19th Dec 2021 - Evening Daily News by Radio NUG



ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌ခုခံတော်လှန်စစ်ကို ပြည်တွင်းပြည်ပမှ အားပေးကြဖို့ KNDO က တိုက်တွန်းနှိုးဆော်
📌အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းအကြမ်းဖက်ပစ်ခတ်မှုတွေကိုရှုံ့ချကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်
📌လေးကေ့ကော်တိုက်ပွဲတွင် ရန်ကုန်တိုင်း NLD လူငယ်အဖွဲ့ဝင်ကျဆုံး
📌ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ခုခံတော်လှန်စစ်ကို ပြည်တွင်းပြည်ပမှ အားပေးကြဖို့ KNDO က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်

ပြည်တွင်းပြည်ပမှ ညီကိုမောင်နှမများဟု ရည်ညွှန်းထားသော သတိပေးနှိုးဆော်ချက်တရပ်ကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO က ဒီဇင်ဘာလ ၁၈ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ် အကြောင်းအရာအနေနဲ့ တိုက်ပွဲများပိုမိုပြင်းထန်လာမည်ဟု ရေးသားထားပီး ခုခံတော်လှန်စစ်ကို ပြည်သူလူထုတရပ်လုံးက ထောက်ခံပေးကြဖို့နှိုးဆော်ပါရှိပါတယ် လေးကေ့ကော်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သော်လည်း အင်အားအလုံးအရင်းဖြင့် ပြန်လည်တိုက်ခိုက်ဖို့ အနေအထားမှာရှိကြောင်း ၊ ပြည်တွင်းပြည်ပညီအကိုများသည် စစ်အာဏာရှင်အားအပြည့်အဝ ဆန့်ကျင်သော ပြည်သူအတွက်ရပ်တည်ပေးနေသော KNU -KNLA , KNDO အဖွဲ့အစည်းများအား တတ်နိုင်တဲ့ဘက်က များများထောက်ပံ့ပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်း ရေးသားဖော်ပြခဲ့ပါတယ်

========================

ဆက်လက်ပီး

📌📌အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းအကြမ်းဖက်ပစ်ခတ်မှုတွေကိုရှုံ့ချကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာကို တင်ပြပေးလိုပါတယ်

ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးစီးဖြင့် ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကိုရောက်ရှိလာကာ စက်သေနတ်များဖြင့် လူနေရပ်ကွက်များ လူနေအဆောက်အဦများ စာသင်ကျောင်းများကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုပစ်ခတ်မှုကြောင့် အရပ်သား
ပြည်သူများထိခိုက်သေဆုံးမှုများရှိခဲ့ပီး ပြည်သူပိုင်အဆောက်အဦများလည်း ပျက်စီးခဲ့သည် ထို့နောက် အကြမ်းဖက်စစ်တပ်များသည် နှမ်းခါးကျေးရွာတွင်တပ်စွဲခဲ့ပီး အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလျက်ရှိသည် ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နှမ်းခါးကျေးရွာတွင် အပြစ်မဲ့အရပ်သားများကို စစ်မြေပြင်
သဖွယ်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုများအား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပ.အ.ဖ ဂန့်ဂေါမှ ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်
မိဘပြည်သူများအနေဖြင့်လည်း ယခုတလောတွင် ဂန့်ဂေါကလေးလမ်းပိုင်းကို အသုံးပြုသွားလာခြင်းများမပြုဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။

========================

📌📌လေးကေ့ကော်တိုက်ပွဲတွင် ရန်ကုန်တိုင်း NLD လူငယ်အဖွဲ့ဝင်ကျဆုံးခဲ့ပါတယ်

စစ်ကောင်စီတပ်များက အင်အားသုံးဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် စတင်ခဲ့တဲ့ မြဝတီမြို့တောင်ပိုင်း ငြိမ်းချမ်းရေးမြို့သစ် လေးကေ့ကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့သလို တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များဘက်ကလည်း ကျဆုံးမှုရှိခဲ့ပါတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့များထဲမှာ KNDO , ခွဲထွက် DKBA နှင့် PDF တပ်များပူးပေါင်း တိုက်ထုတ်နေတာဖြစ်ပီး ဒီဇင်ဘာလ 18 ရက်နေ့မှာတော့ PDF တပ်ဖွဲ့ဝင်တဦးအဖြစ် ပါဝင်တိုက်ခိုက်နေပြီး ရန်ကုန်တိုင်း NLD လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဗညား ကျဆုံးတဲ့အကြောင်းကို နီးစပ်တဲ့ရဲဘော်ရဲဘက်ဖြစ်သူ ကိုဇေယျာလွင်က အတည်ပြု သတင်းရေးသားထုတ်ပြန်ခဲ့ပါတယ်
“ ကျွန်တော်တို့ ရဲဘော်ဗညားကို မြေချခဲ့ပါပြီ။ တိုက်ပွဲကာလတွင်း ဖြစ်နေတဲ့အတွက် ခပ်မြန်မြန်မြေချခဲ့ရပါတယ်။ မြေချပြီးတော့လဲ ရှေ့တန်းအတွက်ပြန် လှုပ်ရှားကြရပြန်တယ်။ ဘာကြောင့် ဘယ်လို ဆိုတဲ့အကြောင်းအရာတွေလောလောဆယ် မပြောနိုင်သေးတာကို နားလည်ပေးပါဗျာလို့” ကိုဇေယျာလွင်က ရေးသားထားပါတယ် ဒါ့အပြင် ကိုဇေယျာလွင်က သေသူတွေရဲ့နှလုံးသားကိုဆုပ်ကိုင်ပြီး အဆုံးထိတော်လှန်မယ်လို့ သန္နိဌာန်ချထားကြောင်းကိုလည်း အသိပေးရေးသားခဲ့ပါတယ်
ဗညားသည် KNLA တပ်များနှင့်အတူ တိုက်ပွဲဝင်ခဲ့ရင်း ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော လေးကေ့ကော်မြို့သစ် ဘဲဟိ့ကလော်ရွာ တိုက်ပွဲ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု လေးကေ့ကော် တိုက်ပွဲတွင်း ဆေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်
"သူက ရိုးသားကြိုးစားပြီး အလုပ်ပဲလုပ်တဲ့သူ။ ဒီမိုက​ရေစီ​အရေးနဲ့ လူ့အခွင့်အ​ရေးအ​ပေါ် ​လေးစားတန်ဖိုးထားတဲ့သူပါ၊ သူ တစ်​လေးတစား တိုက်ယူ​နေတဲ့ စစ်အာဏာရှင်လက်​အောက်က လွတ်​မြောက်​ရေးနဲ့ မြန်မာပြည်မှာ လူ့အခွင့်အ​ရေးနဲ့ဒီမိုက​ရေစီ ထွန်းကား​ရေးကို ဆက်လက်ပြီးတိုက်ပွဲဝင်သွားပါမယ်လို့ ကတိ​ပေးပါတယ်။" လို့လည်း ကိုဗညား၏ မိတ်ဆွေတစ်ဦးက ပြောပြခဲ့ပါတယ် ကျဆုံးခဲ့သူကိုဗညားဟာ စစ်အာဏာမသိမ်းခင်အထိ ဖုန်းပြင်တဲ့အသက်မွေးလုပ်ငန်းနဲ့ ဘဝကိုရိုးရှင်းစွာဖြတ်သန်းခဲ့သူဖြစ်ပီး ကျဆုံးချိန်မှာ အသက်က ၂၇ နှစ်သာရှိပါသေးတယ်
လေးကေ့ကော်မှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းနေဆဲဖြစ်သလို KNLA နှင့်ပူးပေါင်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ဖွဲ့များနေရာယူထားတဲ့ အမြောက်ကုန်းကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ် တချိန်တည်းမှာပဲ စစ်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာမို့ ပြည်သူတရပ်လုံးသည် တော်လှန်ရေးတပ်ဖွဲ့များနဲ့ တသားတည်းဆက်လက်ရပ်တည်ပေးကြဖို့ များများထောက်ခံပေးကြဖို့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ KNDO က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

========================

📌📌ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
သတင်းခေါင်းစဉ်တွေကတော့ -
- လူမျိုးရေးပဋိပက္ခကို ဆင်ခြင်သတိထားကြရန်ထုတ်ပြန်ကြေငြာချက်တရပ်ကို ရခိုင့်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့တဲ့သတင်း
- ကနီမြို့နယ်ထဲမှာ ပျားမွေးမြူသူတစ်ချို့ ပိတ်မိနေတဲ့သတင်း
- ညောင်ရမ်းတောင်ရပ်ကွက်ရှိ နေအိမ်အချို့ကို စစ်ကောင်စီ တပ်များဝင်စီးပြီး လူငယ်သုံးဦးကို ဖမ်းသွားတဲ့သတင်း
- နှမ်းခါးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ၃စီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၃ ဦးဒဏ်ရာရသွားတဲ့သတင်း
- မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်မှာ ပြင်းထန်နေတဲ့စစ်ရေးအခြေအနေ နောက်ဆုံးရသတင်း
- မော်လမြိုင်တွင် ပရဟိတဆရာဝန်တစ်ဦးကိုဖမ်းဆီးခဲ့ပီး အာဏာသိမ်းဆန့်ကျင်သူတွေကို စစ်ကောင်စီက ငွေညှစ်ခဲ့ကြောင်းသတင်း
- ကေအဲန်ယူ- သထုံမြို့နယ် အလုပ်အမှု ဆောင်ကော်မတီမှပြည်သူလူထု လိုက်နာရမည့် အချက်(၄)ချက်ကိုထုတ်ပြန်လိုက်တဲ့သတင်းစသည်တို့ဖြစ်ပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment