20th Dec 2021 - Evening Daily News by Radio NUG



ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မြဝတီမြို့နယ် လေးကေကော်မြို့သစ်ဒေသတဝိုက်မှ စစ်ဘေးရှောင်များကို NUG အစိုးရကထောက်ပံ့လျက်ရှိ
📌စစ်ကောင်စီရဲ့ ငွေအရင်းအမြစ် MOGE ကို ပိတ်ဆို့အရေးယူရန် လက်မှတ်များစုဆောင်းလျက်ရှိ
📌ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မြဝတီမြို့နယ် လေးကေကော်မြို့သစ်ဒေသတဝိုက်မှ စစ်ဘေးရှောင်များကို NUG အစိုးရကထောက်ပံ့လျက်ရှိပါတယ်

အကြမ်းဖက် စစ်တပ်ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသော လေးကေ့ကော်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ်လိုအပ်ချက်များ အလျင်အမြန်ရောက်ရှိရေး ကြိုးပမ်းလျက်ရှိရာ ကနဦး ထောက်ပံ့ပေးပို့မှုအနေဖြင့် စားနပ်ရိက္ခာ ခေါက်ဆွဲခြောက် ၊ ငါးသေတ္တာ ၊ ကွေကာအုပ် ၊ ဆန်၊ဆီ၊ ဆား၊ငါးခြောက်၊ စောင်၊အနွေးထည်နှင့် အခြား အရေးပေါ် အသုံးအဆောင်များတို့ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန မြေပြင်အဖွဲ့များ၊ လူသားချင်းစာနာ ကူညီရေးနှင့် ဘေးအန္တရာယ် တုံံ့ပြန်ရေး ပူးပေါင်းကော်မတီဝင် တိုင်းရင်းသားအဖွဲ့အစည်များနှင့် လက်တွဲ၍ စစ်ဘေးရှောင်ပြည်သူများထံသို့ တိုက်ရိုက် ရောက်ရှိစေရန် ပို့ဆောင်နေပြီ ဖြစ်ပါသည်။ ထို့အပြင် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ထောက်ပံ့ပေးပို့မှုများ ဆက်လက်လုပ်ဆောင်ရန်လည်း စီစဥ်လျက်ရှိကြောင်း လူသားချင်းစာနာထောက်ထားရေး နှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရေးသားဖာ်ပြထားပါတယ် ဒါ့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လေးကေကော်ကသွေးချင်းများအတွက် ငါတို့ထပ်တူခံစား၇တယ် ငါတို့အားလုံးကူညီကြမယ် အထိရောက်ဆုံးနည်းလမ်းတွေရှာပီးပီ အကောင်အထည်ဖော်နေပီ ငါတို့အတူတူအနိုင်ယူကြမယ်လို့ ရေးသားထားတာကိုလည်းတွေ့ရှိရပါတယ် ထို့ပြင် အခြားမိတ်ဖက် အဖွဲ့များနှင့် ပူးပေါင်းပြီး ထောက်ပံ့ပေးပို့မှုများ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်နေသည်ဟုလည်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း၍ ဒီဇင်ဘာ ၁၅ရက်မှစ၍ လေးကေ့ကော်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေရာ လက်ရှိတွင်စစ်ရှောင်ဦးရေ ရှစ်ထောင်ကျော်ရှိနေပါပီ။ သုံးထောင်ကျော်မှာ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ရောက်ရှိနေပြီး ငါးထောင်ခန့်မှာ ပြည်တွင်း၌ တိမ်းရှောင်နေရပြီး နေထိုင်ရေး၊ စားနပ်ရိက္ခာနှင့် လုံခြုံရေးအခက်အခဲများရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။

========================

📌📌စစ်ကောင်စီရဲ့ ငွေအရင်းအမြစ် MOGE ကို ပိတ်ဆို့အရေးယူရန် လက်မှတ်များစုဆောင်းလျက်ရှိပါတယ်

မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အရေးယူဖို့ ပိတ်ဆို့ဖို့အတွက် လက်မှတ် ၃ သိန်းလိုအပ်နေ ကြောင်း သွေးစွန်းငွေရပ်တန့်ရေး လူထုလှုပ်ရှားမှုများကို ဦးဆောင်နေတဲ့ JUSTICE FOR MYANMAR က အသိပေးထားပါတယ်
အမေရိကန်နဲ့ ပြင်သစ်အစိုးရအနေနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ပိတ်ဆို့အရေးယူ တားဆီးဖို့အတွက် ခုလိုပြည်သူလက်မှတ်များကို စုဆောင်းနေတာပါ။ အကြမ်းဖက် စစ်ကောင်စီကို လစဉ်ဒေါ်လာ သန်းပေါင်းများစွာရှာဖွေပေးနေတဲ့ MOGE ကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်ဖို့ အားလုံး ပူးပေါင်းပါဝင်စို့ လို့ တိုက်တွန်းထားတာတွေ့ရပါတယ်။ စစ်ကောင်စီ ဆီကိုငွေအလုံးအရင်းစီးဝင်နေတဲ့ MOGE ကို ပိတ်ဆို့နိုင်ရေး လက်မှတ်ထိုးပါဝင်နိုင်ရန် ဝင်ရောက်ရမယ့်လိပ်စာကို အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးဝန်ကြီးဌာန စာမျက်နှာမှာ ဖော်ပြထားသလို JUSTICE FOR MYANMAR အဖွဲ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှတဆင့်လည်း ဝင်ရောက်နိုင်ပါတယ်
(လင့်အား ဝင်ရောက်ပြီးပါက ပြုလုပ်ပုံအဆင့်ဆင့်ကိုတော့ အဆိုပါစာမျက်နှာများမှာပဲ ပုံနှင့်တကွ ပူးတွဲဖော်ပြထားတာကို တွေ့ရပါတယ်)
MOGE ကရတဲ့ ငွေကြေးတွေဟာ စစ်ကောင်ဆီသက်ဆိုးရှည်ရေးအထောက်အပံ့ပေးနေတာဖြစ်ပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် ရန်ပုံငွေ ဖြစ်နေတာပဲဖြစ်ပါတယ်။ စုံစမ်းရာမှ ပေါက်ကြားလာတဲ့ အချက်အလက်အတွေအရ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့ဝင်ငွေတွေကို ကြီးကြပ်နေတာကိုကြည့်ရင် စစ်အုပ်စုအတွက် MOGE နဲ့ ဒီကငွေတွေဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိနိုင်တယ်လို့ ဆိုပါတယ်။ စစ်အာဏာရှင်ကို သတ္တိရှိရှိ တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေနဲ့ စည်းလုံးညီညွတ်တာကို ပြသဖို့ အချိန်ဖြစ်ပါတယ်။ အားလုံးအတူတကွ ဒီတောင်းဆိုလွှာကို လက်မှတ်ရေးထိုးကြပြီး အာဏာရှင် ဒေါက်တိုင်မှန်သမျှကို ဖြတ်တောက်ကြဖို့ လိုအပ်တယ်လို့ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်

========================

📌📌ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
သတင်းခေါင်းစဉ်တွေကတော့ -
- ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ပြည်သူနဲ့ဆက်သွယ်မှု မြန်ဆန်စေရေးအတွက် Telegran Channel ဖွင့်လှစ်လိုက်တဲ့သတင်း
- နှမ်းခါးရွာကို အကြမ်းဖက်စစ်တပ်က ၅ ကြိမ်မြောက်မီးရှို့ခဲ့တဲ့သတင်း
- လေးကေကော်မှာ မတရားဖမ်းစီးခံခဲ့ရ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးရဲ့ အသက်အန္တရာယ်လုံခြုံရေးကို စစ်ကောင်စီက တာဝန်ခံရမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက အသိပေးလိုက်တဲ့သတင်း
- မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသ ဒီဇင်ဘာလ ၁၉ ရက် ညနေအထိတိုက်ပွဲသတင်းများ
- နောင်မွန်တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေတဲ့သတင်း
- ဆွမ်ပရာဘွမ်မြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ဖျားနာသူဦးရေ များပြားနေတဲ့သတင်း
- CDM စစ်ဗိုလ်အရာရှိတွေဟာ ပြည်သူတွေရဲ့တန်ဖိုးထားမှုနဲ့ထိုက်တန်အောင် အသက်ရင်းပီး တော်လှန်ရေးမှာစစ်လက်နက်ထုတ်လုပ်နေတဲ့အကြောင်း PSPT အဖွဲ့ကပြောဆိုလိုက်တဲ့ သတင်း
- ရခိုင်တွင် ယခုနှစ် စိုက်ပျိုးရေးစရိတ်ကြီးမားမှုကြောင့် လယ်သမားများ အမြတ်စွန်းရရှိမှုနည်းပါးနေတဲ့ သတင်း
- စစ်ကောင်စီရဲ့ ငွေအရင်းအမြစ် MOGE ကို ပိတ်ဆို့အရေးယူရန် လက်မှတ်များစုဆောင်းလျက်ရှိတဲ့ သတင်း
- မြဝတီမြို့နယ် လေးကေကော်မြို့သစ်ဒေသတဝိုက်မှ စစ်ဘေးရှောင်များကို NUG အစိုးရကထောက်ပံ့လျက်ရှိတဲ့သတင်း စသည်တို့ဖြစ်ပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment