New Year 2022 - Myanmar Federal Democracy 2022 - Radio NUG New Schedule & New Frequency


 

သောတရှင်များရှင် ...


၂၀၂၂ ခုနှစ် နှစ်ဆန်းမှ စတင်ပြီး Radio NUG မှထုတ်လွှင့်နေတဲ့ အချိန် နှင့်လေလှိုင်းများကို ပြောင်းလဲထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း မိဘပြည်သူများနှင့်နွေဦးတော်လှန်ရေး ရဲဘော်များအား အသိပေးတင်ပြအပ်ပါတယ်ရှင်

မူလထုတ်လွှင့်နေတဲ့ မနက်ပိုင်း ၈ နာရီ မှ မနက် ၈ နာရီခွဲ အချိန်အစား မနက် ၈ နာရီခွဲမှ မနက် ၉ နာရီအထိ ပြောင်းလဲ ထုတ်လွှင့်မှာ ဖြစ်ပါတယ်ရှင်... ထို့နည်းတူ ညနေပိုင်းတွင်လည်း ည ၈ နာရီ မှ ည ၈ နာရီခွဲ အချိန်အစား ည ၈ နာရီခွဲမှ ည ၉ အထိ ပြောင်းလဲ ထုတ်လွှင့်မှာ ဖြစ်ပါတယ်ရှင်...

လေလှိုင်းပြောင်းလဲမှုအနေဖြင့် မနက်ပိုင်း ၈ နာရီခွဲမှ မနက် ၉ နာရီအချိန်အတွက် လှိုင်းတို ၁၆ မီတာ ၁၇.၇၉ မက်ဂါဟတ်ဇ် မှလည်းကောင်း ညပိုင်း ၈ နာရီခွဲမှ ည ၉ နာရီအချိန်အတွက် လှိုင်းတို၂၅မီတာ ၁၁.၈၃ မက်ဂါဟတ်ဇ် တို့မှလည်းကောင်း ပြောင်းလဲ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

မိဘပြည်သူများအနေနဲ့ Radio NUG ထုတ်လွှင့်ချိန်နှင့် လှိုင်းတိုနံပါတ်များကိုပြောင်းလဲ ဖမ်းယူနားဆင်ရမှာဖြစ်ပြီး ဖမ်းယူနားဆင်နိုင်မှု အခြေအနေများကို ပြန်လည် သတင်းပို့ပေးကြစေလိုပါတယ်ရှင်။

Radio NUG - New Time & New Frequency

8:30 AM - 9:00 PM, 16 Meter, 17.79MHz

8:30 PM - 9:00 PM, 25 Meter, 11.83MHz
Share:

No comments:

Post a Comment