1st JAN 2022 - Morning Daily News by Radio NUG

ဒီဇင်ဘာလ ၃၁ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မင်းတပ်မြို့နယ်ထဲ တိုက်ပွဲပြင်းထန်ပြီး ဝမ္မသူးတိုက်နယ်ဆေးရုံအပါအဝင် ပြည်သူ့နေအိမ်များ ဖျက်စီးခံရ။
📌ကရင်နီပြည်သူ ၃၅ ဦးကျော်ကို အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည့် စစ်ကောင်စီကို မြန်မာ့ဒီမိုကရေစီအရေးကို တွန်းအားပေးမယ့်
📌NDAA (National Defense Authorization Art) ဥပဒေ သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြု။
📌အာဏာသိမ်းမှု ကာလ ၁၁ လ အတွင်းချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေးအဆောက်အဦး ၂၂ ခုကျော် ဖျက်စီးခံရ။
📌မင်းတပ်တွင် ယမန်နေ့က စစ်ကောင်စီတပ်သားများနှင့် CDF မင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား။
📌မြန်မာနိုင်ငံတွင် အိုမီခရွန်ပို (SARS_CoV_2 Variant Omicron) စတွေ့။

အရပ်သားတွေအပေါ် စစ်ကောင်စီကပစ်မှတ်ထားသတ်ဖြတ်နေမှုကို လက်ခံနိုင်စရာမရှိဘူးလို့ EU ကထုတ်ဖော်ပြောကြား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မင်းတပ်မြို့နယ်ထဲ တိုက်ပွဲပြင်းထန်ပြီး ဝမ္မသူးတိုက်နယ်ဆေးရုံအပါအဝင် ပြည်သူ့နေအိမ်များ ဖျက်စီးခံရ။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝမ္မသူးကျေးရွာ ဝမ္မသူးတိုက်နယ်ဆေးရုံပေါ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်မှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဆိုင်ကယ် ၉ စီးမီးရှို့အပါအဝင် ဆေးရုံအမိုးအကာ၊ လူနေအိမ်ပျက်စီးတဲ့အတိုင်းအဆကို ဆက်ပြီးစုံစမ်းနေပါတယ်” လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ နောက်ရှစ်မွှေးရွာတွင်လည်းပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ CDF-MINDAT ဘက်က ရဲဘော်တစ်ယောက် ကျဆုံးသွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ထားသလို ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ အပြစ်မဲ့ပြည်သူ ၂ ဦးမီးရှို့သတ်ခံရပြီး ၂ ဦးကို မတရား ဖမ်းဆီးထားကြောင်းလည်းသိရပါတယ်။
ဒီဇင်ဘာ ၂၄ မင်းတပ်မြို့ပေါ်ပြောက်ကျားတိုက်ခိုက်မှုမှာတော့ စကစ ဗိုလ်ကြီး ၁ ဦး၊ ရဲ့ ၁ ဦးကျဆုံးပြီး CDF-Mindat က G3,MA3 အမျိုးအစားလက်နက် ၂ လက်သိမ်းဆည်းခဲ့ပါသေးတယ်။

========================

📌📌ကရင်နီပြည်သူ ၃၅ ဦးကျော်ကို အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည့် စစ်ကောင်စီကို နိုင်ငံတကာက အရေးယူရန် AA MNDAA နှင့် TNLA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တောင်းဆို။

ခရစ္စမတ်အကြိုနေ့မှာ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ပြီး ရက်ရက်စက်စက် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ စစ်ကောင်စီ၏ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့်အပြင် ကမ္ဘာ့နိုင်ငံကြီးများအနေနှင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ်ပြစ်မှုကျုးလွန်နေခြင်းများကို အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း AA MNDAA TNLA စတဲ့ညီနောင်အဖွဲ့ ၃ ဖွဲ့က တောင်းဆိုထုတ်ပြန်ထားပါတယ်။ အဆိုပါ မီးရှို့ခံရတဲ့ အပြစ်မဲ့ပြည်သူ ၃၅ ဦး ကျော်မှာ Save The Children in Myanmar အဖွဲ့အစည်းမှ ဝန်ထမ်း ၂ ဦး ပါကြောင်းသိရပါတယ်။

========================

📌📌မြန်မာ့ဒီမိုကရေစီအရေးကို တွန်းအားပေးမယ့် NDAA (National Defense Authorization Art) ဥပဒေ သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြု။

မြန်မာ့အရေးကို တွန်းအားပေးပံ့ပိုးမှုတွေပြဌာန်းထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် ဥပဒေ NDAA ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေထိုးလိုက်ပါတယ်။
NDAA ဥပဒေအရ လာမယ့် ၂၀၂၂ ဘဏ္ဋာနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနအတွက် ကန်ဒေါ်လာ ဘီလီယံ ၇၄၀ သုံးစွဲခွင့်ပြုထားပြီး ဒီဥပဒေမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒီမိုကရေစီအင်အားစုနဲ့ CDM တွေကိုထောက်ပံ့ရေး၊ နိုင်ငံရေးအကျဥ်းသားတွေပြန်လွှတ်ပေးရေး၊ အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ခံမှုရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအစရှိတဲ့ အချက်တွေပါဝင်ပါတယ်။ NDAA ဥပဒေကို မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး တောက်လျှောက်ထောက်ခံခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Mc Connell က ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။

========================

📌📌အာဏာသိမ်းမှု ကာလ ၁၁ လ အတွင်းချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေးအဆောက်အဦး ၂၂ ခုကျော် ဖျက်စီးခံရ။

စစ်အာဏာသိမ်းမှုအတွင်း ချင်းပြည်နယ်၌ စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှု၊ မီးရှို့မှုတွေကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဦး ၂၂ ခုထိပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကဆိုပါတယ်။ ထိုသို့ဘာသာရေးအဆောက်အဦီးပျက်စီးမှုတွင် ထန်တလန်မြို့ပေါ်၌ပင် ၉ ခုလောက်ရှိပြီး အခြားကျေးရွာများတွင် ဘုရားကျောင်းမီးရှို့ဖျက်စီးမှု၊ လက်နက်ကြီးဖြင့်် ပစ်ခတ်မှုမျိုး၊ စစ်ကောင်စီတပ်များကိုယ််တိုင် ဘုရားကျောင်းတွင်းရှိပစ္စည်းများ ဖျက်စီးမှုမျိုးများစွာရှိကြောင်း သိရပါတယ်။

========================

📌📌မင်းတပ်တွင် ယမန်နေ့က စစ်ကောင်စီတပ်သားများနှင့် CDF မင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား။

ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်းတွင် မင်းတပ် မတူပီလမ်း ၁၄ မိုင်လမ်းခွဲ၌ စစ်ကောင်စီ ရှေ့ပြေးကင်းတပ်ဖွဲ့နှင့် CDF မင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး CDF ရဲဘော်တစ်ဦီးကျဆုံးကြောင်း မင်းတပ်မြို့နယ် ပ.အ.ဖ (သတင်းအဖွဲ့) က သတင်းထုတ်ပြန်ထားသည်။

========================

📌📌မြန်မာနိုင်ငံတွင် အိုမီခရွန်ပို (SARS_CoV_2 Variant Omicron) စတွေ့။

ယူအေအီးနိုင်ငံ ဒူဘိုင်းမှ ပြန်လာသူ ၄ ဦးမှာ ကိုဗစ်ဗီဇပြောင်း အိုမီခရွန် တွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်တဲ့အတွက် မြန်မာနိုင်ငံမှာ ပထမဆုံး အိုမီခရွန်တွေ့ရှိလာပြီဖြစ်ပါတယ်။ အဆိုပါ ပိုးတွေ့လူနာ ၄ ဦးကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ က ဒူဘိုင်းမြို့မှ မြန်မာနိုင်ငံထဲ ပြန်လည်ရောက်ရှိလာသူတွေဖြစ်ပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment