18th Dec 2021 - Afternoon Daily News by Radio NUG



ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည်ခင်း ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ” ရန်ပုံငွေရှာဖွေရေးနှင့် အနုပညာတင်ဆက်မှု ဒုတိယအကြိမ်မြောက် ပွဲတော်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီတွင်ကျင်းပပြုလုပ်မည်
📌အကြမ်းဖက်စစ်ကောင်စီဖမ်းဆီးသွားသော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို စစ်ကောင်စီမှ တာဝန်ခံရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက သတိပေး
📌မြန်မာ့ဒီမိုကရေစီအရေးအတွက် အဓိကကျတဲ့ ကာကွယ်ရေးဆိုင်ရာဥပဒေပြင်ဆင်မှု မူကြမ်းကို အမေရိကန်အထက်လွှတ်တော်ကအတည်ပြုလိုက်ပါပီ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ” ရန်ပုံငွေရှာဖွေရေးနှင့် အနုပညာတင်ဆက်မှု ဒုတိယအကြိမ်မြောက် ပွဲတော်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီတွင်ကျင်းပပြုလုပ်မည်

အမျိုးသားညီညွတ်ရေးအစိုးရ အထွေထွေရန်ပုံငွေပွဲအတွက် “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းအရောက် တို့မြန်မာ" အမည်ပေးထားတဲ့ အနုပညာတင်ဆက်မှုပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြပီးဖြစ်ပါတယ်
အဆိုပါ အနုပညာတင်ဆက်မှု ဒုတိယအကြိမ်မြောက် ပွဲတော်ကို ဒီဇင်ဘာလ ၁၉ ရက် ည ၇ နာရီတွင်ကျင်းပမှာဖြစ်ပါတယ်
ရန်ပုံငွေရှာဖွေရေး အနုပညာတင်ဆက်မှုပွဲတော်ကို စစ်အာဏာရှင်တော်လှန်သော အနုပညာရှင်များစွာတို့က ဖျော်ဖြေမှုကဏ္ဍပေါင်းစုံနှင့်အတူ ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်
ဖျော်ဖြေရေး ရုပ်သံထုတ်လွှင့်မှုများကိုတော့ ဒီဇင်ဘာ ၁၉ ည ၇ နာရီတိတိအချိန်တွင် D-Day Channel, Public Voice Television, Mizzima TV, Khit Thit Media, Than Lwin Times, Ministry of Health, National Unity Government of Myanmar Facebook Page နှင့် CDM Medical Network Page တို့မှတစ်ဆင့် အခမဲ့" တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ထိုင်းရောက်မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့နှင့် D-Day Channel တို့၏ ပူးပေါင်းတင်ဆက်မှုဖြစ်ပြီး "တော်လှန်ရင်း ကံစမ်း၊ ကံစမ်းရင်း တော်လှန်နိုင်ရန်" တော်လှန်ရေးရန်ပုံငွေ ကံစမ်းမဲလက်မှတ်များကို အောက်ပါ Facebook စာမျက်နှာများ၏ Messenger များသို့ စာပေးပို့ဆက်သွယ်ပြီး ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ကံစမ်းမဲလက်မှတ်များ ရောင်းချ၍ ရရှိလာသော ရန်ပုံငွေများကို စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ လူနာများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ၊ COVID-19 အပါအဝင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် စစ်အာဏာရှင်တော်လှန်ရေးအတွက် အခြားလိုအပ်သည့် နေရာများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

========================

📌📌အကြမ်းဖက်စစ်ကောင်စီဖမ်းဆီးသွားသော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို စစ်ကောင်စီမှ တာဝန်ခံရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက သတိပေးလိုက်ပါတယ်

ဒီဇင်ဘာလ ၁၄ ရက် နှင့် ၁၅ ရက်များတွင် အကြမ်းဖက်အာဏာသိမ်းတပ်များရဲ့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် မြဝတီမြို့နယ် လေးကေကော်မြို့သစ်မှာ အာဏာရှင်ဆန့်ကျင်သူများအဖမ်းဆီးခံခဲ့ရပါတယ် စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေ၊ မတရားသဖြင့် ပုဒ်မအမျိုးမျိုးတပ် အမှုဖွင့်ခံထားရတဲ့သူတွေနှင့် CDM ဝန်ထမ်းမျာစွာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုရန်ကြောင့် လေးကေ့ကော်မှာ ခိုလှုံနေကြတာဖြစ်ပါတယ်။ ထိုသို့ ခိုလှုံနေရာမှ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးလည်း ပါဝင်ပါတယ် ။ လက်ရှိအခြေအနေအရ လေးကေ့ကော်မှာ စစ်ကောင်စီက ဖမ်းဆီးသွားသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေများကို သုံးရက်ကြာတဲ့အထိ သတင်းအဆက်အသွယ်မရသလို အကြောင်းတစုံတရာ မသိရသေးပါဘူး။ ဒီကစ္စနဲ့ပက်သကက်ပီး အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဟာ ကျန်းမာရေး ကောင်းမွန်သူတွေ ဖြစ်ကြတယ် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ကိစ္စအားလုံးဟာ စစ် ကောင်စီက တာဝန်ခံရမှာဖြစ်တယ်လို့ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံးက သတိပေးလိုက်ပါတယ် ။ ထိုသို့မတရားဝင်ရောက် ဖမ်းဆီးမှုကြောင့် ကရင့်လက်နက်ကိုင် KNLA တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ပီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများစွာ ရှိခဲ့တာကို တွေ့ရပါတယ်။ နှစ်ရက်တွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိသလို အရှင်ဖမ်းဆီးရမိသူ ၈ဦး ရှိတယ်လို့သိရပါတယ် ဖမ်းဆီးခံလိုက်ရသူတွေကတော့ တပ်ဆုတ်သွားတဲ့ စစ်ကြောင်းနှင့်အတူ ပါသွားခဲ့တာပါ ။ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ အိမ်မဲအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ အပါအဝင် ပြည်သူလူထု ၃၀ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ လေးကေ့ကော်မှာ တိမ်းရှောင်နေဆဲဖြစ်တဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်များရဲ့ ဖမ်းဆီးမှုကိုခံရသူများဟာ စစ်ကြောရေးမှာ ထင်သလိုနှိပ်စက်ပီး အလောင်းလာထုတ်ခိုင်းတဲ့ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိတာကြောင့် ခုဆိုရင် အဆိုပါလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရဲ့ ကျန်းမာရေးကို မိသားစုများနှင့် မိတ်ဆွေများက စိုးရိမ်နေကြပါတယ်။ ဦးဝေလင်းအောင်နဲ့ ဒေါက်တာပြည့်ဖြိုးတို့နှစ်ဦးဟာ လူငယ်ကိုယ်စားလှယ်ဖြစ်ပြီး ဖမ်းဆီးခံရစဥ် ကျန်းမာရေး ကောင်းမွန်စွာရှိတယ်လို့ ဒေါ်အိအိပြုံးက သူမရဲ့ Facebook ကနေ ရေးသားခဲ့ပြီးနောက်မှာပဲ ဒေါ်အိအိပြုံးနည်းတူ အခြားသော လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အလားတူ သတိပေးမှုတွေ ကို ၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်နှာများမှတဆင့် ထုတ်ဖော်သတိပေးနေကြပါတယ် အလွတ်တန်းဓာတ်ပုံသတင်းထောက်ဖြစ်သူ ကိုစိုးနိုင်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ တိတ်ဆိတ်မှုသပိတ်အား ဓာတ်ပုံရိုက်ခြင်းကြောင့် ဖမ်းဆီးသွားပီး ၃ ရက်အကြာတွင် စစ်ကြောရေးစခန်း၌ အလောင်းလာထုတ်ရန် အကြမ်းဖက်စစ်တပ်ကအကြောင်းကြားခဲ့ကြပါတယ်။

========================

📌📌မြန်မာ့ဒီမိုကရေစီအရေးအတွက် အဓိကကျတဲ့ ကာကွယ်ရေးဆိုင်ရာဥပဒေပြင်ဆင်မှု မူကြမ်းကို အမေရိကန်အထက်လွှတ်တော်ကအတည်ပြုလိုက်ပါပီ

အမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ဦးဆောင်တာဖြစ်ပီး ၂၀၂၂ ဘဏ္ဍာနှစ်အတွက် NDAA လို့အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေပါ မြန်မာ့အရေးဆိုင်ရာပြင်ဆင်ချက်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က အတည်ပြုနိုင်ခဲ့ပီးနောက်မှာတော့ သမ္မတလက်မှတ်ရေးထိုးဖို့သာ ကျန်ရှိပါတော့တယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီလူပ်ရှားမှုကို အမေရိကန်အနေနဲ့ တရားဝင် မဟာဗျူဟာမြောက် ကူညီနိုင်ဖို့ဖြစ်တာကြောင့် နွေဦးတော်လှန်ရေးအတွက် အရေးပါတဲခြေလှမ်းတရပ်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အာဏာသိမ်းပီးနောက် အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်နေတဲ့ စစ်ကောင်စီအပေါ်မှာ အရေးယူနိင်ဖို့သာမက အမျိုးသားညီညွတ်ရေးအစိုးရကိုပါ တရားဝင်ကူညီနိုင်ဖို့ မဟာဗျူဟာတရပ်ဖြစ်ပါတယ်။ အမေရိကန်အစိုးရထိပ်ပိုင်းအရာရှိတွေအနေနဲ့ ဒါကို ၂ လအတွင်း လွှတ်တော်ကိုတင်သွင်းနိုင်အောင် အထက်လွှတ်အမတ် McConnell က ဖြည့်စွက်ထည့်သွင်းလိုက်တာပါ။ NDAA လို့အတိုကောက်ခေါ်တဲ့ National Defense Authorization Act ဟာ အောက်လွှတ်တော်မှာမဲအများစု 363 မဲ 70 နဲ့ နိုင်ပြီး Senate ကိုထပ်တင်ခဲ့ရာမှာတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့က မဲခွဲခဲ့ကြပီး 88 မဲ 11မဲ နဲ့အပြတ်အသတ်အောင်မြင်သွားပါတယ်

မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်အဆက်ထောက်ခံခဲ့သူ McConnell နဲ့အတူ အမေရိကန် အဓိကပါတီကြီး ၂ ခုလုံးမှ ဩဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ်တွေပေါင်းပြီး ဒီမူကြမ်းကို တင်သွင်းခဲ့ကြတာပါ ။ ထိုအထဲပါဝင်တဲ့အချက်တွေကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရပြန်လည်အုပ်ချုပ်နိုင်စေရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ထည့်သွင်းထားပါတယ်။

ဒီဥပဒေကို ဦးဆောင်လုပ်ခွင့်ရလို့ ဂုဏ်ယူပါကြောင်းနဲ့ အမေရိကန်အနေနဲ့ မဟာဗျူဟာမြောက် လက်တွေ့ကူညီနိုင်အောင် ပြင်ဆင်လိုက်တာပါလို့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော် ခေါင်းဆောင် McConnel က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီပြင်ဆင်ချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေး အေဂျင်စီ USAID၊ နှင့် ဘဏ္ဍာရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေအနေနဲ့ပါ NUG အစိုးရနဲ့ CDM လူပ်ရှားမူကိုကူညီရေးဆိုင်ရာအပါအဝင် အမေရိကန်မူဝါဒနဲ့လုံခြုံရေး ရည်မှန်းချက်တွေကို လွှတ်တော်မှာ လူကိုယ်တိုင် ရှင်းပြရဖို့လည်း ထည့်သွင်းပါရှိပါတယ်။ ဥပဒေမူကြမ်းမှာ နောက်ထပ်ပြင်ဆင်ပါရှိတာကတော့ တရုတ်နှင့်ရုရှနိုင်ငံများရဲ့ မြန်မာ့အရေးအပေါ် မဟာဗျူဟာမြောက် အကျိုးစီးပွားရယူမှုကြောင့် မြန်မာနိုင်ငံမှာ လူမျိုးစုပဋိပက္ခပိုကြီးမားလာခြင်းနှင့် အချုပ်အခြာအာဏာထိပါးခံရမှုတွေကိုပါ ပြန်သုံးသပ်ဖို့ကိုလည်း အဆိုပါ ပြင်ဆင်ချက်မှာ ထည့်သွင်းထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment