ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကထောင်ဝတ်စုံဝတ်ဆင်စေခဲ့ပါတယ်
📌ဒါရိုက်တာကိုပေါက်ရဲ့ဇနီးသည်နေထိုင်တဲ့အိမ်ကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွား
📌ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကထောင်ဝတ်စုံဝတ်ဆင်စေခဲ့ပါတယ်
ရွေးကောက်ပွဲအနိုင်ရပါတီ NLD ရဲ့ ပါတီဥက္ကဌဖြစ်သလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ယူထားသူ လူထုခေါင်းဆောင်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာပဲ ဖမ်းဆီးထောင်ချခဲ့ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းလိုက်ပီးနောက် စိတ်ရှိတိုင်း စွဲဆိုထားတဲ့ အမှုပေါင်းများစွာထဲက ပုဒ်မနှစ်ခုတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ကျခံစေပီးနောက်မှာတော့ ဒီဇင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့ ရုံးထုတ်စဉ်မှာ အခုလို လူထုခေါင်းဆောင်အား ထောင်ဝတ်စုံဝတ်ဆင်စေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့အပြင် မြန်မာပြည်မှာလူထုထောက်ခံမှုအများဆုံးရထားတဲ့ ရွေးကောက်ခံပါတီကြီးရဲ့ ခေါင်းဆောင်တဦးအပေါ် အခုလိုထောင်သားတဦးအသွင် ထောင်ဝတ်စုံဝတ်ရခြင်းကြောင့် မြန်မာလူထုဟာ သူတို့ရဲ့ ဝမ်းနည်းဒေါသထွက်ခြင်းစိတ်ခံစားမှုတွေကို လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ ပြသခဲ့ကြပါတယ်
'' အဲဒီဝတ်စုံဝတ်ခိုင်းတဲ့အပေါ် ဘာမှတ်ချက်မှမပေးသလို၊ အဲဒီလို ဝတ်ရလို့လည်း သူဘာမှဖြစ်မနေဘူး။ သူ့ရဲ့နဂိုပုံမှန်အတိုင်းတက်တက်ကြွကြွရှိတယ်။ ရဲရဲဝံ့ဝံ့ရှိတယ်။ အမှုအကြောင်းပဲ စိတ်ဝင်စားတယ် '' လို့ တရားခွင်ရောက်ရှေ့နေတွေနဲ့ နီးစပ်တဲ့ ရှေ့နေတစ်ဦးကပြောပြပါတယ်။
စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံတွေ ပေးပို့ခဲ့တာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၇ ရက် တရားခွင်မှာတော့ သူမနဂိုရင်းဝတ်ထားတဲ့ အဖြူရောင်အင်္ကျိ လက်ရှည်အပေါ်မှာ ထောင်အာဏာပိုင်တွေ ပို့ထားတဲ့ အဖြူရောင်အင်္ကျီရင်စေ့လက်စကကို အပေါ်ကနေ ထပ်ပြီးဝတ်ဆင်ခဲ့ရပါတယ်။
'' ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကို လေးစားလိုက်နာတဲ့သူလေ။ ဒီလိုဝတ်ရလို့ သူဘာမှဖြစ်မှာ မဟုတ်ဘူး။ ဥပဒေက ဒီလို ပြဋ္ဌာန်းရင် အဲဒီအတိုင်း လိုက်နာမယ်ဆိုတဲ့သူမျိုး။ ဥပဒေကို လိုသလိုသုံးတဲ့ သူမျိုးမဟုတ်တော့….သေချာတာက သူဘာမှဖြစ်နေမှာမဟုတ်ဘူး '' လို့ မှတ်ချက်ပြုပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နှင့် ထောင်ဒဏ် ၁၅ နှစ်အထိချနိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ၅ မှုကို လက်ရှိရင်ဆိုင်နေရပါတယ်။ နောက်ထပ်ရင်ဆိုင်ရဦးမယ့် အမှုများလည်း ရှိနေပါသေးတယ်။ အခုလို စစ်ကောင်စီစွဲဆိုထားတဲ့အမှုပေါင်းများစွာထဲမှာတော့ အဂတိအမှု ၅ မှုထိပါဝင်ပီး ဒေါ်ခင်ကြည်ဖောင် ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ဖို့ ရန်ကုန် ၊ တက္ကသိုလ်ရိပ်သာ လမ်းပေါ် က မြေနဲ့အဆောက်အအုံကို ထိုက်သင့်တဲ့တန်ဖိုးထက် လျှော့ပီး (ရှော့ပီးဟုဖတ်ရန်) ငှားခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုလည်း ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် ကြမ်းတမ်းတဲ့ဒီမိုကရေစီခရီးကြမ်းကို ခက်ခဲပင်ပန်းစွာလျှောက်ခဲ့ရပီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ စစ်အစိုးရလက်ထက်မှာလည်း နေအိမ်အကျယ်ချုပ်နဲ့နှစ်ရှည်နေခဲ့ရတာပါ။ ထိုစဥ်က တရားစွဲဆိုခံခဲ့ရတာတွေလည်းရှိခဲ့ပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြုကျင့်သလိုမျိုး လူထုခေါင်းဆောင်အပေါ် နှစ်ရှည်ထောင်ဒဏ်ကျခံရနိုင်တဲ့ အမှုပေါင်းများစွာတွေနဲ့ စစ်အာဏာရှင် အဆက်ဆက်က မကြံစည်ခဲ့ပါဘူး။ အခုလိုပြည်သူလူထုထောက်ခံမှုအများဆုံးရထားတဲ့ လူထုခေါင်းဆောင်တစ်ဦးဟာ ထောင်ဝတ်စုံနဲ့ တရားခွင်ကိုတက်ရောက်ရတဲ့ အခြေအနေကြောင့် အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြတဲ့ပြည်သူတွေအကြား ဒေါသထွက်စရာဖြစ်စေခဲ့ပါတယ်။
========================
📌📌ဒါရိုက်တာကိုပေါက်ရဲ့ဇနီးသည်နေထိုင်တဲ့အိမ်ကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၂)ရပ်ကွက် ရွှေပြည်သာ (၂)လမ်းပေါ်မှာရှိတဲ့ ဒါရိုက်တာ ကိုပေါက်၏ ဇနီးနေအိမ်ကို လက်နက်ကိုင်များက ကားတစ်စီးဖြင့်လာရောက်ပီး သေနတ် ပစ်ခတ်သွားပါတယ်။ ဒါရိုက်တာကိုပေါက်ရဲ့ ဇနီးနှင့်မိသားစုဝင်များဟာ အဝတ်အထည်များ အွန်လိုင်းရှော့ပင်းရောင်းဖို့ live လွှင့်နေစဉ်မှာပဲ အိမ်ကို သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အလန့်တကြားမီးပိတ်ခဲ့ရတဲ့ ရုပ်သံတွေဟာ လူမှုကွန်ရက်ပေါ်မှာ လူအများတွေ့မြင်ခဲ့ရပါတယ်။ ထို့နောက် မထက်နီနီဟာ သူမအိမ်သေနတ်နဲ့ပစ်ခံရကြောင်းကို live လွှင့်၍ အကူအညီအော်ဟစ်တောင်းခံတာကိုလည်း တွေ့မြင်ကြရပါတယ် သူမဟာ ဘယ်အဖွဲ့အစည်းကိုမှလည်း မည်သည့်အထောက်အပံ့မှပေးနေခြင်းမရှိပါဘူးလို့ ဒေါ်ထက်နီနီကပြောပါတယ် ။ Honda Fit အဖြူရောင် ကားတစ်စီးပေါ်ကနေပီး သူမ နေအိမ်ကို ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီခန့်အချိန်မှာ ခုလို သေနတ်ပစ်ခံရတာလို့ သိရပါတယ် သေနတ်ပစ်ခတ်ခံရမှုကြောင့် လူတစုံတဦးမျှ ထိခိုက်မှုမရှိခဲ့ဘဲ ခြံတံခါးသာအနည်းငယ်ထိခိုက်သွားပါတယ် သူမရဲ့ခင်ပွန်းဖြစ်သူ ဒါရိုက်ကိုပေါက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွက် တက်ကြွလှုပ်ရှားသူတဦးအဖြစ် လူသိများသူဖြစ်ပီး အမျီုးသားညီညွတ်ရေးအစိုးရကို ပြတ်ပြတ်သားသားထောက်ခံနေဆဲဖြစ်ကာ ခုချိန်မှာတော့ လွတ်မြောက်နယ်မြေတနေရာကို ရှောက်ရှိနေတာလည်း ဖြစ်ပါတယ် ။ ကိုပေါက်ရဲ့ ဇနီးဖြစ်သူကတော့ သူမဟာ ဘယ်အဖွဲ့အစည်းနဲ့မှအဆက်အသွယ်ရှိတဲ့သူမဟုတ်ဘဲ ဈေးရောင်းနေခြင်းသာဖြစ်ကြောင်း ခင်ပွန်းဖြစ်သူနဲ့လည်း အဆက်အသွယ်မရှိကြောင်း ပြောပါတယ်။ ခုလိုပစ်ခတ်ခံရတဲ့အမပေါ်မှာ ချက်ချင်းပဲ LIVE လွှင့်ပီး အကူအညီတောင်းတာကြောင့် တမုဟုတ်ချင်းပဲ လူသိများခဲ့ပါတယ် သေနတ်နဲ့ပစ်ခတ်သွားခြင်းဟာ မည်သည့်အဖွဲ့က ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့ သိရှိနိုင်ခြင်းမရှိသေးပါဘူ။ ဒီဇင်ဘာလ ၁၇ ရက်နေ့ အခင်းဖြစ်တဲ့နေ့မှာတော့ မထက်နီနီရဲ့ခင်ပွန်းဖြစ်သူ ကိုပေါက်ဟာ တောစခန်းတနေရာမှာ နေမကောင်းဖြစ်နေပါတယ် ကိုပေါက်ဟာ လူမှုကွန်ရက်ပေါ်မှာသာမက ဒါရိုက်တာကိုပေါက်အဖြစ်လူသိများသူတဦးဖြစ်တာကြောင့် သူနေမကောင်းဖြစ်ရတဲ့အပေါ်မှာ "တုပ်ကွေးလောက်ပဲ လာပါ။ ငှက်ဖျားတော့ မလုပ်ပါနဲ့။ " လို့ အသိပေးရေးသားခဲ့တာကိုလည်းတွေ့ရှိရပါတယ်။
========================
📌📌ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
သတင်းခေါင်းစဉ်တွေကတော့ -
- ပညာရေးဝန်ကြီးဌာနမှ ကြားကာလပညာရေးအစီအစဉ်အရမူလတန်း ဆရာအတတ်ပညာသင်တန်း ဝင်ခွင့်လျှောက်လွှာများခေါ်ယူတဲ့သတင်း
- မုံရွာ အလုံဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးနဲ့ သတင်းထောက် အပါအဝင် ပြည်သူ (၁၂)ဦး ဖမ်းဆီးခံရတဲ့သတင်း
- တောင်ကြီးမြို့ နိုင်ငံရေးသမားနှင့် နိုင်ကျဥ်းဟောင်းများကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တဲ့သတင်း
- တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ” ရန်ပုံငွေရှာဖွေရေးနှင့် အနုပညာတင်ဆက်မှု ဒုတိယအကြိမ်မြောက် ပွဲတော်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီတွင်ကျင်းပပြုလုပ်မည်ဖြစ်တဲ့သတင်း
- အကြမ်းဖက်စစ်ကောင်စီဖမ်းဆီးသွားသော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို စစ်ကောင်စီမှ တာဝန်ခံရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက သတိပေးလိုက်တဲ့သတင်း
- မြန်မာ့ဒီမိုကရေစီအရေးအတွက် အဓိကကျတဲ့ ကာကွယ်ရေးဆိုင်ရာဥပဒေပြင်ဆင်မှု မူကြမ်းကို အမေရိကန်အထက်လွှတ်တော်ကအတည်ပြုလိုက်တဲ့သတင်း
- လေးကေကော်ဒေသက စစ်ဘေးရှောင်ပြည်သူတွေကို နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းအစိုးရထံ မေတ္တာရပ်ခံခဲ့တဲ့သတင်း
- CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်များရဲ့နေအိမ်များကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက လိုက်လံချိတ်ပိတ်နေတဲ့ သတင်းစသည်တို့ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment