ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည်ခင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ဂန့်ဂေါနယ်ရှိ နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်များက လူသတ် မီးရှို့
📌CDM စစ်ဗိုလ်အရာရှိတွေဟာ ပြည်သူတွေရဲ့တန်ဖိုးထားမှုနဲ့ထိုက်တန်အောင် အသက်ရင်းပီး တော်လှန်ရေးမှာ
စစ်လက်နက်ထုတ်လုပ်နေ
📌ရခိုင်တွင် ယခုနှစ် စိုက်ပျိုးရေးစရိတ်ကြီးမားမှုကြောင့် လယ်သမားများ အမြတ်စွန်းရရှိမှုနည်းပါး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဂန့်ဂေါနယ်ရှိ နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်များက လူသတ် မီးရှို့နေကြပြန်ပါပြီ
ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တိုက်ပွဲမရှိဘဲ နှမ်းခါးကျေးရွာကို စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူအများအပြား သေဆုံးခဲ့ပါတယ်။ ရွာထဲမှာအကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲနေထိုင်တာကြောင့် သေဆုံးသည့်အရေအတွက်နှင့် အလောင်းများကို ကောက်ယူနိုင်ခြင်းမရှိခဲ့ပါဘူး
ဒီဇင်ဘာလ ၁၉ ရက်နေ့ မှာတော့ မနက် ၇ နာရီကစလို့ ကျေးရွာတစ်ခုလုံးကို စစ်တပ်က မီးတင်ရှို့ခဲ့ကြပါတယ်။ “အလောင်းကောက်ယူနိုင်မှုအခြေအနေနဲ့ပက်သက်ပီး အခုက စာသင်ကျောင်းမှာ အလောင်း ၆ လောင်း၊ အခု ထပ်ကောက်လို့ရတာက ၈ လောင်း စုစုပေါင်း ၁၄ လောင်း ကောက်ယူထားပါပြီ။ နောက်ထပ် အလောင်း၃ လောင်းလည်း ထပ်တွေ့လို့ ထပ်ကောက်ဖို့ ကြိုးစားနေပါတယ်" ဟု ဒေသခံတွေက ပြောပါတယ်
ရဲလှ လမ်းခွဲ နှင့် နှမ်းခါးကြာ် နှမ်းခါး ချောင်း တံတားတွင် နာရေးကား ၁ စီး RPG လက်နက်ကြီးဖြင့် အထုခံရပြီး တံတားအနောက်ဘက်သို့ ကားထိုးကျသွားပြီး ကားပေါ်ပါလာသူ အများအပြား သေဆုံးသွားကြောင်း၊ ဒါ့အပြင် ဆိုင်ကယ်စီးနေသူများကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သဖြင့် ၄ ဦး သေဆုံးခဲ့ကာ အလောင်းမကောက်နိုင်သေးကြောင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်စဉ် ထွက်ပြေးသူ ၄ ဦးမှာလည်း သေဆုံးနိုင်ဖွယ်ရှိပီး အလောင်းမကောက်နိုင်သေးကြောင်း သိရပါတယ်။ အဲ့ဒီလိုစစ်ရဟတ်ယာဉ်ဖြင့် လိုက်လံပစ်ခတ်ပီးနောက်မှာတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး မကွေးတိုင်း၊ ဂန့်ဂေါနယ်ရှိ နှမ်းခါးကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးတင်ရှို့ပါတယ်
နှမ်းခါးကျေးရွာဟာ လွန်ခဲ့သောစက်တင်ဘာလတွင်လည်း အကြမ်းဖက်စစ်တပ်ရဲ့ အကြိမ်ကြိမ် ဝင်ရောက်မီးရှိုခံခဲ့ရတဲ့ ရွာဖြစ်ပါတယ် အခုလိုအင်အားသုံးဝင်ရောက်မီးရှို့ခြင်းဟာ လေးကြိမ်မြောက်မီးရှို့ခံရခြင်းလို့လည်းသိရပါတယ် မနက်ပိုင်းမှာ ရွာကိုမီးရှို့ပီးနောက် (၇)နာရီ မိနစ် (၅၀) ဝန်းကျင်တွင် နှမ်းခါးရွာဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေသည့် အရပ်သားအချို့အား လူသားဒိုင်းအဖြစ်ခေါ်သွားပီး အာဏာသိမ်း စစ်တပ်သည် နှမ်းခါးရွာ၏ အရှေ့မြောက်ဘက် ကျောက်ချပ်ရွာဘက်သို့ ဦးတည်ထွက်သွားကြောင်း သိရပါတယ် အခုလို အာဏာသိမ်းတပ်များက စစ်ရဟတ်ယာဉ်များပါအသုံးပြု၍ အင်အာသုံးဝင်ရောက် ကျူးလွန်မှုကြောင့် ဂန့်ဂေါ-ကလေးကားလမ်း ကို ရက်အကန့် အသတ်မရှိ ပိတ်ပင်ထားလိုက်ပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF က ယနေ့(ဒီဇင်ဘာ ၁၉ ရက်)ကြေညာလိုက်ပါတယ် အကြမ်းဖက်တပ်ဘက်က လူသားမဆန်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန် နေခြင်းကြောင်း လမ်းပိုင်းကို ပိတ်ပင်ထားရခြင်းဖြစ်ကြောင်း YDF ကဖော်ပြထားပီး ဂန့်ဂေါ-ကလေး ကားလမ်းပိုင်း ပြန်လည် အသုံးပြုနိုင်သည့် အချိန်ကို YDF မှ ပြန်လည် စာထုတ်ပြန်ပေးမည်ဟုလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
========================
📌📌CDM စစ်ဗိုလ်အရာရှိတွေဟာ ပြည်သူတွေရဲ့တန်ဖိုးထားမှုနဲ့ထိုက်တန်အောင် အသက်ရင်းပီး တော်လှန်ရေးမှာ စစ်လက်နက်ထုတ်လုပ်နေတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်
တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်း CDM တပ်မတော်သားများဟာ စစ်အာဏာရှင်ကိုတော်လှန်ရေးမှာ
စစ်လက်နက်များကို စျေးအဆမတန်ပေးဝယ်နေရသည့် အတွက် ကုန်ကျစရိတ်သက်သက်သာသာဖြင့်
အသုံးပြုနိုင်ဖို့ စွမ်းအားမြင့်လက်နက်များကို ထုတ်လုပ်နေကြပါတယ်။ ပြည်သူ့စစ်သားစစ်လက်နက် ထုတ်လုပ်ရေးတပ်ဖွဲ့ (PSPT) အဖွဲ့ဟာ CDM စလုပ်စဉ်ကတည်းကခုလိုအရမ်းလိုအပ်လာမှာဖြစ်တဲ့ လက်နက်တွေကို ထုတ်လုပ်ဖို့အစီအစဉ်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီတော်လှန်ရေးမှာ လက်နက်တွေ အဓိကလိုလာမယ်ဆိုတာ ကျနော်တို့ကြိုမှန်းဆမိတယ် ဒါကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပီးနောက်မှာ တော်လှန်ရေးအကျိုးတွက် ဘယ်လောက်ထိပါဝင်နိုင်မလဲဆိုတာ တစိုက်မတ်မတ်စဉ်းစားခဲ့တာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုပါတယ် ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ဟာ ပရောဂျက် ၈ ခုထက်မနည်းကို နေရာအနှံ့မှာ ဆောင်ရွက်လျက်ရှိပီး အချို့သော လက်နက်အစီအစဉ်တွေဟာဆိုရင် စစ်ကောင်စီကို အင်မတန်ဒုက္ခပေးနိုင်မယ်လို့ ကြိုပြောထားချင်ပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်လို့ ပြည်သူ့ရင်ခွင်ခိုလှုံထားသူ PSPT တာဝန်ခံ ဗိုလ်ကြီးကပြောပါတယ်။ လက်ရှိမြေပြင်မှာတော့ PDF တွေသုံးနိုင်ဖို့ ပြင်းအားမြင့်မိုင်းထုတ်လုပ်ထားနိုင်ပီး သုံးစွဲနေကြပီလည်းဖြစ်တယ် ။ ပေါက်ကွဲပြင်းအားကိုလည်း ရုပ်သံများမှာ အများမြင်အောင် ကြည့်လို့ရနေပါပီဖြစ်ကြောင်း ပြောပါတယ်။ လတ်တလောမှာ အနည်းငယ်သာထုတ်လုပ်နိုင်သေးပေမယ့် မကြာခင်မှာ တနေ့ကိုရာချီ ထုတ်လုပ်နိုင်ဖို့ နေရာအနှံ့မှာ CDM ပညာရှင်တွေ ကြိုးစားနေကြကြောင်း ပြောပြပါတယ်။
PSPT လို့အတိုကောက်ခေါ်တဲ့ People Soldiers Production Team အဖွဲ့ဟာ DSTA မှ CDM စစ်သားများဦးဆောင်ပြီး ရှေ့ထွက်မိုင်း နှင့်ကားမိုင်းများ စမ်းသပ်အောင်မြင်ပြီးနောက် PDF LDF များအတွက် အရေအတွက်အမြောက်အမြား ထုတ်လုပ်ပေးလျက်ရှိကြောင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ဖော်ပြခဲ့ကြတာပါ။ Project K1 လို့ခေါ်တဲ့ ထုတ်လုပ်အောင်မြင်မှုဟာ ရှေ့ထွက်မိုင်းသာမက ကားမိုင်းအဖြစ်ပါ နှစ်မျိုးသုံး (Dual Purposes) ဖြင့်အသုံးပြုနိုင်ရန် တီထွင်ထားခြင်းဖြစ်ပါတယ် Project K1 တွင် ရန်သူ့ယာဥ်များနှင့် ရန်သူ့စစ်ကြောင်းများကိုကျဆုံးစေနိုင်ရန်အတွက် ယေဘုယျလမ်းအကျယ်များကို စနစ်တကျ တွက်ချက်တိုင်းတာပြီး လမ်းဘေးမှပင် အသုံးပြုကာ 1km ခန့် အကွာမှ remote systemဖြင့် အသုံးပြု တိုက်ခိုက်နိုင်သည်ထိ ပျက်စီးထားသောကားအဟောင်းများဖြင့်စမ်းသပ်အောင်မြင်ကာ ထုတ်လုပ်နေပြီဖြစ်ကြောင်းကိုလည်း pstp အဖွဲ့က ရေးသားအသိပေးခဲ့ပါတယ်
Project K1 (Dual Purposes )အားတစ်ခုလျှင် Raw materials /ယမ်း/ remote အပါအ၀င် မြန်မာကျပ်၉သောင်းခန့်ကုန်ကျမယ်လို့ ဆိုပါတယ်
ဒီလက်နက်ဟာ လက်ရှိပြည်သူ့ဘက်တော်သားတွေအတွက် ပြောက်ကျားစစ်မှာ အသုံးဝင်မှာဖြစ်ပီး ရန်သူစစ်ကူနှင့် ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ဖို့ စွမ်းအားရှိတဲ့လက်နက်ဖြစ်ပါတယ် ။ ဆက်လက်ပီး ထုတ်လုပ်ဖို့စီစဉ်နေတဲ့အထဲမှာ စစ်သည်တွေသုံးဖို့လက်နက်အပြင် အဖွဲ့လိုက်အသုံးပြုရမယ့် စစ်လက်နက်တွေလည်း ထုတ်လုပ်သွားဖို့ရှိကြောင်း ပြောပါတယ်
Project K1 ကို PSPT မှ DSTA ဆင်း CDM အရာရှိများ နှင့် Other Rank များဖြစ်ကြသော Captain Ko Nay၊ Captain Moon ၊ Captain Lin Thant ၊Captain Ju Mone၊ Lieutenant Arteezy၊Sergeant Flash၊ Ko Bob ၊ Ko Lucifer တို့နှင့် အရပ်သားကျွမ်းကျင်ပညာရှင်များ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်
အခက်အခဲကတော့ အများကြီးရှိနေပီး အဓိကကတော့ ရန်ပုံငွေပဲဖြစ်ကြောင်း ကုန်ကြမ်းဝယ်ယူရာမှာလည်း အန္တရာယ်များပီး လုံခြုံရေးအခက်အခဲတွေလည်းရှိကြောင်း ဒါတွေကိုကြိုးစားဖြတ်သန်းခဲ့ကြပီး အခုလို Project K1 အားအတိုင်းအတာတခုထိအသိပေးခဲ့တာဖြစ်ကြောင်း ဗိုလ်ကြီးညီသုတက ပြောပါတယ်
ပြည်သူတွေကို အသိပေးပီးနောက်မှာတော့ ရီဆို့တွေထိုက်သင့်သလောက် ရလာတာရှိတယ် ဒါပေမယ့်လိုအပ်နေသေးတယ် ရီဆို့များများရရင် ရည်မှန်းချက်များများ ပြီးမြောက်မယ်အခုဆိုရင်လည်း K1 ကိုစသုံးနေပါပီဆိုတဲ့အကြောင်း သူကပြောပီး နောက်ပိုင်းမှာဆိုရင် နည်းပညာဖြန့်ဖို့ ကြိုးစားရမှာဖြစ်တယ် အမျိုးသားညီညွတ်ရေးအစိုးရ MOD နဲ့ပေါင်းပီးလက်ဆင့်ကမ်းဆင့်ပွားမှုတွေကိုလည်းလုပ်နေတဲ့အကြောင်း အသိပေးပြောကြားခဲ့ပါတယ်
ဗိုလ်ကြီးညီသုတဟာ People Soldiers’ Production Team Project များရဲ့ Focal Person အဖြစ် တာဝန်ယူထားသူပါ။ ပထမအဆင့်အနေဖြင့် အခုလို PDF LDF များအတွက်ထုတ်လုပ်အောင်မြင်ခဲ့တဲ့ K1 ဟာ အရေအတွက် ၁ ထောင်ထုတ်လုပ်သွားမှာဖြစ်ပီး လက်ရှိကတော့ စစ်မြေပြင်တွေမှာ အသုံးချနေပီလို့ သိရှိရပါတယ်။
========================
📌📌ရခိုင်တွင် ယခုနှစ် စိုက်ပျိုးရေးစရိတ်ကြီးမားမှုကြောင့် လယ်သမားများ အမြတ်စွန်းရရှိမှုနည်းပါး
ရခိုင်တွင် ယခုနှစ်စပါးပေါ်ချိန်တွင် စပါးစျေးနှုန်းတွေဟာ အရင်နှစ်တွေထက် ပိုမြင့်တဲ့ စျေးနှုန်းရရှိပေမဲ့လည်း စိုက်ပျိုးစရိတ်ကြီးမားတာကြောင့် စပါးစိုက်ပျိုးသူတွေမှာ ရရှိတဲ့ အမြတ်စွန်းအလွန်နည်းပါးခဲ့တယ်လို့ လယ်သမားတွေကပြောပါတယ်။
လက်ရှိတွင် စပါးတောင်း ၁၀၀ ကို ၃၃၀၀၀၀ ကျပ်ခန့်ရရှိနေပြီး အရင်နှစ်ထက် စျေးနှုန်းကောင်းရရှိပေမဲ့လည်း စိုက်ပျိုးစဥ်မှာ ကုန်ကျစရိတ်တွေကို ယှဥ်ကြည့်လိုက်မယ်ဆိုရင် ရင်းထားရတဲ့ငွေကိုပင်မကာမိဘူးလို့ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ လယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အရင်နှစ်စပါးပေါ်ချိန်တုန်းက ပေါ်ဆန်းမွှေးတောင်း ၁၀၀ကို ၂၂၀၀၀၀ လောက်ပဲရခဲ့တယ်။ဒီနှစ် ၃သိန်းကျော်ဆိုတော့ အရင်နှစ်ထက်စာရင် စျေးကောင်းရတယ်ပြောရပေမဲ့ စိုက်ပျိုးစရိတ်ကလည်း ဒီနှစ်မှာ စျေးတော်တော်ကြီးတာဆိုတော့ ကုန်ကျစရိတ်နဲ့ရတဲ့ငွေက မကာမိဘူး။မြေဆီစျေးတွေကလည်း သိန်းကျော်အထိတက်ခဲ့တာလေ၊စပါးရိတ်တော့လည်း အခုက စက်နဲ့ရိတ်တာဆိုတော့ စရိတ်ကများသွားတာရင်းထားတာလေးတောင်ပြန်မရဘူး”လို့ သူကပြောပါတယ်။
စပါးတောင်း ၁၀၀ကို ၃သိန်းကျော်ခန့်ရှိပေမဲ့လည်း ထိုစျေးနှုန်းရရှိရန် ပုံမှန်ထက်ပိုကြီးတဲ့တောင်းတွေနဲ့ ရောင်းချနေကြရခြင်းဖြစ်တယ်လို့ လယ်သမားတွေကပြောပါတယ်။ မြောက်ဦးမြို့မှ လယ်သမားတစ်ဦးကလည်း “စပါးက စျေးရတယ်လို့တော့ ပြောရမှာပေါ့။ဒါပေမဲ့ဝယ်တဲ့ လူတွေက ပုံမှန်တောင်းတွေဆို အဲ့လောက်စျေးမပေးဘူး၊ဗူး ၅၀ ဆန့်တောင်းနဲ့ တောင်း၁၀၀ ကိုဆို ၂၈၀၀၀၀ကျပ်လောက်ပဲရတယ်။ ၅၄ဗူးဆန့်တဲ့ တောင်းကြီးတွေနဲ့ရောင်းမှ ၃သိန်းကျော်ရတာ။အဲ့ဒါကြောင့် ရတဲ့ ပမာဏနဲ့ဒီနှစ်ကုန်စျေးနှုန်းတက်ပုံနဲ့ သိပ်အဆင်မပြေဘူး”လို့သူကပြောပါတယ်။ ယခု ၂၀၂၁ မိုးစပါးနဲ့ ၂၀၂၂ ခုနှစ် နွေစပါးတွေအတွက် တောင်သူလယ်သမားအခွင့်အရေးနဲ့ အကျိုးစီးပွားဦးဆောင်ရေး မြှင့်တင်အဖွဲမှ စပါးတင်း ၁၀၀ကို ၅၄၀၀၀၀ ကျပ်သတ်မှတ်ထားရာ ရခိုင်ဒေသတွင် စပါးရောင်းဝယ်ကြရာတွင် အသုံးပြုတဲ့ တောင်းဖြင့်ဆိုလျှင် စပါးတောင်း ၁၀၀ကို ၂၁၆၀၀၀ ကျပ်ခန့်စျေးနှုန်းသာရရှိမှာဖြစ်ပါတယ်။ စပါးစျေးနှုန်းကို အခုလိုပမာဏလောက်သာ သတ်မှတ်ထားခြင်းမှာ လယ်သမားတွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲနိုင်တဲ့ အခြေနေကို ရောက်နိုင်တယ်လို့ လယ်ယာလုပ်ကိုင်နေသူတွေက ပြောပါတယ်။ ယခုနှစ်တွင် စပါးစိုက်ပျိုးရာတွင် မြေဆီသြဇာစျေး အဆမတန်မြင့်တက်မှုနဲ့ ကြုံခဲ့ရတဲ့အတွက် လယ်ယာလုပ်သူတွေမှာ မြေသြဇာကို လုံလောက်စွာအသုံးမပြုနိုင်ခဲ့တဲ့အတွက် စပါးအထွက်နှုန်း ၄၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်ခြေရှိတယ်လို့လည်း တောင်သူလယ်သမားတွေက ခန့်မှန်းထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment