့ မိုင်းလားမှာရှိတဲ့ သူတို့ရုံးအဖွဲ့တွေဟာ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ပြီး ဆွေးနွေးတာတွေကို အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။ နိုင်ငံတော်အာဏာကိုသိမ်းယူထားပီးနေ့စဉ်လိုလို ဆန့်ကျင်သူတွေကို သတ်ဖြတ်နေတဲ့စစ်ကောင်စီကတော့ အခုလိုဆွေးနွေးပွဲလုပ်ရတာသည် လာမယ့် ၂၀၂၂ ခုနှစ် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးချဲ့ ဆောင်ရွက်ဖို့ဖြစ်ကြောင်း သတင်းထုတ်ပါတယ်။ အခုလိုအကြမ်းဖက်အာဏာသိမ်းအဖွဲ့ဟာ မြောက်ပိုင်းတော်လှန်ရေးအဖွဲ့များနဲ့ ဆွေးနွေးညှိနှိုင်းဖို့ကြိုးစားနေချိန်မှာပဲ MNDAA ကိုးကန့်တပ်ဖွဲ့များကို လေကြောင်းပစ်ကူတွေပါသုံးပီး ပြင်းထန်တဲ့တိုက်ပွဲတွေ ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ် အထူးဒေသ(၁)မုံးကိုးခရိုင်ရှိ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA(ကိုးကန့်)၏ တပ်စခန်းများကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာပါတယ် စစ်ကောင်စီသည် မြေပြင်မှလက်နက်ကြီများနှင့် ခြေလျင်တပ်ဖွဲ့များဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းသာမက စစ်ရဟတ်ယာဉ်များနှင့်တိုက်လေယာဉ်များကိုပါ အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်နေကြောင်း နယ်မြေခံ ကိုးကန့်သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်မှာ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ် စစ်အာဏာဆန့်ကျင်သူတွေကို အင်အားသုံးဝင်ရောက်ဖမ်းဆီးရာမှစလို့ နယ်မြေခံ KNLA တပ်မဟာ ၆ နှင့်လည်း ပြင်းထန်တဲ့စစ်ပွဲတွေဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ ပြင်းထန်နေချိန်လည်းဖြစ်ပါတယ် မိုင်းလား အစည်းအဝေးကို ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA မိုင်းလား) ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA) တို့နဲ့အတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(ULA/AA)၊ တအောင်းန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA/ကိုးကန့်) တို့တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
========================
📌📌ခုဆက်လက်ပီး ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
အဆိုပါ သတင်းခေါင်းစဉ်တွေကတော့ -
- ကေအန်ယူထိန်းချုပ်နယ်မြေ လေးကေကော်မြို့သစ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့သတင်း
- စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနေသည့် ဒီပဲယင်းအနောက်ခြမ်းတွင် ၎င်းတို့ ပစ်သတ်၍မီးရှို့ထားသော အလောင်းတစ်လောင်းတွေ့တဲ့သတင်း
- ဝိုင်းမော်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များမှ ဒေသခံအချို့ကို KIA မသင်္ကာမှုဖြင့် ဖမ်းဆီးနေတဲ့သတင်း
- စစ်ကိုင်းတိုင်းမြို့တွေမှာ စစ်ကောင်စီရဟတ်ယာဉ်များကဝါဒဖြန့်စာများကို ထပ်မံကြဲချနေတဲ့သတင်း
- တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင်းကမြို့နယ်များမှာ Nld ပါတီထောက်ခံသူတွေရဲ့အိမ်ကို စစ်ကောင်စီကလိုက်လံချိတ်ပိတ် နေတဲ့သတင်း
- နာရေးကားမောင်းသူတစ်ဦးကို စကစတပ်က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ အလောင်းလာထုတ်ခိုင်း၊ ဦးခေါင်းကြေသည်အထိ သေနတ်ဒင်ဖြင့်ထုထားကြောင်းတွေ့ရတဲ့သတင်း
- ကရင်လက်နက်ကိုင် ၄ ဖွဲ့နေနဲ့တဲ့သတင်း အကြမ်းဖက်စစ်ကောင်စီကို ပျက်ပျက်သားသား တုန့်ပြန်သင့်ကြောင်း တပ်မဟာ ၅ ခေါင်းဆောင် ဖရိုမန်းမန်းက ပြောလိုက်တဲ့ သတင်း
- မတရား အဖမ်းခံထားရတဲ့ တော်လှန်ရေးရဲဘော်တွေကို ထောင်တွင်းနှိပ်စက်မှုအပေါ် GSCB ကရှုံ့ချလိုက်တဲ့သတင်း
- အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေး နိုင်ဖို့ နည်းလမ်းပေါင်းစုံရှာဖွေနေကြောင်းဝန်ကြီး ဘလင်ကန်က ပြောလိုက်တဲ့သတင်း
- နိုင်ငံအနောက်မြောက်ပိုင်းမှာ အရပ်သားများ နေရပ်စွန့်ခွာရမှုများ မြင့်တက်လာနေကြောင်း OCHA ကထုတ်ပြန်လိုက်တဲ့သတင်း စသည်တို့ဖြစ်ပါတယ်
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment